Saturday, 19 July 2014

နိုင်ငံသားဖြစ်မှသာ နိုင်ငံသားအခွင့်အရေးရမည်

နိုင်ငံသားဖြစ်မှသာ နိုင်ငံသားအခွင့်အရေးရနိုင်မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ဆို
စစ်တွေ၊ ဇူလိုင် ၁၈
ဘင်္ဂလီများအနေဖြင့် နိုင်ငံသားဖြစ်မှသာ နိုင်ငံသားအခွင့်အရေးရနိုင်မည်ဖြစ်ကြောင်းနှင့်
ရိုဟင်ဂျာဟု သူတို့ကိုသူတို့ပြောဆိုနေ
သူများသည် ခိုးဝင်ဘင်္ဂလီများသာဖြစ်ကြောင်း ကုလအထူးကိုယ်စားလှယ် ကိုးရီးယားနိုင်ငံသူ
မစ်ယောင်ဟီလီနှင့်တွေ့ဆုံစဉ် ပြည်နယ် ၀န်ကြီးချုပ်က ပြောဆိုလိုက်သည်။

ထို့အထူ နိုင်ငံသားဖြစ်ခွင့်မဖြစ်အခွင့် သူတို့ကိုယ်တိုင် လျှောက်ထားရမည်ဖြစ်ပြီး ယင်း ကိစ္စပြတ်သားစွာအ ဖြေမထုတ်နိုင်ပါက နောင် ၂၀၁၇ အထိလည်းရောက်သွားနိုင် ကြောင်း၊ ဘင်္ဂလီများကိုလည်း ယင်းနေရာများတွင် ထားရှိ မည်ဖြစ်ပြီး ယခင်နေရာများသို့ အခြေချနေထိုင်ခွင့်ရမည်မဟုတ်ကြောင်းလည်း ၀န်ကြီး ကပြောသည်။

ရခိုင်တိုင်းရင်းသားများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် မိမိတို့၏ နေရပ်တွင် ထိုင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၀င်ရောက်လာသော ဘင်္ဂလီများကြောင့်
ပြဿနာများစွာဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

ယင်းအပြင် လက်ရှိအနေအထားတွင် ရခိုင်ပြည်နယ်သည် ဒုတိယအဆင်းရဲဆုံးပြည်နယ်
တစ်ခုဖြစ်သည့်အတွက် အချိန်တိုအတွင်း တိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်သွားရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း

ရခိုင်အရေးသည် နိုင်ငံတော်၏အရေးဖြစ်သည့်အတွက် စီမံကိန်းများကိုလည်းမြှင့်တင်လုပ်ဆောင်
သွားမည်ဖြစ်ကြောင်း တိုးတက်လာမှသာ ငြိမ်းချမ်းနိုင်သည်ဟု အများကပြောဆိုသော်လည်း ဘ င်္ဂလီအရေး မဖြေရှင်းနိုင်ဘဲ ရခိုင်ပြည်နယ်တိုးတက်မှုတွင် နောက်ကျနေမည်ဖြစ်ကြောင်း လည်း သိရှိရပါသည်။

"ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေဟာ ဘယ်တော့မှ ရန်မလိုဘူး။ နိုင်ငံခြားအဖွဲ့ အစည်းတွေဟာ ရခိုင်းတိုင်းရင်းသားတွေရဲ့ ခံစားချက်ကို နားမလည်ဘဲ မမျှမတ လုပ် ဆောင်ခဲ့လို့ ဖြစ်ပွားခဲ့တာဖြစ်တယ်။ အခုနိုင်ငံတကာမှာတွင်ကျယ်စွာ ပြောဆိုနေတဲ့ ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့လက်မခံဘူး။ သူတို့ဟာ ခိုးဝင်တွေဖြစ်တယ်။ ခိုးဝင် တွေ ဖြစ်တဲ့အတွက် နိုင်ငံသားအခွင့်အရေးကို ဘယ်တော့မှရမှာ မဟုတ်ဘူး။ နိုင်ငံ သားဖြစ်မှ နိုင်ငံသားအခွင့်အရေးတွေရမယ်။ သူတို့ကို အများကြီး အခွင့်အရေးပေးထားပါတယ်။

ဒါပေမယ့် သမ္မကြီးကိုယ်တိုင်က ရိုဟင်ဂျာဆိုတာ မရှိဘူး လို့ ပြောထားပြီးသာဖြစ်တယ်"ဟုလည်း ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ကိုးရီးယားသူနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။
မစ်ယောင်ဟီလီအနေဖြင့် ဘင်္ဂလီများအား လွပ်လပ်စွာသွားလာခွင့်ပေးထားသလား၊

ကျန်းမာရေးအတွက် လိုအပ်လျင်သွားလာနိုင်ပါသလား။ နိုင်ငံသားဖြစ်ခွင့် စိစစ်ခြင်းကို မည်သည့်အချိန်တွင် အပြီးသတ်နိုင်မည်နည်း။ ကျွန်မာအနေဖြင့် လူသားချင်း စာနာ ထောက်ထားရေးအရ လာရခြင်းဖြစ်ပါတယ်။ အစရှိသော စကားများနှင့်မေးခွန်း များကို ပြည်နယ်ဝန်ကြီးချုပ်အား မေးမြန်းခဲ့သည်ဟုသိရသည်။

ထို့အပြင် ဘင်္ဂလီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြသူများသည် လက်ရှိတွင် တိုင်းရင်းသားများထက် အဆပေါင်းများစွာ သာလွန်စွာနေနိုင်စားနိုင်သော်လည်း ရခိုင် တိုင်းရင်းသားများကြားတွင် ဆင်းရဲနွမ်းပါးပြီးကျပ်တည်းစွာနေထိုင်သူများရှိကြောင်း လည်း ပြောဆိုခဲ့သည်။

ယင်းသို့ တိုင်းရင်းသားများအား နိုင်ငံခြားအဖွဲ့အစည်းများမှ သွားရောက်ကူညီခြင်းမရှိ သည်ကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

No comments:

Post a Comment