Thursday, 31 July 2014

လ၀က စစ်သည်သို့

( လဝကစစ်သည်သို့ )
 
တောတောင်စိမ့်စမ်း ညို့ ညို့ မှိုင်းဝေ
သာမောပေစွ သဘာဝနှင့်
သယံဇာတ ပေါကြွယ်လှပေ
ငါတို့ချစ်သော မိမြန်မာပြည်။

တိုးတက်ပြောင်းလဲ ခေတ်မှီလာကြ
ပွင့်လင်းလာပေ ဒို့မြန်မာပြည်။
ပြောင်းလဲခေတ်မှီ မြန်မာပြည်ဝယ်
လူဝင်ကြီးကြပ် များလှတာဝန်
သတိချပ်လေ ချစ်မိတ်ဆွေတို့။

တရုတ်ကုလား ထိုသွေးခြားတို့
တရားမဝင် ခိုးဝင်ခိုးထွက်
စိစစ်နေလည်း ပြစ်တင်ခံရ{ဒို့ဘဝ}
ဇာတိပုည ဂုဏ်မာနနှင့်
စိတ်စဉ်အမြဲ ဒို့ရင်ထဲဝယ်
မျိုးချစ်ကြသည် လူများထက်ပင်{သာလိမ့်မည်}

သတိပညာ စွမ်းကုန်ကြိုးကုတ်
အားထုတ်လုံ့လ မလျှော့ကြလေ
တာဝန်ထမ်းကြ အိုဆွေများတို့။
အိမ်နီးနားချင်း ကြီးထွားအားအင်
စိမ့်ဝင်ရောနှော လူ့မနောမို့
စည်းထားကြမှ တော်ပေလိမ့်မည်။
ဒို့တိုင်းပြည်တွက် ဒို့သွေးသက်တို့
ပေးဆပ်ကာထား ကလောင်အားဖြင့်
ကာကွယ်ကြ၏ စိတ်ထားမြတ်မွန်
ဂုဏ်ယူမိသည် အိုစစ်သည်သို့။

TZM {ကိုယ်ပိုင်}
30.7.2014

credit to thant zin moe

Wednesday, 30 July 2014

မိုးကျရွှေကိုယ် ဆိုတာ

မိုးကျရွှေကိုယ် ဆိုတာ
===============
ဒီအကြောင်းက ကျွန်တော်ခဏခဏရေးဖူးပါတယ် ။ ဒါပေမယ့် facebook friend တစ်ယောက်က chatbox ကနေလာဆွေးနွေးပါတယ် **အဲဒိမိုးကျရွှေကိုယ်တွေကို မုန်းနေတာလား? တချို့ကိစ္စတွေမှာ သူတို့လုပ်မှအဆင်ပြေတာတွေရှိပါတယ် ဥပမာ သောင်းကျန်းသူနယ်မြေမှာဆိုရင် သူတို့နဲ့မှ အဆင်ပြေပါတယ် ၊ရဲချည်းပဲဆိုရင် ရဲကင်းတစ်ခုလုံး အတိုက်ခံရတယ် ရဲကတိုက်ခိုက်ရေးပိုင်းမှာ အားနည်းတယ် အဲဒိနေရာမှာ စစ်တပ်ကအသွင်ပြောင်းတွေဆိုရင် တိုက်ခိုက်ရေးမှာ အသုံးတည့်တယ်**တဲ့ ။
ကျွန်တော်က သူကိုဒီကိစ္စဆွေးနွေးဖို့ အချိန်မပေးနိုင်တာရယ် နောက်ပီး chat box ကပြောဆိုရတာလဲ ကျွန်တော်ကသိပ်မပြောတတ်တာရယ်ကြောင့် ပို့စ်တစ်ခုတင်ပေးပါ့မယ် အဲဒိကျမှဆက်ဆွေးနွေးတာပေါ့လို့ ပြောလိုက်တယ် ဒါပေမယ့် အကြောင်းကြောင်းကြောင့် အခုမှတင်ဖြစ်ပါတယ် ။ အချိန်ကြာသွားတဲ့အတွက် အထူးတောင်းပန်ပါတယ်ဗျာ ။

ကျွန်တော့်ဆွေမျိုးအရင်းထဲမှာလဲ တပ်ကနေအရပ်ဘက်ပြောင်းထားတဲ့ မိုးကျရွှေကိုယ်တွေရှိပါတယ် ။ သူတို့ကို ပုဂ္ဂိုလ်ရေးအရ မည်သူမည်ဝါရယ်လို့ မုန်းတီးခြင်း မနာလိုခြင်းမရှိပါဘူး ဒါပေမယ့် အဲဒိမိုးကျရွှေကိုယ်ဆိုတာကို ကျွန်တော်လက်မခံနိုင်ဘူး ဘာကြောင့်လဲဆိုတော့ လူမှန်နေရာမှန်မဖြစ်ဖူးလို့ ယူဆတဲ့အတွက်ကြောင့်ပါ ။ ကောင်းပြီ သူတို့ကဘာကြောင့် လူမှန်နေရာမှန်မဖြစ်ရတာလဲ ဆိုတာဆက်တွေးမိတော့ သူတို့တက်ခဲ့တဲ့ တက္ကသိုလ်က အသက်မွေးဝမ်းကျောင်းမှု တက္ကသိုလ်မဟုတ်ဖူး ကာကွယ်ရေး တိုက်ခိုက်ရေးအတွက် အဓိကထားသင်တဲ့ကျောင်း အဲဒိကျောင်းကဆင်းပြီးရှေ့တန်းထွက်တယ် စစ်တိုက်တယ် ဒုဗိုလ် ၊ ဗိုလ် ၊ ဗိုလ်ကြီး ဆိုပြီး မျက်စိတမှိတ်အတွင်းမှာ အဆင့်တွေတက်သွားတယ် အဲဒိဗိုလ်ကြီးမှာ နည်းနည်းကြာတယ် ပြီးတော့မှ ဗိုလ်မှူး ဖြစ်တယ် အဲဒါပြီးရင် သူတို့မှာ သိပ်တက်စရာလမ်းမရှိတော့ဘူး အဆင့်မြင့်အရာရှိနေရာက နည်းသွားပြီ အရင်လူတွေကလဲဖယ်မပေးနိုင်သေးဘူး ဒီတော့ စီနီယာတန်းစီနေရတဲ့ လူတွေကဗိုလ်သင်တန်းကျောင်းကနေ တစ်နှစ်တစ်နှစ်ဗိုလ်ပေါင်း ထောင်သောင်းချီပြီးဆင်းနေကြတယ် သူတို့ကိုဘယ်နားသွားထားမလဲ?ထားစရာကနေရာသိပ်မရှိတော့ဘူး အဲဒိမှ မိုးကျရွှေကိုယ်ဇာတ်လမ်းစတာပဲ နောက်ခံအားကောင်းရင် ဌာနကောင်းရမယ် နောက်ခံအားနည်းရင် ဝင်ငွေနည်းပါးတဲ့ဌာနရောက်မယ် ဒါပဲ ။ အများစုက အကောက်ခွန် ၊ ဆောက်လုပ်ရေး ၊ ရဲ ၊ ထွေအုပ် ၊ လျပ်စစ် ၊ ဘဏ် ၊ လဝက အစရှိတဲ့ဌာနကောင်းနေရာကောင်းတွေမှာ နေရာယူကြတယ် ။ ဒီနေရာမှတစ်ခုပြောချင်တာက ဟုတ်ပြီ သူတို့စစ်တပ်ကနေဌာနပြောင်းချင်တယ် ရပါတယ်ပြောင်းပါ ဒါပေမယ့် အောက်ခြေကနေစဝင် ဒါဆိုဘာမှပြောစရာမလိုဘူး anti လုပ်စရာမလိုဘူး comment ပေးစရာမလိုဘူး ။ အခုဟာက သူတို့ကအပေါ်ကနေဝင်လာတယ် ပြီးတော့ ဒီဌာန ဒီနယ်ပယ်မှာ အောက်ခြေကလုပ်သက်ရင့် အတွေ့အကြုံရင့်နေတဲ့ ပညာရှင်တွေကို သူတို့ညွှန်ကြားတယ် ။ အဲဒိမှာ ပထမအချက်က လုပ်ငန်းမအောင်မြင်ဘူး နောက်တစ်ချက် အဲဒိဌာနကဝန်ထမ်းတွေ စိတ်ဓာတ်ပျက်ဆီးတယ် အဲဒိအချက်နှစ်ချက်တည်းနဲ့တင် တိုင်းပြည်အတွက်ဖွံ့ဖြိုးတိုးတက်မှုတွေဟာ အများကြီးဆုံးရှုံးသွားရတယ် ။ သူတို့အပေါ်ကနေ ဘာမှမတတ်ပဲခိုင်းနေတာကို အောက်ခြေကပညာရှင်က သူတို့လိုးလားချက်အတိုင်း မဖြစ်ဖြစ်အောင်လုပ်ပေးနေရတဲ့အတွက် လုပ်ငန်းမှာအရည်အသွေးမပါပဲ အရေအတွက်တွေများလာတယ် ။ ဥပမာ တပ်မတော်အစိုးရလက်ထက်မှာ တံတားကြီးပေါင်း ဘယ်လောက် ၊ ကားလမ်းအရှည်မိုင် ဘယ်လောက် ၊ မီးရထားလမ်းအရှည်မိုင် ဘယ်လောက် တိုးချဲ့ဖောက်လုပ်ပေးခဲ့ပါတယ် ။ ပြီးပြီ ဖဲကြိုးတွေဖျက် ပူပေါင်းတွေလွှတ် ရွှီးးးဖြောင်းးးးဖြောင်းးးးTV ထဲပါ သတင်းစာထဲပါ ။ ဒါပေမယ့် မြန်မာပြည်မှာ မိုးရေထိလို့မပေါက်တဲ့ ကတ္တရာလမ်းရှိလား ? မိုးရွာလို့ဘီးမချော်တဲ့ မီးရထားလမ်းရှိလား? အခုချိန်ထိ မြန်မာပြည်မှာ တံတားနဲ့ချဉ်းကပ်လမ်းဆက်တဲ့နေရာမှာ ပြေပြေပြစ်ပြစ်ဖြစ်အောင် လုပ်ထားတဲ့တံတားမရှိဘူး ဒါဘာကြောင့်လဲဆိုတောဲ့ အရေအတွက်ကိုပဲဦးစားပေးခဲ့လို့ပဲ အရည်အသွေးကိုမထိန်းနိုင်ဘူဲး အဲဒိဆောက်လုပ်ရေးလုပ်ငန်းခွင်ကို လာစစ်တဲ့သူကလည်း ဘာမှမတတ်ဖူး။ ဟုတ်တယ်လေ သူကစစ်သား လမ်းခင်းနေတာလာစစ်တယ် သူကဘယ်တော့မှ အရင်စကားမပြောဘူး တာဝန်ခံအင်ဂျင်နီယာက နားနေဆောင်ထဲကမြေပုံပေါ်တုတ်နဲ့ ထောက်ပြတာကို ကြည့်တယ် ပြီးတော့မှ ဧည့်ခံတာစားတယ် ကားနောက်ခန်းထဲတင်ပေးလိုက်တာယူတယ် ပြီးတော့ လိုအပ်သည်များကိုမှာကြားသွားပါသည် ဆိုပြီး ပြန်သွားတယ် သူဘာမှာသွားတာလဲ ?ဘာတွေဖြည့်ဆည်းပေးသွားတာလဲ?ဆိုတာ အခုချိန်ထိဘယ်သူမှ မသိရဘူး ။ ဖြစ်သင့်တာက လမ်းခင်းနေတဲ့နေရာသွား ပေါက်တူးနဲ့ဖော်ကြည့် ကျောက်ကြီးထုဘယ်လောက်ရှိသလဲ? ကျောက်လတ် ကျောက်သေး ထုဘယ်လောက်ရှိသလဲ? သူတို့ကြားမှာသဲညှပ်သလား roller ကျိတ်ရဲ့လား ရေလောင်းရဲ့လား ကတ္တရာဘယ်နှစ်လွှာလောင်းသလဲ ရေပိတ်လွှာပါလောင်းရဲ့လား ဆိုတာကိုယ်တိုင်စစ်ရမှာ သူများတုတ်နဲ့ထောက်ပြတာပဲကြည့်ပြီးပြန်သွားလို့ကတော့ အဲဒိလမ်းတစ်မိုးမခံဘူး ။ သူဘာကြောင့်မကြည့်သလဲ ဆိုတော့ ကြည့်လဲဘာမှမတတ်ပဲ ဘာပြောလို့ရမှာလဲ ပြည်သူ့ဘဏ္ဍာဆုံးရှုံးတာပဲ အဖတ်တင်တယ် လမ်းပျက်ကြီးတွေအပေါ် ခုန်ပေါက်သွားနေရတယ် ။ အဲဒါက လုပ်ငန်းမအောင်မြင်တဲ့အကြောင်း ။ နောက်တစ်ချက် ဝန်ထမ်းတွေက အောက်ခြေကနေတက်လာတယ် နှစ်ပေါင်းများစွာ မျော်လင့်တကြီးလုပ်လာခဲ့ရတယ် ဒါပေမယ့် ရာထူးမတက်ဖူး ။ အပေါ်ကလူတွေတောင် နေရာတစ်ခုအတွက် တန်းစီလုတိုးနေရတာ အောက်ကတက်လာမဲ့သူက မော့ကိုမကြည့်ရဲဘူး အဲဒိမှာ မိခင်ဌာနကလူတွေက တော်ပါပီကွာ ရာထူးတက်ဖို့ကြိုးစားနေလဲ အပိုပါပဲ ဂွင်ကောင်းကောင်း နေရာကောင်းကောင်းမှာပဲ မလုပ်မရှုပ်မပြုတ်နေတော့မယ် ဆိုပြီးစီးပွားရေးဖက်အားသာသွားတယ် အဲဒိမှာ ဝန်ထမ်းတွေစိတ်ဓာတ်ပျက်ဆီးမှုကစတာပဲ ။တချို့ဆို ဒုရဲအုပ်နဲ့ နှစ် ၂၀ ကျော်လုပ်ခဲ့ရတယ် ။ အစိုးရဝန်ထမ်းဘဝမှာ မျော်လင့်စရာဆိုလို့ ရာထူးတိုး လစာတိုးပဲရှိတာ အဲဒိရာထူးကနှစ်ပေါင်းများစွာ ပေးဆပ်နေတာတောင် တိုးဖို့အလှည့်မရောက်နိုင်ဘူးဆိုတော့ သူကဒီလုပ်ငန်းအပေါ် သူ့တာဝန်အပေါ် စေတနာထားပါဦးမလား ရာထူးတိုးဖို့အတွက် ရိုးရိုးသားသားကြိုးကြိုးစားစား ထမ်းဆောင်ပါ့ဦးမလား သူမျော်လင့်ချက်က သေဆုံးနေပြီလေ ဒီတော့မဖြစ်နိုင်ဘူးဆိုတာကိုသိသိနဲ့ ဆက်မမျော်လင့်တော့ပဲ ဖြစ်နိုင်တာလေးကိုပဲ မှိန်းလုပ်နေကြတဲ့အတွက် အဲဒိဌာနရဲ့လုပ်ငန်းတွေဟာ ဘယ်တော့မှမအောင်မြင်ဘူး ကြိုက်တဲ့လူဝန်ကြီးလာလုပ် သူ့ဖာသာမိုးပျံအောင်တော်နေပါစေ အောက်ခြေဝန်ထမ်းရဲ့အားမပါပဲ သူတစ်ယောက်တည်းဘာမှလုပ်လို့မရဘူး ။ အောက်ခြေဝန်ထမ်းတွေရဲ့
ွ လုပ်ငန်းခွင်မပျော်ရွှင်မှုက အဲဒိဌာနရဲ့အကြီးမားဆုံးသော ဆုံးရှုံးမှုပဲ ။ ဒါကိုနားမလည်ကြဘူး အကြောက်တရားနဲ့ ဖိအားတွေပေးပြီး ခိုင်းနေကြတယ် အောက်ခြေကလဲကြောက်လို့သာ လုပ်နေရတာ စေတနာမပါဘူး အားမပါဘူး ဝတ်ကျေတန်းကျေပဲလုပ်ကြတယ် ။ အဲဒါဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အကြီးမားဆုံးသောအန္တရာယ်ပဲ ။
အဲဒါကြောင့် ခင်ဗျားတို့ တိုင်းပြည် ကျုပ်တို့တိုင်းပြည်တိုးတက်စေချင်သလား ဖွံ့ဖြိုးစေချင်သလား အဲဒိမိုးကျရွှေကိုယ်စနစ်ကိုရအောက်တိုက်ပါ ။ ပညာရှင်တွေကို လူမှန်နေရာမှန်ရောက်အောင်ပို့ပေးပါ ။ ဒီလိုမှမဟုတ်ရင် ဘာစီမံကိန်းကြီးတွေကို ဘယ်လိုပဲလုပ်လုပ် ဝေစားမျှစားနဲ့ပဲကုန်သွားမှာပဲ တိုင်းပြည်နဲ့ ပြည်သူတွေကတော့ ဘာမှဖြစ်လာမှာမဟုတ်ဖူး ။ ကျွန်တော်ပြောခဲ့ဖူးပါတယ် အိမ်ဆောက်တဲ့လက်သမားကို ပန်းပုထုခိုင်းလို့မရဘူး ။ ပန်းပုထုတဲ့လူကို အိမ်ဆောက်ခိုင်းလို့မရပါဘူး ဒီလို စစ်တက္ကသိုလ်တက်တိုင်းသာ အကုန်တက်တယ်ဆိုရင် ကျန်တဲ့အခြားတက္ကသိုလ်တွေ အကုန်ဖျက်ပြစ်လိုက်တော့ မြေလေးတယ် ဆယ်တန်းအောင်ရင် မေမြို့ပို့ ပြီးပြီ ကျောင်းဆင်းလာရင် တစ်ဦးချင်းမေးလိုက်ပေါ့ မင်းဘာလုပ်ချင်သလဲလို့ ။ သူလုပ်ချင်တဲ့ဌာနပို့ပေးလိုက် ပေါ့ သဘောပေါက်လားမသိဘူး ။

သူပြောထားတဲ့နောက်တစ်ချက်က သောင်းကျန်းသူနယ်မြေမှာ စစ်တပ်ကပြောင်းလာတဲ့ရဲတွေနဲ့ပဲအဆင်ပြေတယ် ရဲစစ်စစ်ဆိုရင် တိုက်ခိုက်ရေးအားနည်းလို့ ရဲကင်းတွေကျသွားရတယ် တဲ့ ဒါကလဲရှင်းရှင်းလေးပါ သောင်းကျန်းသူနယ်မြေပါဆိုနေမှာ အနည်းဆုံးအညိုရောင်အဆင့်ရှိမှာပေါ့ အဲလိုအညိုရောင်နယ်မြေမှာ ကာကွယ်ရေးလုပ်ငန်းတွေထိရောက် အောင်မြင်နေရင် ရဲစခန်းထဲသူပုန်ရောက်လာစရာကို အကြောင်းမရှိဘူး ။ ရဲအဖြစ်အသွင်ပြောင်းပေးမှ တိုက်ခိုက်ရေးလုပ်ငန်းကို လုပ်မှာလား?လို့မေးစရာဖြစ်လာတယ် ။ စစ်သားအနေနဲ့ပဲ ကာကွယ်လို့ရောမရဘူးလား ။ ကျွန်တော်ကတော့ လုပ်သက် ၁၃ နှစ်လုံးမှာ အဲလိုနယ်မြေတွေကိုတော့မရောက်ဖူးပါဘူး ။ဝန်ခံပါတယ် ။ ဒါပေမယ့် မှတ်မှတ်ရရ ရွှေကျင်ဘက်က တံတားလုံခြုံရေးရဲကင်းကို သူပုန်ဝင်စီးတော့ အကုန်ကျကုန်တယ် ရဲဘော်တစ်ယောက်က လက်ထဲကရိုင်ဖယ်ကို လုံးဝမလွှတ်ဖူး လက်ထဲကိုင်ထားရက်နဲ့ သေနေတယ် သူ့ရိုင်ဖယ်ထဲကကျည်ဆန်မှာ ကျည်ရိုက်တံအရာမထင်ဘူးလို့ လက်နက်ကျွမ်းကျင်တဲ့ ဆရာသမားတစ်ယောက်ကပြောပြတာနားထောင်ဖူးခဲ့ပါတယ် ။ အဲဒါဘာကြောင့်လဲ ရဲသင်တန်းစတက်ကတည်းက ဒီရိုင်ဖယ်အစုတ်တွေနဲ့ပဲ သင်လာခဲ့ရတယ် တိုက်ခိုက်ရေးအပိုင်းမှာလဲလက်ထောက်ဒူးထောက် လက်လှဲ ဒူးလှဲလောက်ပဲသင်လာခဲ့ရတယ် ။ သင်တန်းဆင်းကတည်း သေနတ်ဆိုတာ လက်နက်တိုက်ထဲမှာ လူကြီးလာရင်အစစ်ခံဖို့သက်သက်ပဲပြထားတာ အဲဒါကိုတိုက်ခိုက်ရေးညံ့တယ်လို့ဝေဖန်တာကိုတော့ အံ့သြမိတယ် တိုက်ခိုက်ရေးလုပ်ငန်းက ရဲလုပ်ငန်းမဟုတ်ဖူးဗျ ။ ရဲတပ်ဖွဲ့ဆိုတာ ပြည်ထဲရေးလက်နက်ကိုင်တပ်ဖွဲ့ဗျ ။ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ စာရွက်တွေလူတွေကြားမှာ ရပ်တည်ရတာ အဲဒါကိုတိုက်ခိုက်ရေးအားနည်းလို့ဆိုပြီး သေနတ်တွေထုတ် ရပ်ကွက်ထဲစစ်ရေးလေ့ကျင့်နေလို့ ဘယ်ဖြစ်မလဲဗျ ။ စစ်အစိုးရလက်ထက်မှာ မိုးကျရွှေကိုယ်တွေနေရာပေးလို့ကောင်းအောင်သာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ တပ်မတော်ရဲ့ညီနောင်တပ်ဖြစ်တယ် ဘာညာနဲ့ညာခိုင်းလာတာ လူလက်နက်ဖွဲ့စည်းပုံကိုကြည့်လိုက်တော့ အဖိုးနဲ့မြေးအငယ်ဆုံးလောက်ကိုကွာခြားနေတယ်ဗျ ဒါကိုမှရဲကတိုက်ခိုက်ရေးညံ့တယ်ဆိုရင်တော့ ကျွန်တော့်မှာ ဘာမှပြန်ပြောစရာမရှိတော့ပါဘူး ။ ဒါပါပဲ ။

ကျွန်တော်ထပ်တောင်းပန်ပါတယ် လူပုဂ္ဂိုလ်မုန်းတီခြင်းမရှိပါ ရန်ညှိုးမရှိပါ မနာလိုဝန်တိုခြင်းမရှိပါ ။ အများကောင်းကျိုးအတွက် မှားယွင်းနေသော အကျိုးမရှိသော စနစ်တစ်ခုကို တွန်းလှန်ခြင်းသာဖြစ်ပါတယ်။

RF

နှစ်သီးစားလှရွှေ

Tuesday, 29 July 2014

နောက်တောင်ကျနေပီလားလို့

သိပ်စဉ်းစားဖို့ အချိန်တန်ပြီ

ဦးလှဝင်း (လေသူရဲတစ်ဦး)

လွန်ခဲ့တဲ့ နှစ်ပတ်လောက် အတွင်းမှာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ ကျွန်တော့် မိတ်ဆွေတွေ ကျွန်တော့်ကို မကြာခဏ ဖုန်းဆက်ပြောကြပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်တော်နှစ်ရပ်လုံးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သူတို့ လက်မခံနိုင်တာတွေကို ထောက်ပြပြီး ဆွေးနွေးနေကြတယ်။ တချို့အမတ်တွေက ရုပ်သိမ်းပြီးသား (ဆန်ရှင်) တွေကို ပြန်အသက်သွင်းဖို့ အဆိုတင်သွင်းနေကြတယ်။ အိုဘားမားကိုလည်း မြန်မာနိုင်ငံအပေါ် သိပ်အကောင်း မြင်လွန်းတယ်လို့ ဝေဖန်နေတယ်။ နောက်ကြောင်း ပြန်လှည့်တာကို မြန်မာအစိုးရ ပြန်မလှည့်လည်း သူတို့က ပြန်လှည့်ကြတော့မယ့်ပုံပဲ။ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ သိပ်စဉ်းစား ဆုံးဖြတ်ရမယ့် အချိန်ရောက်နေပြီ” ...တဲ့။

နောက် ... သတင်းစာကြီးတွေရဲ့ အာဘော်မှာလည်း ဖော်ပြထားတယ်။

“ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်နေတဲ့ မြန်မာအစိုးရရဲ့ ခြေလှမ်းတွေက ရပ်သွားပြီ။ မြန်မာအစိုးရရဲ့ ဆန္ဒက မြန်မာနိုင်ငံကို ဒီအဆင့်ထက် ပိုပြီး အပြောင်းအလဲ ပြုလုပ်ချင်ပုံ မရတော့ဘူး” ... တဲ့ ခင်ဗျား။

ကျွန်တော် ဗေဒင်ဟောသလို ကြိုပြီး မြန်မာ့အနာဂတ်ကို ဟောလိုက်ပါမယ်။ ယခုအတိုင်းသာ မြန်မာ့အခြေအနေတွေက ကန့်လန့်ကြီး ဖြစ်နေခဲ့ရင် ဘာမှမကြာတဲ့ အနာဂတ်မှာ မြန်မာအစိုးရအပေါ် အနောက်အုပ်စုရဲ့ ဆက်ဆံပုံတွေ ပြောင်းလဲသွားပါတော့မယ်။

သမ္မတကြီး ဦးသိန်းစိန်အပေါ် ပြည်ပခေါင်းဆောင်တွေက အလွန် အထင်ကြီးခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အလွန်အထင်ကြီးပါတယ်။ သူ့ကို ထောက်ခံတဲ့ ဆောင်းပါးတွေ အမျိုးမျိုး ရေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ သမ္မတကြီး ဦးသိန်းစိန်အပေါ် အမြင်တွေက စပြောင်းကုန်ပါပြီ။ ကျွန်တော့်အမြင်လည်း ပြောင်းသွားပါပြီ။

ကျွန်တော် စိတ်မကောင်းတာက ... မြန်မာနိုင်ငံရဲ့ ဆိုးကျိုး အကုန်လုံးကို သမ္မတကြီး ခေါင်းအပေါ် ပုံချကြမယ့် ပြဿနာပါပဲ။

“မပြေးသော် ကန်ရာရှိ” ဆိုတဲ့ စကားလို ခေါင်းဆောင်လုပ်သူ တာဝန်ရှိနေတဲ့ ပြဿနာတွေကိုတော့ ငြင်းလို့ မရနိုင်ပါဘူး။

ဒါပေမဲ့ မြန်မာသမ္မတကြီးမှာ သူလုပ်ချင်တာတွေကို ပြတ်ပြတ်သားသား မလုပ်နိုင်တဲ့ ပြဿနာတွေ ရှိကောင်း ရှိနိုင်ပါတယ်။

ပြောရလည်းခက်။
စွပ်စွဲရလည်းခက်။
ဒါပေမဲ့ ... မပြောဘဲ ... မစွပ်စွဲဘဲလည်း ထိုင်ကြည့်နေလို့လည်း မရတော့ပါဘူး။

(၁) မဟာသန္တိသုခကျောင်း ပိုင်ဆိုင်မှု ပြဿနာဖြေရှင်းပုံနှင့် ပတ်သက်ပြီး လူထုတုန်လှုပ်စေတဲ့ ပြဿနာကြီး ဖြစ်ခဲ့တယ်

ဒီပြဿနာ ကိုင်တွယ်ဖြေရှင်း ပေးလိုက်ခြင်းအတွက် အစိုးရကို တိုက်ရိုက် အကျိုးစီးပွား ဖြစ်စေတာ ဘာရှိသလဲ။

ဘာမှ မဖြစ်စေဘူးလို့ ကျွန်တော်မြင်တယ်။ ဒါ ရဟန်းတွေ ပြဿနာပဲ။ အကျိုးစီးပွားရှိခဲ့ရင် နိုင်တဲ့ဘက်က ရဟန်းတွေပဲ ရှိကြမှာပါ။

ဒါပေမဲ့ ဒီနေ့ အစိုးရကိုပဲ လက်ညှိုးထိုးနေပါတယ်။ ဘာကြောင့်လဲ။ ကိုင်တွယ်ပုံ မှားတာပေါ့ ခင်ဗျား။ “ဘုန်းကြီးအမှု ရွာပတ်” ဆိုတဲ့ စကားရှိပေမယ့် ဒီနေ့ ရွာမပတ်ဘူး။ အစိုးရကို သွားပတ်နေပါတယ်။

ကမ္ဘာမှာ ဘယ်လိုမြင်သလဲ။ ဘုန်းကြီးငါးပါးကို ဆန္ဒမပါဘဲ လူဝတ်လဲခိုင်းပြီး ထောင်ထဲ ဆွဲသွင်းလိုက်တဲ့ ပြဿနာ။

အစိုးရ ပုံရိပ်ကို ပျက်စေတာပေါ့ ခင်ဗျား။

(၂) ယူနတီဂျာနယ်မှ စာနယ်ဇင်းသမားတွေကို ထောင်ဆယ်နှစ် ချလိုက်တဲ့ ပြဿနာ

ဒီနေ့ ဒီပြဿနာက မီးဟုန်းဟုန်း တောက်နေပါတယ်။

ဒီဂျာနယ်ရဲ့ ဖြစ်စဉ်တစ်ခုလုံးကို လေ့လာကြည့်ရင် ဖမ်းတာ၊ ပုဒ်မတပ်တာ၊ တရားစွဲတာ၊ အစိုးရအမှား တစ်ခုမှ မရှိဘူး။

နိုင်ငံတော်ရဲ့ လျှို့ဝှက်မှုတွေကို ပေါက်ကြားအောင် ပြုလုပ်ရင် တရားစွဲတာ အဆန်းမှ မဟုတ်ဘဲ။ နိုင်ငံတိုင်းမှာ ပြုလုပ်နေတာပဲ။

အဲ ... မှားသွားတာက ဆယ်နှစ်ဆိုတဲ့ ပြစ်ဒဏ်ကြီးကို ချလိုက်တာ။

ပြစ်မှုတိုင်းကို တရားသူကြီး လုပ်တဲ့သူက ပြစ်ဒဏ်စီရင်ဖို့ စဉ်းစားတဲ့အခါ ပြစ်မှုကျူးလွန်သူရဲ့ ရည်ရွယ်ချက်က Intention . . . ဆိုတာကို အသေအချာ စဉ်းစားရတယ်။

ယူနတီ ဂျာနယ်သမားတွေက သူတို့ဒီသတင်းကို ဖော်ပြတဲ့အခါ တကယ်ပဲ နိုင်ငံရဲ့ လျှို့ဝှက်မှုကြီးကို ပေါက်ကြားအောင် ပြုလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီသတင်းကို ဖော်ပြခဲ့တာလား။ သတင်းကို ဖတ်ကြည့်လိုက်တာနဲ့ သိသာပါတယ်။

သူတို့ ဂျာနယ်သတင်းကို ပြည်သူစိတ်ဝင်စားပြီး ဂျာနယ် ရောင်းရအောင်၊ ဂျာနယ်စောင်ရေ တိုးအောင် အကြံအဖန် လုပ်ကြရင်းနဲ့ ဆင်ဆင်ခြင်ခြင် ဥပဒေနှင့် ညီညွတ်အောင် မဖော်တတ်၊ မရေးတတ်ကြတဲ့အတွက် ထောင်ထဲ ရောက်ကုန်ကြတာပါ။

ဒီလူတွေမှာ ဒီသတင်းကြီးကို ရေးလိုက်ရင် နိုင်ငံတော်လျှို့ဝှက်ချက် ဖောက်ဖျက်တဲ့ ဥပဒေနဲ့ ငြိတော့မယ် ဆိုတာကို လုံးဝသိကြပုံ မရပါဘူး။ သိရင်လည်း ရေးရဲကြမယ် မထင်ပါဘူး။ ဂျာနယ် ရောင်းအားတက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီသတင်းကို ကြံဖန်ရေးပြီး ဖော်ပြခဲ့ကြတာပါ။

အဲဒီသတင်းကို အသေအချာ ဖတ်ကြည့်ပါ။ ခေါင်းစဉ်ကြီးပဲ ပြူးတူးပြဲတဲ ဖြစ်အောင် ဖော်ပြထားပြီး သတင်းအသားက ဘာမှ လေးနက်မှု မရှိပါဘူး။ ခေါင်းစဉ်ကို ပေါ်လွင်အောင် ဘာမှ ထိုးပြနိုင်စွမ်း မရှိပါဘူး။

နောက် ... ပြစ်ဒဏ်ပေးတဲ့အခါ စဉ်းစားရမယ့် အချက်တစ်ခုက “ဂယက်” ... အဲ ... “သက်ရောက်မှု” ပေါ့ ခင်ဗျား။
သူတို့သတင်း သူတို့ဂျာနယ်မှာ ဖော်ပြခဲ့ပြီးတဲ့နောက် သူတို့ မဟာသတင်းကြီးကြောင့် နိုင်ငံမှာ ဆိုးကျိုး “ဂယက်” တွေ ဘာတွေ ဖြစ်ပေါ်ခဲ့ပါသလဲ။

ကျွန်တော်သိသလောက် ဘာတစ်ခုမှ မရှိပါဘူး။

အဲဒီလို သက်ရောက်မှု မဲ့နေတဲ့ သတင်းဖော်ပြမှုအတွက် ထောင်ဆယ်နှစ်ဆိုတဲ့ ပြစ်ဒဏ်မျိုးကို ချသင့်ပါသလား။

အာဏာပိုင်တွေ ညံ့လွန်းလို့ ချခဲ့တယ် ... ချခွင့်ပြုခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။

ဒီဆယ်နှစ်ချလိုက်တဲ့ ပြစ်ဒဏ်သတင်းကြောင့် ဘယ်သူထိခိုက်ရသလဲ။
နိုင်ငံတော်အစိုးရပေါ့ ခင်ဗျား။
သမ္မတကြီးဦးသိန်းစိန်ပေါ့ ခင်ဗျား။

“ဟဲ့ ... တယ်ရက်စက်ပါလား”
“ဟဲ့ ... မြန်မာနိုင်ငံမှာတော့ မီဒီယာသမားတွေကို နှိပ်ကွပ်ကုန်ပြီ”
“ဟဲ့ ... မြန်မာအစိုးရကတော့ မင်းသားခေါင်း ဆောင်းထားတဲ့ မျက်နှာဖုံးကို ခွာပစ်လိုက်ပြီ။ ခေတ်ကို နောက်ပြန်ဆုတ်တော့မှာလား”

ဒီဆိုးကျိုးတွေက ပြည်တွင်းမှာသာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ခုလုံးကို ရိုက်ခတ်သွားစေခဲ့ပါတယ်။

ဒါကြောင့် ... ကျွန်တော်သာ အာဏာပိုင်ဆိုရင် ဘာလုပ်မလဲ။
“ဟေ့ကောင်တွေ ... မင်းတို့ရေးတဲ့ သတင်းရဲ့ ခေါင်းကြီးက ဆင်ခေါင်းကြီး ဖြစ်နေတယ်ဆိုတာ သိသလား။ စာဖတ်ပရိသတ်က အရူးတွေ၊ ဖွတ်ကျားတွေ မဟုတ်ဘူး။ ခေါင်းရှိတယ်။ သူတို့ဟာသူတို့ ခွဲခြားတတ်တယ်။ သူတို့ကို သွားအထင်မသေးနဲ့။ မစော်ကားနဲ့။ ဒီသတင်းမျိုးရေးတာ တစ်နေ့ မင်းတို့ကို ပြန်ပတ်လိမ့်မယ်။ အာဏာပိုင်ဖြစ်တဲ့ ငါတို့အနေနဲ့ကတော့ ဒီတစ်ကြိမ် သည်းခံမယ်။ မင်းတို့ဂျာနယ်ကို အမည်းဂျာနယ် စာရင်းထဲမှာ ထည့်ထားမယ်။ နောက်တစ်ကြိမ် ဒါမျိုး ထပ်ရေးရင်တော့ သတိမပေးတော့ဘူး။ ဂျာနယ်ထုတ်ဝေခွင့် တစ်နှစ်ပိတ်ပစ်မယ်”

ဒီအတိုင်း ကျွန်တော် ပြုလုပ်ပါမယ်။

ကျွန်တော် မဆလခေတ်က ပြန်ကြားရေး ဝန်ကြီးဌာနမှာ အထူးအရာရှိ တာဝန်ယူရစဉ်ကလည်း ဝန်ကြီးတာဝန် ပေးတဲ့အတွက် ရန်ကုန်သတင်းစာမှ ဆရာမြို့မမောင်ကို ဒီလိုပဲ ခေါ်သတိပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဆရာမြို့မမောင်က နိုင်ငံကျော် စာပေပညာရှင်တစ်ဦး ဖြစ်နေတော့ ဝန်ကြီးခိုင်းသလို ကျွန်တော် လုံးဝမလုပ်ဘူး။

“ဆရာရယ် ... ဝန်ကြီးက တာဝန်ပေးလို့ ကျွန်တော် ခေါ်ပြောရတာပါ။ ကျွန်တော် တောင်းပန်တာပါ။ နောင်ကိုတော့ ဒါမျိုး ဆရာထပ်မရေးပါနဲ့။ ဆရာထပ်ရေးခဲ့ရင် ကျွန်တော်ပါ ဒုက္ခရောက်ပါလိမ့်မယ် ဆရာ”

အဲဒီအတိုင်း ပြောခဲ့ပါတယ်။

ဆရာမြို့မမောင်ကလည်း လုံးဝ ထပ်မရေးတော့ပါဘူး။ ဧည့်ခံပွဲတွေမှာ ကျွန်တော်နဲ့ ပြန်ဆုံတိုင်း ... “လေတပ်ဗိုလ်လေး နေကောင်းတယ်နော်။ မင်းခိုင်းတဲ့အတိုင်း ငါထပ်မရေးဘူး” လို့ ရယ်ပြီး ပြောတတ်ပါတယ်။
ဒီလို ဖြေရှင်းပုံမျိုးက ကြိုဆိုရမယ့် ဖြေရှင်းပုံနည်း မဟုတ်လား ခင်ဗျား။

ယခု ထောင်ဆယ်နှစ် ချပစ်လိုက်တယ်ဆိုတော့ ... အဲ ... စိတ်မချမ်းသာစရာကြီးပေါ့။

(၃) မကြာခင်က ဖြစ်ခဲ့တဲ့ မန္တလေးမြို့မှ ပဋိပက္ခ

ပြဿနာအကြောင်းကို ကျွန်တော် မဆွေးနွေးချင်တော့ပါဘူး။ သက်ရောက်မှု အပိုင်းကိုပဲ ဆွေးနွေးချင်ပါတယ်။

သေဆုံးသူ၊ ဒဏ်ရာရသူ၊ အဖမ်းအဆီးခံရသူ၊ ကြောက်ရွံ့စိတ်ဖြင့် နေထိုင်ရသူ။ ... ဒါတွေက ပြည်သူ့ဘက်ကို ကျရောက်တဲ့ သက်ရောက်မှုပေါ့ ခင်ဗျား။

အစိုးရအပေါ် သက်ရောက်မှု ... ။

ဒီနေ့ထုတ် စာနယ်ဇင်းတွေကို ဖတ်ကြည့်လိုက်ရင် ပြည်သူတွေက အစိုးရကို ဘယ်လိုမြင်နေကြပြီ ဆိုတာ ရှင်းနေပါတယ်။

ကျွန်တော် ထပ်ရှင်းဖို့ပင် မလိုပါဘူး။

အဲ ... ပြည်ပ သက်ရောက်မှုတွေက ပိုဆိုးပါတယ်။ အေပီတို့၊ အေအက်ဖ်ပီတို့လို ကမ္ဘာကျော် သတင်းဌာနကြီးတွေရဲ့ မန္တလေးသတင်းနဲ့ ပတ်သက်ပြီး ရေးသား ဖော်ပြထားပုံတွေကို ဖတ်ကြည့်ပါ။
ဟာရယ်ထရီဗွန်းတို့၊ ဝါရှင်တန်ပို့စ်တို့လို သတင်းစာကြီးတွေမှာ ပါတဲ့ သုံးသပ်ချက် သတင်းတွေကို ဖတ်ကြည့်ပါ။

ဒီနေ့ မြန်မာအစိုးရရဲ့ ပုံရိပ်တွေကို ပုံရိပ်အမှန် အဆင့်ထက် ပိုနိမ့်သွားအောင် သက်ရောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

တစ်နေ့ကပဲ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကလည်း ပြောသွားပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ လူမျိုးရေး ... ဘာသာရေး ... မျိုးချစ်စိတ် ... ဆိုတာတွေကိုပဲ စိတ်ဝင်စားနေတယ်၊ ငြင်းခုံနေတယ်။ တကယ် စဉ်းစားသင့်တာက မြန်မာနိုင်ငံ သားကောင်းဖြစ်လာဖို့ ပြဿနာပါတဲ့။

ကျွန်တော် သူပြောတာကို လက်ခံတယ်။

ဒီနေ့ ကျွန်တော်တို့ လမ်းမှားလိုက်နေပါတယ်။
ဒီနေ့ ကျွန်တော်တို့ မြန်မာတွေ ခိုင်းစေဖို့ ကျွန်အဖြစ် ရောင်းစားခံနေရတဲ့ ပြဿနာ။
မယားအဖြစ် အရောင်းစား ခံနေရတဲ့ ပြဿနာ။
ပြည့်တန်ဆာလုပ်ဖို့ အရောင်းစား ခံနေရတဲ့ ပြဿနာ။
ပြည်ပမှာ အနှိမ်ခံ အလုပ်သမားအဖြစ် အလုပ်လုပ်နေကြရတဲ့ ပြဿနာ။ လယ်အသိမ်းခံရပြီး လယ်လုပ်စရာ မြေမရှိ ဖြစ်နေရတဲ့ ပြဿနာ။

အရွယ်ကောင်းတဲ့ လူငယ်တွေ သန်းနှင့်ချီပြီး အလုပ်ကြမ်းသမားတွေအဖြစ် ပြည်ပရောက်နေတဲ့ ပြဿနာ။
ဒီနေ့ကျေးရွာတွေမှာ ဆားနဲ့ ငရုတ်သီးကိုပဲ ဟင်းလုပ်ပြီး စားနေကြရတဲ့ လူတွေ ပြဿနာ။
အလွယ်တကူ ကုသလို့ရနိုင်တဲ့ ရောဂါသည် ဖြစ်ပေမယ့် ဆေးဖိုးငွေ မရှိလို့ သေနေကြရတဲ့ လူတွေပြဿနာ။
ငြိမ်းချမ်းမှု မရှိလို့ စစ်ရှောင်ပြီး မိမိအိုးအိမ်ကို စွန့်ခွာထွက်ပြေး နေကြရတဲ့ လူတွေရဲ့ ပြဿနာ။
ဒီပြဿနာတွေက လူမျိုး ... ဘာသာ . . မျိုးချစ်စိတ် ဆိုတာတွေထက် ပိုအရေးမကြီးဘူးလား ခင်ဗျား။

(၄) ရွေးကောက်ပွဲ

ယခုနှစ်အတွင်း ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ ... ။ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ။

ဒီရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်၊ မဖြစ်လာနိုင်ကို ဒီနေ့ တစ်ကမ္ဘာလုံး စောင့်ကြည့်နေပါတယ်။
လိမ်လို့မရပါဘူး။
ဘာဖြစ်လာနိုင်တယ်ဆိုတဲ့ ရှေ့ပြေး နိမိတ်တွေကလည်း ပေါ်လာနေပါပြီ။
အားလုံးကတော့ အစိုးရအပေါ်မှာပဲ တည်ပါတယ်။ သူတို့ကောင်းစေချင်ရင် ကောင်းလိမ့်မယ်။ သူတို့ဆိုးချင်လည်း ဆိုးလိမ့်မယ်။
ရွေးကောက်ပွဲ အဆိုးအကောင်းရဲ့ သက်ရောက်မှုကတော့ ပြည်သူနဲ့ အစိုးရ နှစ်ဦးစလုံးအပေါ် ရှိပါလိမ့်မယ်။
အဲ ... ဆိုးကျိုးဘက်ကိုသာ ပြောင်းသွားခဲ့ရင်တော့ အစိုးရအပေါ် သက်ရောက်မယ့် ဆိုးကျိုးတွေကို အဓိက ပုံချခံရမှာကတော့ သမ္မတကြီးပေါ့ခင်ဗျား။ ကျွန်တော်ကလည်း သမ္မတဦးသိန်းစိန်ကို မကြာခဏ ထောက်ခံရေးခဲ့ဖူးတဲ့ စာရေးဆရာဆိုတော့ သက်ရောက်မှုက ကျွန်တော့်အပေါ်လည်း ရှိလာနိုင်ပါတယ်။
အနာဂတ်ကို ကြိုမမြင်တတ်တဲ့ ငထုံစာရေးဆရာ။ ခေါင်းမရှိတဲ့ စာရေးဆရာ။

ကဲ ... ထားပါတော့။
ကျွန်တော်ဒီနေ့ အဓိကတင်ပြချင်တာက ဒီနေ့ အနောက်အုပ်စုက မြန်မာအစိုးရအပေါ် အကောင်း မမြင်တော့ပါဘူး။ အဆိုးဘက်ကို မြင်စပြုနေပါပြီ။ သူတို့ ဒီလိုမြင်တဲ့ နောက်ကွယ်မှာ သက်ရောက်လာမယ့် ဆိုးကျိုး အများကြီး ရှိပါတယ်။

ဒါကြောင့် ဒီနေ့ သမ္မတကြီးဦးသိန်းစိန် “သိပ်စဉ်းစားဖို့ အချိန်တန်ပြီ” ... လို့။

ဦးလှဝင်း (လေသူရဲတစ်ဦး)၊ ၁၄-၇-၂၀၁၄
the voice weekly
Photo: သိပ်စဉ်းစားဖို့ အချိန်တန်ပြီ

MSFဖိတ်ခေါ်မှုနှင့်ပက်သက်ပီး ဦးခင်ရီရှင်းလင်း

ခွဲခြားဆက်ဆံရာ ရောက်မည်စိုး၍ MSF ကို ဖိတ်ခေါ်ဟု ဦးခင်ရီဆို

စစ်တွေ၊ ဇူလိုင် ၂၆

ရခိုင်ပြည်နယ်တွင် အကူအညီပေးရေး လုပ်ငန်းများ လုပ်ကိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများ (INGO) များကို ဖိတ်ခေါ်ရာတွင် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF) ကို ချန်ထားပါက ခွဲခြားဆက်ဆံရာ ရောက်မည် စိုးရိမ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

စစ်တွေမြို့တွင် ရခိုင်လူမှု အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် ဦးခင်ရီ၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့ ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောကြားသည်။

ရခိုင်တိုင်းရင်းသားများကလည်း MSF အဖွဲ့အစည်း အပါအဝင် INGO များနှင့် ပတ်သက်၍ စိုးရိမ်မှုများကို တင်ပြခဲ့ကြပြီး MSF ကို ရခိုင်ပြည်နယ်တွင် လုပ်ငန်း ပြန်လည်လုပ်ကိုင်ရန် ဖိတ်ခေါ်မှုကို ရုပ်သိမ်းပေးရန် တင်ပြခဲ့ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတကာ ဖိအားများလည်း ပြန်ကြည့်ရန် လိုအပ်ကြောင်း၊ INGO များကို လုပ်ကိုင်ခွင့်ပေးရာတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် နားလည်မှုစာချွန်လွှာ (MoU) ပါအတိုင်း လုပ်ကိုင်ရမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးများက ပြောဆိုခဲ့ကြောင်း ဒေါ်ညိုအေးက ပြန်လည် ပြောဆိုသည်။

ယင်းတွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးရရှိရေး၊ စက်မှုဇုန်များ အကောင်အထည် ဖော်ဆောင်ရေး စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူများထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်း နိုင်ငံသားစိစစ်မှုကို မဖြစ်မနေ သေသေချာချာ လုပ်ဆောင်မည်ဟု ဦးခင်ရီက ပြောဆိုခဲ့သော်လည်း မည်သို့ လုပ်ဆောင်မည်ကို ပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း ဒေါ်ညိုအေးက ပြောကြားသည်။

လုပ်ကိုင်ခွင့် ရပ်ဆိုင်းခံခဲ့ရသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ကို လုပ်ငန်း ပြန်လည်လုပ်ကိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဖိတ်ခေါ်မှုကို ရုပ်သိမ်းပေးရန် ရခိုင်တိုင်းရင်းသားများက နိုင်ငံတော်သမ္မတထံ ဇူလိုင်လ ၂၇ ရက်နေ့တွင် စာတင်ပြ တောင်းဆိုထားသည်။

နိုင်ငံတကာဖိအားကို အကြောင်းပြကာ အချုပ်အခြာအာဏာကို ထိပါးစေမည့် လုပ်ရပ်များကို မပြုလုပ်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်အကျိုးစီပွားနှင့် ရခိုင်ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန်၊ ရခိုင်တိုင်းရင်းသားများ လက်မခံသည့် MSF နှင့် Malteser အဖွဲ့အစည်းတို့ကို လုပ်ငန်းဆောင်ရွက်ခွင့် မပြုရန် ရခိုင်လူမှုကွန်ရက် (စစ်တွေ) က ဇူလိုင်လ ၂၇ ရက် နေ့တွင် ထုတ်ပြန်သည်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများကို ရခိုင်ပြည်နယ် အစိုးရက ဖိတ်ခေါ်ခြင်းသည် ရခိုင်လူထုဆန္ဒကို ဦးစားပေးသည်ထက် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ဇူလိုင်လ ၂၆ ရက်နေ့တွင် စစ်တွေမြို့၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ယခုကဲ့သို့ MSF အဖွဲ့ကို ထပ်မံဖိတ်ခေါ်ခြင်းကို ရခိုင်လူထုက နှစ်သက်လိမ့်မည် မဟုတ်ကြောင်း သိရှိထားသော်လည်း နိုင်ငံတကာအလယ်တွင် နိုင်ငံတော်အစိုးရအဖွဲ့ ရင်ဆိုင်နေရသည့် အကျပ်အတည်းနှင့် ရခိုင်ပြည်သူလူထု ကြုံတွေ့နေရသော အခက်အခဲ အားလုံးကို ခြုံငုံပြီး ယုံကြည်မှု အပြည့်ဖြင့် ခေါင်းခံခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုသည်။

“ဝန်ကြီးချုပ်တစ်ယောက် အနေနဲ့ လုပ်ချင်တာ ကောက်လုပ်တာ မဟုတ်ပါဘူး။ နိုင်ငံတော်အဆင့် အနေနဲ့ အားလုံးကောင်းဖို့ လုပ်ရတာ” ဟု ၎င်းက ပြောဆိုသည်။

ခွဲခြားဆက်ဆံခြင်း၊ ဆေးဝါးကုသရာတွင် ဘင်္ဂါလီများကိုသာ ဦးစားပေးခြင်း၊ ဘင်္ဂါလီများကိုသာ အကူအညီပေးခြင်း၊ ဒုချီးရားတန်း အကြမ်းဖက်မှုတွင် သတင်းမှားများ ထုတ်ပြန်ခြင်း စသည်တို့ကြောင့် ရခိုင်ပြည်နယ်က ထွက်သွားရန် MSF အဖွဲ့ကို ရခိုင်တိုင်းရင်းသားများက ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဆက်တိုက် ဆန္ဒပြခဲ့ကြသည်။

(ခင်မောင်အေး)
the voice weekly
Photo: ခွဲခြားဆက်ဆံရာ ရောက်မည်စိုး၍ MSF ကို ဖိတ်ခေါ်ဟု ဦးခင်ရီဆို

မွေးစာရင်း စီမံချက်

မြန်မာနိုင်ငံ၏ မွေးစာရင်းစနစ်တကျ မှတ်ပုံတင်ခြင်းဆိုင်ရာ စီမံချက် Pilot Area အဖြစ် မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ချင်းပြည်နယ်မှာ စမ်းသပ်ကောက်ယူ လှုပ်ရှားကြမှာပါ. ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါ ။
 credit to win wunna

Monday, 28 July 2014

ပေါ့စေဖို့ ကြောင်ရုပ်ဆေးထိုးပေးလိုက်ခြင်း

ဦးစီးဌာနမှ မိုးပွင့်အတွက် ချပေးထားတဲ့ ဆိုင်ကယ်တွေ
----------------------------------------

ဌာနမှ မြို့နယ်ရုံးများသို့ ဆိုင်ကယ်များ ထုတ်ပေးသည် ၀န်ထမ်းများ မိုးပွင့် စီမံချက်လုပ်ရာတွင်အဆင်ပြေ ရန်ရည်ရွယ် ထုတ်ပေးသော်လည်း ပြဆင်စရိတ် တင်တောင်းရန် ညွှန်ကြားချက်မပါ လို့ ရံပံငွေ ချမပေးသေးလို့ ဘာဆက်လုပ်ရမှန်းမသိဘူး ပုဒ်မ (၆)(၇) လည်းမ၇ှိ လှူမည့်သူကလည်း ဘယ်သူမှသိန်းချီမလှူဘူး ဟူး --- စိတ်ညစ်ရပါလား ----------

credit to U Mg Maung Thet
တော်တော်လည်း ရီစရာကောင်းနေပီ.....မိုးပွင့်အတွက် ဆောင်ရွက်ရာမှာ လွယ်ကူလျင်မြန်စေဖို့အတွက် ဆိုပီးတော့ ဆိုင်ကယ်တွေ ထုတ်ပေးတယ်တဲ့.....အခုတော့ ဖြစ်ပုံက ပေါ့စေလိုလို့ ကြောင်ရုပ်ဆေးထိုးပေးလိုက်တာ ဆေးအတွက်နဲ့လေး
ဆိုသလိုမျိုးဖြစ်နေပီ.....သုံးစားလို့ကလည်း မရ.....လွှင့်ပစ်လို့လည်း မရ....ပိသာချိန်နဲ့လည်း ရောင်းစားလို့မရ......ဘယ်နေရာမှလည်း သုံးစားလို့မတည့်တဲ့ ချီးထုပ်ကြီးတွေ ကို မြို့နယ်ရဲ့ တာဝန်ရှိသူတွေရဲ့ ခေါင်းပေါ် ကို ပစ်တင်ပေးလိုက်သလိုမျိုးဖြစ်နေပီ...............၀န်ထမ်းငယ်တွေ အပေါ်မှာ နည်းမျိုးစုံနဲ့ ရောင်းစားပီးရှာထားတဲ့ ငွေအသပြာလေးတွေနဲ့ ကြည့်ကျက်ဖြေရှင်းပေးလိုက်ကြပါအုံး....တာဝန်ရှိသူ အဆင့်ဆင့်ကလည်း ဘော်လီဘော မပုတ်ကြပဲ တာဝန်ယူမှု.(ရသမျှ ငါတို့ယူ)...တာဝန်ခံမှု(ဖြစ်သမျှ မင်းတို့ခံ)နဲ့ လုပ်ပေးကြပါအုံး.....မြင်ရတာနဲ့ ကို အရုပ်ဆိုးလွန်းလို့ပါ.....ဌာနအတွက်လည်း သိက္ခာ ကျလွန်းပါတယ်....ကြည့်ရတာ လူကြီးတွေကလည်း အရှက်မရှိ သရက်စေ့ဖြစ်နေပီလား မသိ.....နောက်ဆုံးတော့ မည်သူ့တွင် တာဝန်ရှိသနည်း.......

Sunday, 27 July 2014

လူကြီးတွေစဉ်းစားသင့်တဲ့ အချက်တွေ

လူမှန် နေရာမှန် မထားနိုင်သေးတဲ့ ရွှေတံခါးမှူးတွေ
ဌာနတွင်း အရည်အချင်းစစ်ဆေးပြီးရာထူးတိုးမြှင့်ပေးခဲ့တဲ့အမှားတွေဟာ
ဒီနေ့ဌာနတွင်းမှာပဲတွေ့နေရပါတယ်။စီနီယာဝန်ထမ်းတွေနဲ့ လုပ်ငန်း
ကျွမ်းကျင်သူတွေဟာ အောက်မှာရောက်နေပြီး ဘာမသိညာမသိနဲ့
ရာထူးအဆင့်မြင့်မြင့်ရထားသူတွေကြားမှာ လွဲချော်မှုတွေ ပွတ်တိုက်မှု
တွေရှိနေတာ အားလုံးသိကြတဲ့အတိုင်းပါ။မြို့နယ်တွေမှာ ဦးစီးအရာရှိ
အဆင့်ကို လွယ်လွယ်ကူကူနဲ့သေသေချာချာမစိစစ်ပဲပေးခဲ့တာတွေ
ဟာ သန်းခေါင်စာရင်းလို အလုပ်ကြီးအကိုင်ကြီးလုပ်ကြတော့ ဘာမှ
သဲသဲကွဲကွဲမသိဘဲ ထင်ရာလျှောက်ပြောနေလို့ အောက်ခြေ၀န်ထမ်း
တွေ အထင်မကြီးကြတာ အဆန်းတော့မဟုတ်ပါဘူး။လုပ်နိုင်ကိုင်နိုင်
တဲ့ လ၀ကမှူး ယောက်ျားလေးတွေကို မပေးပဲ အမျိုးသမီးတွေကိုရာထူး
တိုးပေးခဲ့လို့ ဘယ်လိုမှအဆင်မပြေလှပါဘူး။မြို့နယ်/မြို့နယ်ခွဲတွေမှာ
ဒုလ၀ကမှူးအဆင့်တွေကပဲ တာဝန်ခံအလုပ်လုပ်နေကြတာ၊ သန်းခေါင်
စာရင်းလိုတစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုပ်တာတောင် ဘယ်နေရာမှာမှ
ပါဝင်ခဲ့ခြင်းမရှိတဲ့ ဦးစီးအရာရှိ ၀န်ထမ်းတွေကို အလေးပြုဖို့ခက်ပါတယ်။
အဆင့်ဆင့်သော ရာထူးတွေကို သေချာစိစစ်ရွေးချယ်မှုမရှိဘဲ နီးစပ်ရာကို
ပေးတဲ့စနစ်နဲ့သွားနေရင်တော့ အခြားဌာနနဲ့ပူးပေါင်းလုပ်ရတဲ့ နစကလို
နေရာမျိုးမှာ မိမိအရာရှိများရဲ့မကျွမ်းကျင်မှုများကြောင့် ဌာနသိက္ခာကိုပါ
ထိခိုက်စေတယ်ဆိုတာ အောက်ခြေ၀န်ထမ်းတွေကောင်းကောင်းသိကြပါ
တယ်။
ခရိုင်အဆင့်/ပြည်နယ်-တိုင်းအဆင့် မဟာဇေယျကြီးများကြားမှာလည်း
လူမှန်နေရာမှန်မပေးတဲ့ပြဿနာအကြောင်းတွေပြောနေကြတာကြား
ရပါတယ်။အခြေခံအဆင့်ဖြစ်တဲ့ မြို့နယ်/မြို့နယ်ခွဲတာဝန်ခံအဖြစ်တာဝန်
ထမ်းဆောင်နေသူတွေကို ပြန်လည်စိစစ်ပြီး စနစ်တကျရွေးချယ်
သင့်ပါတယ်။ဒီလိုပဲနီးစပ်ရာဝင်/ထွက်နိုင်သူတွေကို ပေးနေရင်တော့
လူမှန်နေရာမှန်မဖြစ်နိုင်ပါဘူး။
ဌာနတွင်းက လူတော်တွေကို ရှေ့ကိုထွက်လာမှာမဟုတ်ဘူး။
ဒါဟာဝန်ထမ်းငယ်တွေ အတုယူအားကျနိုင်လောက်တဲ့စံပြအရာရှိ
တွေလည်း ပေါ်လာမှာမဟုတ်ဘူး။လူကြီးတွေကို ၀င်/ထွက်နိုင်မှ
ရာထူးရမယ်၊နေရာကောင်းရမယ် ဆိုတဲ့ အဟောင်းတွေပဲပြန်လာ
လိမ့်မယ်။
အသွင်သဏ္ဍာန်နဲ့အနှစ်သာရပြောင်းလဲရေးမူအတွက် တစ်နိုင်ငံလုံး
မြို့နယ်အဆင့်တာဝန်ခံ ဦးစီးအရာရှိတွေထဲမှာ ကွန်ပျူတာနဲ့အင်္ဂလိပ်စာ
ကျွမ်းကျင်သူ ဘယ်နှစ်ယောက်လောက်များရှိပါသလဲလို့ စစ်တမ်းကောက်
ကြည့်သင့်ပါတယ်။ဘယ်လိုများ e Registration တို့၊ smart card တို့
လုပ်ကြမလဲလို့ စဉ်းစားမိလို့ပါဗျာ။
လူကြီးအကြိုက်လုပ်ပြဖို့လောက်ပဲစိတ်ဝင်စားပြီး ဖြစ်နိုင် မဖြစ်နိုင်
မစဉ်းစားပဲ ၀န်ထမ်းတွေဘာဖြစ်လို့နေနေ ခိုင်းတဲ့အတိုင်းတစ်သွေ
မတိမ်းလုပ်မယ်ဆိုတဲ့ စိတ်ဓါတ်အဟောင်းနဲ့လူတွေ၊ငွေရရင်ဘာမဆို
လုပ်မယ်ဆိုတဲ့လူတွေ၊ အထက်လူကြီးကို ပုံသေကြောက်ရွံ့ရမယ်လို့
မှတ်ထားတဲ့လူတွေ ဒီလိုလူတွေနေရာရနေရင် ဒီဌာနဒီလိုပဲဆက်သွား
နေပါဦးမယ်။ရွှေတံခါးမှူးတွေ ဘာလဲ၊ဘယ်လဲလို့ မေးခွန်းထုတ်ပြီး
ဖြေခိုင်းဖို့ကောင်းလှပါတယ်။
လူတော်အရာရှိများအား လေးစားအားကျလျက်-
တံခါးမှူးဒတ္ထ
27-7-2014

စံပြ၀န်ထမ်း ဒုက္ခ

ရွှေတံခါးမှူးတို့ရဲ့ ၀န်ကြီးဌာနမှာနှစ်စဉ်စံပြ၀န်ထမ်းစာမေးပွဲဆိုပြီး အောက်ခြေ၀န်ထမ်းတွေကို
စာမေးပွဲလုပ်လေ့ရှိပါတယ်။ဝန်ထမ်းငယ်တွေကြားမှာ စာမေးပွဲဖြေဆိုမှုနဲ့ပတ်သက်ပြီး အခက်
အခဲတွေအမြောက်အမြားရှိတာကြောင့် ရွှေတံခါးမှူးချစ်သူကတဆင့် တင်ပြလိုပါတယ်။
 
စံပြ၀န်ထမ်းရွေးချယ်ရေးရည်ရွယ်ချက်က ကောင်းပေမယ့် အောက်ခြေက၀န်ထမ်းတွေကြားမှာ
တိုင်း/ပြည်နယ်အဆင့်၊ဗဟိုအဆင့်သွားရောက်ယှဉ်ပြိုင်ဖို့ ငွေကြေးအခက်အခဲရှိကြလို့ဝန်ထမ်း
တွေကို လူရွေးရတာအတော်အခက်အခဲရှိပါတယ်။နေပြည်တော်နဲ့အလှမ်းမကွာဝေးတဲ့ဒေသ
ကလူတွေအတွက်အခက်အခဲသိပ်မရှိလှပေမယ့် အဝေးကလာဖြေရတဲ့သူတွေမှာ အခက်အခဲ
အများအပြားရှိပါတယ်။
 
ခရိုင်အဆင့်အတွက်ရွေးချယ်ဖို့ အခက်အခဲမရှိပေမယ့် တိုင်း/ပြည်နယ်အဆင့်သွားရောက်
ယှဉ်ပြိုင်ဖို့ ငွေကြေးကုန်ကျမှုများလွန်းလို့ ၀န်ထမ်းငယ်တွေဟာ သွားရောက်ဖြေဆိုဖို့ဆန္ဒ
မရှိကြပါဘူး။ပြည်နယ်/တိုင်းတွေမှာလည်း ဗဟိုအဆင့်ယှဉ်ပြိုင်ဖို့လူရွေးရင် ကြိုးစားဖြေဆို
ကြတာသိပ်မရှိပါဘူး။နေပြည်တော်ကို သွားဖို့ရှိသူတွေကိုသာ ရွေးချယ်လွှတ်လိုက်ကြတာ
ပါ။တချို့မြို့နယ်တွေမှာဆိုရင် ၀န်ထမ်းငယ်တွေကို အလှည့်ကျစနစ်နဲ့စေလွှတ်ရကြောင်း
သိရပါတယ်။တိုင်း/ပြည်နယ်အဆင့်၊ဗဟိုအဆင့်တွေ ယှဉ်ပြိုင်ဖို့ ငွေကြေးကုန်ကျမှုများ
ပြီး ဘယ်သူကမှထောက်ပံ့ပေးတာမရှိလို့ ၀န်ထမ်းငယ်တွေကြားမှာ စံပြ၀န်ထမ်းဆိုတာ
ဒုက္ခပေးတာလို့တောင်ပြောနေကြပါတယ်။ဒါဟာ ၀န်ထမ်းငယ်တွေကို အပြစ်ပြောလို့
မရပါဘူး။
 
ဌာနတွင်းက ကွန်ပျူတာနဲ့အင်္ဂလိပ်စာကျွမ်းကျင်သူတွေမွေးထုတ်ပေးဖို့ရည်ရွယ်တယ်
ဆိုရင် ဒီရည်ရွယ်ချက်ဟာလွဲနေပါပြီ။စံပြ၀န်ထမ်းအဖြစ်ရွေးချယ်ခံရသူကို အခြားဝန်ထမ်း
ငယ်တွေက အားကျအတုယူပြီး ကြိုးစားလာကြမှ ဒီရည်ရွယ်ချက်ဟာ ထိရောက်ပါလိမ့်
မယ်။ကွန်ပျူတာတတ်ကျွမ်းသူတွေကို လက်နှိပ်စက်စာရေးလောက်ပဲအသိအမှတ်ပြုတာ
ဟာ ၀န်ထမ်းငယ်တွေကြားမှာကွန်ပျူတာသင်ဖို့ စိတ်မ၀င်စားကြအောင်လုပ်သလိုဖြစ်
နေပါတယ်။ကွန်ပျူတာတတ်လို့ အချိန်ပြည့်ပင်ပန်းပြီး မတတ်ရင် မလုပ်ရတာကြောင့်
စိတ်မ၀င်စားကြတာလည်းဖြစ်ပါတယ်။ဌာနတွင်း ရာထူးတိုးမြှင့်ရေးမှာလည်း ကွန်ပျူတာ
တတ်ကျွမ်းသူတွေကို အသိအမှတ်ပြုတာမရှိပါဘူး။
 
ရည်ရွယ်ချက်ကောင်းပြီး အကောင်အထည်ဖော်တာ မထိရောက်ရင် ၀န်ထမ်းငယ်တွေ
အတွက် အခက်အခဲဖြစ်စေလို့ စံပြ၀န်ထမ်းစာမေးပွဲဖြေဆိုတာကို ပြန်လည်သုံးသပ်ဖို့
သင့်ပါကြောင်း တာဝန်ရှိသူတွေကို တင်ပြလိုပါတယ်။
 
တံခါးမှူး ဒတ္ထ
25-7-2014

Saturday, 26 July 2014

သောက်ညင်ကတ်သူ၏ပေးစာ

ကတုံးပေါ် ထိပ်ကွက်နေသူများ

ခင်ညား တို့ကို မပြောချင်လို့ ကြည့်နေတာ ကြာပီ.....ခင်ညား တို့လုပ်ရပ်တွေက လွန်ကိုပဲ လွန်လွန်းလှတယ်.....ကိုယ့်အချင်းချင်းကိုပဲပြန်
လုပ်စားတတ်တယ်....၀န်ကြီး ဦးခင်ရီ ရောက်ပီးတော့မှပဲ ဟိုဟာလေး အဆန်းထွင် ....ဒီဟာလေး တီထွင်ပိးတော့ ရောင်းချလိုက်နဲ့...ဌာန
တွင်းမှာလည်း ဟိုဟာဆိုလည်း ၀ယ်ရပြန်ပီ....ဒီဟာ ဆိုလည်း ၀ယ်ရပြန်ပီ.....၀န်ထမ်းတိုင်းကို အဆင်ပြေတယ်လို့များထင်နေသလားမသိ...
အဆင်ပြေနေတဲ့သူတွေ အများကြီးရှိနေသလို အဆင်မပြေတဲ့သူတွေ အများကြီးရှိတယ်.....အမြတ်ကြီးစားချက်ကလည်း အပြင်ကဈေးထက်
တောင် မြှောက်နေသေးတယ်.....အထက်လူကြီးတွေ ဘယ်ကုပ္မဏီ တွေနဲ့ပေါင်းပီး ဘယ်ညှို...ညာညှို လုပ်ပီးတော့ ကော်မရှင်ခ....ပွဲခတွေနဲ့
လက်သိပ်ထိုးငွေတွေ ဘယ်လောက်တောင် ရောက်နေပီလဲမသိဘူး......၀န်ကြီးဌာ န စုစုပေါင်း ၀န်ထမ်းဦးရေ ပျမ်းမျှ တစ်သောင်းနဲ့ပဲတွက်
ကြည့်လိုက်ပါအုံး....အခုလည်း စမတ်ကတ် တစ်ကတ် ကို ( ၅၀၀၀)တဲ့.....ကဲ ...နောက်ဆုံးရလာဒ်ကတော့ ဘယ်သူတွေ ပဲ အကျိုးအမြတ်
ထွက်သွားမယ်ဆိုတာကို အားလုံးသိတယ်.....မပြောချင်လို့ကြည့်နေတာ.....လုပ်စားစရာ ရှားလို့.....ကတုံးပေါ် ထိပ်ကွက်လုပ်ပီးတော့
အချင်းချင်း ဇာတ်တူသား ကို လည်လှီးစားနေကြတယ်....တကယ်တမ်း ၀န်ထမ်းတွေ အပေါ် ကိုစေတနာရှိယင် အလကားပေးလိုက်ပေါ့ဗျာ.
နောက်ဆုံး အလကားမပေးနိုင်ဘူး ဆိုယင် လည်း တ၀က်ဈေးဆိုယင် လည်း ဟုတ်တုတ်တုတ်ရှိသေး....အခုလည်းတဖြည်းဖြည်းနဲ့ပိုဆိုးဆိုး
လာတယ်....လုပ်စားလို့ရမှန်းသိလေလေ....တစ်ခုပီး တစ်ခု  ....တနည်းမဟုတ် တနည်း နဲ့ ထွင်လုပ်ပီးတော့ လုပ်စားလာတယ်...ရောင်းစား
လာတယ်....ဒီလိုမျိုး နည်းလမ်းဟာ  ခင်ညား တို့ အထက်လူကြီးတွေ ရဲ့ ထွင်ထားတဲ့ နောက်ဆုံးပေါ် လုပ်စားနည်းသစ်တွေလား.....
သောက် ညင် ကိုကတ်တယ်.....၀န်ထမ်းတွေ ဆီမှာ ငွေတွင်း ရှိနေတယ် များထင်နေလားမသိဘူး.....အဆုံးကို နိုက်နေတော့တာပဲ....ကဲပါလေ
နောက်ဆုံးတော့ ကိုယ့်ဟာ ကိုယ်ပဲဖြေသိမ့်လိုက်ပါတော့မယ်ဗျာ.....အပြင်လူတွေနဲ့ ဒီလိုမျိုး ရှာစားယင် ပြသနာ တက်မှာမို့လို့ ဒီလိုမျိုးမျိုး
အချင်းချင်းရှာစား လိုက်တော့ ပြသနာ မတက်တော့ဘူးပေါ့နော်....ခင်ညားတို့ အတွေးအခေါ်တွေကလည်း ရွှေချထားဖို့ပဲကောင်းတယ်...
ဝတ်စားဆင်ယင်မှု တစ်ခု တည်းပြင်လိုက်တာ နဲ့ ကောင်းသွားတာမဟုတ်ဘူး....စိတ်ဓါတ်တွေကိုပါ ပြောင်းလဲရမှာ....ဒါအတွက် ခင်ညားတို့
အပေါ်က လူကြီးတွေရဲ့ စိတ်ဓါတ်တွေကို အယင်ပြောင်းလဲဖို့ လုပ်လိုက်ပါအုံးလို့.....အောက်က အနော်တို့က တော့ နာလည်းနာ...နံလည်းနံ
ဘ၀နဲ့ အယင်ဘုန်းကြီးတုန်းက တစ်ချက်....အခုဘုန်းကြီးကျတော့ နှစ်ချက်နဲ့ နှစ်ပါးသွားလေး ကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့က လို့ ကောင်းနေတုန်းပါပဲ
ခင်ညား တို့လုပ်နေတာ...ကိုင်နေတာတွေဟာ စေတနာရှိလား....မရှိဘူး လားဆိုတာကို ၀န်ထမ်းတိုင်းက သိတယ်.....အနော်တို့က လုပ်စားနေ
မှန်းသိနေတာကို သိသိကြီးနဲ့ငြိမ်ခံနေကြတာကို အ တယ်လို့မထင်လိုက်နဲ့အုံး....ကြောက်လို့သာ ငြိမ်ခံနေတာ....ခင်ညား တို့လုပ်ရပ်တွေက
တစ်ခါတလေ ကျတော့ ဖွတ် မိကျောင်းဖြစ်...မြစ်မချမ်းသာ  စကားပုံကို  ရဲချုပ် ၀န်ကြီးဖြစ်....လ၀က မချမ်းသာ ဆိုပီးတော့ ပြောင်းရအောင်
လုပ်နေပြန်ပီ.....လုပ်သင့်လုပ်ထိုက်တာတွေကျတော့ မြန်မြန်မလုပ်ပဲ   ရွှေပျောက်သလိုလို....အတိတ်မေ့သလိုလို မျိုးနဲ့ရူးချင်ဟန်ဆောင်
လုပ်နေတဲ့ ခင်ညားတို့ကို သောင်ညင်ကိုကတ်တယ်.....
သောက်ညင်ကတ်သူ

ဘင်္ဂါလီအဖမ်းကောင်းလို့ ဖုန်းဆက်ခြိမ်းခြောက်

ဘင်္ဂါလီများ ကို ကျောက်ဖြူမှရန်ကုန်သို့တရားမဝင်သယ်ဆောင်ရာတွင် ဖမ်းဆီး ခဲ့သည့်ပဲပဒုံစစ်ဆေးရေးဂိတ်မှ ဝန်ထမ်းတချို့အမည်မသိသူများ၏ ဖုန်းဖြင့်အသက်အန္တရာယ်ခြိမ်းခြောက် မှုများပြုလုပ်ခံခဲ့ရကြောင်း

ရခိုင်ပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိရဲမှူး တစ်ဦးက ဒီမိုကရေစီတူဒေးသို့ ထုတ် ဖော်ပြောကြားလိုက်သည်။

ဇူလိုင်၂၃က ပဲပဒုံစစ်ဆေးရေး ဂိတ်ကို အမည်မသိအမျိုးသားတစ်ဦးက ဖုန်းလေးကြိမ်ခန့်ခေါ်ဆိုပြီး''မင်း တို့စစ်ဆေးရေးဂိတ်က ဝန်ထမ်းတွေ သတိထား။ သတ်ပစ်မယ်''ဟုဖုန်း ဖြင့်လေးကြိမ်ခန့် ခြိမ်းခြောက်ပြောဆို မှုများပြုလုပ်ခဲ့ကြောင်း၊ ယခုအခါခေါ် ဆိုသောဖုန်းနံပါတ်နေရာနှင့် ခေါ်ဆို သူကိုသိရှိစေရန် ရခိုင်ပြည်နယ်ရှိ ဆက်သွယ်ရေးစခန်းနှင့် ပူးပေါင်းကာ ဆောင်ရွက်နေကြောင်းသိရသည်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှတာဝန် ရှိသူတစ်ဦးက''ဘင်္ဂါလီတွေတရား မဝင်သယ်ဆောင်လာတာကို ဖမ်းဆီး မိတဲ့အတွက် အခုလိုခြိမ်းခြောက်တာ ပါ။ ကျွန်တော်တို့မှာ အဲဒီလိုခြိမ်း ခြောက်မှုတွေနဲ့ပတ်သက်ပြီး တခြား သက်သေ အထောက်အထားတွေရှိ သေးတယ်။ ရဲလုပ်ငန်းအတိုင်းဖော် ထုတ်ဖို့ လုပ်ဆောင်နေပါတယ်''ဟု ပြောသည်။

ဘင်္ဂါလီများကိုတရားမဝင်တင် ဆောင်လာသည့် အငြိမ်းစားရဲမှူးကြီး၏ သားနှင့်သမီးတို့နှစ်ဦးကို အမ်းမြို့နယ်တွင် ဇွန်၂၇ရက်ကဖမ်းဆီး ရမိခဲ့ပြီး ဖမ်းဆီးရမိသူနှစ်ဦးမှာ ရဲ မှူးကြီးဦး....၏သမီးဖြစ်သူ နေ ပြည်တော်နေ မ ...နှင့် ဒရိုင် ဘာဦး....တို့ဖြစ်ပြီး ၄င်းတို့နှစ် ဦးသည် ကျောက်တော်မြို့နယ် အထက်ပိုက်သည်ရွာမှ ဘင်္ဂါလီကိုးဦး ကို ရန်ကုန်သို့ အခကြေးငွေယူ တင် ဆောင်လာခဲ့ရာမှ အမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်ကြောင်း ယင်းက ဆက် လက်ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ''ဖမ်း ဆီးရမိတဲ့ဘင်္ဂါလီတွေကို လဝက ဥပဒေအရ အပြစ်ပေးသွားမှာပါ'' ဟု ပြောသည်။
ယင်းကဲ့သို့ တရား မဝင် ဘင်္ဂါလီသယ်ဆောင်မှုများနှင့် ပတ်သက်ပြီး ဆက်စပ်သူများကို လည်း ထပ်မံစစ်ဆေးလျက်ရှိသည် ဟုသိရသည်။

အဆိုပါအမှုကို အမ်း ရဲစခန်းမှ(ပ)၃၂/၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၆၇အရ အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ‎Democracytoday‬

အဆင့်(၃)ဆင့်ဖြင့်ထုတ်ပြန်မည့် သန်းခေါင်စာရင်း

၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ လူဦးရေစာရင်း ထုတ်ပြန်ချက်ကို အဆင့်(၃)ဆင့်ဖြင့် ထုတ်ပြန်သွားမည်ဖြစ်သည်ဟု ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့(UNFPA)က ကရင်ပြည်နယ်၊ ဖားအံမြို့ သုမေဓာရာမကြားတောရကျောင်း၌ ဇူလိုင် ၂၅ ရက်နေ့တွင် ပြောသည်။

UNFPA မှ နိုင်ငံခြားပညာရှင်ဖြစ်သူ Mr Rogecio၊ Ms Sarahနှင့် ဒေါ်ခင်ဇာနိုင်၊ ဒေါ်ကြည်ကြည်စိမ်း ပါဝင်သည့် အဖွဲ့တို့သည် ကရင်ပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအာဦးစီးဌာန(လဝက) တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဘာသာရေးခေါင်းများ၊ လူမှုရေးအဖွဲ့များနှင့် သုမေဓာ ရာမကြားတောရကျောင်း၌ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ယူမှုလူဦးရေစာရင်း ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တစ်နိုင်ငံလုံး စုစုပေါင်း လူဦးရေနှင့် ကျား/မ လူဦးရေစာရင်းကို ယခုနှစ် သြဂုတ်လတွင် တစ်ကြိမ်၊ မေးခွန်း(၄၁)ချက် ဖြေဆိုထားသည့် အချက်များကို ၂၀၁၅ ခုနှစ်၊ မေလ သို့မဟုတ် ဇွန်လတွင် တစ်ကြိမ်နှင့် မြန်မာနိုင်ငံ၏ မျိုးနွယ်စုလူဦးရေစာရင်းကို ၂၀၁၅ ဒီဇင်ဘာလ သို့မဟုတ် ၂၀၁၆ ဇန်နဝါရီလတွင် တစ်ကြိမ် စသည့် အဆင့် ၃ဆင့်တို့ဖြစ်ကြောင်း UNFPA က ပြောသည်။

၎င်းတွေ့ဆုံပွဲတွင် UNFPA မှ ပညာရှင်ဖြစ်သူ Mr Rogecio က “အခု မြန်မာနိုင်ငံမှာ ကောက်ယူနေတဲ့ သန်းခေါင်စာရင်းမှာ မေးခွန်းတွေ၊ အချက်အလက်တွေ များတဲ့အတွက် ပြန်လည်စိစစ်ရတဲ့အခါမှာ အချိန်ယူရပါတယ်။ ဒါကြောင့် အခုလို သုံးဆင့်ခွဲပြီး ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

တွေ့ဆုံပွဲတွင် UNFPA အပါအ၀င် ကရင်ပြည်နယ်ရှိ လ၀ကမှ ဖားအံခရိုင် ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်ဆန်း၊ ကရင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးစောတင့်လွင်၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် လူမှုရေးအဖွဲ့များ စုစုပေါင်း လူဦးရေ ၅၀ ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

“ဒီသန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး သူတို့ UNFPA ပြောတဲ့ အဆင့် သုံးဆင့်ထုတ်ပြန်ဖို့ကိစ္စမှာ ကောင်းပါ တယ်။ ဒီသန်းခေါင်စာရင်းထုတ်ပြန်ချက်ကို ဘယ်လိုပုံစံနဲ့ ထုတ်ပြန်သင့်တယ်ဆိုတာ ပြည်သူတွေဆီက အကြံဉာဏ်လာတောင်းသွားတယ်။ နောက်ပြီး ဒီလိုလာရှင်းပြမှုလုပ်တာဟာ ပွင့်လင်းမြင်သာမှုရှိတယ်လို့ မြင်တယ်”ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် လူမှုအဖွဲ့အစည်းများဘက်မှ နန်းမြသီတာက ကေအိုင်စီသို့ ပြောသည်။

UNFPA မှ ဒေါ်ခင်ဇာနိုင်ကလည်း “ကျမတို့က မန္တလေးမှာတော့ သွားရောက်ရှင်းပြခဲ့ပြီးပြီ။ အခု ကရင်ပြည်နယ်ပြီးရင် မွန်ပြည်နယ်ကို ဆက်သွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၁၄ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့မှ ဧပြီလ (၁၀) ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းအတိုင်းအတာဖြင့် ကောက်ကွက်ပေါင်း (၈၁၀၀၀)ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: KIC news

မသိလို့သာပေါ့...သိများသိလို့ကတော့

မိုးပွင့်ရဲ့ နောက်ကွယ်မှ  ထိုးကျွေးခြင်းခံလိုက်ရတဲ့ မြေစာပင်သားကောင်များ
==============================

ဒီဖြစ်စဉ်လေးကတော့ ၂၀၁၁ ခုနှစ်.ဇူလိုင်လ မှာ စတင်ခဲ့တဲ့ မိုးပွင့်(၁)စီမံချက်မှာဖြစ်ပွားခဲ့တဲ့ ၀န်ထမ်းအများစုမသိလိုက်ရတဲ့အဖြစ်အပျက်
လေးတစ်ခုပါ....အခု ၂၀၁၄ ခုနှစ်.....ဇူလိုင်မှာ တော့ (၃) နှစ်တိတိ ပြည့်သွားခဲ့ပါပီ....ယခု မိုးပွင့် တာဝန်ထမ်းဆောင်နေကြတဲ့ လ၀က၀န်
ထမ်းလေးများ သတိ ၀ိရိယထားပီးလုပ်ကိုင်နိုင်ဖို့နဲ့ သံဝေဂ ရနိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်....ဒါကြောင့်လ၀ကမှာ ဘူးတလုံး
ဆောင်ယင် အိုတောင်မဆင်းရဲဘူး ဆိုတဲ့ မူကိုသုံးနေတဲ့ သူတွေအတွက် မသိဘူးဆိုယင် ဘာဖြစ်သွားမလဲဆိုတာကို အထောက်အထားတွေနဲ့
ပူးတွဲ တင်ဆက်ပေးလိုက်ပါတယ်....ဒီလိုမျိုးဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အသေးစိတ်ကို သိချင်ယင်တော့    http://shwetahkarhmuchitthu.blogspot.com
မှာလည်း ၀င်ရောက်ပီးဖတ်ရှူနိုင်ပါတယ်.....
-----------
 နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အပါအ၀င် နိုင်ငံတော်အကြီးအကဲများ...၀န်ကြီးဌာနများနှင့် မိဘပြည်သူ
များ အားလုံုးသိရှိနိုင်ရေးအတွက် လ၀က ၀န်ကြီး ဦးခင်ရီ မှ လွှတ်တော်တွင် အရှက်ကွဲခဲ့ရမှူအပေါ်  ကျောက်တံခါးမြို့နယ်ရုံးမှ
ဝန်ထမ်းများအား အပြစ်မရှိ အပြစ်ရှာကာ အရေးယူအပြစ်ပေးခဲ့ခြင်းကို  အောက်ပါအတိုင်း ဖြစ်စဉ်အား ရေးသားတင်ပြအပ်ပါသည်....
(၁)         အရပ်သားအစိုးရဖြစ်လာပီးသည့်နောက်ပိုင်း ပထမဆုံး လ၀က ၀န်ကြိးအဖြစ်တာဝန်ထမ်းဆောင်သူ ဦးခင်ရီ( ယခင်စစ်အစိုးရလက်ထက်
တွင် ရဲချုပ်)မှ မြန်မာတစ်နိုင်ငံလုံးတွင် မိုးပွင့် စီမံချက်များဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများအား ရပ်ကွက်/ ကျေးရွာ များသို့ ကွင်းဆင်း
ဆောင်ရွက်စေခဲ့ရာ ပဲခူးတိုင်း( အရှေ့ပိုင်း) ....ကျောက်တံခါးမြို့နယ်အတွင်းရှိ ရင်းတိုက်ကုန်းကျေးရွာတွင်လည်း နငသ စီစစ်ရေးကတ်ပြားများ
အား  (၂၀၁၁) ခုနှစ်...ဇူလိုင်လအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပီး ကတ်ပြားများအား နေ့ချင်းပြီးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်.....
(၂)          ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာတွင် မိမိ လ၀က ရုံးဝန်ထမ်းများ မှ အဝေးပြေးလမ်းမကြီး၏ တဘက်ခြမ်းတွင် ၀န်ကြိးဌာနမှ
ုသတ်မှတ် ထားရှိသည့် အခငွေ ( ၆ ) ကျပ်ကိုသာ ကောက်ယူပြီး ကတ်ပြားများအား နေ့ချင်းပီး ထုတ်ပေးနိုင်ရေးအတွက် အလျင်မှီနိုင်အောင်
ကြိုးပမ်းကာ ဆောင်ရွက်ပေးခဲ့ရပါသည်....မိမိ တို့ လ၀ကအဖွဲ့နှင့် လမ်းတဘက်ခြား တွင်မူ  ရယကအဖွဲ့မှ ဓါတ်ပုံရိုက်ခ..မိတ္တူကူးခ...လုပ်
အားပေးခ...ကျွေးမေးဧည့်ခံစရိတ်အတွက် တစ်ဦးလျှင် နှစ်ထောင် ကျပ်ဆီ ကောက်ခံထားရှိခဲ့ပါသည်....
(၃)          ထိုသို့ ဆောင်ရွက်ပေးခဲ့ပီးသည့် စီမံချက်ကာလအတွင်းတွင် ထိုသို့ ရယက မှ ပိုက်ဆံ ကောက်ခံမှုကို ရယက ဥက္ကဌ ဦးစန်းလွင်နှင့်
မတည့်သူတစ်ဦး(ထိုသို့တိုင်ကြားသူမှာလည်း နငသကတ်ပြားပြုလုပ်သူမဟုတ်ပဲ အပြင်လူတစ်ဦး)မှ ကျောက်တံခါးမြို့နယ်..ပြည်ုခိုင်ဖြိုး.
.ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာ ခင်မောင်ဆွေ     အားသွားရောက်တိုင်ကြားခဲ့ပါ
သည်....အဆိုပါ အမတ်ဖြစ်သူမှာလည်း " ငါခေါ်လျှင် ဘယ်ဌာနဆိုင်ရာမဆိုလာရောက်ရမည် " ဆိုပီး မြို့နယ်အုပ်ချုပ်ရေးမှူးအပါအ၀င်ဌာနဆိုင်
ရာများအားလုံးကို ခေါ်ယူပီး ပါဝါ အာဏာများပြကာ ဌာနလုပ်ငန်းများတွင် ၀င်ရောက်စွတ်ဖက် ဆောင်ရွက်လျက်ရှိသည့်အပြင် ဌာနဆိုင်ရာများ
၏ လုပ်ဆောင်မှုများအား လွှတ်တော်တွင် တင်လိုက်ရမလား ဟု ပြော ဆို ချိန်းခြောက်ခြင်းများ အမြဲဆိုသလို ပြုလုပ်နေသူတစ်ဦးဖြစ်သည့်အတွက်
 ကျောက်တံခါးမြို့နယ်အတွင်းရှိ မည်သည့်ဌာနဆိုင်ရာနှင့်မှအဆင်ပြေခြင်း မရှိပဲ ရွှံကြောက်ကြီးဖြစ်နေခဲ့ရသူတစ်ဦးးလည်းဖြစ်ပါသည် (မှတ်ချက်....
ထိုသို့ ခေါ်ယူမှူများ ဖြစ်ပွားနေသည့်အတွက် ထိုဖြစ်စဉ်များအား မြို့နယ်အုပ်ချုပ်ရေးမှူးမှ ၀န်ကြီးချုပ်အားတင်ပြရာ ၀န်ကြီးချုပ်မှ သူခေါ်လျှင်
သွားရောက်တွေ့ဆုံရန်မလိုဟု မှတ်ချက်ပြုခဲ့ပါသည်
(၄)            ထိုသို့ အမတ်ပေါ် တိုင်ကြားခဲ့သည့်အတွက် အမတ်မှ မြို့နယ်ဦးစီးမှူးအား သူ့နှင့်လာရောက်တွေ့ဆုံရန်အကြိမ်ကြိမ် ခေါ်ယူရာ
 မနမမှ သွားရောက်တွေ့ဆုံခြင်းမရှိပဲ လ/ထ မနမ အားသာလျှင် သွားရောက်တွေ့ဆုံစေခဲ့ပါသည်.....ထိုသို့ လ/ထ မနမ မှ သွားရောက်တွေ့
ဆုံရာတွင် အမတ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးအားခေါ်ယူပီး ပိုက်ဆံများအား ပြန်အမ်းစေရန်နှင့် ထိုသို့ကောက်ယူသည့် ရယကအဖွဲ့အား လ၀ကမှ
ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်သွားစေရန် ညွှန်ကြားခဲ့ပါသည်....မိမိ တို့ မြို့နယ်ရုံးမှ ၀န်ထမ်းများမှလည်း အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးအား
ခေါ်ယူပီး ပိုသည့်ငွေများအား ပြန်အမ်းပေးရန်ပြောကြားခဲ့သည့်အတွက် ရယကမှ တစ်ဦးလျှင် ( ၅၀၀) ကျပ်ဆီ ပြန်လည် အမ်းပေးခဲ့ပါသည်...
(၅)            ထိုသို့ တိုင်ကြားသည့်အမှုမှာ ငွေပြန်အမ်းလိုက်သည့်အတွက် ပီးဆုံးသွားပီဖြစ်သောလည်း  လွှတ်တော်အမတ်မှ သူခေါ်သည်ကို
လာရောက်တွေ့ဆုံခဲ့ခြင်းမရှိသည့် မနမ နှင့် အုပ်ချုပ်ရေးမှူးအား တရားစွဲဆို အမှုမဖွင့်လှစ်သည့်အတွက် အစာမကျေဖြစ်နေခဲု့သည့်အမတ်
မင်းမှ ပီးဆုံးသွားသည့် တိုင်စာ ကိစ္စ ကို သူကိုယ်တိုင်တင်လျှင် မျက်နှာနာမှာဖြစ်သည့်အတွက်  သူနှင့်ရင်းနှီးသည့် ရခိုင်ပြည်နယ်...ရမ်းဗြဲမြို့နယ်
လွှတ်တော် အမတ် ဦးအောင်စိန်  ( ဗိုလ်မှူးငြိမ်း....လ၀က ညွှန်မှူးငြိမ်း) အား ပီးဆုံးသွားသည့်အမှုတွဲတိုင်စာ အဟောင်းအားပေးပီး
 လွှတ်တော်သို့တင်ခိုင်းခဲ့ပါသည်....
လ၀က အငြိမ်းစားတစ်ယောက်မှ လ၀က ဌာန၏ အားနည်းချက်များနှင့် သူနဲ့မသက်ဆိုင်သည့် ကျောက်တံခါးကိစ္စများအား တင်ပြမေးမြန်းခဲ့
သည့်အတွက် လ၀က ၀န်ကြီးမှ အကြီးအကျယ်ဒေါသထွက်ကာ ပေါက်ကွဲခဲ့ပါသည်.....
(၆)           ထိုသို့ ဒေါသထွက်ပေါက်ကွဲခဲ့ရသည့်အတွက်  ရန်ကုန်တိုင်း...မြောက်ပိုင်းခရိုင်မှူး...ဒုညွှန်မှူး ဦးယဉ်ထွေးအားနေပြည်တော်သို့
 ချက်ချင်းခေါ်ယူပီး ၀န်ကြီးကိုယ်တိုင်မှ တိုက်ရိုက်အမိန့်ပေးကာ စုံ/ခုံအဖွဲ့အားဖွဲ့စည်းပေးကာ ကျောက်တံခါးမြို့နယ်ရုံးသို့ ချက်ခြင်းစေလွှတ်
ကာ သွားရောက်စုံစမ်းစစ်ဆေးစေခဲ့ပါသည်....အဆိုပါအဖွဲ့မှ ရယက အဖွဲ့ဝင်များ...ပြည်သူများ...တိုင်ကြားခဲ့သူများအားစစ်ဆေးခဲ့ရာ
ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည့် လ၀က အဖွဲ့အား ငွေကြေးတစ်စုံတစ်ရာ ပေးကမ်းရခြင်း မရှိကြောင်း....ပိုလျှံသည့်ငွေကြေးများမှ အရံမီး
သတ်တပ်ဖွဲ့ဝင်များအတွက် ၀တ်စုံ ချုပ်ပေးခြင်းသာပြုလုပ်ခဲ့ပီး  တစ်ဦးလျှင်လည်း ငွေကျပ် (၅၀၀) ဆီအား ပြန်အမ်းပေးထားပီးဖြစ်ကြောင်း
အစစ်ခံခဲ့ပါသည်...
(ရ)              ထိုကဲ့သို့ စစ်ဆေးမှုတွင် လ၀က ၀န်ထမ်းများမှ ငွေကြေး လာဒ်လာဘ တစ်စုံတစ်ရာမှ ရယူထားခြင်း...မသမာမျှ ပြုလုပ်ထား
ခြင်းမျိုး....မမှန်မကန် ပြုလုပ်ပေးထားခြင်းမျိုး လုံးဝမရှိပဲ ကွင်းဆင်းဆောင်ရွက်မှုကို ဌာန၏ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်
ရွက်ထားရှိခြင်း ကိုတွေ့ရှိခဲ့ရသော်လည်း ကျောက်တံခါးမြို့နယ်ရုံးမှ မြို့နယ်ဦးစဲီးဌာနမှူး ( ၁) ဦးနှင့် ဒုလ၀ကမှူးဝန်ထမ်း အမျိုးသမီး(၃)ဦး
အပါအ၀င် လ/ထလ၀ကမှူး ၀န်ထမ်း (  ၅   ) ဦး....ရုံးစောင့် (  ၁  ) ဦး...စုစုပေါင်း  (   ၁၀     ) ဦးတို့အား ရာထူးတိုး ( ၂ ) နှစ်ရပ်ဆိုင်းပီး
ဝေးလံခေါင်ဖျားသည့် ဒေသများ  သို့ပြောင်းရွှေ့စေရန်အပြစ်
ဒဏ်ပေးခဲ့ပါသည်....ထိုသို့ အရေးယူအပြစ်ပေးခြင်းထုတ်ပြန်ခဲ့သည့် ၀န်ကြီးဌာန ရုံးတွင်းအမိန့်စာတွင် ""  ငွေကြေး ( ၂၀၀၀)ကျပ်
ကောက်ခံခြင်းကို  လ၀က ၀န်ထမ်းများ မှ မသိရှိခဲ့သည့်အတွက် "" ဟုဆိုကာ ရာထူးတိုး ( ၂ ) နှစ်ရပ်ဆိုင်းခဲ့ခြင်းနှင့် ဝေးလံဒေသသို့ပြောင်း
ရွှေ့စေခြင်း ဟုဆိုကာ အပြစ်ပေးခဲ့ပါသည်...
(၈)                မိမိတို့ ကျောက်တံခါးမြို့နယ်ရုံးဝန်ထမ်းများသည်   မိမိတို့အားပေးအပ်ထားသည့် တာဝန်များကို ကျေပြွန်စွာ ထမ်းဆောင်
နိုင်ရေးအတွက်   မည်သည့် လာဒ်လာဘ ငွေကြေး တစ်စုံတစ်ရာ ကိုမှ ရယက အဖွဲ့များနှင့် ညှိုနိုင်းထားခြင်း...ကြိုတင်စီစဉ်ခြင်းများ...ရယူ
ထားခြင်း  များ မရှိပဲ ၀န်ကြီးမှတာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ခိုင်းခဲ့သည့် မိုးပွင့်စီမံချက်အား အထက်ဌာန၏ညွှန်ကြားချက်
 များအတိုင်း မိမိလုပ်ဆောင်ပေးရမည့် လုပ်ငန်းတာဝန်ရပ်များကို  စေတနာတရားများစွာ ထားရှိကာ ကိုယ့်အိတ်စိုက်ကိုယ်စားပီး  ကျေးရွာသူ/
သားများလက်ဝယ်သို့ မှတ်ပုံတင်များအား နေ့ချင်းပီးထုတ်ပေးနိုင်ရေးအတွက်သာ အားသွန်ခွန်စိုက်ကြိုးပမ်.အားထုတ်ခဲ့ပီး မိမိဌာန၏လုပ်ငန်း
ဆောင်တာ....တာဝန်ဝတ္တရားများကိုသာ ကျေပြွန်စွာဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် ကိုသာ ရှေ့ရှူပီး ကိုယ့်လုပ်ငန်းကိုယ်
ဆောင်ရွက်ခြင်းဖြစ်ပါသည်..
(၉)                ရယက အဖွဲ့မှ ငွေကြေးကောက်ခံခြင်းသည်လည်း ဓါတ်ပုံရိုက်ခ....အိမ်ထောင်စု/မှတ်ပုံတင် မိတ္တူကူးခ......လုပ်အားပေးခ...
ဧည့်ခံကျွေးမွေးရေးစရိတ် အထွေထွေကုန်ကျစရိတ်များအတွက် တစ်ဦးလျှင် နှစ်ထောင်ကျပ်ကောက်ခံခြင်းသည်   ၄င်းတို့နှင့်သက်ဆိုင်သည့်
လုပ်ငန်းကောင်တာ ကိစ္စများအတွက် ၄င်းတို့ဘာသာကောက်ခံ လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်ပါသည်...လ၀က မှလည်း ကိုယ့်လုပ်ငန်းဖြစ်သည့်
နိုင်ငံသားစီစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးအတွက်သာပုံစံများကောက်ယူခြင်းလုပ်ငန်းကိုသာ
ဆောင်ရွက်သွားခဲ့သလို  ....ရယက မှလည်း သူ့လုပ်ငန်းကို သူလုပ်ဆောင်သွားခဲ့ခြင်းပင်ဖြစ်ပါသည်....ရယက မှလည်း လ၀က လုပ်ငန်းကိုဝင်
ရောက်စွန့်ဖက် ခြင်းမရှိသလို လ၀ကမှလည်း သူတို့လုပ်ဆောင်နေသည့် လုပ်ရပ်ကို ၀င်ရောက်စွန့်ဖက်ခြင်းလည်း မရှိခဲ့ပဲ..သူ့စည်း...
ကိုယ့်စည်း ဖြင့်လုပ်ဆောင်သွားခဲ့ခြင်းသာဖြစ်ပါသည်.........
(၁၀)               ထိုကဲ့သို့ ကျောက်တံခါးမြို့နယ်ရုံး ၀န်ထမ်းများအား စုံခုံအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးရာတွင် ရယကအဖွဲ့မှ လ၀က၀န်ထမ်းများအား
ငွေကြေး တံစိုးလက်ဆောင်တစ်စုံတစ်ရာမှပေးကမ်းခဲ့ခြင်းမရှိကြောင်းနှင့် အသုံးစရိတ်နုတ်ပီးပိုလျှံ့သည့်ငွေများအား အရံမီးသတ်များအတွက်
ဝတ်စုံများချုပ်ပေးခဲ့ပီး ကာယကံရှင်များအားလည်း တစ်ဦးလျှင်ငွေကျပ်( ၅၀၀)စီအား ပြန်လည်ပေးအပ်ခဲ့ကြောင်း စစ်ဆေးထွက်ဆိုခဲ့ပိး အဖြစ်
မှန်ပေါ်ပေါက်ခဲ့သော်
လည်း  ၀န်ကြီးမှ လွှတ်တော်တွင် အရှက်ကွဲခံခဲ့ရသည့်အတွက် ဒေါသတရားများဖုံးလွှမ်းနေခဲ့ပီး မိမိ အရေးယူအပြစ်ပေးခြင်းသည် မှန်သလား
မှားသလားဟု ဝေခွဲနိုင်ခြင်းမရှိတော့ပဲ  မိမိ၏ အတ္တ....မာန်မာန များထိခိုက်ခံခဲ့ရသည်...ဂုဏ်သိက္ခာကျခဲ့ရသည် ဖြစ်စဉ်ဖြစ်ရပ်အတွက် မိမိလက်
အောက်ဝန်ထမ်းငယ်များအပေါ်  သနား...ကြင်နာ.....ကိုယ်ချင်းစာနာစိတ်.....ဂရုဏာမေတ္တာတရား မထားနိုင်တော့ပဲ အရေးယူအပြစ်ပေးလိုက်ခြင်း
သည် လ၀က ၀န်ကြီးဌာန ၀န်ကြီး၏ ဒေါသ အဂတိ တရားလိုက်စားကာအပြစ်မရှိသည့် ၀န်ထမ်းငယ်များအပေါ် နိုင်လိုထက်စီး....အနိုင်ကျင့်ကာ....
ဥပဒေမဲ့ ပြုမှူလုပ်ဆောင်ခဲ့သည့်လုပ်ရပ်သည်  ၀န်ထမ်းငယ်များ၏ မိသားစု ဘ၀....တက်လမ်း....ဘ၀လမ်းကို ရိုက်ချိုးခဲ့ခြင်းပင်ဖြစ်ပါသည်..
တနည်းအားဖြင့်ဆိုသော် ၀န်ကြီးမှ လွှတ်တော်တွင် ထိုကိစ္စရပ်အား အတင်ခံလိုက်ရသည့်အတွက် အရှက်ကွဲခဲ့ရမှုအပေါ် ရှက်ရမ်းရမ်းကာ
အောက်ဝန်ထမ်းများအား ဓါးစားခံ ထိုးကျွေးလိုက်ခြင်းပင်ဖြစ်ပေသည်.....
(ထိုကဲ့သို တဘက်သတ်အရေးယူ့အပြစ်ပေးအရေးယူခြင်းခံလိုက်ရသော(သို့)ထိုးကျွေးခံလိုက်ရသော ၀န်ထမ်းများသည် ၀န်ကြီးနေပြည်တော်အတက်/
အဆင်း ခရီးစဉ်တိုင်း ၈၃/၆ ဖာလုံရှိ ဆောက်လုပ်ရေးဧည့်ရိပ်သာတွင် မိမိမြို့နယ်ရုံးစရိတ်ဖြင့် ဧည့်ခံကျွေးမွေးရေးတာဝန်ကို နေပူမရှောင်/မိုး
ရွာမရှောင် အခေါက်တိုင်းသွားရောက်ကာ ဆောင်ရွက်ပေးနေရသောဝန်ထမ်းများဖြစ်ကြပါသည်)
.ထိုကဲ့သို့
ဝန်ကြီး၏ မဟုတ်မမှန် တဘက်သက်အပြစ်ပေးအရေးယူမှူကြောင့် တစ်ချို့မိသားစု ဘ၀တွေပျက်ခဲ့ရပီး....ရှိတာလေးတွေကိုပေါင်နှံ
ရောင်းချကာ ပြောင်းရွှေ့ခဲ့ရပီး  တစ်ချို့မှာ နှလုံးရောဂါဖြစ်....စိတ္တဇရောဂါဖြစ်ပီးဆေးဝါးကုသခံခဲ့ရပြီး မိသားစုများအားလုံးမှာလည်း တကွဲတပြား
ဖြစ်ခဲ့ရပါသည်..(ထိုသို့ပြောင်းရွှေ့ဝန်ထမ်းများအနက် ဒု-လ၀ကမှူးဒေါ်နိုဘယ်လ်မြင့်ဆွေထွန်းမှာ စိတ်ကျရောဂါဖြစ်ကာ ၂၉-၅-၂၀၁၄  ရက်နေ့တွင်
ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါသည်).....စေတနာတရားထက်သန်စွာဖြင့်  မိမိဝန်ကြီးမှ အကောင်အထည်ဖော်ဆောင်ရွက်ခိုင်းသည့် မိုးပွင့်စီမံချက်
လုပ်ငန်းအား မိမိဝန်ထမ်းများမှ မိမိကိုယ်ကျိုးအတွက် လုံးဝမကြည့်ပဲ ပြည်သူအများနိုင်ငံသားစီစစ်ရေးကတ်ပြားများအား အလွယ်တကူရရှိကိုင်
ဆောင်နိုင်ရေးအတွက် ကြိုးကြိုးစားစားစွုမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် မိမိဝန်ထမ်းများမှာ မြို့နယ်ဦးစီးဌာနမှူးနှင့် လွှတ်တော်အမတ်ကြား..
လွှတ်တော်အမတ်နှင့် ၀န်ကြီးအကြား ကြား(၃)ကြားအညှပ်ခံရပီး  ၀န်ကြီး၏ အတ္တနှင့်မာန်မာနများကြားတွင် အပြစ်မဲ့စွာအရေးယူခံလိုက်ရသည့်
အပြစ်မဲ့သားကောင်များဖြစ်ခဲ့ရပေသည်....ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုသလိုမျီုးနှင့်  မိမိနာမည်ကောင်း
ရရှိရေးအတွက် မိမိအောက်လက်ငယ်သားများကို စတေးခံခိုင်းခဲ့ခြင်းသည် ခေါင်းဆောင်ကောင်းပီသသောလုပ်ရပ်တစ်ခုမဟုတ်ပဲ သူရဲဘော
ကြောင်သော ..သတ္တိမရှိသော.....မိမိဝန်ထမ်းများအပေါ် တာဝန်ယူမှု...တာဝန်ခံမှု( ရစရာရှိယင် ငါယူမည်....ခံစရာရှိယင် မင်းတို့ခံ) မရှိသော
လုပ်ရပ်တစ်ခုဖြစ်ခဲ့ပီး ဌာန၏သမိုင်းတွင်လည်း အရုပ်ဆိုးအကျည်းတန်မှုကိုဖြစ်ပေါ်စေခဲ့ပါသည်....
အထက်ဌာန ညွှန်ကြားချက်အတိုင်း တသွေမတိမ်း လိုက်နာ အကောင်အထည်ဖော်ဆောင်၇ွက်ခဲ့ပီး နေ့မနား...ညမအားပဲ ပေးအပ်သည့်
တာဝန်မှန်သမျှ ကိုစိတ်အား
ထက်သန်စွာဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ၀န်ထမ်းများအပေါ် ထိုသို့ မှားယွင်း လွဲချော်စွာ အနိုင်ထက်ကျင့်အရေးယူအပြစ်ပေးလိုက်ခြင်း
သည် မှန်ကန်စွာလုပ်ဆောင်....တိုင်းပြည်တာဝန် များကို ထမ်းရွက်နေခဲ့သည့်  ၀န်ထမ်းများ၏ စေတနာ တရားများပါသည့်လုပ်ချင်..ကိုင်ချင်
စိတ်ရှိသည့် စိတ်ဓါတ်...ခွန်အားများကိုလည်း ရိုက်ချိုးပစ်လိုက်ခြင်းလည်းဖြစ်ပေသည်....တရားစီရင်ထုံးတွင် အပြစ်ရှိသူတစ်ရာလွတ်သွားပါစေ
အပြစ်မဲ့သူတစ်ဦးအား မှားယွင်းအရေးယူအပြစ်ပေးခြင်းအား ရှောင်ရှားရန် အတိအလင်းညွှန်းဆိုထားခဲ့ပါသည်...ထိုကဲ့သို့ မဟုတ်မမှန်အရေး
ယူခံလိုက်ရခြင်းအတွက် မိမိတို့၏ဂုဏ်သိက္ခာ များစွာ ထိခိုက်ခဲ့ရပီး စိတ်ဆင်းရဲခြင်း..ကိုယ်ဆင်းရဲခြင်းများစွာ ရရှိခံစားခဲ့ရမှုအပေါ် နောက်အစိုး
ရသစ်လက်ထက်တွင် ဖြစ်လည်မည့် နောင်ဝန်ကြီးလက်ထက်တွင် အမှန်တရားဖော်ထုတ်နိုင်ရေးအတွက် ဆက်လက်တင်ပြလျှောက်ထားသွား
မည်ဖြစ်ပါသည်....မိမိစိတ်ဆင်းရဲစွာ...ကိုယ်ဆင်းရဲစွာခံစားခဲ့ရသည့် ဝေဒနာများသည် ၂၀၁၄ခုနှစ်...ဇူလိုင်တွင် (၃)နှစ်တိတိပြည့်သွားခဲ့ရပြီး
ဖြစ်ပါသည်.ထိုကဲ့သို့  ဗြဟ္မာစိုးတရားလေးပါးနှင့်အညီမအုပ်ချုပ်
နိုင်သော....ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့.....လူသာပြောင်းသွားသော်လည်း   မူမပြောင်းသေးသော....အကြောက်တရားဖြင့် ၀န်ထမ်း
များကို အုပ်ချုပ်နေသော......ခေတ်ပြောင်းတာကိုလည်း လက်မခံပဲ ယခင်စစ်အစိုးရမူကဲ့သို့  အုပ်ချုပ်နေသော.....၀န်ကြီးအကြောင်းအရာများ
အား ၀န်ထမ်းများနှင့် အများပြည်သူများသိရှိနိုင်ပါရန်လွဲမှားစွာထုတ်ပြန်ခဲ့သည့် ဦးစီးဌာန၏ ရုံးတွင်းအမိန့်စာ မိတ္တူများနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်....

လ၀က ၀န်ထမ်းတစ်ဦး

Wednesday, 23 July 2014

ပြည်သူလိုအပ်ချက် နေ့ချင်းဆောင်ရွက်ပေးရန်

အစိုးရဌာနဆိုင်ရာများ ပြည်သူ့လိုအပ်ချက်
နေ့ချင်းဆောင်ရွက်ပေးရန် သမ္မတအကြံပေး တိုက်တွန်း

=================================

ပုသိမ်၊ ဇူလိုင် ၂၂

- အစိုးရဌာန ဆိုင်ရာများ အနေဖြင့် ပြည်သူများ ၏ လိုအပ်ချက်၊ တင်ပြချက်များကို နေ့မကူးဘဲ ချက်ချင်းတာဝန်ယူဆောင် ရွက်ပေးရန်လိုအပ်သည်ဟု နိုင်ငံ တော်သမ္မတ၏ စီးပွားရေးအကြံပေး ပုဂ္ဂိုလ်ဖြစ်သည့် ဒေါက်တာအောင် ထွန်းသက်က ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ အစိုးရအဖွဲ့ကို တိုက်တွန်း ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးပုသိမ် မြို့တော်ခန်းမတွင် ဇူလိုင်လ တတိယ အပတ်အတွင်း ကျင်းပသော ဧရာဝ တီတိုင်းဒေသကြီး အစိုးရအဖွဲ့ နိုင်ငံ တော် ပြုပြင်ပြောင်းလဲမှုများ တတိ ယအဆင့် အရှိန်မြှင့်တင်မှု Third Wave လုပ်ငန်းဆွေးနွေးပွဲသို့ တက် ရောက်လာသည့် အစိုးရဌာနဆိုင် ရာ တာဝန်ရှိသူများအား ၄င်းက အထက်ပါအတိုင်း တိုက်တွန်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

''ပြည်သူအတွက် တုံ့ပြန်ဖို့ အဆင်သင့်ရှိရမယ်။ အစိုးရဌာန ဆိုင်ရာကို လူတစ်ယောက်လာလို့ ရှိရင် မနက်ဖြန် လာခဲ့ဆိုတာကို လုံးဝမသုံးနဲ့။ ဒီနေ့နဲ့ ပြီးအောင်လုပ် ပေးပါ။ ပုဂ္ဂလိကမှာကျတော့ ဖောက် သည်လာရင် ကျေနပ်အောင် ချက် ချင်း ဆောင်ရွက်ပေးရတယ်။ မလုပ် ပေးရင် တခြားဆီ သွားမှာလေ။ ဒါ့ကြောင့် အခုကြည့်လိုက်၊ ရန်ကုန် မှာဆို အစိုးရကျောင်းမထားဘဲ ပုဂ္ဂလိကကျောင်းပဲ ထားကြတယ်။ အစိုးရဘဏ်ကို လူတွေ ဘာလို့ မသွားဘဲ ပုဂ္ဂလိကဘဏ်ပဲသွားနေလဲ။ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ရ မယ်''ဟု ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

''ဧရာဝတီတိုင်းမှာ ကျွန်တော် ဝန်ကြီးချုပ်အနေနဲ့ ငါးနှစ်တာ တာဝန်ယူသွားတဲ့ ကာလမှာကောင်းမွေ ဆိုးမွေတွေကို အကုန်အားလုံး တာဝန်ယူသွားမယ်။ ဘယ်သူ ဘာလုပ်လုပ် လူသတ်လဲပဲ တာဝန်ယူသွား မယ်''ဟု ဝန်ကြီးချုပ် ဦးသိန်းအောင် က ပြောသည်။

ပုသိမ်မြို့တော်ခန်းမ၌ ကျင်းပခဲ့သည့် အဆိုပါ လုပ်ငန်းဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအ ဆင့်ဝန်ကြီးများ နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာအောင် ထွန်းသက်၊ MHR ကျောင်းအုပ်ဆရာကြီး ဦးအေးကျော်၊ လွှတ်တော်ကိုယ် စားလှယ်များ ဌာနဆိုင်ရာမှ တာဝန် ရှိသူများ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ လူမှုရေးအဖွဲ့အစည်းများ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၁ဝဝဝခန့် တက်ရောက်ဆွေးနွေးခဲ့ ကြသည်။

KKK (Myitmakha)

yangon media group

Dr.ရင်ရင်နွယ်နှင့်တွေ့ဆုံမေးမြန်းခြင်း

ဒေါက်တာရင်ရင်နွယ်နဲ့ တွေ့ဆုံမေးမြန်းခန်း အပိုင်း (၂)

ဦးကျော်ဇံသာ (VoA) နဲ့ ဒေါက်တာဒေါ်ရင်ရင်နွယ်
ဦးကျော်ဇံသာ (VoA) နဲ့ ဒေါက်တာဒေါ်ရင်ရင်နွယ်

  • ဒေါက်တာရင်ရင်နွယ်နဲ့ တွေ့ဆုံမေးမြန်းခန်း အပိုင်း (၂)
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာလူငယ်တွေကြားမှာ ကိုယ်ပိုင်စဉ်းစားသုံးသပ်နိုင်စွမ်းတွေ တိုးတက်လာဖို့အတွက် ပညာရေးအခြေခံနဲ့ အသိပညာဗဟုသုတတွေကို တိုးအောင်လုပ်ဖို့ လိုအပ်တယ်လို့ YSCM အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှုး ကိုရဲမြင့်ဝင်းက ပြောပါတယ်။ အခု မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အခွင့်အရေးတွေ ပိုရလာချိန်မှာ အဲဒီအခွင့်အရေးတွေအပေါ် သိပ်ကိုမှီခိုချင်စိတ်တွေ ဖြစ်သွားမှာကို သူ့အနေနဲ့ စိုးရိမ်တယ်လို့ ဆိုပါတယ်။ လွတ်လပ်ခွင့်ရရှိဖို့လိုတဲ့ တချိန်တည်းမှာပဲ အဲဒီလွတ်လပ်ခွင့်အပေါ် တာဝန်သိမှု၊ တာဝန်ယူမှုလည်း ရှိရမယ်လို့ သူက ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကောင်စီ အထူးအကြံပေးပုဂ္ဂိုလ် ဒေါက်တာဒေါ်ရင်ရင်နွယ်နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကိစ္စတွေကို ဦးကျော်ဇံသာနဲ့ တွေ့ဆုံဆွေးနွေး တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် ဒီတခါ ဆရာမကို မေးချင်တာကတော့ ဆရာမက မြန်မာနိုင်ငံသမ္မတရဲ့  ပညာရေးအကြံပေးအဖွဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မေးချင်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပညာရေးဟာ နိုင်ငံတကာပညာရေးနဲ့စာရင် ဟိုတုန်းကနဲ့စာရင်လည်း အတော်လေးကျဆင်းသွား ပြောရပါမယ်။ အဲဒါကို အပေါ်လွှင်ဆုံး အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြောရင်ကော ဘယ်လိုပြောနိုင်ပါသလဲ ဆရာမ။ ကျနော် ထင်တာက လာအိုတို့က မြန်မာနိုင်ငံထက် အောက်ကျမယ်ထင်တာ ကျနော့်စိတ်ထဲမှာ ကမ္ဘောဒီးယားတို့။

ဒေါ်ရင်ရင်နွယ် ။ ။ ကျမအနေနဲ့ ဒီကိစ္စကို သေချာလေ့လာထားတော့ ခက်တာက အဲဒီလို နှိုင်းယှဉ်ဖို့အတွက်က အချက်အလက်နဲ့ နှိုင်းယှဉ်မှကောင်းမယ်။ အဲဒီတော့ အချက်အလက်တွေကလည်း အဓိက ကျမတို့ ပညာရေးမှာ စိန်ခေါ်မှုတွေ (၃) မျိုးရှိတယ်ပေါ့။ ဒါပေမဲ့ အဲဒီလို အချက်အလက်နဲ့ ညွှန်းကိန်းတွေနှိုင်းယှဉ်ဖို့ indicator နှိုင်းယှဉ်ဖို့က ခက်တာက ကျမတို့မှာ စာရင်းဇယားတွေက ပြည့်ပြည့်စုံစုံ မရှိဘူး။ ဥပမာ ပညာအရည်အသွေးတို့ဘာတို့။ ကျမ ဒီအတိုင်းပဲ ပြောမယ်ဆိုရင်ရှိရင် စိန်ခေါ်မှု (၃) ခုကို အရင်ပြောမယ်ဆိုလို့ရှိရင် ဆင်းရဲတဲ့ ခလေးသူငယ်တွေ၊ ကျောင်းသားလူငယ်တွေ ကျောင်းမတတ်နိုင်မှု။ အဲဒါက ပထမဦးဆုံး အကြီးဆုံး စိန်ခေါ်မှု။ ကျမတို့ နိုင်ငံကလည်း ဆင်းရဲတော့။ ဒုတိယစိန်ခေါ်မှုက ပညာအရည်အသွေးညံ့တာ။ စောစောက ဆရာပြောတာ။ ဒါပေမဲ့ ခက်တာက ပညာအအရည်အသွေး ညံ့တယ်ဆိုတာ ကျမတို့နိုင်ငံက အရင်တုန်းက တံခါးပိတ်နေတော့ နိုင်ငံတကာကလည်း sanction လုပ်ထားတော့ ကျမတို့နိုင်ငံက တခြားနိုင်ငံတွေလို အပြည်ပြည်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့တွေကလာပြီး အမှတ်မပေးထားဘူး။ အဲဒီတော့ နှိုင်းယှဉ်လို့က မလွယ်ဘူး။ ဘာတခုနဲ့ ပြောရမလဲဆိုတော့ ကျမတို့နိုင်ငံက ဘွဲ့ရလာတဲ့ခလေးတွေ ဒီပြင့်နိုင်ငံရောက်ရင် ဘယ်လိုနေသလဲပေါ့။ ပြောမယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံက ပညာရေးစနစ်ကြီးက လုံးဝပျက်ဆီးသွားတာတော့ မဟုတ်ဘူး။ တချို့ တွေက လုံးဝပျက်ဆီးသွားတယ်ဆိုတာကို ကျမ လက်မခံဘူး။ ဒီ အစိုးရကျောင်းတွေကပဲအောင်တဲ့ ခလေးတွေ တော်တဲ့ခလေးတွေ။ ဖျင်းတဲ့ခလေးကတော့ စနစ်တိုင်းရှိတယ်။ တော်တဲ့ခလေးတချို့ ကြတော့ ကျမတို့ခေတ်နဲ့စာရင် အချိန်ပိုင်တခု ကြာရင်ကြာမယ်။ ဒါပေမဲ့ နိုင်ငံခြားရောက်သွားရင်တော့ ဥပမာ စင်္ကာပူ၊ ယိုးဒယား (AIT) တို့မှာ ဘယ်လိုပဲပြောပြော အတိုင်းအတာတခုအထိတော့ လိုက်နိုင်တာတွေရှိတယ်။ ထူးချွန်တာတွေပါရှိတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အစိုးရကျောင်းကို အမှတ်ပေးသင့်သလား။ ကျနော် စဉ်းစားတာက အခုခေတ်နောက်ပိုင်းမှာ ကျောင်းက သင်ပေးတာထက် ကျောင်းပြင်ပမှာ ကျူရှင်ယူကြတယ်ဆိုတာလည်း အများကြီးပါ။

ဒေါ်ရင်ရင်နွယ် ။ ။ အဲဒါ ကျမပြောတဲ့ ဒုတိယစိန်ခေါ်မှုနဲ့ ဆက်နွှယ်နေတယ်။ အဲဒါ ဘာလဲဆိုတော့ ပညာအရည်အသွေးညံ့တယ်။ ညံ့သွားတယ်။ ကျဆင်းသွားတယ်။ အဲဒါ ကျဆင်းသွားတာလဲ မုန့်လုံးစက္ကူကပ် ဖြစ်နေတယ်။ ကျူရှင်နဲ့ ပတ်သက်လို့ အဂတိလိုက်စားတာတွေ များလာတယ်။ တောမှာ သိပ်မရှိဘူး။ အဓိကမြို့ ကြီး ရန်ကုန်နဲ့ မန္တလေးတွေမှာ ပြည်သူလူထုထဲက ထွက်လာတဲ့အသံတွေပဲ။ အဲဒီတော့ ကျူရှင်မပေးရဘူးလာဆို ပေးရပါတယ်။ ကျမတို့ခေတ်က ဆရာဦးနေအုပ် (စိန်ပေါလ်)၊ ဆရာဦးအောင်ဖေညွှန့် (Physics) တို့ဘာတို့ဆိုတော့ တကယ်တော်တဲ့ ဆရာကြီးတွေ။ သူတို့ကြတော့ တော်လို့ ကျောင်းသွားတွေက သူတို့ဆီသွားတာ။ ကျမ ပြောနေတာ အဲဒီလို ကျူရှင်မျိုး မဟုတ်ဘူး။ တော်လို့ ကျောင်းသားတွေ ကိုယ့်ဆီလာတဲ့ ကျူရှင်မျိုးမဟုတ်ဘူး။ ကိုယ်သင်တဲ့ ကျောင်းသားတွေကို ကျမတို့ခေတ်က တခါမှ မလုပ်စဘူး၊ ကိုယ်သင်တဲ့ကျောင်းသားတွေကို ကိုယ်ကငွေကြေးယူပြီး အိမ်မှာ ကျူရှင်ခေါ်ပေးတာ။ ခေါ်ပေးပြီး ကိုယ့်ဆီမှာ ကျူရှင်ယူမယူပေါ် မူတည်ပြီး စာမေးပွဲစစ်တာမှာ ခွဲကြတာ။ ဒါက ခြစားမှု၊ အဂတိလိုက်စားမှု။ အဲဒါကြောင့် ပညာအရည်အသွေး ကျဆင်းသွားတာပါတယ်။ အဲဒါက ဒုတိယ စိန်ခေါ်မှုပါ။ တတိယစိန်ခေါ်မှု ပြီးအောင်ပြောမယ်ဆိုရင် တိုင်းရင်းသားဘာသာစကားနဲ့ သင်ကြားနိုင်မှုပေါ့။

ဦးကျော်ဇံသာ ။ ။ ဒုတိယစိန်ခေါ်မှုမှာ တချို့ က ဘယ်လိုချေပသလဲဆိုရင် ဆရာ၊ ဆရာမတွေရဲ့  လစာဟာ သိပ်နည်းတယ်။ မလောက်ဘူး။ ဒါကြောင့် သူတို့အတွက် ဝင်ငွေလိုတယ်။ တခြားဌာနတွေမှာတော့ တခြားနည်းနဲ့ ဝင်ငွေဝင်တဲ့လမ်း ရှိတယ်လို့ အကြောင်းပြကြပါတယ်။

ဒေါ်ရင်ရင်နွယ် ။ ။ လစာနည်းတယ်ဆိုတာ မှန်တယ်။ ကျမလည်း ကိုယ်ချင်းစာတယ်။ တောက ဆရာ၊ ဆရာမတွေ အင်မတန်လခ နည်းနည်းလေးတွေနဲ့ တကယ်စေတနာ ဖြူဖြူစင်စင်နဲ့ ကြိုးစားပမ်းစား သင်ပေးတဲ့ ဆရာ၊ ဆရာမတွေအများကြီး တိုးပေးစေချင်ပါတယ်။ ဒါပေမဲ့ တခုရှိတယ် ကျမလည်း စီးပွားရေးပညာရှင် မဟုတ်ဘူး။ စီးပွားရေးပညာရှင်တွေနဲ့ ကျမရဲ့  လုပ်ဖော်ကိုင်ဖက်တွေ တိုင်ပင်တော့ ဘယ်လိုမှ ပညာရေးဝန်ထမ်းတွေကို တမျိုးပဲ လစာတိုးလို့မရဘူး။ ကျန်းမာရေးဝန်ထမ်းပါ တိုးရတော့မယ်။ လုံခြုံရေး ဥပမာ ရခိုင်ပြည်တို့ဘာတို့မှာ ချထားတဲ့ လုံခြုံရေးတပ်တာဝန်ခံတွေပါ လစာတိုးရတော့မယ် အစရှိသဖြင့်။ အဲဒီလို အစိုးရအမှုထမ်းတွေ အားလုံး လစာတိုးရင် ကုန်ဈေးနှုန်းတွေပါ လိုက်တက်မယ်။ တက်တော့ ဘာမှသိပ်မထူးဘူး။ ကျမ ဖြစ်စေချင်တာက အခု စနစ်ကို နည်းနည်းချဲ့ ဖို့ပေါ့။ ဒါကတော့ အကောင်အထည်တော့ မဖော်သေးဘူး။ နိုင်ငံတော် ကျမတို့နိုင်ငံကလည်း ဆင်းရဲသေးတော့ စောင့်ရမှာပဲ။ ဘာလဲဆိုတော့ အခုလောလောဆယ်ရှိတယ် တချို့ နယ်မြေတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရအမှုထမ်းတွေ လခနည်းနည်း တိုးပြီးရတာတွေရှိတယ်။ နှစ်ဆတို့ဘာတို့ တိုးရတာတွေရှိတယ်။ ဒါပေမဲ့ အဲဒီနယ်မြေတွေက ကန့်သတ်ထားတယ်ပေါ့။ အဲဒီနယ်မြေတွေကို ချဲ့ ပေးရင်ကောင်းမယ်။ အင်ဒိုနီးရှားမှာဆိုရင်လည်း အဲဒီလိုပဲ လုပ်တာပဲ။ ဒါမှမဟုတ်လဲ performance base သူတို့လုပ်ရည်ကိုင်ရည်ပေါ် မူတည်ပြီး critical အမျိုးမျိုးနဲ့ ဆုံးဖြတ်လို့ ရပါတယ်။ အဲဒီအပေါ် မူတည်ပြီး bonus ပေးတာမျိုးတို့ဘာတို့။ စင်္ကာပူ အစိုးရအမှုထမ်းတွေ ဘာတွေဆို ဒီစနစ်ရှိပါတယ်။ လုပ်ရည်ကိုင်ရည်ပေါ် မူတည်ပြီး လခတိုးပေးတာရှိတယ်။ အဲဒီလိုလုပ်လို့ ရပါတယ်။ ဒါပေမဲ့ မှန်ပါတယ်။ လခ အင်မတန်နည်းတယ်။ သို့သော် လခနည်းတိုင်း အပြင်မှာ ကျူရှင်ပေးစားလို့ရပါတယ်။ ကိုယ့်ခလေးတွေကို အဲဒီလို နှိပ်စက်ပြီး ကျောင်းထွက်လောက်အောင် တချို့ ခလေးတွေဖြစ်တယ်။ အဲဒါကြတော့ ကျမလည်း သည်းညည်းမခံနိုင်ဘူး။

ဦးကျော်ဇံသာ ။ ။ နောက်ပြီးတော့ ဆရာမတို့လို ပညာရှင်တွေက အကြံပေးတာကို အခြေခံပညာအဆင့်မှာ အစိုးရဖက်က လိုက်နာဆောင်ရွက်တာ ရှိပါသလား။ ဘာတွေများ ရှိပါသလဲ။

ဒေါ်ရင်ရင်နွယ် ။ ။ အများကြီး ရှိပါတယ်။ ကျမတို့လုပ်ငန်းက တကယ်တော့ သမ္မတကြီးပြောတဲ့ လက်တွေ့ကျကျ ပညာရေးပြုပြင်ပြောင်းလဲချက်တွေက (၇) ရက် အောက်တိုဘာလကျမှ စလိုက်တာလေ။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ဖြစ်လာတာတွေက တော်တော်များပါတယ်။ ဥပမာ ကျမတို့ ထောက်ခံနေတဲ့ အခြေခံသင်ရိုးညွှန်းတမ်းက သိပ်ပြီး များလွန်အားကြီးတယ်။ သဘောက သင်ရိုးညွှန်းတမ်းက များလွန်အားကြီးတော့ ခလေးတွေကို ကျူရှင်တွန့်ပို့သလို ဖြစ်နေတယ်။ အဲဒါက ၂၅ ရာခိုင်နှုန်း လျှော့လိုက်ပြီ။ နောက်တခုက အရင်တနှစ်ထဲက မူလတန်းကျောင်း ခလေးတွေကို အခမဲ့ ပညာသင်ကြားရေး။ ဒီနှစ်ကျတော့ အလယ်တန်းပါ ဖြစ်သွားပြီ။ ဒါပေမဲ့ အကောင်အထည်ဖော်မှုကတော့ နည်းနည်းအားနည်းနေတုန်းပေါ့။ ဘာကြောင့်လဲဆိုတော့ အောက်ခြေမှာ capacity လိုတယ်။ အကောင်အထည်ဖော်မှု အားနည်းနေတယ်။ နောက်တချက်က ဘက - ဘုန်းတော်ကြီးကျောင်းတွေက ဆင်းရဲတဲ့ခလေးတွေအတွက်။ ဘယ်လိုပဲပြောပြော ကျမတို့ အစည်းအဝေးတွေမှာ ဘုန်းတော်ကြီးတွေက ထပြောတော့ အခု ဘုန်းတော်ကြီးကျောင်းကအောင်တဲ့ ခလေးတွေ အစိုးရစနစ်ထဲ ပြန်ဝင်လို့ရတယ်။ ထပ်ပြီး မဖြေဘဲနဲ့ အဲဒီလို တန်းဝင်လို့ရတယ်။ အဲဒါတွေ လုပ်ပေးနေပြီ။ နောက် ကျမ အကျေနပ်ဆုံး ပြောရမယ်ဆိုရင် ကျမတို့ အကြံပေးတာ ဘာလဲဆိုရင် တိုင်းရင်းသားဘာသာစကားတွေကို မူလတန်းကျောင်းကစပြီး သင်ခွင့်ပြုလိုက်ပြီ။ မြို့ နယ်အလိုက်၊ တိုင်းနဲ့ဒေသကြီးအလိုက် decentralize ဗဟိုက ချုပ်ကိုင်တာ လျှော့ချမှု လျှော့ချလိုက်ပြီ။ မူထဲတော့ ပါသွားပြီ။

ဦးကျော်ဇံသာ ။ ။ လက်တွေ့တော့ ဖြစ်မလာသေးဘူးပေါ့။ သက်ဆိုင်တဲ့ တိုင်းရင်းသားနယ်မြေတွေမှာပေါ့။ မွန်ပြည်နယ်မှာဆို မွန်စကားနဲ့သင်။

ဒေါ်ရင်ရင်နွယ် ။ ။ ဒါပေါ့။

ဦးကျော်ဇံသာ ။ ။ Language subject တခုအနေနဲ့ သင်တာလား။ သို့တည်းမဟုတ် အခြေခံ medium အဖြစ်နဲ့ သူတို့စကားနဲ့ ပထဝီ၊ သမိုင်းတို့ပါ သင်သလား။

ဒေါ်ရင်ရင်နွယ် ။ ။ ဆရာပြောတာ သိပ်ကောင်းပါတယ်။ အဲဒီ point က။ တော်တော်များများက နားမလည်းဘူး။ ဘာသာရပ်တခုအနေနဲ့ သင်တာလား။ သင်ကြားတဲ့ ဘယ်ဘာသာစကားကို medium of instruction ကမ္ဘာကြီးသည်လုံး၏ ရှင်းပြဖို့ ဘယ်ဘာသာစကားနဲ့ ရှင်းပြမလဲပေါ့။ ရှမ်းလို ရှင်းပြမလား၊ ဗမာလို ရှင်းပြမလား။ အင်္ဂလိပ်လို ရှင်းပြမလားပေါ့။ အဲဒါက တိုင်းနဲ့ဒေသကြီးတွေကို ကျမတို့ decentralize လုပ်ဖို့ အကြံပြုလိုက်ပါတယ်။ မြို့ နယ်အလိုက် ရပ်ကွက်အလိုက် ဖြစ်တော့မယ်ထင်တယ်။ အဲဒါ decentralize လုပ်လိုက်ပါပြီ။ ဗဟိုက လျှော့ချဖို့ ကျမတို့ အကြံပြုလိုက်ပါတယ်။

ဦးကျော်ဇံသာ ။ ။  ပြည်နယ်တွေ တိုင်းရင်းသားဒေသတွေမှာ ဆရာတွေကလည်း များသောအားဖြင့် တိုင်းရင်းသား ဆရာတွေအများကြီး လိုလာမှာပေါ့။

ဒေါ်ရင်ရင်နွယ် ။ ။ အဲဒီ ဆရာပြောတဲ့အချက်က ဟုတ်တယ်။ ပြည်သူလူထုကလည်း အဲဒါကို သတိထားဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို တောင်းဆိုနေတာတော့ကြာပါပြီ။ အဲဒီတော့ မူအရ ခွင့်ပြလိုက်ပြီ ဆိုပေမယ့်လဲ အကောင်အထည်ဖော်တဲ့အခါမှာ ဆရာ၊ ဆရာမတွေ အများကြီး မွေးထုတ်ရမှာပါ။ အဲဒီတော့ အဲဒီလို မွေးထုတ်တဲ့နေရာမှာလဲ တချို့ ပြည်နယ်တွေက အင်အားပိုကောင်းရင်ကောင်းမယ်။ ဥပမာ ရှမ်းပြည်နယ်က ပိုကောင်းရင်ကောင်းမယ်။ ချင်းပြည်နယ်ကြတော့ ပြည်မက ထောက်ပံ့မှုတွေ အများကြီး လိုပါလိမ့်မယ်။ မွေးထုတ်ဖို့။

ဦးကျော်ဇံသာ ။ ။ ဆရာမ ဒါက အခြေခံပညာပိုင်း။ အဲဒီတော့ တက္ကသိုလ်ပညာရေးက ဘယ်လောက် တိုးတက်လာပြီလဲ။ ဘာများ ပြုပြင်ပါသလဲ။

ဒေါ်ရင်ရင်နွယ် ။ ။ တက္ကသိုလ်ပညာရေးက အဓိက တိုးတက်ဖို့။ လမ်းဖွင့်ပေးလိုက်တာတော့ decentralize ဗဟိုက ချုပ်ကိုင်မှု လျှော့လိုက်ပြီ။ ကျမတို့ ရေးထားတဲ့အတိုင်း မူက အကောင်အထည်ဖော်လာမယ်ဆိုလို့ရှိရင် (၂) နှစ် (၃) နှစ်နေရင် အဆင့်မြင့်ပညာဦးစီးဌာနဆိုတာ မရှိတော့ဘူး။ သူ့တက္ကသိုလ်သူ အုပ်ချုပ်မယ်။ Promotion ရာထူးတိုးတက်မှု။ Transfer တမျိုးကနေတမျိုး ပြောင်းမှု။ နောက်တော့ Recruitment အလုပ်ခန့်ထားမှုတွေ အားလုံးဟာ မိမိတက္ကသိုလ် မိမိကိုင်ရမယ်။ ဒီ နိုင်ငံခြားမှာလိုပဲ။ တခုတော့ရှိတယ် ဗဟိုက ချုပ်ကိုင်တာ တစ်ရာရာခိုင်နှုန်းအပြည့်ကတော့ တက္ကသိုလ်ကတော့ မလျှော့နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက Public တက္ကသိုလ်တွေ။ ဒီပြင့်နိုင်ငံတွေမှာကြည့်ရင် လုံးဝလွတ်လပ်မှုရှိတဲ့ တက္ကသိုလ်တွေက Private တက္ကသိုလ်တွေ။ Harvard, MIT တို့က Private တက္ကသိုလ်တွေ။ အဲဒီတော့ ဘာကြောင့်လဲဆိုတော့ ကျမတို့ တက္ကသိုလ်တွေက အရင်ခေတ်က ကောင်းတယ်ပဲပြောပြော၊ ဆိုးတယ်ပဲပြောပြော အများကြီးဖြစ်ကုန်တယ်။ ၁၆၉ ကျောင်း။ အများကြီး ဘွဲ့ပေးနိုင်တဲ့ အဖွဲ့တွေက။ ဆိုတော့ အဲဒါတွေကို လုံးဝဗဟိုက မကိုင်တော့ဘူးဆိုရင် ဆရာ စဉ်းစားကြည့် သင်ရိုးညွှန်းတမ်းမှာ သွားထိမယ်။ ဥပမာ အောင်ချက်ကောင်းကောင်းလိုချင်ရင် သင်ရိုးညွှန်းတမ်းကို လျှော့ပစ်လိုက်လို့ရတယ်။ အဲဒါဆိုရင် နိုင်ငံတော်ကို အသိအမှတ်ပြုတဲ့ ဘွဲ့ဖြစ်နိုင်သေးလား။ ဒါပေမဲ့ ကျမပြောတာ မြစ်ကြီးနားက ဆရာတဦးက ရန်ကုန်မှာ ပါမောက္ခလျှောက်ချင်ရင် ဘယ်မှ အဆင့်မြင့်ပညာဦးစီးဌာနတွေ ဘာတွေကို ဆည်းကပ်စရာမလိုဘူး။ သူ့အရည်အချင်းနဲ့သူ လျှောက် ဟိုမှာလည်း ဒီအချက်တွေပေါ် မူတည်ပြီး အားလုံးက ပွင့်လင်းမြင်သာမှုရှိဖို့ ကျမတို့ အကြံပြုထားပါတယ်။

ဦးကျော်ဇံသာ ။ ။ တက္ကသိုလ်မှာ ဆရာတွေ စာသင်တဲ့အခါမှာ နိုင်ငံတကာမှာလို တကယ့် lecture ပေးပြီးတော့ reading list ပေးလိုက်တယ်။ သူတို့က library မှာသွားရှာ၊ သူတို့ဘာသာလေ့လာ။ အခု အဲဒီလိုစနစ်မျိုး ပြန်ဖြစ်ဖို့ လွယ်ပါသလား။
ဒေါ်ရင်ရင်နွယ် ။ ။ ကျမတို့ခေတ်ကလည်း ဒီလိုပဲ။ အကြံပြုထားပါတယ်။ ဒါပေမဲ့ ဆရာတွေကလည်း ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် လုပ်ရမှာပေါ့။ နောက်တခုက အင်မတန် အရေးကြီးပါတယ်။ မြန်မာနိုင်ငံတက္ကသိုလ်အတွက် ဘာလဲဆိုတော့ အင်တာနက်က ဖွင့်ချပေးရမယ်။ အင်တာနက်က ဒီ့ပြင်နိုင်ငံတွေမှာ လွတ်လွတ်လပ်လပ် အားကောင်းကောင်းရသလို တက္ကသိုလ်မှာ WiFi အပြည့်ရရမယ်။ အဲဒါဆိုရင်တော့ ရှင်းရှင်းပြောရင်တော့ Library သိပ်မပြည့်စုံသေးတာတောင် ဒီလိုပဲ သုတေသနလုပ်လို့ရတယ်။ သင်ကြားလို့ရတယ်။ ကျောင်းသားတွေ အဲဒီလိုပဲ တဖြည်းဖြည်း မွေးထုတ်ယူရမှာပေါ့။ အချိန်ကြာမှာပေါ့။ မျှော်လင့်နေတာပဲ။
VOA BURMESE FUN PAGE