မြေပုံမြို့နယ်တွင် နိုင်ငံသားအဖြစ်အကျုံးဝင်သူ ခြောက်ရာကျော်ရှိဟု ထုတ်ပြန်
နိုင်ငံသားစိစစ်ရေးလုပ်
ငန်းများကို ၁၉၈၂ ခုနှစ် ဥပဒေ အရ ဆောင်ရွက်နေရာ စက်တင် ဘာ ၃ ရက်အထိရရှိသော
စာရင်းများအရ မြေပုံမြို့နယ်တွင် နိုင်ငံသားအဖြစ် အကျုံးဝင်သူ ၆၄၁
ဦးရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
နိုင်ငံသားစိစစ်ရေးလုပ်ငန်း များကို မြေပုံမြို့နယ်တွင် ဆောင် ရွက်လျက်ရှိရာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှုဥပဒေပုဒ်မ ၆/၁၁(ခ)နှင့် ၆/၄(၂) တို့အရနိုင်ငံသားဖြစ်မှု အကျုံးဝင်သူ ကျား ၂၈၉ ဦး၊ မ ၃၅၂ ဦးရှိသည်။
မြေပုံမြို့နယ် တောင်ပေါ် ဘင်္ဂါလီကယ်ဆယ်ရေးစခန်းတွင် လည်း နိုင်ငံသားစိစစ်ရေးလုပ် ငန်းကို ဆက်လက်ဆောင်ရွက် နေရာ သြဂုတ် ၂၉ ရက်အထိ ၅၁၉ ဦး စစ်ဆေးခဲ့ပြီး နိုင်ငံသား အဖြစ် သဘောထားမှတ်ချက်ပြု သူ ၆၄ ဦး၊ နိုင်ငံသားပြုခွင့်ရသူ အဖြစ် မှတ်ချက်ပြုသူ ၄၆၂ ဦးနှင့် ဆောင်ရွက်ပေးရန် မသင့်ဟု မှတ်ချက်ပြုသူ ၁၂ ဦးရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သ တင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် နိုင်ငံ သားစိစစ်ရေးလုပ်ငန်းများကို မြို့ နယ်အဆင့်စိစစ်နေခြင်းဖြစ်ပြီး ဆက်လက်၍ ခရိုင်၊ ပြည်နယ်နှင့် ဗဟိုအဆင့်စိစစ်သွားမည်ဟုဆို သည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ၁၉၄၈ ခုနှစ် မတိုင်မီ ဆယ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံနယ်နိမိတ်အတွင်း၌ ရှစ်နှစ်ဆက်တိုက်တစ်ဆက်တည်းနေထိုင်သူ၏ တတိယမျိုးဆက်သည် နိုင်ငံသားပြုခွင့်ရရှိမည်ဖြစ်သည်။

No comments:
Post a Comment