Monday, 21 July 2014

E File Mana-gement System Software သင်တန်းဖွင့်

နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးသည့်စနစ် သင်ကြားပို့ချ

မန္တလေး ဇူလိုင် ၂ဝ

မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနနှင့် စင်ကာပူနိုင်ငံအခြေစိုက် East Wind Soluctions Myanmar PTE., Ltd. တို့ ပူးပေါင်းရေးဆွဲသည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)တွင် အသက်၁ဝ နှစ်နှင့် ၁၈ နှစ်ပြည့်သူများမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးရန် ကျန်ရှိသူများ အား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးမည့်စနစ် E File Mana-gement System Software အသုံး ပြုပုံကို သင်ကြားပို့ချပေးသည့် သင် တန်းဖွင့်ပွဲကို ဇူလိုင် ၁၆ ရက် နံနက် ၁ဝ နာရီက မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၌ကျင်းပရာ တိုင်း ဒေသကြီး ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးသန်းထွန်း အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ဆက်လက်လုပ်ကိုင်ရ မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့တက်ရောက် ခဲ့ကြသော သင်တန်းသား သင်တန်းသူ ၅၅ ဦးတို့ကို East Wind Solutions Myanmar PTE., Ltd. မှ ဦးတင် ထွန်းအောင်က Software အသုံးပြု နည်းကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

တင်မောင်(မန္တလေး)

the mirror daily

No comments:

Post a Comment