Monday, 21 July 2014

မိုးပွင့်စီမံချက် ၀န်ကြီးကြည့်ရှူ

နိုင်ငံသားစိစစ်ရေးကတ်သည် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအပြည့်အ၀ရရှိစေရန် အထောက်အထားဖြစ်သဖြင့် ပျက်စီးပျောက်ဆုံးမှုမရှိရေးဂရုပြု

နေပြည်တော် ဇူလိုင် ၂ဝ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ဘုရားငုတ်တိုကျေးရွာ ရွှေဟင်္သာ တောရကျောင်း ဓမ္မာရုံ၌လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာန မြောင်းမြမြို့နယ် ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ မိုးပွင့် အဆင့် (၆) စီမံချက်ဖြင့်ကွင်းဆင်း ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက် နေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒေသခံရွာသူရွာသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အရေးပါမှု၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မိမိတို့ဌာနက တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လွယ်ကူလျင်မြန်စွာ၊ ကုန်ကျစရိတ်သက် သာစွာဖြင့် ထုတ်ပေးနိုင်ရေးအတွက် မိုးပွင့်စီမံချက်များဖြင့် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ထုတ်ပေးနေမှု၊ မြို့နယ် ၂၄ မြို့နယ်ကို Norgien Ref- fugee Council (NRC) နှင့် ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားကို One Stop Service ဖြင့် အခမဲ့ကွင်းဆင်းဆောင်ရွက် ထုတ်ပေးနေမှု နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းမှတ်တမ်းမှတ်ရာများအပေါ် အခြေခံစိစစ် ဆောင်ရွက်ပေးရသဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရန် လုပ်ငန်းအခက် အခဲ၊ အကန့်အသတ်များစွာရှိသော် လည်း ပြည်သူများ၏ လိုအပ်ချက် ကို ဖြည့်ဆည်းပေးမှုတစ်ရပ်အဖြစ် ပြည်သူကို ဝန်ဆောင်မှုအပြည့်အဝပေးရေးဆောင်ရွက်ပေးမှု၊ နိုင်ငံသား စိစစ်ရေးကတ်ပြားသည် နိုင်ငံသား တစ်ဦး၏အခွင့်အရေးအပြည့်အဝ ရရှိစေရန် အထောက်အထားဖြစ် သည်နှင့်အညီ ပျက်စီးပျောက်ဆုံး မှုမရှိစေရေးအတွက် ဂရုပြုကြရေးနှင့် ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ပေး မှုအပေါ် လိုအပ်သည်များ၊ လုပ်ငန်း အခက်အခဲများရှိပါကလည်း ပွင့်ပွင့် လင်းလင်းဆွေးနွေးကြရေး အခြေ အနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသူများအား လုပ်ငန်းလိုအပ်ချက်များ ကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးရာ ဒေသခံပြည်သူများက မိုးပွင့် စီမံချက်များဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးမှုများ ကြောင့် အချိန်ကုန်၊ ငွေကုန်သက်သာသည့်အတွက် နိုင်ငံတော်အစိုးရအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ရုံးပိတ်ရက်များတွင် အနားမယူဘဲ ကွင်းဆင်း ဆောင်ရွက်ပေးသည့် ဝန်ထမ်းများကိုလည်း ချီးကျူးပါကြောင်းဖြင့် အသီးသီးရှင်းလင်းပြော ကြားသည်။

ထို့နောက် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို တာဝန်ရှိသူများကသက် ဆိုင်ရာ ပြည်သူတစ်ဦးချင်းထံအသီးသီးပေးအပ်ကြပြီး ပြည်ထောင်စု ဝန်ကြီးက ဒေသခံကျေးရွာလူငယ် များအား ကျေးလက်လူငယ် အင်္ကျီများကို ပေးအပ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် နံနက်ပိုင်းကလည်း မြောင်းမြ မြို့နယ် ပုဂံဥကျေးရွာရှိ ပြည်လုံး ချမ်းသာဘုရားတန်ဆောင်း၌ လူဝင် မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာန မြောင်းမြခရိုင် နှင့် မြို့နယ်ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများအားတွေ့ဆုံ၍ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အဆင့်ဆင့်ဆောင်ရွက်နေမှု တတိယ အဆင့်အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ် ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းအပေါ် တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရေး ပြည်သူကိုယဉ်ကျေးပျူငှာစွာ ဆက်ဆံ၍ ဝန်ဆောင်မှုအပြည့်အဝ ပေးနိုင်ရေး၊ ဥပဒေလုပ်ထုံးလုပ်နည်း၊ နည်းပညာနှင့် ဘာသာစကား တတ်ကျွမ်းကြရေးအတွက် အစဉ်လေ့လာဆည်းပူးကြရေးတို့ကို ရှင်းလင်းမှာကြားပြီး မြောင်းမြခရိုင်နှင့် မြို့နယ်ဦးစီးဌာနမှူးရုံးတို့အတွက် ကွန်ပျူတာတစ်စုံ၊ ပရင်တာနှင့် ဖက်စ် တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)ကြေးမုံ
Photo: နိုင်ငံသားစိစစ်ရေးကတ်သည် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအပြည့်အ၀ရရှိစေရန် အထောက်အထားဖြစ်သဖြင့် ပျက်စီးပျောက်ဆုံးမှုမရှိရေးဂရုပြု

(သတင်းစဉ်)
Add caption

No comments:

Post a Comment