Sunday, 27 July 2014

စံပြ၀န်ထမ်း ဒုက္ခ

ရွှေတံခါးမှူးတို့ရဲ့ ၀န်ကြီးဌာနမှာနှစ်စဉ်စံပြ၀န်ထမ်းစာမေးပွဲဆိုပြီး အောက်ခြေ၀န်ထမ်းတွေကို
စာမေးပွဲလုပ်လေ့ရှိပါတယ်။ဝန်ထမ်းငယ်တွေကြားမှာ စာမေးပွဲဖြေဆိုမှုနဲ့ပတ်သက်ပြီး အခက်
အခဲတွေအမြောက်အမြားရှိတာကြောင့် ရွှေတံခါးမှူးချစ်သူကတဆင့် တင်ပြလိုပါတယ်။
 
စံပြ၀န်ထမ်းရွေးချယ်ရေးရည်ရွယ်ချက်က ကောင်းပေမယ့် အောက်ခြေက၀န်ထမ်းတွေကြားမှာ
တိုင်း/ပြည်နယ်အဆင့်၊ဗဟိုအဆင့်သွားရောက်ယှဉ်ပြိုင်ဖို့ ငွေကြေးအခက်အခဲရှိကြလို့ဝန်ထမ်း
တွေကို လူရွေးရတာအတော်အခက်အခဲရှိပါတယ်။နေပြည်တော်နဲ့အလှမ်းမကွာဝေးတဲ့ဒေသ
ကလူတွေအတွက်အခက်အခဲသိပ်မရှိလှပေမယ့် အဝေးကလာဖြေရတဲ့သူတွေမှာ အခက်အခဲ
အများအပြားရှိပါတယ်။
 
ခရိုင်အဆင့်အတွက်ရွေးချယ်ဖို့ အခက်အခဲမရှိပေမယ့် တိုင်း/ပြည်နယ်အဆင့်သွားရောက်
ယှဉ်ပြိုင်ဖို့ ငွေကြေးကုန်ကျမှုများလွန်းလို့ ၀န်ထမ်းငယ်တွေဟာ သွားရောက်ဖြေဆိုဖို့ဆန္ဒ
မရှိကြပါဘူး။ပြည်နယ်/တိုင်းတွေမှာလည်း ဗဟိုအဆင့်ယှဉ်ပြိုင်ဖို့လူရွေးရင် ကြိုးစားဖြေဆို
ကြတာသိပ်မရှိပါဘူး။နေပြည်တော်ကို သွားဖို့ရှိသူတွေကိုသာ ရွေးချယ်လွှတ်လိုက်ကြတာ
ပါ။တချို့မြို့နယ်တွေမှာဆိုရင် ၀န်ထမ်းငယ်တွေကို အလှည့်ကျစနစ်နဲ့စေလွှတ်ရကြောင်း
သိရပါတယ်။တိုင်း/ပြည်နယ်အဆင့်၊ဗဟိုအဆင့်တွေ ယှဉ်ပြိုင်ဖို့ ငွေကြေးကုန်ကျမှုများ
ပြီး ဘယ်သူကမှထောက်ပံ့ပေးတာမရှိလို့ ၀န်ထမ်းငယ်တွေကြားမှာ စံပြ၀န်ထမ်းဆိုတာ
ဒုက္ခပေးတာလို့တောင်ပြောနေကြပါတယ်။ဒါဟာ ၀န်ထမ်းငယ်တွေကို အပြစ်ပြောလို့
မရပါဘူး။
 
ဌာနတွင်းက ကွန်ပျူတာနဲ့အင်္ဂလိပ်စာကျွမ်းကျင်သူတွေမွေးထုတ်ပေးဖို့ရည်ရွယ်တယ်
ဆိုရင် ဒီရည်ရွယ်ချက်ဟာလွဲနေပါပြီ။စံပြ၀န်ထမ်းအဖြစ်ရွေးချယ်ခံရသူကို အခြားဝန်ထမ်း
ငယ်တွေက အားကျအတုယူပြီး ကြိုးစားလာကြမှ ဒီရည်ရွယ်ချက်ဟာ ထိရောက်ပါလိမ့်
မယ်။ကွန်ပျူတာတတ်ကျွမ်းသူတွေကို လက်နှိပ်စက်စာရေးလောက်ပဲအသိအမှတ်ပြုတာ
ဟာ ၀န်ထမ်းငယ်တွေကြားမှာကွန်ပျူတာသင်ဖို့ စိတ်မ၀င်စားကြအောင်လုပ်သလိုဖြစ်
နေပါတယ်။ကွန်ပျူတာတတ်လို့ အချိန်ပြည့်ပင်ပန်းပြီး မတတ်ရင် မလုပ်ရတာကြောင့်
စိတ်မ၀င်စားကြတာလည်းဖြစ်ပါတယ်။ဌာနတွင်း ရာထူးတိုးမြှင့်ရေးမှာလည်း ကွန်ပျူတာ
တတ်ကျွမ်းသူတွေကို အသိအမှတ်ပြုတာမရှိပါဘူး။
 
ရည်ရွယ်ချက်ကောင်းပြီး အကောင်အထည်ဖော်တာ မထိရောက်ရင် ၀န်ထမ်းငယ်တွေ
အတွက် အခက်အခဲဖြစ်စေလို့ စံပြ၀န်ထမ်းစာမေးပွဲဖြေဆိုတာကို ပြန်လည်သုံးသပ်ဖို့
သင့်ပါကြောင်း တာဝန်ရှိသူတွေကို တင်ပြလိုပါတယ်။
 
တံခါးမှူး ဒတ္ထ
25-7-2014

No comments:

Post a Comment