လူမှန် နေရာမှန် မထားနိုင်သေးတဲ့ ရွှေတံခါးမှူးတွေ
ဌာနတွင်း အရည်အချင်းစစ်ဆေးပြီးရာထူးတိုြး မှင့်ပေးခဲ့တဲ့အမှားတွေဟာ
ဒီနေ့ဌာနတွင်းမှာပဲတွေ့နေရပါတယ် ။စီနီယာဝန်ထမ်းတွေနဲ့
လုပ်ငန်း
ကျွမ်းကျင်သူတွေဟာ အောက်မှာရောက်နေပြီး
ဘာမသိညာမသိနဲ့
ရာထူးအဆင့်မြင့်မြင့်ရထားသူတွေ ကြားမှာ
လွဲချော်မှုတွေ ပွတ်တိုက်မှု
တွေရှိနေတာ အားလုံးသိကြတဲ့အတိုင်းပါ။မြို့ နယ်တွေမှာ
ဦးစီးအရာရှိ
အဆင့်ကို လွယ်လွယ်ကူကူနဲ့သေသေချာချာမစိ စစ်ပဲပေးခဲ့တာတွေ
ဟာ သန်းခေါင်စာရင်းလို အလုပ်ကြီးအကိုင်ကြီးလုပ်ကြတော့
ဘာမှ
သဲသဲကွဲကွဲမသိဘဲ ထင်ရာလျှောက်ပြောနေလို့
အောက်ခြေ၀န်ထမ်း
တွေ အထင်မကြီးကြတာ အဆန်းတော့မဟုတ်ပါဘူး။လုပ်နိုင် ကိုင်နိုင်
တဲ့ လ၀ကမှူး ယောက်ျားလေးတွေကို
မပေးပဲ အမျိုးသမီးတွေကိုရာထူး
တိုးပေးခဲ့လို့ ဘယ်လိုမှအဆင်မပြေလှပါဘူး။မြို့ နယ်/မြို့နယ်ခွဲတွေမှာ
ဒုလ၀ကမှူးအဆင့်တွေကပဲ တာဝန်ခံအလုပ်လုပ်နေကြတာ၊
သန်းခေါင်
စာရင်းလိုတစ်နိုင်ငံလုံးအတိုင်း အတာနဲ့လုပ်တာတောင်
ဘယ်နေရာမှာမှ
ပါဝင်ခဲ့ခြင်းမရှိတဲ့ ဦးစီးအရာရှိ
ဝန်ထမ်းတွေကို အလေးပြုဖို့ခက်ပါတယ်။
အဆင့်ဆင့်သော ရာထူးတွေကို
သေချာစိစစ်ရွေးချယ်မှုမရှိဘဲ နီးစပ်ရာကို
ပေးတဲ့စနစ်နဲ့သွားနေရင်တော့
အခြားဌာနနဲ့ပူးပေါင်းလုပ်ရတဲ့ နစကလို
နေရာမျိုးမှာ မိမိအရာရှိများရဲ့မကျွမ်းကျင်မှု များကြောင့်
ဌာနသိက္ခာကိုပါ
ထိခိုက်စေတယ်ဆိုတာ အောက်ခြေ၀န်ထမ်းတွေကောင်းကောင်း သိကြပါ
တယ်။
ခရိုင်အဆင့်/ပြည်နယ်-တိုင်းအဆင့် 
မဟာဇေယျကြီးများကြားမှာလည်း
လူမှန်နေရာမှန်မပေးတဲ့ပြဿနာအေ ကြာင်းတွေပြောနေကြတာကြား
ရပါတယ်။အခြေခံအဆင့်ဖြစ်တဲ့
မြို့နယ်/မြို့နယ်ခွဲတာဝန်ခံအြ ဖစ်တာဝန်
ထမ်းဆောင်နေသူတွေကို ပြန်လည်စိစစ်ပြီး
စနစ်တကျရွေးချယ်
သင့်ပါတယ်။ဒီလိုပဲနီးစပ်ရာဝင်/ ထွက်နိုင်သူတွေကို
ပေးနေရင်တော့
လူမှန်နေရာမှန်မဖြစ်နိုင်ပါဘူး။
ဌာနတွင်းက လူတော်တွေကို ရှေ့ကိုထွက်လာမှာမဟုတ်ဘူး။
ဒါဟာဝန်ထမ်းငယ်တွေ အတုယူအားကျနိုင်လောက်တဲ့စံပြအရာ ရှိ
တွေလည်း ပေါ်လာမှာမဟုတ်ဘူး။လူကြီးတွေကို
ဝင်/ထွက်နိုင်မှ
ရာထူးရမယ်၊နေရာကောင်းရမယ်
ဆိုတဲ့ အဟောင်းတွေပဲပြန်လာ
လိမ့်မယ်။
အသွင်သဏ္ဍာန်နဲ့အနှစ်သာရပြောင်းလဲ ရေးမူအတွက်
တစ်နိုင်ငံလုံး
မြို့နယ်အဆင့်တာဝန်ခံ ဦးစီးအရာရှိတွေထဲမှာ
ကွန်ပျူတာနဲ့အင်္ဂလိပ်စာ
ကျွမ်းကျင်သူ ဘယ်နှစ်ယောက်လောက်များရှိပါသလဲ လို့
စစ်တမ်းကောက်
ကြည့်သင့်ပါတယ်။ဘယ်လိုများ
e Registration တို့၊ smart card တို့
လုပ်ကြမလဲလို့ စဉ်းစားမိလို့ပါဗျာ။
လူကြီးအကြိုက်လုပ်ပြဖို့လောက်ပဲ စိတ်ဝင်စားပြီး
ဖြစ်နိုင် မဖြစ်နိုင်
မစဉ်းစားပဲ ၀န်ထမ်းတွေဘာဖြစ်လို့နေနေ
ခိုင်းတဲ့အတိုင်းတစ်သွေ
မတိမ်းလုပ်မယ်ဆိုတဲ့ စိတ်ဓါတ်အဟောင်းနဲ့လူတွေ၊ငွေ ရရင်ဘာမဆို
လုပ်မယ်ဆိုတဲ့လူတွေ၊ အထက်လူကြီးကို
ပုံသေကြောက်ရွံ့ရမယ်လို့
မှတ်ထားတဲ့လူတွေ ဒီလိုလူတွေနေရာရနေရင်
ဒီဌာနဒီလိုပဲဆက်သွား
နေပါဦးမယ်။ရွှေတံခါးမှူးတွေ
ဘာလဲ၊ဘယ်လဲလို့ မေးခွန်းထုတ်ပြီး
ဖြေခိုင်းဖို့ကောင်းလှပါတယ်။
လူတော်အရာရှိများအား လေးစားအားကျလျက်-
တံခါးမှူးဒတ္ထ
27-7-2014
No comments:
Post a Comment