အမေး နဲ့ အဖြေ
( အမေး)
Theint Theint Thu Aung မှန်ပါတယ်ဆရာ
။ဆရာပြောသလို စိတ်ဓါတ် မူဝါဒ တွေ ရှိနေတယ်ဆိုတာ ကို လက်ခံပါတယ်။ဒါပေမယ့်
ဆရာ ပြောသလို စိတ်ဓါတ်တွေနဲ့ ရည်ရွယ်ချက် ရှိရှိ ဒီလမ်းကြောင်း ဒီဌာန ကို
ဝင်လာခဲ့သူတွေ က ရိုးရိုးသားသား နဲ့ကြိုးကြိုးစားစား နဲ့ လှေကြီးထိုး
ရိုးရိုး ကျရာတာဝန်ကို လုပ်ဆောင်နေကျတဲ့ ဝန်ထမ်း အများစု ထက် ရာထူး နေရာ
လုပ်ပိုင်ခွင့် တွေ ဟာ အချိန်အတိုင်းအတာ တစ်ခုအတွင်း လျှင်မြန်စွာ ရ
ရှိသွားခဲ့ကျ တာ ဘာကြောင့်ပါလဲ ဆရာ? မေးခွန်းအမှားပါသွားရင် ခွင့်လွှတ်ပါဆရာ
( အဖြေ)
မေးထားတာလည်းမှန်ပါတယ်...မနမရုံးတွေမှာ တစ်ချိုသော့သူတွေဟာ
မနမသာလုပ်နေတာပါ....ဘာမှ မတတ်....မသိတာတွေရှိပါတယ်....တစ်ချို့
ဝန်ထမ်းတွေကတော့ ရာထူးသာငယ်တာပါ..ဒု-လ၀ကမှူး အဆင့်လောက်နဲ့ တစ်ရုံးလုံးရဲ့
လုပ်ငန်းတာဝန်တွေကို အားလုံးကို တာဝန်ခံပီးတော့
လုပ်ဆောင်သွားခဲ့တာလေးတွေလည်းရှိပါတယ်.....အရမ်းကိုလည်း
အလုပ်ကိုကြိုးစားပါတယ်....လ၀ကနဲ့ပက်သက်တဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေကိုလည်း
အရမ်းကျွမ်းကျင်ပါတယ်....သူ့အလုပ်ကိုကြိုးစားလုပ်မယ်...ကျန်တဲ့
အရာတွေကိုနားမလည်ပါဘူး....ဒီနေရာမှာ
လူကြီးတစ်ယောက်ပြောသွားဖူးတဲ့စကားလေးတစ်ခွန်းကိုပြောပြပါမယ့်...မင်းတို့ဘယ်လောက်ပဲ
မိုးပျံအောင်
တော်နေပါစေ....ဘယ်လောက်ပဲတတ်နေပါစေ...လူကြီးတွေဆီဝင်ထွက်သွားလာမှု မရှိယင်
အလကားပဲတဲ့.....တစ်ချိုကတော့ လုပ်ငန်းလည်း
မကျွင်းကျင်ဘူး...အလုပ်ထဲမှာလည်းစိတ်မ၀င်စားဘူး....ဒါပေမယ့်
လူကြီးတွေဆီကိုဝင်ထွက်သွားလာတတ်တယ်....လူကြီးတွေ
အကြိုက်ကိုလုပ်ပေးတတ်တယ်.....တော်တာ/မတော်တာကိုအသာထား...ခေတ်စကားနဲ့ပြောရယင်
နေရာယူတတ်တာပေါ့...လူကြီးတွေပေါ်မှာ
သိတတ်မှုပေါ့....လုပ်ငန်းလည်းကျွင်းကျင်တယ်....အလုပ်ကိုလည်း
အရမ်းကြိုးစားတယ်....ဒါပေမဲ့ လူကြီးတွေဆီကို ၀င်ထွက်သွားလာမှု မရှိတော့
မသိတတ်ဘူးပေါ့....လူကြီးတွေကလည်း ဌာနမှာ ဘာနဲ့တိုင်းတာသလဲဆိုယင်
သိတတ်မှုနဲ့ပဲ တိုင်းတာ တာပါ.....လက်ဆောင်မပါ...လက်ချည်းလာ....ဆရာ မိဘ
အားမရ ဆိုတဲ့ စကားပုံလေးလိုပေါ့.....နောက်ဆုံးကျတော့ လည်း
ခေတ်အနေအထားအရလည်း ဒီလိုမျိုးဖြစ်နေတော့
အရည်အချင်းရှိတဲ့...တကယ်တော်တဲ့သူတွေကျတော့
နေရာလည်းမရ...ရာထူးလည်းမရ.....အယင်အတိုင်း ဒုံယင်း ဒုံယင်း နဲ့ပဲ
JIO.....IAO တွေပဲဖြစ်ပီးနေတော့တာပေါ့...အထာနပ်တဲ့.....ဂွင်သိတဲ့
သူတွေကျတော့ မတော်လည်း....မတတ်လည်း.....မသိလည်း ဆရာသမားတွေရဲ့ အလိုကျ
သိတတ်မှုနဲ့ အစစ အရာရာအားလုံး နေရာလည်းကောင်း...ရာထူးလည်းရ....အိုကေမှာ
စိုပြေပီးတော့ မြန်သထက် မြန်ပေါ့ဗျာ...လ၀ကမှာ လည်း
စကားပုံလေးတစ်ခုရှိပါတယ်....ရာထူးက
စကားမပြောဘူး....နေရာကစကားပြောတယ်တဲ့.....နေရာကောင်းသွားယင် ရိုက်ဖို့အတွက်
ကြိမ်လုံးရသွားပီတဲ့......လိုတရ ဖန်တီးပေးနိုင်စွုမ်းရှိတဲ့
ဆေးကြိမ်လုံးဖြစ်မှာပေါ့......ခေတ်ကလည်း လူနပ်ချမ်းသာတဲ့
ခေတ်ကြီးလေ.....လူကိုမုန်းတော့ မူကိုသုံးသွားသလို လူကိုခင်တော့လည်း
မူကိုပြင်သွားတာတွေ အများကြီးရှိပါတယ်....ပြောယင်တော့ ကုန်မှာ မဟုတ်ပါဘူး
No comments:
Post a Comment