===================
တရားဝင်ဖွင့်မပြောရဲသော ၀န်ထမ်းတစ်ဥိး၏ တရားမ၀င်ရင်ဖွင့်ခြင်း
မိုးပွင့်
စီမံချက်ကတော့ဗျာ စီမံချက် မစခင်ကတည်းက စီမံချက်စာအုပ် ၄ /၅
စုံလောက်လုပ်ရတာနဲ့ တင် အချိန်နဲ့ ပိုက်ဆံ တော်တော်ကုန်နေရပြီ
...မိုးတွင်းမှာ ဆွဲတဲ့ စီမံချက်ဖြစ်နေတော့ မိုးရေတွေထိလို့ နေမကောင်းဖြစ်
ရတာထက် ကျေးရွာလမ်းတွေက ကတ္တရာလမ်း မဟုတ်တော့ ပိုစိတ်ညစ်ရပြန်ရော ....
ကျေးရွာက ပြည်သူတွေကတော့" ခြောက်ကျပ် ဝန်ထမ်းတွေ "လာပြီဟေ့ ဆိုပြီး
ဝမ်းသာအားရ အော်ဟစ်ကြိုဆိုပြီး သူတို့ဖြစ်ချင်တာတွေကို ဇွတ်ခိုင်းတော့တာဘဲ
... လိုအပ်တဲ့အထောက်အထားတွေတောင်းေ တာ့ နားမလည်သူတစ်ချို့က ရစ်တယ်ထင်ပြီး အပြစ်ပြော ချင်ကြတယ် ... ဖုန်းနံပါတ်ရှိတယ် ဆက်လိုက်ရမလား ဆိုတဲ့သူကရှိသေးတယ်ဗျ...တစ်ချို့ မြို့နယ်တွေမှာ
တကယ်ဘဲဖုန်းဆက်ပြီး အဲဒီဝန်ထမ်းက တောင်းတဲ့အချက်အလက်တွေက ဘာလို့
တောင်းတာလဲ .. နားမလည်လို့ မေးတာပါဆိုပြီး တိုင်ပြော ပြောကြတယ် ..
ဖုန်းနံပါတ်တွေက လူတိုင်း သိအောင် ပွင့်လင်းမြင်သာစွာ ဖော်ပြထား သလို
လူတိုင်း ဖုန်းတွေကိုင်နေကြတာဆိုတော့ လွယ်တယ်လေ...ရုံးချုပ်ကဖြေရှင်း ချက်တောင်းတော့
ရှုပ်ကုန်ရော... ဝန်ထမ်းများကလည်းနားလည်အောင် အကြိမ်ကြိမ်
ရှင်းပြထားကြပါတယ် နားမလည်တဲ့ လူအနည်းအကျဉ်းရှိမှာပေါ့ ဝန်ထမ်းမှာတော့
အိတ်ထဲက ပိုက်ဆံ စိုက်ပြီး တိုးတက်မှု နည်းရင်
မြို့နယ်/ခရိုင်/တိုင်း/ပြည်နယ် အရာရှိတွေ ငြိုငြင်မှာကြောက်လို့
အားကြိုးမာန်တက် လုပ်ရတာ တကယ်ပင်ပန်းကြပါ တယ်.... ပြည်သူ့ တုံ့ပြန်ချက်
အသံကိုလည်း နေ့စဉ် ယူရသေးတယ် ...ဝန်ထမ်းများရဲ့ အသံကိုတော့ တင်ပြခွင့်
မရှိပါဘူး ရှိလည်း ဘယ်ဝန်ထမ်းက တင်ပြရဲမှာလဲမရှိပါဘဲပေါ့ ...
ထူးခြားသတင်းကလည်းနေ့စဉ်ဘဲရှာ တင်ရတယ်... တစ်နေကုန် ရုံးထဲမှာ
ပြည်သူ့တွေရဲ့ အလုပ်တွေ မအားရအောင် လုပ်ပေးနေရသူက မြို့နယ်အတွင်းက
ထူးခြားသတင်းကို သိဘို့ မလွယ်တာ အမှန်ပါဘဲ .....
သန်းခေါင်စာရင်းအတွက် မြေပုံဆွဲရတော့လည်း တစ်မြို့နယ်လုံးရဲ့ အသေးစိတ်မြေပုံကို ဝန်ထမ်းအင်အား ၁၅ ယောက်နဲ့ ဆွဲရတာ လွယ်တယ်လို့ ထင်ကြမှာဘဲ ...မြေပုံဆွဲထွက်တဲ့အချိန် ရုံးပိတ်ထားမယ်ဆိုပြန်တော့ ပြည်သူက ရုံးပိတ်ထားတယ် ဆိုပြီး အော်ခံရပြန်ရော.. ဘာဘဲပြောပြော မည်သည့်စီမံချက်ဘဲလာလာ ဝန်ထမ်းများကတော့ ကျေပွန်အောင်လုပ်နိုင်ခဲ့ကြတာပါ ဘဲ
......ဝန်ထမ်းများကို ပြန်ကြည့်ရမယ့် အချိန်ရောက်ပြီလို့ထင်ပါတယ် ....
ရာထူးတိုးပေးဖို့နဲ့ အပြောင်းအရွှေ့ ခွင့်ပြုပေးဖို့အတွက် တစ်စုံတစ်ရာကို
မျှော်လင့်ရမယ့် အချိန်မဟုတ်တော့ဘူးလို့ထင်ပါတယ် ....
ဝတ်စား ဆင်ယင်မှု ပြောင်းလဲခဲ့လို့ ယူနီဖောင်းအပါ အဝင် ခါးပတ် Name Plate, logo တွေကို ဝယ်ယူ ရပြီးအပြင် မဂ္ဂဇင်းကြေး CDခွေကြေး စတဲ့ ကုန်ကျစရိတ် များလည်း ကုန် ပြီးပါပြီ.... နိုင်ငံသား စီစစ်ရေးကတ်ကို ခြောက်ကျပ်နဲ့ လုပ်ပေးနေတဲ့ ဝန်ထမ်းများရဲ့ ဝန်ထမ်းစီစစ်ရေးကတ်ပြား Smart Card ကို ငါးထောင်ကျပ် ဖြစ်နေရတာလည်း စဉ်းစား ဖို့ သင့်နေပါပြီ လို့ ......
သန်းခေါင်စာရင်းအတွက် မြေပုံဆွဲရတော့လည်း တစ်မြို့နယ်လုံးရဲ့ အသေးစိတ်မြေပုံကို ဝန်ထမ်းအင်အား ၁၅ ယောက်နဲ့ ဆွဲရတာ လွယ်တယ်လို့ ထင်ကြမှာဘဲ ...မြေပုံဆွဲထွက်တဲ့အချိန် ရုံးပိတ်ထားမယ်ဆိုပြန်တော့ ပြည်သူက ရုံးပိတ်ထားတယ် ဆိုပြီး အော်ခံရပြန်ရော.. ဘာဘဲပြောပြော မည်သည့်စီမံချက်ဘဲလာလာ ဝန်ထမ်းများကတော့ ကျေပွန်အောင်လုပ်နိုင်ခဲ့ကြတာပါ
ဝတ်စား ဆင်ယင်မှု ပြောင်းလဲခဲ့လို့ ယူနီဖောင်းအပါ အဝင် ခါးပတ် Name Plate, logo တွေကို ဝယ်ယူ ရပြီးအပြင် မဂ္ဂဇင်းကြေး CDခွေကြေး စတဲ့ ကုန်ကျစရိတ် များလည်း ကုန် ပြီးပါပြီ.... နိုင်ငံသား စီစစ်ရေးကတ်ကို ခြောက်ကျပ်နဲ့ လုပ်ပေးနေတဲ့ ဝန်ထမ်းများရဲ့ ဝန်ထမ်းစီစစ်ရေးကတ်ပြား Smart Card ကို ငါးထောင်ကျပ် ဖြစ်နေရတာလည်း စဉ်းစား ဖို့ သင့်နေပါပြီ လို့ ......
No comments:
Post a Comment