Wednesday, 23 July 2014

ဘင်္ဂါလီများဝင်ရောက်လာမှု အချိန်မှီတားဆီးရန်

လမ်းကြောင်းနှင့်ဦးတည်ချက်ပြောင်း၍ တရားမဝင် ဝင်ရောက်နေသည့် ဘင်္ဂါလီများ အား အချိန်မီတားဆီးရန် လိုအပ်နေ
=======================================
ကလေး၊ ဇူလိုင် ၂၂- မြန်မာ- အိန္ဒိယနယ်စပ်စည်းရိုးတစ်လျှောက် မှ တရားမဝင်ခိုးဝင်နေသော ဘင်္ဂါလီ များမှာ ချင်းပြည်နယ် ကလေး၊ ဂန့်ဂေါလမ်းကြောင်းမှ ဝင်ရောက်မှု နည်းပါးသွားပြီး တမူး၊ ဟုမ္မလင်း ချင်းတွင်းမြစ်သို့ တိုက်ရိုက်ထွက် သော လမ်းကြောင်း မှလည်းကောင်း၊ ထိုမှ ကချင်ပြည်နယ်သို့လည်းကောင်း၊ ပင်လည်ဘူး၊ ကန့်ဘလူလမ်းကြောင်း သို့လည်းကောင်း လမ်းကြောင်း ပြောင်း၊ ဦးတည်ချက်ပြောင်း၍ တရားမဝင်ဝင်ရောက်မှု များပြား လာသည့်အတွက် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး တာဝန်ရှိများ၊ ဒေသခံများပူးပေါင်း ဆောင်ရွက်ရန် အထူးလိုအပ်နေ ကြောင်း တမူးနယ် မြို့သစ်မြို့မှ ဒေသခံ တစ်ဦးက ပြောသည်။

''ကျွန်တော်တို့ တမူးခရိုင် ကဘော်ချိုင့်ဝှမ်းမှာ တစ်ဖက်နိုင်ငံ က စိမ့်ဝင်နေတဲ့လူမျိုးတွေ ရှိနေပါ တယ်။ တချို့ဆိုရင် လက်နက်ကိုင် ပြီးလှုပ်ရှားနေတာမျိုးတွေ ရှိပါ တယ်။ ဒါလဲအများသိနေကြတာပါ။ ကျွန်တော်တို့ စိမ့်ဝင်နေတဲ့လူမျိုးလို့ ပြောလိုက်ရင် မူးယစ်ဆေး တို့၊ လက်နက်တို့မိလိုက်တာနဲ့ တစ်ဖက် နိုင်ငံသားဆိုပြီးပါတယ်လေ။ ဟို တစ်နေ့က ကျွန်တော်တို့ တမူးနယ် မှာ တရုတ် လက်နက် ကိုင်တွေ မိတယ် လေ။ နောက်တစ်ခုက ကျွန်တော်တို့ တမူးနယ်မှာ လူမှောင်ခိုပုံစံနှင့် သွား နေတာတွေ ရှိတယ်။ ဘင်္ဂါလီတွေ ဟာ အိန္ဒိယနယ်စပ်ကနေပြီး သနန်- တုံဟဲလမ်းကနေ သွားနေတယ်။ တချို့ အတည်ပြုလို့မရသေးတဲ့ သတင်း တွေအရ ပင်လည်ဘူး၊ ကန့်ဘလူ ဘက်မှာ ရွာတည်ဖို့ရာရှိတယ်။ မဟုတ် ရင် ကချင်ပြည်နယ်ဘက်မှာလဲ သူ တို့ရည်ရွယ်ချက်ရှိတယ်လို့ ကြားရ တယ်။ အခုလောလောဆယ် ကျွန် တော်သိရသလောက် ဒီဘက်က ခိုးဝင်တဲ့ ဘင်္ဂါလီသုံးပုံနှစ်ပုံကတော့ မြန်မာပြည်ထဲကို အေးအေးဆေး ဆေးဝင်နေတယ်။ သတင်းရလိုက် တာနဲ့ မိလိုက်တာ တစ်ပုံလောက်ပဲ ရှိတယ်''ဟု တမူးမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့် အောင်က ပြောသည်။

''ယခင်နှစ်များက ကလေး၊ ချင်း တောင်ဒေသမှ ခိုးဝင်လာသော ဘင်္ဂါလီများကို ကလေးမြို့ လူမှု အဖွဲ့အစည်းများ မှ စောင့်ဖမ်း သည့် အတွက် အုပ်စုလိုက်ဖမ်းမိခဲ့ပြီး ယခုအခါ လူမှုအဖွဲ့အစည်းများ လည်း စောင့်ကြည့်မှုနည်းပါးမှု ကြောင့် ဖမ်းဆီးရရှိမှု နည်းပါးသွား သည်။ ဒေသခံတို့၏ အဆိုအရ ကလေး၊ တမူးဒေသမှ ခိုးဝင်သူများ သောင်းဂဏန်း၊ သိန်းဂဏန်းအထိ ရှိနေကြောင်း သိရသည်။ တချို့လူမှု အဖွဲ့၏ အဆိုအရ ၎င်းတို့အား ဖမ်း ဆီးရာတွင် ကျွေးမွေးစရိတ်၊ နေထိုင် စရိတ်၊ ပို့ဆောင်စရိတ်စသည့် စရိတ် စက အခက်အခဲကြောင့် ဖမ်းဆီးရေး လုပ်ဆောင်မှု နည်းရခြင်းဖြစ်ကြောင်း သိရသည်။ 

yangon media group

No comments:

Post a Comment