ကြားလို့မှကောင်းသေးလား ဗျာ
အထက်လူကြီးမင်းများ အခြေခံ အောက်လက်ငယ်သား
များဟာ မိမိတို့ရဲ့ လစာချွေးနဲစာဝယ်ထားတဲ့ ph တွေပါ လူကြီးမင်းများထုပ်ပေးထားတဲ့ph
မဟုတ်ပါဘူး ထုပ်ပေးပြန်တော့လဲ အထက်ရုံးတွေသာရကြတာပါ
အောက်လက်ငယ်သားတွေစီရောက်မလာပါဘူး ဒါတွေပြောနေလို့အပိုပါ
အောက်လက်ငယ်သားများဝယ် သုံးနေတဲ့ဖုန်းကြ game ပဲဆော့
နေတယ် သူတို့တွေလာရင် မမြင် ဟန်ပြု့နေပြီး အလေးမပြု့လို့တဲ့
အရေးကြီးရင်ဆက်သွယ်မူ့မရလို့ တဲ့ game ဆော့နေတာတွေ့ရင်
ထိရောက်စွာအရေးယူမည်တဲ့ ကဲကြားလို့မှကောင်းသေးလားဗျာ
လူကြီးမင်းများသွားရာလာရာလမ်းမှာ နေပူမရှောင် မိုးရွာမရှောင်လမ်း
တရှောက်မှာ လူကြီးမင်းများသွား လိုရာခရီး ဖြောင့်ဖြူးစွာသွားနိုင်စေ
ရန် အသက်ကိုပဓာနမထား မတ်တတ်ကြီးစောင့်ပြီး ၀ဋ်ခံနေရတဲ့
ငယ်သားတွေကို အမျိုးမျိုးချုပ်ခြယ်ဖို့တော့မသင့်ပါဘူး လို့ပြောပါရစေ
ငါတကော ကောပြီးအတ္တမဆန်ကြပါနဲ့ လက်အောက်ငယ်သားတွေ
ကလဲ လူထဲကလူပါ သားသမီးခြင်းကိုယ်ခြင်းစာကြပါ.....
ချင်းတွင်းသား
==========
ကိုချင်းတွင်းသားရေ.....
ဒီလောက်သာ အလေးပြုခံချင်နေယင်လည်း အလေးပြုခံဖို့စင်မြင့်လေးတစ်ခုဆောက်ထားပေးလိုက်ပါ
ဌာနအတွင်းမှာ လည်း ဒီလိုမျိုးဘ၀င်ရူးရူးနေတဲ့ သူတွေ အများကြီးရှိပါတယ်....နေပြည်တော်ရုံးချုပ်မှာနေ
တုန်းက ကုပ်နေသလောက် ပြည်နယ်/တိုင်းတွေလည်း ရောက်ရော ရှိရှိသမျှ အာဏာပါဝါတွေ အစွမ်းကုန်
ပြပီးတော့ ဆရာကြီးလုပ်တော့တာလေ....အခု ဖုန်းထဲမှာ ဂိမ်းဆော့ယင်တောင် အရေးယူမယ်ဆိုတော့
ကြည့်ရတာ စိတ္တဇ ဆေးရုံ ပို့ဖို့ တဖြည်းဖြည်းနဲ့ နီးလာပီပေါ့.....ကောင်းပါတယ်....ဒီလိုမျိုးလူတွေနဲ့ တို့ဌာနကြီးက တော့ အရမ်းကိုပဲ တိုးတက်...ကြီးပွား..စည်ပင်အုံးမယ်.....လွှတ်ပေးထားလိုက်ပါ....နေမြင့်
လာလေ အရူးရင့်လာလေပေါ့....သူရူးတိုင်း ကိုယ်လိုက်ရူးယင် ကိုယ်ပါ အရူးဖြစ်သွားအုံးမယ်...အကြံပေး
ချင်တာကတော့ ဝေါင်ဝေါင်ရှေး....ဝေးဝေးရှောင်တော့ အန္တရယ်ကင်းတာပေါ့ဗျာ.....
No comments:
Post a Comment