Monday, 21 July 2014

ပြည်ထဲရေးဝန်ကြီးသိစေဖို့

လူမျိုးရေးခွဲခြားခံနေရတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပေးစာ
ရခိုင်ပြည်နယ် အမှတ်(၃၂) လုံခြုံရေးရဲတပ်တပ်ဖွဲ့ခွဲ ကျောက်ဖြူမြို့ ကျောက်တစ်လုံး (ရိုဟင်ဂျာ ဒုက္ခသည် စခန်း) တွင်တာဝန်ထမ်းဆောင်နေသော ရဲအုပ် တင်မောင် (လ/၁၃၅၆၉၄) အပတ်စဉ် (၃၁/၉၇) သည် (၂၈.၂.၂၀၁၃) ရက်နေ့တွင် ဒုရဲအုပ် မှ ရဲအပ် အဆင့် သို့ ရာထူးတိုးမြင့်ခြင်း ခံရပြီး (၂.၃.၂၀၁၃)တွင် ရခိုင်ပြည်နယ် ရဲတပ်ရဲတပ်ဖွဲ့မှ အမှတ် (၃၂) လုံခြုံရေးရဲတပ်ဖွဲ့ သို့ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေသူတစ်ယောက်ဖြစ်သည်။ ရဲအုပ်တင်မောင်သည် ရခိုင်လူမျိုး တစ်ဦး ဖြစ်ပြီး ၎င်းအုပ်ချုပ်နေသော ရဲတပ်ဖွဲ့ဝင်များအား ရခိုင်/ဗမာ ဟူ၍ လူမျိုးရေး ခွဲခြ ဆက်ဆံမှုများ ရှိနေပါသည်။ ၎င်း၏လူမျိုးဖြစ်သော ရခိုင်ရဲတပ်ဖွဲ့ဝင်များအား မျက်နှာသာပေးဆက်ဆံ လျက်ရှိပြီး မြန်မာလူမျိုး ရဲတပ်ဖွဲ့ဝင်များအား အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်ခဲ့ပါသည်။ လကုန်ပြီး လစာထုတ်ရက်များတွင် ဗမာ လူမျိုးရဲတပ်ဖွဲ့ ဝင်များမှ မြို့တွင်းသို့ဈေးဝယ်သွားရန် ခွင့်တောင်းသောအခါတွင် ထွက်ခွင့်မပေးဘဲ ရခိုင်လူမျိုး ရဲတပ်ဖွဲ့ ဝင်များဖြင့်သာ မှာခိုင်းစေခြင်း ၊ ဗမာ ရဲတပ်ဖွဲ့ဝင် တို့ အရက်သေစာသောက်စားသောအခါတွင် လူမဆန်စွာ ညှင်းပန်း နှိပ်စက်ကာ ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင်များ သောက်စားထားသည့် အချိန်တွင် အမူးလွန်၍ တန်းမစီနိုင်စေကာမူ မသိဟန်ဆောင်၍ လစ်လျူရှုထားခဲ့သည်။ ထို့အပြင် ၎င်း၏ ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင်များ မြို့တွင်းသို့ တာဝန်မဲ့ မကြာခဏ သွားလာနေခြင်းကိုလည်း တစ်စုံတစ်ရာ ပြောဆိုခြင်း ၊ အရေးယူခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ခဲ့ပါ။ အဆိုးရွားဆုံးတစ်ချက်မှာ ဒုက္ခသည် စခန်းအတွင်းရှိ မွတ်ဆလင်များအား မြို့တွင်းသို့ လုံခြုံရေးဖြင့် ဈေးဝယ်လွတ်ရာတွင် ဒုက္ခသည် တစ်ယောက်လျှင် ဖုန်းငွေဖြည့်ကဒ် တစ်ကဒ်စီတောင်းခံပြီး ၎င်း၏ တပည့်ရင်းဖြစ်သော ရခိုင်လူမျိုး ရဲတပ်သား ဇော်မင်းအား တစ်နေ့လျှင် (၄-၅) ယောက်နှုန်းဖြင့် ပို့ဆောင်စေပါသည်။ ထိုသို့ပို့ဆောင်သည်ဆိုင်ကယ်မှာ ရဲတပ်သား ဇော်မင်းနိုင် ၏ ကိုယ်ပိုင်ဆိုင်ကယ် လိုင်စင်မဲ့ ဘီးဖြစ်ပြီး ကုလားများအား ပို့ဆောင်ရာတွင် ဆိုင်ကယ်ကယ်ရီခများ ရရှိနေသည်ကို နေ့စဉ်မြင်တွေ့နေရပါသည်။ ရဲအုပ် တင်မောင်၏ အိ၆်ဆောင်နေရာတွင်လည်း ရခိုင်သား ရဲတပ်ဖွဲ့ ဝင်များဖြင့် မကြာခဏ ဖဲဝိုင်းထောင်၍ ဖဲကစားနေကြသည်မှာ ယခုတိုင်ဖြစ်ပါသည်။ အဓိက အားဖြင့်ဆိုရသော် ကျွန်တော်တို့ ဗမာလူမျိုး ရဲတပ်ဖွဲ့ ဝင်များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မိသားစု များနှင့်ခွဲ၍ လာရောက်တာဝန်ထမ်းဆောင်နေကြရပြီး ရခိုင်တိုင်းရင်းသားများအား မွတ်ဆလင်တို့၏ ရန်စွယ်အသွယ်သွယ်မှ ကာကွယ်ရန်အလို့ငှာ လာရောက်နေတာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး ထိုရခိုင်သားများမှ မိမိတို့ ဗမာ လူမျိုးမျာအား ဖိနှိပ်ချုပ်ခြယ်နေခြင်းကို ပြည်ထဲရေှးန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ် ဇော်ဝင်း ၊ အမှတ် (၄) ရဲတပ်ရင်းများ ကွပ်ကဲရေး အဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို ၊ အမှတ် (၁၁) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး ရဲမှူးကြီး ခင်ကျော် ၊ အမှတ် (၃၂) လုံခြုံရေးရဲ တပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး ညီညီထွန်း နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ အရာရှိကြီးများ သိရှိစေရန် ရည်ရွယ်သည်။
တပ်ဖွဲ့ဝင်တစ်ဦး

No comments:

Post a Comment