မန်မာနိုင်ငံတွင် လူဦးရေ တစ်သန်းကျော်သော မြို့သုံးမြို့ရှိ

ရန်ကုန်-ဒလ ကူးတို့သင်္ဘောစီးရန် စောင့်ဆိုင်းနေသူများ ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
မြန်မာနိုင်ငံ၏ မြို့ကြီး များတွင် လူဦးရေတစ်သန်းနှင့် အထက်ရှိသော
မြို့ကြီး သုံးမြို့ သာရှိနေကြောင်း ရှေ့ပြေးလူဦး ရေစာရင်းထုတ်ပြန်ချက်၏ အ
သေးစိတ်စာရင်းတွင် ဖော်ပြထား သည်။
၂၀၁၄ ခုနှစ်ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း ၏ ရှေ့ပြေးလူဦးရေစာရင်းထုတ် ပြန်ရာတွင် မြန်မာနိုင်ငံ၏ မြို့ကြီး ၁၅ မြို့အနက် လူဦးရေ တစ်သန်း ကျော်ရှိသော မြို့ကြီးများမှာ ရန် ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့များဖြစ်သည်။
ရန်ကုန်မြို့တွင် လူဦးရေ ငါးသန်းကျော်(၅,၂၀၉,၅၄၁) ဦး၊ မန္တလေးမြို့တွင် လူဦးရေ ၁ သန်း ကျော်(၁,၂၂၅,၁၃၃) ဦး၊နှင့် နေ ပြည်တော်မြို့တွင် ၁ သန်း ကျော် (၁,၁၅၈,၃၆၇) ဦးဖြင့် အစဉ် လိုက် ရပ်တည်နေသောကြောင့် ဒုတိယ လူဦးရေအများဆုံးဖြစ်သည့် မန္တ လေးမှာ ပထမအများဆုံးဖြစ်သည့် ရန်ကုန်နှင့် ၄ သန်းနီးပါး(လေးဆ ကျော်)ကွာဟလျက်ရှိနေသည်။
ယင်းမြို့ကြီးများအနက် ချင်းပြည်နယ်၊ ဟားခါးမြို့သည် လူဦးရေ လေးသောင်းကျော် (၄၈၂၆၆) ဦးဖြင့် လူဦးရေအနည်း ဆုံးရှိသည့်မြို့အဖြစ်ရပ်တည်နေကြောင်း စာရင်းများတွင် ဖော်ပြထားသည်။
၂၀၁၄ ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကောက်ယူမှုအချက် အလက်များအရ တွက်ချက်ထား သော မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လူဦးရေ သိပ်သည်းဆမှာ တစ်စတုရန်း ကီလိုမီတာတွင် ၇၆ ဦးရှိနေသည်။
လူဦးရေအထူထပ်ဆုံးရန် ကုန်မြို့၏ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင်လူဦးရေ ၇၂၃ ဦး၊ မန္တလေးမြို့၏ တစ်စတုရန်းကီလိုမီတာတွင် ဦးရေ ၂၀၆ ဦးနှင့် လူဦးရေ အကျဲပါးဆုံးဒေသမှာ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်ဖြစ်ပြီး သိပ်သည်းဆတစ်စတုရန်းကီလို မီတာတွင် ၁၉ ဦးသာရှိနေသည်။
မြန်မာနိုင်ငံ၏ ပြည်လုံး ကျွတ်သန်းခေါင်စာရင်းကောက် ခံမှု၏ ကနဦးရရှိထားသော ရှေ့ ပြေးလူဦးရေစာရင်းအရ လူဦးရေ သန်းပေါင်း ၅၁ သန်းကျော်ရှိနေ ကြောင်း သတင်းထုတ်ပြန်ထား သည်။
7 DAY NEWS

No comments:
Post a Comment