Thursday, 3 July 2014

နဲနဲလေးတော့ လွဲနေပီ

လွဲလွဲလေးပဲကောင်းပါတယ်
ရွှေတံခါးမှူး ဝက်ဆိုဒ်ကတင်ထားတဲ့ ရှေးယခင် လဝက လွန်ခဲ့သော ဆယ်စုနှစ် လဝက ယခုခေတ် လဝက ဆောင်းပါးကို မနေ့ညကတင်ထားခဲ့ပြီး ဒီနေ့ပြန်ဖျက်ခံခဲ့ရပါတယ် မီဒီယာလွတ်လပ်ခွင့်မရှိသေးတဲ့ လောကမှာ ဘာလုပ်လုပ်အဖျက်သမားတွေနဲ့ တွေ့နေရပါလား .နေပြည်တော်မှာ နိုင်ငံအတွင်းထွက်တဲ့ ဂျာနယ် ၇၂ စောင်ကို နေ့စဉ်ဝယ်ဖတ်စောင့်ကြည့် သတင်းတင်ပြရနေတဲ့ ဌာနစိတ်ရယ် အင်တာနက်စောင့်ကြည့် ဌာနစိတ်ရယ် အလုပ်တွေ ရှုပ်ကုန်ပါရောလား ဒီဌာနကြီးအဓိကလုပ်ရမယ့်တာဝန်က လူမျိုးမပြုတ်ရေးပါ အင်တာနက် နှင့် မီဒီယာစောင့်ကြည့်ရေး မဟုတ်ပါဘူး နဲနဲလေးတော့ လွဲနေပြီထင်ပါတယ် !
u sai htun wai
------------------------------
ဆရာ့ရဲ့ news feed မှာ ဒီလိုမျိုးရေးထားတဲ့ စာလေးကိုတွေ့လိုက်ရတော့ လ၀က ၀န်ကြီးလုပ်သွားဖူးခဲ့တဲ့ဦးစောထွန်းကိုသွားပီး သတိရသေးတယ်....သူ့လက်ထက်တုန်းက လ၀ကထောက်လှမ်းရေး ဆိုပီးတော့ ဖွဲ့ခဲ့သေးတယ်....တိုက်နယ်မှူးတစ်ယောက် ကို တစ်နေ့ နယ်မြေသတင်း (၃)ခုတင်ပေးရမယ်....သတင်းမတင်နိုင်ဘူးဆိုယင် အရေးယူမယ်ဆိုပီးတော့....ပီးတော့
ကော့သောင်းကိုတောင် ထလရအတွက် ဆိုပီး သူ့လူ JIA တစ်ယောက်ကို စပယ်၇ှယ်ခြောက်လုံးပြူးးသေနတ် တလက်ထုတ်ပေးပီးတော့ စေလွှတ်လိုက်သေးတယ်....သူလွှတ်လိုက်တဲ့သူက ပုတ်သင်ညို ရွှေတပဲသားရသလိုဖြစ်နေပီးတော့ တွေ့တဲ့သူတိုင်းကို သေနတ်ထုတ်ပြပီးတော့ ကြွားနေတော့တာ.....ဦးစောထွန်းလဲပြုတ်ရော....ဒီကောင်ပါပါသွားလေရော.....ဒီတုန်းကတော့သတင်းမတင်
ယင် အေ၇းယူမယ်ဆိုတော့ လင်မယားရန်ဖြစ်တာကအစ သတင်းလုပ်ပီး တင်ပေးခဲ့ရတာတွေကိုသွားသတိရလိုက်သေးတယ်......အဲဒီ ဦးစောထွန်းလက်ထက်က အင်တာနက်တွေဘာတွေ မပေါ်သေးဘူးလေ...အခုခေတ်ကြီးမှာ အင်တာနက်သတင်းတွေကို အထက်ကိုတင်ပြနေတဲ့ ရဲသတင်းတပ်ဖွဲ့...စရဖ တွေ ရှိနေပီလေ...အယင်တုန်းကတော့ နပတမှာအင်တာနက်သတင်းတွေကို d form ဌာနစိတ်ကနေပီးတော့ နေ့တိုင်း ပရင်တာနဲ့ထုတ်တယ်....နေ့တိုင်းအများကြီးထုတ်နေရတာ....စာရွက်ဖိုးနဲ့ဆေးဖိုး အရမ်းကိုနှမြောဖို့ကောင်းတာ..ရုံးချုပ်မှာသာ A4စာရွက်တွေ လိုသလောက် ပေါပေါလောလောသုံးနေပေမယ့် နယ်ရုံးတွေမှာကျတော့ စာရွက်စာတမ်းအားလုံးကိုဝယ်သုံးနေရတာ......မယောင်တဲ့နေရာမှာဆီလူးထားသလိုမျိုးပေါ့ဆရာရယ်.
.ကိုယ့်ဌာနက ထလရ...လုံခြုံရေးအဖွဲ့အစည်းလည်းမဟုတ်..တစ်ခုခုဖြစ်လာယင်လည်း အရေးယူလို့ရတာလည်းမဟုတ်...အာဏာပါဝါကလည်း မရှိ..လ၀ကဌာန ဆိုတာကလည်း အရေးပါပေမယ့်.အရာမရောက်ဘူးကိုဖြစ်နေတာ....ဘယ်ပွဲလမ်း အခမ်းအနားဧည့်ခံကျွေးမွေးရေး..နောက်ဆုံး ဂေါက်ပြိုင်ပွဲပါမကျန်သွားလုပ်ပေးနေရတာ...နောက်ဆုံးကျတော့
ယူနီဖောင်း-၀တ်ဌာနတွေထဲမှာ သူများရဲ့ ခိုင်းဖတ်လိုမျိုးကိုဖြစ်နေရတော့တာ..အားလုံးက ၀ိုင်းခိုင်းတိုင်းလိုက်လုပ်ပေးနေရတာ...အခု လ၀က ၀န်ကြီးဌာန မှာ ဆရာရေးသလို အင်တာနက်
စောင့်ကြည့်ရေး ဌာနစိတ် ဆိုတာ မထားပဲ တရုတ်..ကုလား လူမျိုးခြား နိုင်ငံခြားသားများ စောင့်ကြည့်ရေးဌာနစိတ်ဆိုတာ ထားတာက မှ ဟုတ်တုတ်တုတ်ရှိအုံးမယ်....ဒိလိုမျိုးထားတာကမှ လူတွေရှိန်အုံးမယ်....အခုကျတော့ မဆိုင်တဲ့ အင်တာနက်စောင့်ကြည့်ရေး ဆိုပိးလုပ်ထားတော့ အပြင်လူတွေ သိသွားယင် လူရီစရာကြီးဖြစ်နေအုံးမှာ...ပိးတော့  ဆရာ့ရေ  နပတ ဌာနချုပ်မှာ အင်တာနက် ၀ိုင်ဖိုင်တွေလွှင့်ထားပေးပါတယ်.....ဒါပေမယ့်ထိပ်သီး လူကြီးပိုင်းလောက်ပဲ အသုံးပြုခွင့်ပေးထားပါတယ်..
အောက်ဝန်ထမ်းငယ်တွေ ကိုတစ်ယောက်မှ အသုံးပြုခွင့်မပေးထားဘူး....ဒီဝိုင်ဖိုင် တွေကိုသုံးပီးတောု့အင်တာနက်မှာ သတင်းတွေ တင်မှာစိုးလို့တဲ့ ဆရာ.....ဆရာ  ရေးထားသလို နည်းနည်းလေးတော့ လွဲနေမယ်လို့မထင်ပါဘူး.....များများလေး လွဲနေသလား လို့ပါ.....ဘာပဲဖြစ်ဖြစ် ဆရာရယ်....တစ်ခါတစ်လေကျတော့လည်း...လွဲလွဲလေးပဲကောင်းပါတယ် ဆရာ....

No comments:

Post a Comment