Saturday, 26 July 2014

မသိလို့သာပေါ့...သိများသိလို့ကတော့

မိုးပွင့်ရဲ့ နောက်ကွယ်မှ  ထိုးကျွေးခြင်းခံလိုက်ရတဲ့ မြေစာပင်သားကောင်များ
==============================

ဒီဖြစ်စဉ်လေးကတော့ ၂၀၁၁ ခုနှစ်.ဇူလိုင်လ မှာ စတင်ခဲ့တဲ့ မိုးပွင့်(၁)စီမံချက်မှာဖြစ်ပွားခဲ့တဲ့ ၀န်ထမ်းအများစုမသိလိုက်ရတဲ့အဖြစ်အပျက်
လေးတစ်ခုပါ....အခု ၂၀၁၄ ခုနှစ်.....ဇူလိုင်မှာ တော့ (၃) နှစ်တိတိ ပြည့်သွားခဲ့ပါပီ....ယခု မိုးပွင့် တာဝန်ထမ်းဆောင်နေကြတဲ့ လ၀က၀န်
ထမ်းလေးများ သတိ ၀ိရိယထားပီးလုပ်ကိုင်နိုင်ဖို့နဲ့ သံဝေဂ ရနိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်....ဒါကြောင့်လ၀ကမှာ ဘူးတလုံး
ဆောင်ယင် အိုတောင်မဆင်းရဲဘူး ဆိုတဲ့ မူကိုသုံးနေတဲ့ သူတွေအတွက် မသိဘူးဆိုယင် ဘာဖြစ်သွားမလဲဆိုတာကို အထောက်အထားတွေနဲ့
ပူးတွဲ တင်ဆက်ပေးလိုက်ပါတယ်....ဒီလိုမျိုးဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အသေးစိတ်ကို သိချင်ယင်တော့    http://shwetahkarhmuchitthu.blogspot.com
မှာလည်း ၀င်ရောက်ပီးဖတ်ရှူနိုင်ပါတယ်.....
-----------
 နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အပါအ၀င် နိုင်ငံတော်အကြီးအကဲများ...၀န်ကြီးဌာနများနှင့် မိဘပြည်သူ
များ အားလုံုးသိရှိနိုင်ရေးအတွက် လ၀က ၀န်ကြီး ဦးခင်ရီ မှ လွှတ်တော်တွင် အရှက်ကွဲခဲ့ရမှူအပေါ်  ကျောက်တံခါးမြို့နယ်ရုံးမှ
ဝန်ထမ်းများအား အပြစ်မရှိ အပြစ်ရှာကာ အရေးယူအပြစ်ပေးခဲ့ခြင်းကို  အောက်ပါအတိုင်း ဖြစ်စဉ်အား ရေးသားတင်ပြအပ်ပါသည်....
(၁)         အရပ်သားအစိုးရဖြစ်လာပီးသည့်နောက်ပိုင်း ပထမဆုံး လ၀က ၀န်ကြိးအဖြစ်တာဝန်ထမ်းဆောင်သူ ဦးခင်ရီ( ယခင်စစ်အစိုးရလက်ထက်
တွင် ရဲချုပ်)မှ မြန်မာတစ်နိုင်ငံလုံးတွင် မိုးပွင့် စီမံချက်များဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများအား ရပ်ကွက်/ ကျေးရွာ များသို့ ကွင်းဆင်း
ဆောင်ရွက်စေခဲ့ရာ ပဲခူးတိုင်း( အရှေ့ပိုင်း) ....ကျောက်တံခါးမြို့နယ်အတွင်းရှိ ရင်းတိုက်ကုန်းကျေးရွာတွင်လည်း နငသ စီစစ်ရေးကတ်ပြားများ
အား  (၂၀၁၁) ခုနှစ်...ဇူလိုင်လအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပီး ကတ်ပြားများအား နေ့ချင်းပြီးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်.....
(၂)          ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာတွင် မိမိ လ၀က ရုံးဝန်ထမ်းများ မှ အဝေးပြေးလမ်းမကြီး၏ တဘက်ခြမ်းတွင် ၀န်ကြိးဌာနမှ
ုသတ်မှတ် ထားရှိသည့် အခငွေ ( ၆ ) ကျပ်ကိုသာ ကောက်ယူပြီး ကတ်ပြားများအား နေ့ချင်းပီး ထုတ်ပေးနိုင်ရေးအတွက် အလျင်မှီနိုင်အောင်
ကြိုးပမ်းကာ ဆောင်ရွက်ပေးခဲ့ရပါသည်....မိမိ တို့ လ၀ကအဖွဲ့နှင့် လမ်းတဘက်ခြား တွင်မူ  ရယကအဖွဲ့မှ ဓါတ်ပုံရိုက်ခ..မိတ္တူကူးခ...လုပ်
အားပေးခ...ကျွေးမေးဧည့်ခံစရိတ်အတွက် တစ်ဦးလျှင် နှစ်ထောင် ကျပ်ဆီ ကောက်ခံထားရှိခဲ့ပါသည်....
(၃)          ထိုသို့ ဆောင်ရွက်ပေးခဲ့ပီးသည့် စီမံချက်ကာလအတွင်းတွင် ထိုသို့ ရယက မှ ပိုက်ဆံ ကောက်ခံမှုကို ရယက ဥက္ကဌ ဦးစန်းလွင်နှင့်
မတည့်သူတစ်ဦး(ထိုသို့တိုင်ကြားသူမှာလည်း နငသကတ်ပြားပြုလုပ်သူမဟုတ်ပဲ အပြင်လူတစ်ဦး)မှ ကျောက်တံခါးမြို့နယ်..ပြည်ုခိုင်ဖြိုး.
.ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာ ခင်မောင်ဆွေ     အားသွားရောက်တိုင်ကြားခဲ့ပါ
သည်....အဆိုပါ အမတ်ဖြစ်သူမှာလည်း " ငါခေါ်လျှင် ဘယ်ဌာနဆိုင်ရာမဆိုလာရောက်ရမည် " ဆိုပီး မြို့နယ်အုပ်ချုပ်ရေးမှူးအပါအ၀င်ဌာနဆိုင်
ရာများအားလုံးကို ခေါ်ယူပီး ပါဝါ အာဏာများပြကာ ဌာနလုပ်ငန်းများတွင် ၀င်ရောက်စွတ်ဖက် ဆောင်ရွက်လျက်ရှိသည့်အပြင် ဌာနဆိုင်ရာများ
၏ လုပ်ဆောင်မှုများအား လွှတ်တော်တွင် တင်လိုက်ရမလား ဟု ပြော ဆို ချိန်းခြောက်ခြင်းများ အမြဲဆိုသလို ပြုလုပ်နေသူတစ်ဦးဖြစ်သည့်အတွက်
 ကျောက်တံခါးမြို့နယ်အတွင်းရှိ မည်သည့်ဌာနဆိုင်ရာနှင့်မှအဆင်ပြေခြင်း မရှိပဲ ရွှံကြောက်ကြီးဖြစ်နေခဲ့ရသူတစ်ဦးးလည်းဖြစ်ပါသည် (မှတ်ချက်....
ထိုသို့ ခေါ်ယူမှူများ ဖြစ်ပွားနေသည့်အတွက် ထိုဖြစ်စဉ်များအား မြို့နယ်အုပ်ချုပ်ရေးမှူးမှ ၀န်ကြီးချုပ်အားတင်ပြရာ ၀န်ကြီးချုပ်မှ သူခေါ်လျှင်
သွားရောက်တွေ့ဆုံရန်မလိုဟု မှတ်ချက်ပြုခဲ့ပါသည်
(၄)            ထိုသို့ အမတ်ပေါ် တိုင်ကြားခဲ့သည့်အတွက် အမတ်မှ မြို့နယ်ဦးစီးမှူးအား သူ့နှင့်လာရောက်တွေ့ဆုံရန်အကြိမ်ကြိမ် ခေါ်ယူရာ
 မနမမှ သွားရောက်တွေ့ဆုံခြင်းမရှိပဲ လ/ထ မနမ အားသာလျှင် သွားရောက်တွေ့ဆုံစေခဲ့ပါသည်.....ထိုသို့ လ/ထ မနမ မှ သွားရောက်တွေ့
ဆုံရာတွင် အမတ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးအားခေါ်ယူပီး ပိုက်ဆံများအား ပြန်အမ်းစေရန်နှင့် ထိုသို့ကောက်ယူသည့် ရယကအဖွဲ့အား လ၀ကမှ
ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်သွားစေရန် ညွှန်ကြားခဲ့ပါသည်....မိမိ တို့ မြို့နယ်ရုံးမှ ၀န်ထမ်းများမှလည်း အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးအား
ခေါ်ယူပီး ပိုသည့်ငွေများအား ပြန်အမ်းပေးရန်ပြောကြားခဲ့သည့်အတွက် ရယကမှ တစ်ဦးလျှင် ( ၅၀၀) ကျပ်ဆီ ပြန်လည် အမ်းပေးခဲ့ပါသည်...
(၅)            ထိုသို့ တိုင်ကြားသည့်အမှုမှာ ငွေပြန်အမ်းလိုက်သည့်အတွက် ပီးဆုံးသွားပီဖြစ်သောလည်း  လွှတ်တော်အမတ်မှ သူခေါ်သည်ကို
လာရောက်တွေ့ဆုံခဲ့ခြင်းမရှိသည့် မနမ နှင့် အုပ်ချုပ်ရေးမှူးအား တရားစွဲဆို အမှုမဖွင့်လှစ်သည့်အတွက် အစာမကျေဖြစ်နေခဲု့သည့်အမတ်
မင်းမှ ပီးဆုံးသွားသည့် တိုင်စာ ကိစ္စ ကို သူကိုယ်တိုင်တင်လျှင် မျက်နှာနာမှာဖြစ်သည့်အတွက်  သူနှင့်ရင်းနှီးသည့် ရခိုင်ပြည်နယ်...ရမ်းဗြဲမြို့နယ်
လွှတ်တော် အမတ် ဦးအောင်စိန်  ( ဗိုလ်မှူးငြိမ်း....လ၀က ညွှန်မှူးငြိမ်း) အား ပီးဆုံးသွားသည့်အမှုတွဲတိုင်စာ အဟောင်းအားပေးပီး
 လွှတ်တော်သို့တင်ခိုင်းခဲ့ပါသည်....
လ၀က အငြိမ်းစားတစ်ယောက်မှ လ၀က ဌာန၏ အားနည်းချက်များနှင့် သူနဲ့မသက်ဆိုင်သည့် ကျောက်တံခါးကိစ္စများအား တင်ပြမေးမြန်းခဲ့
သည့်အတွက် လ၀က ၀န်ကြီးမှ အကြီးအကျယ်ဒေါသထွက်ကာ ပေါက်ကွဲခဲ့ပါသည်.....
(၆)           ထိုသို့ ဒေါသထွက်ပေါက်ကွဲခဲ့ရသည့်အတွက်  ရန်ကုန်တိုင်း...မြောက်ပိုင်းခရိုင်မှူး...ဒုညွှန်မှူး ဦးယဉ်ထွေးအားနေပြည်တော်သို့
 ချက်ချင်းခေါ်ယူပီး ၀န်ကြီးကိုယ်တိုင်မှ တိုက်ရိုက်အမိန့်ပေးကာ စုံ/ခုံအဖွဲ့အားဖွဲ့စည်းပေးကာ ကျောက်တံခါးမြို့နယ်ရုံးသို့ ချက်ခြင်းစေလွှတ်
ကာ သွားရောက်စုံစမ်းစစ်ဆေးစေခဲ့ပါသည်....အဆိုပါအဖွဲ့မှ ရယက အဖွဲ့ဝင်များ...ပြည်သူများ...တိုင်ကြားခဲ့သူများအားစစ်ဆေးခဲ့ရာ
ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည့် လ၀က အဖွဲ့အား ငွေကြေးတစ်စုံတစ်ရာ ပေးကမ်းရခြင်း မရှိကြောင်း....ပိုလျှံသည့်ငွေကြေးများမှ အရံမီး
သတ်တပ်ဖွဲ့ဝင်များအတွက် ၀တ်စုံ ချုပ်ပေးခြင်းသာပြုလုပ်ခဲ့ပီး  တစ်ဦးလျှင်လည်း ငွေကျပ် (၅၀၀) ဆီအား ပြန်အမ်းပေးထားပီးဖြစ်ကြောင်း
အစစ်ခံခဲ့ပါသည်...
(ရ)              ထိုကဲ့သို့ စစ်ဆေးမှုတွင် လ၀က ၀န်ထမ်းများမှ ငွေကြေး လာဒ်လာဘ တစ်စုံတစ်ရာမှ ရယူထားခြင်း...မသမာမျှ ပြုလုပ်ထား
ခြင်းမျိုး....မမှန်မကန် ပြုလုပ်ပေးထားခြင်းမျိုး လုံးဝမရှိပဲ ကွင်းဆင်းဆောင်ရွက်မှုကို ဌာန၏ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်
ရွက်ထားရှိခြင်း ကိုတွေ့ရှိခဲ့ရသော်လည်း ကျောက်တံခါးမြို့နယ်ရုံးမှ မြို့နယ်ဦးစဲီးဌာနမှူး ( ၁) ဦးနှင့် ဒုလ၀ကမှူးဝန်ထမ်း အမျိုးသမီး(၃)ဦး
အပါအ၀င် လ/ထလ၀ကမှူး ၀န်ထမ်း (  ၅   ) ဦး....ရုံးစောင့် (  ၁  ) ဦး...စုစုပေါင်း  (   ၁၀     ) ဦးတို့အား ရာထူးတိုး ( ၂ ) နှစ်ရပ်ဆိုင်းပီး
ဝေးလံခေါင်ဖျားသည့် ဒေသများ  သို့ပြောင်းရွှေ့စေရန်အပြစ်
ဒဏ်ပေးခဲ့ပါသည်....ထိုသို့ အရေးယူအပြစ်ပေးခြင်းထုတ်ပြန်ခဲ့သည့် ၀န်ကြီးဌာန ရုံးတွင်းအမိန့်စာတွင် ""  ငွေကြေး ( ၂၀၀၀)ကျပ်
ကောက်ခံခြင်းကို  လ၀က ၀န်ထမ်းများ မှ မသိရှိခဲ့သည့်အတွက် "" ဟုဆိုကာ ရာထူးတိုး ( ၂ ) နှစ်ရပ်ဆိုင်းခဲ့ခြင်းနှင့် ဝေးလံဒေသသို့ပြောင်း
ရွှေ့စေခြင်း ဟုဆိုကာ အပြစ်ပေးခဲ့ပါသည်...
(၈)                မိမိတို့ ကျောက်တံခါးမြို့နယ်ရုံးဝန်ထမ်းများသည်   မိမိတို့အားပေးအပ်ထားသည့် တာဝန်များကို ကျေပြွန်စွာ ထမ်းဆောင်
နိုင်ရေးအတွက်   မည်သည့် လာဒ်လာဘ ငွေကြေး တစ်စုံတစ်ရာ ကိုမှ ရယက အဖွဲ့များနှင့် ညှိုနိုင်းထားခြင်း...ကြိုတင်စီစဉ်ခြင်းများ...ရယူ
ထားခြင်း  များ မရှိပဲ ၀န်ကြီးမှတာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ခိုင်းခဲ့သည့် မိုးပွင့်စီမံချက်အား အထက်ဌာန၏ညွှန်ကြားချက်
 များအတိုင်း မိမိလုပ်ဆောင်ပေးရမည့် လုပ်ငန်းတာဝန်ရပ်များကို  စေတနာတရားများစွာ ထားရှိကာ ကိုယ့်အိတ်စိုက်ကိုယ်စားပီး  ကျေးရွာသူ/
သားများလက်ဝယ်သို့ မှတ်ပုံတင်များအား နေ့ချင်းပီးထုတ်ပေးနိုင်ရေးအတွက်သာ အားသွန်ခွန်စိုက်ကြိုးပမ်.အားထုတ်ခဲ့ပီး မိမိဌာန၏လုပ်ငန်း
ဆောင်တာ....တာဝန်ဝတ္တရားများကိုသာ ကျေပြွန်စွာဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် ကိုသာ ရှေ့ရှူပီး ကိုယ့်လုပ်ငန်းကိုယ်
ဆောင်ရွက်ခြင်းဖြစ်ပါသည်..
(၉)                ရယက အဖွဲ့မှ ငွေကြေးကောက်ခံခြင်းသည်လည်း ဓါတ်ပုံရိုက်ခ....အိမ်ထောင်စု/မှတ်ပုံတင် မိတ္တူကူးခ......လုပ်အားပေးခ...
ဧည့်ခံကျွေးမွေးရေးစရိတ် အထွေထွေကုန်ကျစရိတ်များအတွက် တစ်ဦးလျှင် နှစ်ထောင်ကျပ်ကောက်ခံခြင်းသည်   ၄င်းတို့နှင့်သက်ဆိုင်သည့်
လုပ်ငန်းကောင်တာ ကိစ္စများအတွက် ၄င်းတို့ဘာသာကောက်ခံ လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်ပါသည်...လ၀က မှလည်း ကိုယ့်လုပ်ငန်းဖြစ်သည့်
နိုင်ငံသားစီစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးအတွက်သာပုံစံများကောက်ယူခြင်းလုပ်ငန်းကိုသာ
ဆောင်ရွက်သွားခဲ့သလို  ....ရယက မှလည်း သူ့လုပ်ငန်းကို သူလုပ်ဆောင်သွားခဲ့ခြင်းပင်ဖြစ်ပါသည်....ရယက မှလည်း လ၀က လုပ်ငန်းကိုဝင်
ရောက်စွန့်ဖက် ခြင်းမရှိသလို လ၀ကမှလည်း သူတို့လုပ်ဆောင်နေသည့် လုပ်ရပ်ကို ၀င်ရောက်စွန့်ဖက်ခြင်းလည်း မရှိခဲ့ပဲ..သူ့စည်း...
ကိုယ့်စည်း ဖြင့်လုပ်ဆောင်သွားခဲ့ခြင်းသာဖြစ်ပါသည်.........
(၁၀)               ထိုကဲ့သို့ ကျောက်တံခါးမြို့နယ်ရုံး ၀န်ထမ်းများအား စုံခုံအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးရာတွင် ရယကအဖွဲ့မှ လ၀က၀န်ထမ်းများအား
ငွေကြေး တံစိုးလက်ဆောင်တစ်စုံတစ်ရာမှပေးကမ်းခဲ့ခြင်းမရှိကြောင်းနှင့် အသုံးစရိတ်နုတ်ပီးပိုလျှံ့သည့်ငွေများအား အရံမီးသတ်များအတွက်
ဝတ်စုံများချုပ်ပေးခဲ့ပီး ကာယကံရှင်များအားလည်း တစ်ဦးလျှင်ငွေကျပ်( ၅၀၀)စီအား ပြန်လည်ပေးအပ်ခဲ့ကြောင်း စစ်ဆေးထွက်ဆိုခဲ့ပိး အဖြစ်
မှန်ပေါ်ပေါက်ခဲ့သော်
လည်း  ၀န်ကြီးမှ လွှတ်တော်တွင် အရှက်ကွဲခံခဲ့ရသည့်အတွက် ဒေါသတရားများဖုံးလွှမ်းနေခဲ့ပီး မိမိ အရေးယူအပြစ်ပေးခြင်းသည် မှန်သလား
မှားသလားဟု ဝေခွဲနိုင်ခြင်းမရှိတော့ပဲ  မိမိ၏ အတ္တ....မာန်မာန များထိခိုက်ခံခဲ့ရသည်...ဂုဏ်သိက္ခာကျခဲ့ရသည် ဖြစ်စဉ်ဖြစ်ရပ်အတွက် မိမိလက်
အောက်ဝန်ထမ်းငယ်များအပေါ်  သနား...ကြင်နာ.....ကိုယ်ချင်းစာနာစိတ်.....ဂရုဏာမေတ္တာတရား မထားနိုင်တော့ပဲ အရေးယူအပြစ်ပေးလိုက်ခြင်း
သည် လ၀က ၀န်ကြီးဌာန ၀န်ကြီး၏ ဒေါသ အဂတိ တရားလိုက်စားကာအပြစ်မရှိသည့် ၀န်ထမ်းငယ်များအပေါ် နိုင်လိုထက်စီး....အနိုင်ကျင့်ကာ....
ဥပဒေမဲ့ ပြုမှူလုပ်ဆောင်ခဲ့သည့်လုပ်ရပ်သည်  ၀န်ထမ်းငယ်များ၏ မိသားစု ဘ၀....တက်လမ်း....ဘ၀လမ်းကို ရိုက်ချိုးခဲ့ခြင်းပင်ဖြစ်ပါသည်..
တနည်းအားဖြင့်ဆိုသော် ၀န်ကြီးမှ လွှတ်တော်တွင် ထိုကိစ္စရပ်အား အတင်ခံလိုက်ရသည့်အတွက် အရှက်ကွဲခဲ့ရမှုအပေါ် ရှက်ရမ်းရမ်းကာ
အောက်ဝန်ထမ်းများအား ဓါးစားခံ ထိုးကျွေးလိုက်ခြင်းပင်ဖြစ်ပေသည်.....
(ထိုကဲ့သို တဘက်သတ်အရေးယူ့အပြစ်ပေးအရေးယူခြင်းခံလိုက်ရသော(သို့)ထိုးကျွေးခံလိုက်ရသော ၀န်ထမ်းများသည် ၀န်ကြီးနေပြည်တော်အတက်/
အဆင်း ခရီးစဉ်တိုင်း ၈၃/၆ ဖာလုံရှိ ဆောက်လုပ်ရေးဧည့်ရိပ်သာတွင် မိမိမြို့နယ်ရုံးစရိတ်ဖြင့် ဧည့်ခံကျွေးမွေးရေးတာဝန်ကို နေပူမရှောင်/မိုး
ရွာမရှောင် အခေါက်တိုင်းသွားရောက်ကာ ဆောင်ရွက်ပေးနေရသောဝန်ထမ်းများဖြစ်ကြပါသည်)
.ထိုကဲ့သို့
ဝန်ကြီး၏ မဟုတ်မမှန် တဘက်သက်အပြစ်ပေးအရေးယူမှူကြောင့် တစ်ချို့မိသားစု ဘ၀တွေပျက်ခဲ့ရပီး....ရှိတာလေးတွေကိုပေါင်နှံ
ရောင်းချကာ ပြောင်းရွှေ့ခဲ့ရပီး  တစ်ချို့မှာ နှလုံးရောဂါဖြစ်....စိတ္တဇရောဂါဖြစ်ပီးဆေးဝါးကုသခံခဲ့ရပြီး မိသားစုများအားလုံးမှာလည်း တကွဲတပြား
ဖြစ်ခဲ့ရပါသည်..(ထိုသို့ပြောင်းရွှေ့ဝန်ထမ်းများအနက် ဒု-လ၀ကမှူးဒေါ်နိုဘယ်လ်မြင့်ဆွေထွန်းမှာ စိတ်ကျရောဂါဖြစ်ကာ ၂၉-၅-၂၀၁၄  ရက်နေ့တွင်
ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါသည်).....စေတနာတရားထက်သန်စွာဖြင့်  မိမိဝန်ကြီးမှ အကောင်အထည်ဖော်ဆောင်ရွက်ခိုင်းသည့် မိုးပွင့်စီမံချက်
လုပ်ငန်းအား မိမိဝန်ထမ်းများမှ မိမိကိုယ်ကျိုးအတွက် လုံးဝမကြည့်ပဲ ပြည်သူအများနိုင်ငံသားစီစစ်ရေးကတ်ပြားများအား အလွယ်တကူရရှိကိုင်
ဆောင်နိုင်ရေးအတွက် ကြိုးကြိုးစားစားစွုမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် မိမိဝန်ထမ်းများမှာ မြို့နယ်ဦးစီးဌာနမှူးနှင့် လွှတ်တော်အမတ်ကြား..
လွှတ်တော်အမတ်နှင့် ၀န်ကြီးအကြား ကြား(၃)ကြားအညှပ်ခံရပီး  ၀န်ကြီး၏ အတ္တနှင့်မာန်မာနများကြားတွင် အပြစ်မဲ့စွာအရေးယူခံလိုက်ရသည့်
အပြစ်မဲ့သားကောင်များဖြစ်ခဲ့ရပေသည်....ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုသလိုမျီုးနှင့်  မိမိနာမည်ကောင်း
ရရှိရေးအတွက် မိမိအောက်လက်ငယ်သားများကို စတေးခံခိုင်းခဲ့ခြင်းသည် ခေါင်းဆောင်ကောင်းပီသသောလုပ်ရပ်တစ်ခုမဟုတ်ပဲ သူရဲဘော
ကြောင်သော ..သတ္တိမရှိသော.....မိမိဝန်ထမ်းများအပေါ် တာဝန်ယူမှု...တာဝန်ခံမှု( ရစရာရှိယင် ငါယူမည်....ခံစရာရှိယင် မင်းတို့ခံ) မရှိသော
လုပ်ရပ်တစ်ခုဖြစ်ခဲ့ပီး ဌာန၏သမိုင်းတွင်လည်း အရုပ်ဆိုးအကျည်းတန်မှုကိုဖြစ်ပေါ်စေခဲ့ပါသည်....
အထက်ဌာန ညွှန်ကြားချက်အတိုင်း တသွေမတိမ်း လိုက်နာ အကောင်အထည်ဖော်ဆောင်၇ွက်ခဲ့ပီး နေ့မနား...ညမအားပဲ ပေးအပ်သည့်
တာဝန်မှန်သမျှ ကိုစိတ်အား
ထက်သန်စွာဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ၀န်ထမ်းများအပေါ် ထိုသို့ မှားယွင်း လွဲချော်စွာ အနိုင်ထက်ကျင့်အရေးယူအပြစ်ပေးလိုက်ခြင်း
သည် မှန်ကန်စွာလုပ်ဆောင်....တိုင်းပြည်တာဝန် များကို ထမ်းရွက်နေခဲ့သည့်  ၀န်ထမ်းများ၏ စေတနာ တရားများပါသည့်လုပ်ချင်..ကိုင်ချင်
စိတ်ရှိသည့် စိတ်ဓါတ်...ခွန်အားများကိုလည်း ရိုက်ချိုးပစ်လိုက်ခြင်းလည်းဖြစ်ပေသည်....တရားစီရင်ထုံးတွင် အပြစ်ရှိသူတစ်ရာလွတ်သွားပါစေ
အပြစ်မဲ့သူတစ်ဦးအား မှားယွင်းအရေးယူအပြစ်ပေးခြင်းအား ရှောင်ရှားရန် အတိအလင်းညွှန်းဆိုထားခဲ့ပါသည်...ထိုကဲ့သို့ မဟုတ်မမှန်အရေး
ယူခံလိုက်ရခြင်းအတွက် မိမိတို့၏ဂုဏ်သိက္ခာ များစွာ ထိခိုက်ခဲ့ရပီး စိတ်ဆင်းရဲခြင်း..ကိုယ်ဆင်းရဲခြင်းများစွာ ရရှိခံစားခဲ့ရမှုအပေါ် နောက်အစိုး
ရသစ်လက်ထက်တွင် ဖြစ်လည်မည့် နောင်ဝန်ကြီးလက်ထက်တွင် အမှန်တရားဖော်ထုတ်နိုင်ရေးအတွက် ဆက်လက်တင်ပြလျှောက်ထားသွား
မည်ဖြစ်ပါသည်....မိမိစိတ်ဆင်းရဲစွာ...ကိုယ်ဆင်းရဲစွာခံစားခဲ့ရသည့် ဝေဒနာများသည် ၂၀၁၄ခုနှစ်...ဇူလိုင်တွင် (၃)နှစ်တိတိပြည့်သွားခဲ့ရပြီး
ဖြစ်ပါသည်.ထိုကဲ့သို့  ဗြဟ္မာစိုးတရားလေးပါးနှင့်အညီမအုပ်ချုပ်
နိုင်သော....ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့.....လူသာပြောင်းသွားသော်လည်း   မူမပြောင်းသေးသော....အကြောက်တရားဖြင့် ၀န်ထမ်း
များကို အုပ်ချုပ်နေသော......ခေတ်ပြောင်းတာကိုလည်း လက်မခံပဲ ယခင်စစ်အစိုးရမူကဲ့သို့  အုပ်ချုပ်နေသော.....၀န်ကြီးအကြောင်းအရာများ
အား ၀န်ထမ်းများနှင့် အများပြည်သူများသိရှိနိုင်ပါရန်လွဲမှားစွာထုတ်ပြန်ခဲ့သည့် ဦးစီးဌာန၏ ရုံးတွင်းအမိန့်စာ မိတ္တူများနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်....

လ၀က ၀န်ထမ်းတစ်ဦး

No comments:

Post a Comment