နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
====================================
နေပြည်တော် ဇူလိုင် ၂ဝ
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မိုးပွင့်အဆင့်(၆)စီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြား One Stop Service နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ခြင်းကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီက ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦး၊ ဥတ္တရသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်စိုးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များက အသက် ၁ဝ နှစ်ပြည့်၊ အသက် ၁၈ နှစ်ပြည့်ပြီးသူများ စုစုပေါင်း ၁ဝဝ အား မိုးပွင့်အဆင့်(၆)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို One Stop Service နေ့ချင်းပြီး ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကို(ပျဉ်းမနား)

the mirror daily

No comments:
Post a Comment