▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®
နှစ်ပေါင်း ၃၀ ကြာကောက်ယူနိုင်ခြင်းမရှိခဲ့သော
အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ
ဧပြီ ၁၀ ရက်အထိ မြေပြင်ကွင်းဆင်း၍ မြန်မာနိုင်ငံအတွက် ရှေ့ပြေး
စာရင်းကောက်ယူနိုင်ခဲ့ပေသည်။ ရှေ့ပြေးကောက်ယူရရှိသော လူဦးရေ
စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်းကျော်ရှိကြောင်း သက်ဆိုင်ရာ
က အတိအလင်းထုတ်ပြန်ခဲ့ပါသည်။
ထိုသို့ကောက်ယူခြင်းမရှိစဉ်က မြန်မာနိုင်ငံ၏လူဦးရေမှာ သန်း ၆၀
ခန့်ရှိသည်ဟု ပျမ်းမျှတွက်ချက်မှုများအရ ထုတ်ပြန်အသိပေးခဲ့ကြသည်။
သို့သော် လက်တွေ့ကျကျ မြေပြင်ကွင်းဆင်း၍ အမှန်ရှိလူဦးရေ စာရင်းကို
ကောက်ယူကြည့်သောအခါ လူဦးရေ ၅၁ သန်းကျော်သာရှိနေသည်ကို
တွေ့ရှိရသည့်အပြင် တောင်ပေါ်မြေပြန့် လူဦးရေအစိပ်အကျဲတို့ကိုပါ
အသေးစိတ်သိရှိရသဖြင့် မြန်မာနိုင်ငံသားပြည်သူများ အကျိုးစီးပွားအတွက်
လုပ်ဆောင်ဖွယ်ရာများကို မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်တော့မည်ဖြစ်
သည်။
၁၉၈၃ ခုနှစ်က ကောက်ယူထားသော မြန်မာနိုင်ငံ၏လူဦးရေစာရင်းမှာ
၃၅ သန်းကျော်သာရှိပြီး ထို့မတိုင်မီ ၁၉၅၃ ခုနှစ်က လူဦးရေမှာ ၁၉ သန်းကျော်
ရှိ၍ နှစ် ၃၀ အတွင်း လူဦးရေ ၁၆ သန်း တိုးတက်ခဲ့သလို ၁၉၈၃ ခုနှစ်မှ
ယခုနှစ်ပေါင်း ၃၀ ကြာမြင့်သောကာလတွင် လူဦးရေ ၅၁ သန်းကျော်သာရှိသဖြင့်
မြန်မာနိုင်ငံသားလူဦးရေမှာ ၁၆ သန်းပင် တိုးတက်သည်ကိုတွေ့ရ၍ မြန်မာ
နိုင်ငံ၏ လူဦးရေတိုးတက်မှုသည် အခြားနိုင်ငံများနှင့် နှိုင်းစာလျှင် လူဦးရေ
တိုးနှုန်းမမြင့်မားဘဲ ပုံမှန်အတိုင်းသာ တိုးတက်သည်ကို တွေ့ရပါသည်။
ကောက်ယူထားသော လူဦးရေစာရင်းကို လေ့လာဆန်းစစ်ကြည့်လျှင်
အမျိုးသား ၂၄ သန်းကျော်နှင့် အမျိုးသမီး ၂၆ သန်းကျော်ရှိပြီး အမျိုးသမီးဦးရေ
သည် အမျိုးသားဦးရေထက် ၁ ဒသမ ၇ သန်းသာပိုသည်ကိုတွေ့ရပြီး လူဦးရေ
အချိုးအစားအများဆုံးဒေသမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး လူဦးရေ ၇
သန်းကျော်ရှိသည်။ ဒုတိယအများဆုံးမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး
တတိယမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ရာ ထိုတိုင်းဒေသကြီး သုံးခုတည်းပင်
လူဦးရေ ၃၈ သန်းကျော်ရှိသဖြင့် ကျန်ဒေသများအားလုံး၏ လူဦးရေမှာ ၁၃
သန်းကျော်သာရှိလေသည်။ ထိုအထဲတွင် လူဦးရေ အနည်းဆုံးဒေသမှာ
ကယားပြည်နယ်ဖြစ်ပြီး ယင်းနောက် ချင်းပြည်နယ်နှင့် နေပြည်တော်တို့ဖြစ်လေ
သည်။
ထိုကဲ့သို့သော လူဦးရေစာရင်းအမှန်ကို ရရှိနိုင်ရန်အတွက် နိုင်ငံတကာမှ
တွက်ချက်ထားသော လူဦးရေစာရင်းအား ခြောက်လတစ်ကြိမ်တွက်ချက်ခြင်း၊
သင်တန်းများပေးခြင်း၊ နည်းပညာသုံးစက်ကိရိယာများတပ်ဆင်
သန်းခေါင်စာရင်းကောက်ယူခြင်း၊ လူထုအသိပညာပေးလုပ်ငန်းများ
ဆောင်ရွက် ခြင်းအပါအဝင်၃၅ လတာ ပြင်ဆင်လုပ်ကိုင်ဆောင်ရွက်ခဲ့သည
အပြင် စာရင်းမကောက်ယူနိုင်သော ဒေသအချို့အတွက် ခန့်မှန်းတွက်ချက်
ထည့်သွင်းထားကြောင်း သိရသည်။
မြို့ပြလူဦးရေအချိုးမှာ ၁၅ သန်းနီးပါးရှိပြီး လူဦးရေအထူထပ်ဆုံးမြို့မှာ
ရန်ကုန်မြို့ဖြစ်သည်။ မြို့ပြလူဦးရေ အနည်းဆုံးမြို့မှာ ဟားခါးမြို့ဖြစ်ပြီး
မြို့ကြီးတိုင်းအားလုံးလိုလိုတွ
ပိုများကြောင်း တွေ့ရပေသည်။ လူဦးရေအများစုမှာ ကျေးလက်နေပြည်သူ
များဖြစ်ပြီး ၎င်းတို့မှာ အခြေခံလူတန်းစားများဖြစ်သည်။
လူဦးရေစာရင်းမှန်ကောက်ယူခြင်းကိ
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလု
ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊
အမျိုးသား ပေါင်းစည်းညီညွတ်ရေးလုပ်ငန်းစဉ်
ချမှတ်ရာတွင် လူဦးရေအရွယ်အစား၊ ပျံ့နှံ့မှုနှင့်အသွင်အပြင်လက္ခဏာ
သိရှိနိုင်ရန်အတွက်ထိုစီမံကိန်း
ခြင်းဖြစ်သည်။
ထိုသို့ကောက်ယူရရှိခဲ့သော လူဦးရေကိန်းဂဏန်းအမှန်ကို အခြေခံ၍
အထက်ပါဆောင်ရွက်ဖွယ်ရာများကို ဆောင်ရွက်နိုင်မည်ဖြစ်၍ နိုင်ငံ
အတွက်သာမက အများပြည်သူအတွက်ပါ အကျိုးကျေးဇူးများ ရရှိခံစား
နိုင်မည်ဖြစ်သည်။ ပြည်သူများ၏ လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်နိုင်ရေးအထောက်အကူပြုမ
MOI Webportal Myanmar
No comments:
Post a Comment