Thursday, 17 July 2014

ဘင်္ဂါလီများ၁၉၈၂ဥပဒေအရ စီစစ်မှု

ရခိုင်ပြည်နယ်တွင် ၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်စိစစ်ဆောင်ရွက်နေမှုကို ဒီဇင်ဘာလအတွင်း အပြီးသတ်ပြုလုပ်မည်ဟု ထွက်ပေါ်နေသောသတင်း မဟုတ်မှန်ဟုဆို
*************************************************************
ရန်ကုန်၊ ဇူလိုင် ၁၆- ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို လာမည့် ဒီဇင်ဘာလအတွင်း အပြီးသတ်ပြုလုပ် သွား မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေမှုမှာ မဟုတ်မှန်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ ညွှန်ကြား ရေး မှူးချုပ် ဦးမောင်မောင်သန်းက ငြင်းဆိုလိုက်သည်။

''ဘယ်အချိန်အပြီးကောက် မယ်ဆိုတာ ကျွန်တော်တို့မှာ သတ် မှတ်ထားတာမရှိပါဘူး''ဟု ယင်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါ လီများကို ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဖြစ်ခွင့်ဥပဒေနှင့်အညီ စိစစ်ဆောင် ရွက်ခြင်းကို ယခုနှစ်၊ ဒီဇင်ဘာလ အတွင်း အပြီးသတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဒေသအချို့နှင့် အင်တာနက်စာ မျက်နှာ များတွင် သတင်းများပျံ့နှံ့ နေခြင်းနှင့်ပတ်သက်ပြီး ဦးမောင် မောင်သန်းက ယခုကဲ့သို့ငြင်းဆို လိုက်ခြင်းဖြစ်သည်။

''ဒီဇင်ဘာလအထိပဲ ကောက် မယ်ဆိုပြီး သတင်းတွေကြားမိတယ်၊ အဲဒါလဲဖြစ်နိုင်ပါတယ်။ ဒါက ပေါ် လစီတစ်ခုအနေနဲ့လုပ် တာလို့ မြင် တယ်။ ဒီဟာနဲ့ပတ်သက်ပြီး ဒေသခံ တွေကို ပွင့်ပွင့်လင်းလင်း ရှင်းပြတာ လဲ သိပ်မရှိဘူး''ဟု မြေပုံမြို့ခံ ဦးသာ ဇံက ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည် နယ်အစိုးရအဖွဲ့၏သတင်း ထုတ်ပြန် ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော် မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က ''ဘယ်တော့ အပြီးကောက်မယ်ဆိုတာ အတိအကျမသိရသေးဘူး။ ဒါပေမဲ့ ဘင်္ဂါလီတွေ ပူးပေါင်းပါဝင်မယ် ဆိုရင် တော့ ဒီဇင်ဘာလအတွင်း ပြီးနိုင် လောက်ပါတယ်''ဟု မှတ်ချက်ပေး ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရှိ ဘင်္ဂါ လီများအား ၁၉၈၂ခုနှစ်၊ နိုင်ငံသား ဖြစ်ခွင့်ဥပဒေနှင့်အညီ စိစစ်ဆောင် ရွက်ရန် လျှောက်လွှာ လက်ခံခြင်းကို ပြီးခဲ့သည့် ဇွန် ၁၅ရက်မှစတင်ကာ ဘင်္ဂါလီ ၃၀၀၀ ဝန်းကျင်ခန့်ရှိသည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ စတင် ကောက်ခံခဲ့ခြင်းဖြစ်သည်။

ဇွန် ၁၅ရက်မှ ဇူလိုင်လ ၁၆ ရက်အထိ တစ်လအတွင်း နိုင်ငံသား ဖြစ်ခွင့် စိစစ်ပေး လာရောက်လျှောက် ထားသည့် ဘင်္ဂါလီဦးရေ ၁၀၀၀ ကျော်ခန့်ရှိသွားပြီဖြစ်ကြောင်း လဝ ကညွှန်ချုပ် ဦးမောင်မောင်သန်းက အတည်ပြုသည်။
ယခုကဲ့သို့ လာရောက်လျှောက် ထားသူများအား နိုင်ငံသားဖြစ်ခွင့် ရှိမရှိဆိုသည်ကို အသေးစိတ်ဆက် လက်စစ်ဆေးသွားဦးမည်ဖြစ်ကြောင်း သိရသည်။

၁၉၈၂ ဥပဒေနှင့်အညီ နိုင်ငံ သားဖြစ်ခွင့်လျှောက်လွှာလက်ခံခြင်း ကို မြေပုံမြို့နယ်တွင်ဆောင်ရွက်ပြီး လျှင် ကျောက်ဖြူနှင့် ရမ်းဗြဲမြို့ နယ် တွင် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မကြာသေးခင်က ခန့်အပ် ခြင်းခံလိုက်ရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ထုတ်ဖော်ပြောကြားထားသည်။
မာန်ယုကျော်(ရွှေဝမြေ)

credit . yangon media group

No comments:

Post a Comment