မိုးပွင့်များသို့ …..
ကိုယ့်တပ်ကို
ရိက္ခာ၊လက်နက်၊အင်အား
ပြည့်
မပြည့်ပြန်မကြည့်ဘူး
အတင်းရှေ့တက်တိုက်ခိုင်းတယ်
ရည်ရွယ်ချက်ကောင်းပေမယ့်
အကောင်အထည်ဖော်တာညံ့ရင်
အောက်ခြေကလူတွေ
ခါးစည်းပြီးခံရတယ်
ရလာဘ်ကိုကြည့်ရင်တော့
တစ်ဦးတစ်ယောက်အတွက်ပဲဖြစ်နေရင်
နာမည်ရချင်လို့
ကျော်ကြားဖို့လောက်ပဲ
ရည်ရွယ်တယ်ဆိုရင်
အချိန်တန်ရင်
ဒဏ်ခတ်ခံရလိမ့်မယ်
မိုးပွင့်ရေ
…….
၂၀၁၅
ကျော်ရင် ဆက်ပွင့်နိုင်ဦးမလား
စောင့်ကြည့်ရဦးမှာပေါ့.....။
=================
အပေါ်ကစာကလေးကတော့ တံခါးမှူးဒတ္တ ဆိုပီးတော့ gmail ထဲကိုပေးပို့လာတဲ့ စာလေး တစ်စောင်ပဲဖြစ်ပါတယ်...မိုးပွင့်စီမံချက်တွေနဲ့
ပက်သက်ပီးတော့ ရေးမယ်ဆိုပီးတော့ စိတ်ကူးလေးတွေ ရှိပါတယ်....ဒါပေမယ့် အလုပ်တွေကများနေတာနဲ့ စိတ်ကပါပေမယ့်လည်းလူ
ကမလိုက်နိုင်ဘူးဖြစ်နေလို့....ဒီနေ့တော့ ဒိစာရေးရောက်လာတာနဲ့ ရေးဖြစ်လိုက်တာပါ.....မိုးပွင့်စီမံချက် ဆိုတာက လ၀က ၀န်ကြီးဌာန
ကို ဦးခင်ရီ ပြောင်းလာပီးတော့ မှ စတင်ခဲ့တာပါ....၂၀၁၁ ခုနှစ် ဇူလိုင်လ က နေပီးတော့ မိုးပွင့်(၁) ဆိုပီးတော့ စီမံချက်စတင်လိုက်တာ
အခု ၂၀၁၄ ဇူလိုင် ဆိုယင် (၃) နှစ်တိတိပြည့်ခဲ့ပီးပါပီ....မိုးပွင့် ကို စတင်ပီ ဆိုကတည်းက အထက်ဌာနကနေပီးတော့ ညွှန်ကြားချက်တွေ
ုထုတ်ပြန်ပီးတော့ ကွင်းဆင်းဆောင်ရွက်ဖို့ပဲနဲ့ တစ်နေ့ကို ဘယ်လောက်ပိးစိးအောင်လုပ်ပေးရမယ် ဆိုတဲ့ ညွှန်ကြားချက်တွေပဲ ထုတ်ပြန်
ပေးခဲ့တာပါ.....ဒီလိုမျိုးကွင်းဆင်းဆောင်ရွက်ရာမှာ အဓိက လိုအပ်ချက်တွေဖြစ်တဲ့ နေရေး...ထိုင်ရေး...စားရေး..သောက်ရေး...သွားလာရေး
အစီအစဉ်တွေအတွက် ထောက်ပံ့ဖြည့်ဆည်းမှု ဆိုတာ တစ်ခုမှ မရှိခဲ့ပါဘူး.....ဒီလိုမျိုး ထောက်ပံ့ဖြည့်ဆည်းမှုတွေ ကို ဘယ်လိုမျိုးစီစဉ်ပေး
ထားခဲ့ပါတယ် ဆိုတာမျိုးမရှိပဲ အားလုံးကို ကိုယ့်အိတ်စိုက် ကိုယ်လုပ်ဆိုတဲ့ပုံစံမျိုးကိုဖြစ်နေတာပါ.....လိုအပ်တဲ့ စာရွက်စာတမ်း...စာရေး
စက္ကူတွေကအစ မြို့နယ်ရုံးတွေ အားလုံးက အပြင်ကနေ ၀ယ်ယူသုံးစွဲံခဲ့ရတာပါ.....ဒီနေရာမှာ တစ်ခုပြောချင်တာက တစ်နိုင်ငံလုံးမှာရှိတဲ့
လ၀က ရုံးတွေ အားလုံးဟာ လ၀က လုပ်ငန်းတစ်ခုတည်းကိုပဲ စောက်ချပီးတော့ ဆောင်ရွက်နေရတာမဟုတ်ပါဘူး....သက်ဆိုင်ရာဒေသ
အာဏာပိုင်တွေက ဆိုင်ဆိုင်..../ မဆိုင် ခေါ်ယူပီးတော့ တခြားသောကိစ္စရပ်တွေမှာ တာဝန်ပေးအပ်လို့ တာဝန်ယူပီးတော့ လုပ်နေရတဲ့ကိစ္စ
တွေလည်းအ များကြီးရှိပါတယ်.....ဘယ်ပွဲလမ်း အခမိးအနား....ကစပီးတော့ ဂေါက်ပြိုင်ပွဲအဆုံး ....နဲ့ နေရာတကာမှာ ကျွေးမွေးဧည့်ခံရေး
ဆိုတော့လည်း ဒီလိုမျိုး လ၀က တွေချည်းပဲ.....အရေးကတော့ပါပီးတော့ အရာကိုမရောက်ပဲဖြစ်နေတာ...တခြား ယူနီဖောင်းဝတ်ဌာနတွေက
ကျော့ကျော့မောမောနဲ့ ဖြစ်နေချိန်မှာ ယူနီဖောင်းဝတ်ချင်းအတူတူ လ၀က ကတော့ ခိုင်းဖတ်ကိုဖြစ်နေပီးတော့ သူများခိုင်းသမျှကိုအကုန်
လိုက်လုပ်ပေးနေရတာ.....ဒီလိုမျိုး ကိုယ့်ဌာနကိစ္စမဟုတ်တဲ့ တခြားကိစ္စတွေကိုလည်း ဒေသအာဏာပိုင်တွေရဲ့ တာဝန်ပေးစေခိုင်းချက်အတိုင်း
သူတို့တွေ မငြိုငြင်အောင်နဲ့ အဆင်ပြေနိုင်အောင် သီးခံပီးလည်း လုပ်ပေးနေရတယ်.....ပိးတော့ လ၀က မြိုနယ်တိုင်းမှာလည်း ဖွဲ့စည်းပုံအတိုင်း
လူအင်အား အပြည့်ရှိတာ မဟုတ်ပါဘူး....အရမ်းကိုကောင်းတဲ့...နာမည်ကြီးတဲ့ မြိုနယ်ရုံးတွေမှာသာ သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံထက်ကျော်
လွန်ပီး ၀န်ထမ်းအင်အားတွေ ပိုလျှံနေပေမယ့်လည်း မကောင်းတဲ့ မြို့နယ်ရုံးတွေမှာတော့ ရှိစု...မဲ့စု လူအင်အားလေးတွေ နဲ့ အစွမ်းကုန်ကြိုး
စားပီး မိဘက ခိုင်းတာရော...ပထွေးတွေက ခိုင်းတာကိုရော လိုက်လုပ်ပေးနေရတာ.....သန်းခေါင်စာရင်းမကောက်ခင်က ဆိုယင် အခြေအနေ
ပိုဆိုးပါတယ်....သန်းခေါင်စာရင်းအတွက် မြေပုံတွေဆွဲံ....ကောက်ကွက်တွေခွဲရတယ်...သင်တန်းတွေတက်ရတယ်..သန်ခေါင်စားရင်းကောက်
ဖို့ရှိလို့ ဆိုပီးတော့ မိုးပွင့်ကိုလည်း ရပ်မနားထားခဲ့ပါဘူး....ဒိကြားထဲမှာ အိမ်တိုင်ရာေ၇ာက်( door to door ) ဆိုတဲ့ စနစ်ကိုလည်းလုပ်ခိုင်း
လိုက်သေးတယ်..ဆက်တိုက်ကိုလုပ်ခိုင်းနေတာပါ....၀န်ထမ်းတွေအားလုံးဟာ စနေ...တနင်္ဂနွေလည်း မရှိတော့တဲ့အပြင် ည၈နာရီ...၉နာရီအထိ
ရုံးမှာပဲနေပီးတော့ အလုပ်လုပ်နေရပါတယ်....နိုင်ငံတော်သမ္မတကြီး ထုတ်ပြန်ထားတဲ့ ညနေ ၄း၃၀ ရုံးဆင်းရမယ် ဆိုတဲ့ အထဲမှာ လ၀က
ဝန်ထမ်းတွေ မပါပါဘူး.......ဒီကြားထဲ မှတ်ပုံတင်ကိစ္စ
...အထစ စာရင်းတွေအတွက် လာလုပ်တဲ့ပြည်သူတွေကိုလည်း နားလည်အောင်ရှင်းပြပီး မဖြစ်ဖြစ်အောင်လုပ်ပေးရသေးတယ်...ဒီကြားထဲမှာ
ငွေရေးကြေးရေး ကိစ္စတွေ မပါပဲ ကြာလို့ဆိုပီးတော့ အတိုင်ခံရသေးတယ်.....
အတိုင်ခံရယင်လည်း လိုက်ရှင်းရသေးတယ်....တကယ်တမ်း ဆိုယင် စဉ်းစားကြည့်ကြပေါ့ဗျာ.....၀န်ထမ်းတွေ အားလုံးဟာ ဒေသအာဏာပိုင်က
တစ်မျိုး.....ရုံးချုပ်ကလည်း သန်းခေါင်စာရင်းအတွက် ဒီလောက်အလုပ်တွေများ အလုပ်တွေရှုပ်နေတာကို စီမံချက်တွေကို မရပ်မနား ကိုလုပ်
ခိုင်းပီးတော့ ရည်မှန်းချက် မပီးယင်လည်း အရေးယူမယ် ဆိုပိးတော့ ညကချက်တွေထုတ်.....ဒီနေရာမှာ ဘာတစ်ခုကိုသွားတွေ့သလဲဆိုယင်
ကိုယ်နာမည်ကောင်းရရေးအတွက် အောက်က၀န်ထမ်းတွေကိုသနား..ကြင်နာ...ညှာတာမှုမရှိပဲ....အောက်ခြေအနေအထားမှာ ဘာတွေဖြစ်နေ
သလဲ...ဘာတွေ အခက်အခဲရှိနေသလဲ....သူတို့လေးတွေံ အဆေင်ရောပြေကြရဲ့လား ဆိုတဲ့ မေးမြန်းစုံစမ်း ထောက်ထားမှုမရှိပဲ မိုးပွင့်စီမံချက်
တွေကို တောင် မနည်း အကောင်အထည်ဖော်ကြိုးပမ်းနေရတဲ့ အချိန်မှာ ( door to door system) ကြီးကိုအကောင်အထည်ဖော်လိုက်တော့
ပိုဆိုးသွားတာပေါ့ဗျာ.....ကဲ အိမ်တိုင်ယာရောက်သွားလုပ်နေမယ့် တအိမ်တက်တအိမ်ဆင်း...သွားနေရမယ့် အချိန်...၀န်ထမ်းအင်အားတွေနဲ့
တစ်နေရာတည်းမှာ တစ်ခါတည်းစုပိးတော့ လုပ်ပေးရမယ့် အချိန်တွေက ကြည့်လိုက်ယင် ဘယ်က သက်သာလဲ..ဘယ်ကပိုမြန်သလဲ ဆိုတာကို ခလေးကအစသိ
ါတယ်...တကယ်တမ်းဆိုယင် သန်းခေါင်စာရင်းကောက်ယူမယ့်ကိစ္စနဲ့ပက်သက်ပီးတော့ ၀န်ထမ်းတွေအားလုံးကို အနားပေးပိးတော့ အား
မွေးခိုင်းထားရမယ့်ကိစ္စပါဗျာ....ဘော်လုံးစကားနဲ့ပြောရယင်တော့ ဖိုင်နယ်ကန်မဲ့ပွဲအတွက် အနားကိုပေးထားရမှာပါ....ဒါပေမယ့် ကိုယ်က
နာမည်ကောင်းရယူချင်တာနဲ့ဒါတွေကို မသိတော့ပဲ နိုင်နိုင်...မနိုင်နိုင် ၀န်ထမ်းတွေအားလုံးကို ဒီစနစ်ကြီး အကောင်အထည်ကိုဖော်ရမယ်ဆိုပီး
တော့ ဇွတ်ကြီးလုပ်ခိုင်းတော့တာပဲလေ..ဒါကြောင့်ပြောတာ ကောင်းယင် ဒါကိုငါလုပ်တာ...မကောင်းယင် မင်းတို့လုပ်တာ...တာဝန်ယူမှု
တာဝန်ခံမှု ဆိုတာကို မရှိဘူးဖြစ်နေတာ....အလုပ်မရှိပဲ အားနေယင်တော့ တစ်မျိုးပေါ့ဗျာ.....ဒါကြောင့်မို့ တစ်ခါတစ်လေ ပြောတာဗျာ....နာမည်ကောင်းယူချင်လွန်းအားကြီး
တော့ အောက်ခြေမှာဘာတွေပဲဖြစ်နေဖြစ်နေ....ဖြစ်ချင်တာဖြစ်ဖြစ်ဆိုပိးတော့ မဖြစ်နိုင်တာတွေကို အတင်းအဓမ္မကို အကောင်အထည်ဖော်
ခိုင်းနေတော့တာပဲ...ငါနာမည်ရယင်ပီးရော ဆိုပီးတော့လေ......၀န်ကြီး တစ်ခါပြောဖူးတဲ့စကားရှိပါတယ်.....သူလုပ်ဆောင်နေတဲ့...အကောင်
အထည်ဖော်နေတဲ့ မိုးပွင့်စီမံချက် ကို သမ္မတကြီးက အရမ်းသဘောကျတယ် ဆိုပီးတော့.....၀န်ထမ်းငယ်တွေက လည်း လူတွေပါဗျာ....သူ
တို့မှာလည်း မိသားစုရှိပါတယ်....နားချင်...ပျော်ချင်ရှာမှာပဲ....အဲယားကွန်းအခန်းကြီးထဲကနေပီးတော့ နေမထိ...မိုးမမိ...လမ်းမလျှောက်ရ့ပဲ
သက်တောင့်သက်သာနဲ့ အမိန့်ညွှန်ကြားချက်တွေကို လိုက်မနာယင် အရေးယူမယ်ဆိုပီး လွယ်လွယ်ကူကူနဲ့ ထုတ်ပြန်နေမယ့်အစား အောက်
ခြေမှာ ဘာတွေဖြစ်နေ..ပျက်နေတယ်.....ဘယ်လိုတွေ လုပ်ကိုင်နေရတယ်....ဘာတွေလိုအပ်နေတယ်....ဘာအခက်အခဲတွေရှိနေတယ်....
ဆိုတာက စပိးတော့ ၀န်ထမ်းငယ်လေးတွေရဲ့ နှလုံးသား ခံစားချက်တွေမှာ ဘာတွေဖြစ်နေတယ်....ဘယ်လိုမျိုးခံစားနေရတယ်....မပြောရဲပဲ
ကြောက်လို့သာ ငြိမ်ခံနေရတဲ့ သူတို့ရဲ့ အတွေးစိတ်ကူးတွေ ထဲကို ၀င်ရောက် ကိုယ်ချင်းစာနာကြည့်စေချင်ပါတယ်...၀န်ထမ်းငယ်တွေက
လည်းအထက်ကပေးတဲ့တာဝန်တွေကို နေပူလွန်းလို့...မိုးရွာလွန်းလို့...ကားတွေကျပ်လွန်းလို့...ချောင်းတွေမြောင်းတွေဖြတ်ရမှာမို့လို့ဆိုပီး
ငြင်းဆန်တာ မရှိပါဘူး....နောက်ဆုံး ကိုယ့်ရဲ့ အချိန်ဖြစ်တဲ့ ...မိသားစုဘ၀လေးနဲ့ အတူတူအနားယူရမယ့်အချိန်လေးတွေကို မယူနိုင်တော့ပဲ
ခိုင်းတဲ့တာဝန်တွေအတွက်ကို ပေးဆပ်ထားပါတယ်......တာဝန်ပေးတယ်
ဆိုကတည်းက နိုင်တဲ့တာဝန်ကိုပဲပေးအပ်သွားရမှာပါ.....မနိုင်တဲ့ ၀န်ကို မထမ်းဆောင် ခိုင်းသင့်ပါဘူး.....လူဆိုတာဟာ ခိုင်းပိးယင်းလည်း
ကျွှေးရ...မွေးရပါတယ်.....၀န်ထမ်းတွေရဲ့သက်သာချောင်ချိရေးတွေကို ပြန်ကြည့်ပေးရပါမယ့်....အခုက ဘာဖြစ်နေသလဲဆိုယင် ခိုင်းတာက
တော့ ကျွဲ...နွားတွေခိုင်းသလိုမျိုး ရက်ရက်စက်စက် ကို ခိုင်းနေတော့တာပဲ.....ကျွေးမွေးရတော့မယ် ဆိုတော့ လက်ကမပါတော့ဘူး...ဟိုနေ့
ရွှေ့...ဒီနေ့ရွှေ့နဲ့.....သာဓက ပြရမယ်ဆိုယင် အပြောင်းအရွှေ့တွေနဲ့ ရာထူးတိုးတွေကိုပဲကြည့်ပါ.....ခိုင်းတုန်းကတော့ အသကုန်ခိုင်းထားပိး
တော့ ရာထူးတိုးပေးရမယ့်အချိန်ကျတော့ ဟိုရက်ရွှေ့....ဒီရက်ရွှေ့နဲ့......အခုအောက်ခြေမှာလည်း ရာထူးတိုးတွေနဲ့ပက်သက်ပ်ီးတော့ အသံ
တွေက မျိုးစုံထွက်နေတယ်....အမှတ်စာရင်းတွေ ထွက်ပီးကတည်း က ဟိုလိုလို...ဒီလိုလိုဖြစ်နေတာ....ဒါမျိုးကျတော့ မြန်မြန်ဆန်ဆန်မလုပ်
တော့ဘူး.....အယင်လူကြီးတွေတုန်းက ရာထူးတိုးတို့မှာ နည်းမျိုးစုံနဲ့လုပ်စားသွားတော့ အောက်ခြေက လူကြီးတွေ အပေါ်မှာ အမြင်မကြည်
မှုတွေနဲ့အထင်လွဲမှုတွေဖြစ်နေတဲ့ ၀န်ထမ်းငယ်တွေရဲ့ သံသယတွေကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် အမှန်တိုင်းပြုလုပ်ပေးပီးတော့
ချေဖျက်ပေးရမယ့်အစား အယင်တုန်းက ပုံစံလိုမျိုးပြန်ဖြစ်အောင် တုံ့နှေးတှုံ့နှေးနဲ့ လုပ်ဆောင်ပြနေပြန်တယ်.....ကိုင်း...ဒီအချက်တွေကို
ကြည့်ယင် အောက်ခြေ ၀န်ထမ်းထုကြီးကပဲ မှားနေသလား....အပေါ်က လူကြီးတွေပဲ လုပ်နည်း..ကိုင်နည်း တွေ လွဲနေသလား....ပြန်ပီးတော့
ဆင်ခြင် စဉ်းစားသင့်နေပါပီ....မိုးပွင့်(၁) စီမံချက်အစမှာပဲ စစ်ဦးဘီလူးဆိုသလိုမျိုးနဲ့ လွှတ်တော်အမတ်မင်းနဲ့သွားငြိလို့ လွှတ်တော်မှာအတင်
ခံရလို့ မဆီမဆိုင်ပဲ ပဲလှော်ကြားဆားညှပ်ခံရသလိုမျိုးဖြစ်ပိးတော့ ရယက ပိုက်ဆံကောက်တာ လ၀က မသိလို့ဆိုပီးတော့ ရုံးစောင့်ပါမကျန်
တစ်ရုံးကို အပြစ်ပေးတာကိုလည်း ဖော်ပြပေးခဲ့ပီးပါပီ...ပိးတော့ အယင်တုန်းက မိုးပွင့်စီမံချက်နဲ့ပက်သက်ပီးတော့ ပြည်သူတွေကဘာတွေ
ပြောပြတယ် ဆိုတဲ့ ပြည်သူတွေရဲ့အသံ ဆိုတာကြီးကို နေ့တိုင်းပြည်နယ်/တိုင်းရုံးတွေကိုပို့ပေးခဲ့ရပါတယ်....အခုဆိုယင် မိုးပွင့်နဲ့ပက်သက်
ပီး ပြည်သူ့အသံ လုပ်မဲ့အစား မိုးပွင့်နဲ့ပက်သက်လို့ ၀န်ထမ်းများရဲ့အသံ ဆိုပီးတော့ တောင်းယူပီးတော့ နားထောင်မယ်ဆိုယင်ပိုမိုပီးသင့်
မြတ်မယ်လို့ထင်ပါတယ်( ဒီလိုမျိုးတင်ပြလို့ အရေးမယူဘူးဆိုယင်ပေါ့လေ).ဒါကြောင့်မို့ အောက်ကဘာပဲဖြစ်နေနေ....ငါနာမည်ကောင်းရဖို့
ဆိုတာအရေးထက် အောက်ခြေ၀န်ထမ်းတွေနဲ့ အထက်လူကြီးတွေရဲ့ကြားမှာ ရှဉ့်လည်းလျှောက်သာ...ပျားလည်းစွဲသာ ဆိုတဲ့ အခြေအနေ
လေးတစ်ခုကို ဖန်တီးရယူသွားနိုင်မယ်ဆိုယင်တော့ ၀န်ထမ်းများချစ်ကြသော အထက်လူကြီးများ ဖြစ်လာကြမှာ ဧကန်အမှန်ပင်ဖြစ်ပါကြောင်း
ရေးသားတင်ပြလိုက်ရပါတယ်....
No comments:
Post a Comment