Wednesday, 2 July 2014

အနောက်ဘက် မကဖမှပေးစာ

.မြန်မာနိုင်ငံရဲ့ အနောက်ဘက် တံခါးပေါက်ဖြစ်သော ရခိုင်ပြည်နယ် တွင်တာဝန်ထမ်းဆောင်နေကြသောအနောက်ဘက်လ၀က ၀န်ထမ်းများမှ ရင်ဖွင့်ပေးပို့လာသောစာလေး
အား ၀န်ကြီးနှင့် တာဝန်ရှိသူများ သိရှိနိုင်ရေးအတွက် တင်ပြပေးလိုက်ပါတယ်...ဒီစာလေးကို ဒိမှာမတင်ဖြစ်သေးပေမယ့် တခြားဝက်ဆိုဒ်တွေမှာတော့ ဖော်ပြပီးဖြစ်ပါတယ်.....အနောက်ဘက် မကဖမချိန်းခင်လေးမှာ ပေးပို့လာခြင်းဖြစ်ပါတယ်...အဓိက ဆိုလိုရင်းကတော့ သူတို့ပြန်ရောက်ယင်မိသားစုတွေနဲ့နီးတဲ့နေရာလေးကိုပြန်ပြောင်းပေးယင် ကျေနပ်ပါတယ်ဆိုတဲ့ ရည်ရွယ်ချက်လေးတွေပါပဲ.....

အနောက်ဘက် မကဖ ၀န်ထမ်းများမှ မျှော်လင့်ချက်များ
------------------------------------------------------
ရွှေတံခါးမှူးချစ်သူနောင်တော်ကြီးအား လေးစား ဂုဏ်ယူလျှက်ရှိပါတယ် ကျနော်တို့ အနောက်ဖက် မကဖ ဆိုတာ အရင်က မရှိခဲ့ဘဲ
နစကဖျက်သိမ်းလိုက် မှ ဖွဲ့ပေးလိုက်တာပါ့ ကျနော်တို့ အနောက်ဖက် မကဖကို တစ်နှစ်သတ်မှတ် လိုက်ပြီး ကျန်တဲ့ မကဖ တွေကို
၆ လဆိုပြီး တပြိုင် တည်းသတ်မှတ်လိုက်ပါတယ် ကောင်းတဲ့ နေရာကို နှစ်သီးစား သဘောမျိုးနဲ့ပေါ့ ရှင်းပါတယ့့်
ကျနော်တို့အဖွဲ့တွေမှာ နစက လက်ထက်က ရိက္ခာ ရပေမယ့် မကဖ လည်းဖြစ်ရော ဆိုင်မှာ လပေးနဲ့ လစာထဲက ဝယ်စားရတယ်
ဒါ ပြသနာမရှိပါ လစာပေး ထားတာဘဲ့ ဒါပေမယ့် ဒီဒေသမှာ တာဝန်ကျတဲ့ အခြားဝန်ထမ်းတွေ လစာနှစ်ဆ ရနေပြီး ကျနော်တို့
အဖွဲ့တစ်ခုဘဲ ရအောင်လုပ်မပေးနိုင်တာတော့ ဝမ်းနဲမိပါတယ့့် တာဝန်ရှိတဲ့ အကြီးအကဲတွေ ရောက်လာလို့ မျှော်လင့်ချက်တွေနဲ့
စောင့်မျှော်ခဲ့ ကြပေမယ့် သူတို့လည်း ဘာမှလုပ်မပေးနိုင်ကြဘဲ သူတို့ရဲ့အခြားလာရင်းကိစ္စတွေကို အမြန် ဆောင်ရွက်ကြပြီး
မသိဟန်ဆောင်ပြန်သွားခဲ့ကြတာပါဘဲ့ ဒီကြားထဲမှာ လူကြီးအချို့က သူ့တို့ တပည့်တွေကို ခေါင်းစဉ် အမျိုးမျိုးနဲ့ ပြန်ခေါ်ထားကြတယ့့်
့ တကယ်တန်းတော့ သူတို့မှာ ဘာ တာဝန်မှမရှိဘူး အိမ်မှာ သာသာယာယာ ပြန်နေကြတာဘဲ့ ဒီကအဖွဲ့တွေမှာတော့
ပြသနာပေါင်းစုံကြားထဲမှာ တာဝန်ထမ်းနေရတာပါ့ တစ်ချို့လည်း မနေရဲလို့ ပြန်ပြေးပြီး နေရာရ face book ကနေ
နာမည်ကောင်းယူနေတဲ့ သူတွေလည်းရှိပါတယ် အမည်ထုတ်ဖော်ပြောစရာမလိုဘဲ သိကြပါတယ့့် အခု အခြား မကဖ တွေကို
ို မဲနှိုက်ပြီး မျှမျှတတ လုပ်ပေးတာ ကြိုဆိုပါတယ် ဒါပေမယ့် အဲဒီ မကဖ တွေ သွားဖို့အတွက် တိုင်း/ပြည်နယ် ဦးစီးတွေရဲ့
အရည်အချင်းထောက်ခံချက်တွေ တောင်းပါတယ် အချို့ အရက်သောက်တယ်ဆိုပြီး မထောက်ခံလို့ ကျန်နေခဲ့တဲ့ သူတွေရှိပါတယ်
ဝန်ထမ်းအတွက် နစ်နာ လွန်းပါတယ်ဗျာ့ ပိတ်ဆို့ရေး လို နစက လိုသွားမယ့် ဝန်ထမ်းကျတော့ အဲဒီလို ထောက်ခံချက်တွေ ဘာလို့
မတောင်းလဲဗျာ --- အခု အနောက်ဖက် မကဖ တွေ တစ်နှစ်ပြည့် လို့ပြန်ရတော့မှာပါ ဒီကနေပြန်ရင် မိသာစုနဲ့နီးတဲ့နေရာ မိမိတို့
အဆင်ပြေမယ့် နေရာလေးတွေလျှောက်ခွင့် ရပြီး လျှောက်တဲ့ နေရာတိုင်း ချပေးရင် ဘာအခွင့်အရေးမှ မတောင်းဆိုခဲ့ဘဲ တာဝန်ကျေပွန်အောင
် ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းများ ကျေနပ်ပျော်ရွှင်မိကြမှာ အမှန်ပါဘဲ့ အားလုံးရဲ့မျှော်လင့်ချက်ကလည်း ဒီတခုဘဲရှိကြတာပါဘဲ
အနောက်ဘက် ရွှေတံခါးမှူးများ.....

No comments:

Post a Comment