ဘယ်သူတာဝန်ယူမလဲ၊ ဘယ်သူတာဝန်ခံမလဲ (၁)
"ခြစားမှုတွေကို စစ်ဆေးအရေးမယူလျှင် လက်ရှိအစိုးရကတာဝန်ခံရလိမ့်မည်" ဆိုတာက စက်တင်ဘာ ၁၁ ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာ့အာဘော်ဖြစ်ပါတယ်။
တာဝန်ယူထားတဲ့အစိုးရက တာဝန်ခံမှုကိုတော့ မဖြစ်မနေလုပ်ရမှာပါ။ ဒီအပေါ်မှာထပ်ဖြည့်ပြောလာတာက ခြစားမှုတွေတင်မဟုတ်ဘဲ စီမံခန့်ခွဲမှု အမှားတွေလုပ်တဲ့သူတွေဟာလည်း ကိုယ်တိုင်တာဝန်ခံကြရမယ်၊ တာဝန်လည်းယူသင့်နေပါပြီဆိုပြီး ပြောလာခဲ့ကြတာပါ။
လက်ရှိ ဒီမိုကရေစီအစိုးရလက်ထက်မှာ စီမံခန့်ခွဲခွင့်ရှိသူတချို့ဟာ မဟာဗျူဟာမရှိ၊ နည်းပညာမရှိဘဲ အများကြိုက်မယ်လို့ စိတ်ထဲထင်တာတွေကို စမ်းတ၀ါးဝါးလျှောက်လုပ်ခဲ့ကြတာေ တွ ရှိတယ်ဆိုတာကိုလည်း ဥပမာတွေနဲ့ ထင်ထင်ရှားရှားထောက်ပြခဲ့ကြပါတယ်။
အဲ့ဒီလိုအများကြိုက်မယ်ထင်တာတွေ ကို ဗျူဟာမရှိဘဲလုပ်ခဲ့လို့ ဖြစ်ပေါ်လာတဲ့ဒုက္ခတွေကိုတော့ ပြည်သူကပဲ ခါးစည်းခံရတာပါ။
လက်ရှိ ရန်ကုန်မြို့က ယာဉ်ကြောပိတ်ဆို့မှု၊ ဘာမှပြောင်းလဲမှုမရှိသေးတဲ့ သယ်ယူပို့ဆောင်ရေစနစ်၊ လမ်းနဲ့မဆံ့၊ လမ်းလည်းမချဲ့နိုင်၊ မိုးပျံလမ်းတွေလည်း မလုပ်နိုင်ဘဲနဲ့၊ လုပ်ဖို့လည်းဗျူဟာမရှိ၊ အစီအစဉ်မဆွဲရသေးပဲနဲ့ အများကြိုက်မယ်ထင်ပြီး တံခါးမရှိ ဓားမရှိ ကားတင်သွင်းခွင့်ပြုခဲ့တာကိုကြည့်တာနဲ့တင် စီမံခန့်ခွဲမှုအမှားတွေ ဘယ်လောက်များခဲ့တယ်ဆိုတာ ဒီဥပမာနဲ့တင်လုံလောက်နေပါတယ်။
ယနေ့ ရန်ကုန်မြို့မှာ လမ်းမူဝါဒမလုပ်သေးဘဲ ကားမူဝါဒကိုအရင်ချမှတ်ခဲ့သူများ ကြောင့် အလုပ်အသွားအပြန် ဘတ်စ်ကားစီးသူအများစုဟာ သူတို့သက်တမ်းရှစ်ပုံတစ်ပုံနီးပါးလောက်ကို ဘတ်စ်ကားပေါ်မှာပဲ အချိန်ကုန်နေကြရသူတွေများလာပါပြီ။ ပျမ်းမျှတစ်ရက်ကို သုံးနာရီလောက်ကြာအောင် ဘတ်စ်ကားစီးဖို့ အချိန်ပေးနေကြရတဲ့သူတွေ တိုးလာပါပြီ။
ကားတင်သွင်းခွင့်ပြုလိုက်တဲ့အတွ က်
ကားဈေးတွေဟာ အရင်ကထက် ငါးပုံတစ်ပုံလောက်အထိကို
ထိုးဆင်းသွားတဲ့အပေါ်မှာတော့ ကောင်းမွန်တဲ့ပြောင်းလဲမှုအဖြစ် ကြိုဆိုကြပါတယ်။
အထူးသဖြင့် အများပြည်သူသုံးဘတ်စ်ကား၊ ကုန်ကားဈေးတွေ ကျဆင်းသွားတဲ့အတွက်
ပိုကောင်းမွန်ခဲ့ပါတယ်။
ဒါပေမဲ့ ကားအစီးရေနဲ့တန်တဲ့ လမ်းချဲ့ထွင်မှုပိုင်းနဲ့ဆိုင်တဲ့  လမ်းမူဝါဒချို့ယွင်းခဲ့တဲ့အပေါ်မှာတော့ ဘယ်သူက ဘယ်လိုတာဝန်ယူမလဲ၊ တာဝန်ခံမလဲ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်းကို မေးခွန်းတွေထုတ်လာခဲ့ကြပါပြီ။
ကြိုဆိုစရာရှိတာကိုလည်း ကြိုဆိုကြသလို ထောက်ပြစရာရှိတာကိုလည်း မေးကြတာပါ။
ဦးစိုးသိန်းကို ဘာကြောင့်မေးတာလဲ
လက်ရှိဝန်ကြီးဌာနတိုင်းရဲ့ စီးပွားရေးဆိုင်ရာစီမံကိန်းတွေ၊ လုပ်ငန်းတွေ၊ စာချုပ်ချုပ်ဆိုလုပ်ဆောင်မှုတွေ၊ လျှပ်စစ်စီမံကိန်းစာချုပ်တွေအား လုံး မဖြစ်မနေတင်ပြကြရတာက ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီကိုတင်ပြရတာ ဖြစ်သလို နိုင်ငံ့စီးပွားရေးကဏ္ဍအတွက် အင်မတန်အရေးပါတဲ့ကော်မတီဖြစ်ပါတ ယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီရဲ့ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဖြစ်ပါတယ်။ ကားမူဝါဒချမှတ်စဉ်တုန်းကလည်း ဦးစိုးသိန်းပါဝင်ပါတယ်။ ခုံးကျော်တုန်းကလည်း ဦးစိုးသိန်းပဲရှင်းခဲ့တာပါ။ စင်ကာပူလိုဖြစ်အောင်လုပ်မယ်လို့ လည်း
ဦးစိုးသိန်းပဲပြောခဲ့တာပါ။ ဒလဘက်ကမ်းကို မြို့မချဲ့ဘူးလို့လည်းပြောတာ
ဦးစိုးသိန်းပါ၊ လျှပ်စစ်စီမံကိန်းတွေအတွက် စာချုပ်တွေကိုတင်ပြရတာလည်း
ဦးစိုးသိန်းရဲ့ကော်မတီကိုပါ။ နိုင်ငံတော်မြေကွက်တွေ၊ စက်ရုံတွေကို
ပုဂ္ဂလိကလွှဲရင်၊ ပုဂ္ဂလိကငှားရင် တင်ပြရတာလည်း ဦးစိုးသိန်းရဲ့ကော်မတီကိုပါ။
အခုလက်ရှိ ဆက်သွယ်ရေးကဏ္ဍ စာချုပ်စာတမ်းချုပ်ဆိုမှုတွေကိုလ ည်း ၀န်ကြီးဦးစိုးသိန်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ကော်မတီကိုပဲ တင်ပြရတာပါ။ ခြုံကြည့်လိုက်မယ်ဆိုရင် နိုင်ငံ့စီးပွားရေးနဲ့ပတ်သက်တဲ့ ကိစ္စမှန်သမျှ ဦးစိုးသိန်းကော်မတီက အဓိကတာဝန်ယူထားသလို အဓိကတာဝန်ရှိပါတယ်။
အဲဒီအတွက် အခု ကားမူဝါဒ၊ ခုံးကျော်၊ လမ်းမူဝါဒတွေအတွက် အစအဆုံးပါဝင်ခဲ့တဲ့ အဓိကတာဝန်ရှိသူဖြစ်နေလို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို မေးကြတာလို့ဆိုကြပါတယ်။
သမ္မတရဲ့ လက်ရုံးနှစ်ဆူဦးဆောင်ခဲ့တဲ့ ကားမူဝါဒပြောင်းပွဲ
၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က နေပြည်တော်ရထားပို့ဆောင်ရေးဝန်ြ ကီးဌာန အစည်းအဝေးခန်းမမှာ ကားမူဝါဒပြောင်းလဲမယ့်အကြောင်း တရားဝင်ရှင်းလင်းခဲ့ပါတယ်။
မှတ်မှတ်ရရ ဧရာဝတီမြစ်ဆုံစီမံကိန်းကို မဖြစ်ဖြစ်အောင်ဆက်လုပ်မယ်လို့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းပြောသွားတဲ့ ရှင်းလင်းပွဲပါ။
အများပြည်သူနဲ့ လုပ်ငန်းရှင်တွေကြားမှာ နိုင်ငံတော်သမ္မတရဲ့ ဘယ်လက်ရုံးနဲ့ညာလက်ရုံးလို့သတ်မှတ်ပေးထားတဲ့ လက်ရှိသမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ ဦးဆောင်ရှင်းလင်းခဲ့ကြတာပါ။
"နိုင်ငံတော်သမ္မတကြီး၏လမ်းညွှန်မှုဖြင့် ပြည်သူလူထုအကျိုးစီးပွားကိုရှေး ရှု၍" ဆိုပြီး ကားဟောင်းအပ် ကားသစ်အစားထိုးသွင်းတဲ့မူဝါဒကို လုပ်မယ်လို့ ပြောခဲ့ကြပါတယ်။
ဒါပေမဲ့ တင်သွင်းလာလို့ ယာဉ်ကြောကျပ်တည်းမှုပြဿနာဖြစ်ရင် ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားပါတယ်ဆိုတာ မပြောနိုင်ခဲ့ကြဘူး။
ပြည်ထောင်စုဝန်ကြီးတွေကိုယ်တိုင် ချမှတ်ခဲ့တဲ့ကားမူဝါဒဆိုတော့ ခိုင်မာမယ်ထင်ခဲ့ကြပေမယ့် တကယ်တမ်းကိုယ်တိုင်ချမှတ်ခဲ့တဲ့ မူဝါဒတွေကိုပဲ ကိုယ်တိုင်အကြိမ်ကြိမ် ပြန်ပြင်ခဲ့ကြတာ နောက်ဆုံး (၇) ကြိမ်လောက်အထိပြင်ခဲ့ရတာကိုကြည့် ရင် အစကတည်းက မူဝါဒတည်တည်ငြိမ်ငြိမ်မရေးဆွဲဘဲ လုပ်ခဲ့တဲ့တာက ပေါ်လွင်ခဲ့ပါတယ်။
လမ်းစီမံကိန်းမပါဘဲ ကားသွင်းခွင့်ကို ဘာကြောင့်စကိုင်ခဲ့သလဲလို့ ၀န်ကြီးဦးအောင်မင်းနဲ့ ဦစိုးသိန်းကို မေးလာခဲ့ကြတာပါ။
အလဲလဲအကွဲကွဲ ခုံးကျော်အစီအမံ
တင်သွင်းခွင့်ပြုပြီး နှစ်လအကြာ နိုဝင်ဘာလမှာလောက်အရောက်မှာပဲ ရန်ကုန်မြို့နေပြည်သူတွေ ကားကျပ်မှုဒဏ်ကို အလူးအလဲ ခံစားလာရပါပြီ။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကိုယ်တိုင် ရှင်းလင်းပွဲမှာ သူကိုယ်တိုင်လမ်းကျပ်မှုဒဏ်ကိုခံ ခဲ့ရကြောင်း နိုဝင်ဘာ ၂၈ ရက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အဲဒီတော့မှ ရန်ကုန်မြို့ ယာဉ်ကြောကျပ်မှုကိုဖြေရှင်းဖို့ ခုံးကျော်တံတားလေးခုကို လေးလနဲ့အပြီးဆောက်မယ်၊ ရန်ကုန်ကို စင်ကာပူလိုဖြစ်အောင်လုပ်မယ်ဆြို ပီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဦးဆောင်ပြီး နိုဝင်ဘာ ၂၈ ရက်က နေပြည်တော်မှာကျင်းပတဲ့တွေ့ဆုံပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
လေးလနဲ့အပြီးဆောက်မယ်ပြောပေမယ့်
၂၀၁၂ မတ်လမှာ စတင်ခဲ့တဲ့လှည်းတန်းခုံးကျော်က ၂၀၁၃ ဧပြီ ၁၀ ရက်မှ
စဖွင့်နိုင်ခဲ့တာပါ။ ကျန်တဲ့ခုံးကျော်တွေလည်း ဒီအတိုင်းပါပဲ။
ဒါကိုကြည့်တာနဲ့တင် ခုံးကျော်ဆောက်ဖို့လောက်ကလေးကို တောင် ဒီဇိုင်း၊ တည်ဆောက်မယ့်ကြာချိန် အနီးစပ်ဆုံးလောက်ကိုတောင် ကြိုတင်တွက်ချက်မထားဘဲ ထလုပ်ခဲ့တယ်ဆိုတာ ပေါ်လွင်နေတာပါပဲ။
ခုံးကျော်တွေပြီးသွားလို့ ကားကျပ်တာလျော့သွားသလား ထောက်ပြလာကြတယ်။ ယာဉ်ထိန်းတပ်ဖွဲ့က တရားဝင်ပြောထားတာရှိပါတယ်။ ခုံးကျော်သုံးခုပြီးသွားပေမယ့် တစ်ကယ်တမ်း ကားကျပ်တာလျော့သွားတာ ရွှေဂုံတိုင်တစ်ခုပဲရှိပါတယ်တဲ့။
လှည်းတန်းခုံးကျော်ပြီးသွားတဲ့အ တွက် လှည်းတန်းအစား ဟံသာဝတီအ၀ိုင်းနဲ့ မြေနီကုန်းမှာ ကားတွေပိုကျပ်သွားတယ်။ ဘုရင့်နောင်ခုံးကျော်ပြီးသွားတဲ့ အတွက် ဘုရင့်နောင်တံတားမှာ ကားတွေတန်းစီပိတ်သွားတယ်။
ဒါကိုကြည့်ရင် ရေရှည်တစ်လမ်းလုံးမကြပ်အောင် ဘယ်လိုစီစဉ်မယ်ဆိုတာကို ထိရောက်မှန်ကန်တဲ့ စီမံခန့်ခွဲမှုမလုပ်ခဲ့ဘဲ ရေတိုဖြေရှင်းနည်းနဲ့ ထလုပ်ခဲ့တယ်လို့ပြောလို့ရသလို ဆောက်ခွင့်ရတဲ့ကုမ္ပဏီတွေကလည်း ပြည်ထောင်စုဝန်ကြီးနဲ့ နီးစပ်တဲ့သူတွေချည်းပါပဲ။ ဘာတင်ဒါမှမခေါ်ဘူး၊ ဒီအတိုင်းပေးလိုက်ကတည်းက မူဝါဒမရှိဘူးဆိုတဲ့သဘောဆောင်နေပါတယ်။
ဒါဆိုရင် ဒီခုံးကျော်တံတားစီမံခန့်ခွဲမှုအ လွဲတွေအတွက်ရော ဘယ်သူတွေဘယ်လိုတာဝန်ခံမလဲ မေးလာကြပါပြီ။
ဒီနေ့ ရန်ကုန်ပြည်သူ
ကားကြပ်မှုဖြစ်နေပါတယ်၊ ပြည်သူတွေဒုက္ခရောက်နေပါတယ်ဆိုတဲ့ ကြားက ၂၀၁၂ ခုနှစ် မေ ၄ ရက်မှာပဲ လူတစ်ဦးချင်းကားတင်သွင်းခွင့်ကို ထပ်ခွင့်ပြုခဲ့တာပါ။
၂၀၁၄ ခုနှစ် သြဂုတ်လကုန်အထိ ကားအစီးရေ ၃၄၃၀၀၀ ကျော်အထိ ဆိပ်ကမ်းကနေ ထုတ်ယူခဲ့ကြပြီးပါပြီ။ အဲ့ဒီမှာ အိမ်စီးကားက ၂၆၀၀၀၀ နီးပါးရှိပါတယ်။ အရင်ကတည်းက ကားစီးနိုင်တဲ့သူတွေပဲ အများဆုံးပြန်သွင်းခဲ့ကြတာပါ။
ဒီတော့ ကားဈေးကျသွားလို့ အခုမှကားစပြီးစီးနိုင်တဲ့ဦးရေက ၂၆၀၀၀၀ စလုံးမဟုတ်ပါဘူး။ အရင်တုန်းက စီးနိုင်တဲ့သူတွေပဲ နှစ်စီးသုံးစီး ထပ်ဝယ်စီးနိုင်တဲ့သူတွေလည်း အများအပြားပါဝင်ပါတယ်။
အများပြည်သူသုံးတဲ့ကားအပါအ၀င် ကားဈေးငါးပုံတစ်ပုံလောက်ထိ ထိုးကျ သွားတာကိုတော့ ကြိုဆိုကြပါတယ်။
ဒါပေမဲ့ ဒုက္ခပိုရောက်သွားတာက ကားမစီးနိုင်တဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေပါပဲ။
ရန်ကုန်မြို့မှာ လိုင်းကားအစီးရေ ၆၃၀၀ ကျော်ရှိတယ်။ နေ့စဉ်ပျမ်းမျှ လူဦးရေ ၂ ဒသမ ၂ သန်းက ဘတ်စ်ကားစီးနင်းနေကြတယ်လို့ မထသက ထုတ်ပြန်ထားတယ်။
နေ့တိုင်း လူနှစ်သန်းကျော်ဟာ ကားပေါ်မှာပဲ သုံးနာရီလောက်အချိန်ကုန်ခံနေရတဲ့ သဘောပါ။
ကားပေါ်မှာ သုံးနာရီအချိန်ကုန်ခံရတယ်ဆိုပေမ ယ့် ကားသစ်တွေစီး၊ သက်သောင့်သက်သာနဲ့ ကိုယ့်ခုံနဲ့ကိုယ်ထိုင်စီးရတာမဟုတ်ပါဘူး။
အရင်လိုပဲ အမျိုးသမီးတွေဆို ကိုယ့်အရှက်လည်းမငဲ့နိုင်ဘဲ
တိုးဝှေ့ကြပ်ပိတ်သိပ်အောင် စီးနေရတာပါ။ အရင်လိုပဲ စပယ်ယာငေါက်ငမ်းတဲ့ဒဏ်ခံ၊
ဒရိုင်ဘာကရမ်းသမ်းမောင်းလို့ အသက်ဖက်နဲ့ထုပ်ထားရတဲ့စိတ်ဒဏ်ရာ နဲ့ စီးနေကြရတုန်းပါ။ ရန်ကုန်မြို့ရဲ့ Public Transportation ကလည်း အရင်နဲ့ဘာမှမကွာဘူး။
ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှိုင်သာယာလိုမြို့နယ်တွေမှာနေတဲ့ သူတွေဟာ အလုပ်လုပ်ဖို့ အသွားအပြန်ကားပေါ်မှာ တစ်ရက် ၃ နာရီလောက် အချိန်ပေးနေရပါပြီ။ အလုပ်အတွက် ဘတ်စ်ကားအသွားအပြန်စီးရတဲ့သူတွေ
သက်တမ်းရဲ့ ရှစ်ပုံတစ်ပုံနီးပါးလောက်က ဘတ်စ်ကားစီးရင်း
အချိန်ကုန်နေကြရပါပြီ။ အလုပ်သိမ်းလို့အိမ်ပြန်ရောက်မှ
ထမင်းချက်စားရတဲ့ပြည်သူတွေအတွက်
ဘယ်လောက်ဒုက္ခရောက်နေမလဲ။ အလုပ်လုပ်ရင်း တခြားပညာရပ်သင်မယ့်သူတွေလည်း
ပညာသင်မယ့်အချိန်တွေ ဘတ်စ်ကားစီးနေရလို့ တိုးတက်မှုပျောက်ဆုံးတဲ့သူတွေ
ဘယ်လောက်များနေမလဲ မေးခွန်းထုတ်လာကြပါတယ်။
ကျိုက်ထီးရိုး၊ တောင်ပြုန်းပွဲတော်တွေသွားတဲ့နေ ရာတွေမှာတောင် ကားကျပ်မှုကိုကြုံနေရာတာကို ကြည့်တာနဲ့တင် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေတင်ကျပ်တာမဟု တ်ဘူး။ တစ်နိုင်ငံလုံး ယာဉ်ကြောပိတ်ဆို့မှု အရင်ကထက် မြင့်တက်နေတယ်ဆိုတာ ထင်ရှားပါတယ်။
အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း ကုန်စည်ကူးသန်းရောင်းဝယ်မှုအတွက်
အဓိကအရေးပါတဲ့ တောင်ကျော်လမ်းတွေ ချဲ့နိုင်ပြီလား။
ချင်းပြည်နယ်ဘက်ကလမ်းတွေ ချဲ့ထွင်ပြင်ဆင်လိုက်လို့ ကောင်းသွားပြီလား။
တောင်ကုတ်ဘက်က တောင်ကျော်လမ်းတွေ ချဲ့ထွင်ပြင်ဆင်လိုက်လို့
အားလုံးအဆင်ပြေသွားပြီလား။ ဒေါနတောင်ကျော်လမ်းရော အရမ်းကောင်းသွားပြီလား။
ဒီနေ့အထိတော့ တောင်ကျော်လမ်းအများစုဟာ ကားတစ်စီးပျက်ရင်
ဒါမှမဟုတ်လမ်းမြေပြိုရင် တန်းစီပြီးစောင့်နေကြရတုန်းပါ။
နယ်မြို့တွေမှာလည်း ဒီအတိုင်းပါပဲ။ အဝေးပြေးလမ်းဖြတ်သွားတဲ့မြို့၊ လမ်းဖြတ်ရှိတဲ့မြို့တွေမှာဆို နှစ်လမ်းသွားပဲရှိပြီး လေးလမ်းသွားလမ်းတွေမလုပ်နိုင်လို့
ကားတစ်စီးပျက်တာနဲ့ တန်းစီစောင့်ရတဲ့မြို့တွေ ရှိနေဆဲပါ။
ဘုရားပွဲတွေမှာဆိုရင်လဲ လမ်းနဲ့ကားမမျှလို့ ဘယ်လောက်အထိ
အချိန်ယူသွားနေကြရတုန်းဆိုတာ အကုန်လုံးအသိပါ။
ဒီနေ့အထိလည်း တင်သွင်းလာတဲ့ကားအစီးရေနဲ့ ကိုက်ညီတဲ့လမ်းကို ဘယ်လိုလုပ်မယ်၊ နယ်ဘက်ကလမ်းတွေကို ဘယ်လိုပြင်မယ်၊ ဘယ်လိုအသစ်ဖောက်မယ်ဆိုတဲ့အစီအမံ ကို ချမပြသေးပါဘူး။ ကားသွင်းခွင့်ပြုတာကောင်းပေမယ့် လမ်းအတွက်အစီအမံချမပြနိုင်သေးတာ က မေးမယ်ဆိုလည်း မေးသင့်ပါတယ်။
အခုထိ လမ်းမူဝါဒချမပြနိုင်သေးတဲ့အပေါ်မှာရော ဘယ်သူတွေတာဝန်ယူပြီး ဘယ်သူတွေတာဝန်ခံကြမလဲဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို ထောက်ပြမေးမြန်းလာကြပါပြီ။
ဒီငွေတွေဘယ်ရောက်သွားသလဲ ဦးစိုးသိန်း
၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကနေ ၂၀၁၄ ခုနှစ် သြဂုတ်လကုန်အထိ ရန်ကုန်ဆိပ်ကမ်းကနေ ထုတ်ယူသွားတဲ့ကားက အစီးရေ ၃၄၀၀၀၀ ကျော်ကနေ Custom Duty က ကျပ် ၄၆၅ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန်က ကျပ် ၄၆၈ ဘီလျံ စုစုပေါင်း ကျပ် ၉၃၃ ဘီလျံရခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ဆို တစ်ဘီလျံနီးပါးပေါ့။
ကုန်သွယ်ခွန်နဲ့ အကောက်ခွန်ကဥပဒေအရ ဘတ်ဂျက်ထဲတန်းရောက်သွားလို့ထားေ တာ့ ယာဉ်မှတ်ပုံတင်ကြေးကလည်း ဒီလိုပဲ ကျပ်ဘီလျံ ၇၀၀ ကနေ ၁၀၀၀ ကြားရနေလောက်ပါပြီ။
ကားတင်သွင်းမှုက ကျပ်ဘီလျံပေါင်းများစွာရနေပေမယ့်  ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းပေးတဲ့နေရာမှာတော့ ခုထိ ထိုက်ထိုက်တန်တန် ပြန်သုံးပေးတာမရှိသေးပါဘူး။
လှည်းတန်းခုံးကျော်အတွက် ကျပ် ၁၄ ဘီလျံကျော်၊ ရွှေဂုံတိုင်ခုံးကျော်အတွက် ကျပ် ၁၃ ဘီလျံကျော်၊ ဘုရင့်နောင်ခုံးကျော်အတွက် ကျပ် ၂၁ ဘီလျံ စုစုပေါင်းကျပ် ၄၈ ဘီလျံကျော်ပဲ လမ်းအတွက်သုံးထားပါတယ်။
ခုံးကျော်သုံးခုအတွက် ကျပ် ၄၈ ဘီလျံနဲ့ရတယ်ဆိုရင် ကျပ်ဘီလျံ ၁၀၀၀ ၀န်းကျင်ဆို လမ်းတွေဘယ်လောက်ရမလဲ ခန့်မှန်းလို့ရနေပါပြီ။ ဒါပေမဲ့ ဒီနေ့အထိခုံးကျော်သုံးခုကလွဲပြီး ဘာမှမပြနိုင်သေးပါဘူး။
အများပြည်သူပေးဆောင်ထားတဲ့ ကားကရတဲ့ဘဏ္ဍာငွေကို အများပြည်သူအကျိုးရှိမယ့်လမ်းဘက်မှာ အကျိုးရှိစွာမသုံးသေးဘဲထားတာဘာေ ကြာင့်လဲ၊ ဘယ်မှာသုံးနေသလဲလို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို မေးနေကြပါတယ်။
ဒီငွေတွေနဲ့ရော လမ်းသစ်ဘယ်လောက်ဖောက်ထားပြီးပြီ လဲ ဦးစိုးသိန်း
ကားကရတဲ့ အခွန်ဘဏ္ဍာတွေကို အများပြည်သူအတွက် လမ်းဘက်မှာ အပြည့်အ၀မသုံးသေးဘူးဆိုတော့ လမ်းနဲ့အဓိကသက်ဆိုင်တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကရော ဘာတွေလုပ်ထားသလဲ။
ဆောက်လုပ်ရေးဝန်ကြီးဌာနကို ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၃၃၁ ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၈၃၆ ဘီလျံနီးပါးသုံးစွဲဖို့ ဘတ်ဂျက်ခွင့်ပြုပေးထားခဲ့တာပါ။
အဲဒီပြည်သူ့ငွေတွေထဲက လမ်းအတွက်သုံးမယ့်ငွေတွေနဲ့ မြန်မာနိုင်ငံမှာ အဝေးပြေးလမ်းမဟောင်းတွေ ဘယ်လောက်ချဲ့ပြီးပြီလဲ၊ အဝေးပြေးလမ်းသစ်ဘယ်လောက် ထပ်ပြီးဖောက်လုပ်ပြီးပြီလဲ၊ အမြန်လမ်းသစ်ကိုရော ချဲ့ပြီးပြီလား၊ ကတ္တရာထပ်ခင်းတာရော ပြီးပြီလား၊ ရန်ကုန်နဲ့ မန္တလေးမှာရော လမ်းမသစ်ကြီးတွေ ဘယ်လောက်ဖောက်ပြီးပြီလဲ၊ တစ်နိုင်ငံလုံးလမ်းမသစ်ကြီးတွေ ဘယ်လောက်ထပ်ဖောက်ပြီးပြီလဲ၊ တောင်ကျော်လမ်းတွေကိုချဲ့ထွင်ပြီး အပီအပြင်ခင်းပြီးပြီလား မေးခွန်းတွေ ထုတ်လာကြပါတယ်။
ဒီအတွက်မူဝါဒချမှတ်ပေးဖို့ ကားမူဝါဒချမှတ်ပေးရာမှာပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့ ဦးအောင်မင်းတို့တာဝန်ယူထားသလား ၊ ပြည်ထောင်စုစီးပွားရေးရာကော်မတီ ရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ၀န်ကြီးဦးစိုးသိန်းအနေနဲ့ရော ဘယ်လိုတာဝန်ခံပေးမလဲ သိချင်ကြပါတယ်။
ဒါတွေလည်း ကျန်ပါသေးတယ်
"ခြစားမှုတွေကို စစ်ဆေးအရေးမယူလျှင် လက်ရှိအစိုးရက တာဝန်ခံရလိမ့်မည်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူ့ခေတ်ဂျာနယ်ရဲ့ အယ်ဒီတာ့အာဘော်မှာ "လွန်ကျွံသောမယုံသင်္ကာမှုများနှင့် 
ပြင်းထန်သော မတရားစွပ်စွဲလိုသည့် သဘောမရှိပါ။ တိုင်းပြည်အတွက်
အလုပ်လုပ်ရန်အလို့ငှာ အာဏာရယူထားသူများဟာ အာဏာကိုဆုပ်ကိုင်အလုပ်လုပ်ရင်း
ဘာအကြောင်းနှင့်ဖြစ်စေ ချမ်းသာကြွယ်ဝလာသည်ဆိုပါက
မူအရစစ်ဆေးကြည့်ဖို့လိုပါမည်။ အများအားဖြင့် လာဘ်ပေးလာဘ်ယူဆိုသည့်ကိစ္စများက
အာဏာနှင့်လုပ်ပိုင်ခွင့်ရှိသည့် နေရာတွေကပဲ ပေါ်ပေါက်လာတတ်ကြတာကြောင့်ဖြစ်ပါ သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ လက်ညှိုးထိုးအပြစ်ဆိုချင်တာမဟုတ်ပါ။ အားလုံးသော အာဏာလက်ကိုင်ထားသူများကို စိစစ်ရန်လိုနေသည်ဟု ယူဆမိတာဖြစ်ပါသည်။ ဒါကို တိုင်းပြည်နှင့်လူမျိုးကိုချစ်၍ တိုင်းပြည်နှင့်လူမျိုးအတွက် အမှန်တကယ်အလုပ်လုပ်နေကြသူများအဖို့ စစ်ဆေးခံယူရန် ၀န်မလေး၊ အသင့်ရှိနေကြမည်ဟု ယူဆပါသည်" ဟူ၍လည်း ဖော်ပြထားပါတယ်။
အာဏာနှင့် လုပ်ပိုင်ခွင့်ရှိတဲ့နေရာတွေက လာဘ်ပေးလာဘ်ယူပေါ်ပေါက်တတ်တယ်၊ အားလုံးသော အာဏာလက်ကိုင်ထားသူများကို စိစစ်ဖို့လိုတယ်လို့ရေးပြထားတာပါ။
ဆက်ပြီးတော့လည်း "လာဘ်ပေးလာဘ်ယူမှုဆိုတာက ရာဇ၀တ်မှုပဲဖြစ်ပါသည်။ ဒီလိုရာဇ၀တ်မှုများကိုသိပါလျက်နှ င့် မသိဟန်ဆောင်ကာ သက်သာခွင့်ပေးနေခြင်းဆိုတာကလည်း ရာဇ၀တ်မှုပဲဖြစ်ပါသည်။
လာဘ်ပေးလာဘ်ယူမှုများရှိနေသည်ဆို တာကို စစ်ဆေးအရေးယူရန် လိုအပ်ပါလျက် စစ်ဆေးရန်တာဝန်ရှိသူများက စစ်ဆေးအရေးယူမှုမပြုခြင်းကလည်း ရာဇ၀တ်မှုဟုပင်ယူဆရမည်လား မဆိုနိုင်ပါ။
အနိမ့်ဆုံးအားဖြင့်တော့ လူပြောများထင်ရှားလှသော လာဘ်ပေးလာဘ်ယူမှုများကို အလေးအနက်ထားစိစစ်ခြင်း၊ အရေးယူခြင်းမပြုပါက လက်ရှိအစိုးရအဖွဲ့မှာ တာဝန်ပိုကြီးလာလိမ့်မည်ဟု ယူဆမိပါကြောင်း" ဆိုပြီးတော့လည်း ဖော်ပြထားပါတယ်။
ဆိုလိုချင်တာကတော့ လာဘ်ပေးလာဘ်ယူမှုကိစ္စတွေကိုမစိစစ်ရင် မစိစစ်တဲ့သူမှာလည်း အပြစ်ရှိသလို လက်ရှိအစိုးရက တာဝန်ခံရမယ့်သဘောပါ။
အခု ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ဟာ နိုင်ငံရဲ့စီးပွားရေးရာမှန်သမျှ အားလုံး
မဖြစ်မနေ အဓိကတင်ပြရတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီရဲ့
ဥက္ကဋ္ဌဖြစ်လို့ ဘယ်လောက်အထိ နိုင်ငံအတွက်အရေးပါတဲ့သူဆိုတာ သိသာထင်ရှားပါတယ်။
နိုင်ငံတော်သမ္မတအနေနဲ့ သန့်ရှင်းတဲ့အစိုးရလို့ပြချင်ရင် လုပ်ပိုင်ခွင့်ကြီးကြီးမားမားရှိတဲ့
အစိုးရအဖွဲ့ထဲမှာ အင်မတန်အရေးပါတဲ့ကဏ္ဍတွေကို စိစစ်ချပြပြီး
သက်သေပြလို့ရပါတယ်။ ဥပမာ- နိုင်ငံ့စီးပွားရေးရာကဏ္ဍမှာ အဓိကတာဝန်ခံရတဲ့
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ရဲ့ နိုင်ငံတော်သမ္မတထံ ယခင်ချိပ်ပိတ်ပေးပို့ထားတဲ့အထဲက ပိုင်ဆိုင်မှုနဲ့ အခုသုံးလေးနှစ်အတွင်း ပိုင်ဆိုင်မှုတွေချပြ၊ စီမံခန့်ခွဲမှုအလွဲတွေ ရှိ၊ မရှိ ချပြလိုက်ပါ။
စိစစ်ချပြတာကတော့ နိုင်ငံတော်သမ္မတရဲ့လုပ်ပိုင်ခွင့်တာဝန်ပဲဖြစ်ပါတယ်။
ဒီအပတ်မှာတော့ ကားနဲ့လမ်းမူဝါဒအပေါ် စီမံခန့်ခွဲမှု အလွဲအချော်တစ်ခုကိုပဲ မူဝါဒချစဉ်ကပါဝင်ခဲ့တဲ့ တာဝန်ရှိသူတွေကို ထောက်ပြထားကြတာပါ။
ဆက်ပြီးတော့ အစိုးရအဖွဲ့ထဲမှာ အရေးပါတဲ့တာဝန်ယူထားတဲ့ လုပ်ပိုင်ခွင့်ကြီးကြီးမားမားရှိတဲ့
အရေးကြီးပုဂ္ဂိုလ်ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းရဲ့
ဘယ်ကုမ္ပဏီတွေကို ဘယ်လိုချထားပေးတယ်၊ ဘယ်ကုမ္ပဏီတွေကို ဘယ်ဈေးနဲ့ငှားတယ်၊
ဘယ်လိုစီမံကိန်းတွေချထားပေးခဲ့တ ယ်ဆိုတာတွေကိုလည်း ထပ်ပြီးထောက်ပြထားတာတွေကို ဖော်ပြသွားပါဦးမယ်။
"ခြစားမှုတွေကို စစ်ဆေးအရေးမယူလျှင် လက်ရှိအစိုးရကတာဝန်ခံရလိမ့်မည်"
တာဝန်ယူထားတဲ့အစိုးရက တာဝန်ခံမှုကိုတော့ မဖြစ်မနေလုပ်ရမှာပါ။ ဒီအပေါ်မှာထပ်ဖြည့်ပြောလာတာက ခြစားမှုတွေတင်မဟုတ်ဘဲ စီမံခန့်ခွဲမှု အမှားတွေလုပ်တဲ့သူတွေဟာလည်း ကိုယ်တိုင်တာဝန်ခံကြရမယ်၊ တာဝန်လည်းယူသင့်နေပါပြီဆိုပြီး ပြောလာခဲ့ကြတာပါ။
လက်ရှိ ဒီမိုကရေစီအစိုးရလက်ထက်မှာ စီမံခန့်ခွဲခွင့်ရှိသူတချို့ဟာ မဟာဗျူဟာမရှိ၊ နည်းပညာမရှိဘဲ အများကြိုက်မယ်လို့ စိတ်ထဲထင်တာတွေကို စမ်းတ၀ါးဝါးလျှောက်လုပ်ခဲ့ကြတာေ
အဲ့ဒီလိုအများကြိုက်မယ်ထင်တာတွေ
လက်ရှိ ရန်ကုန်မြို့က ယာဉ်ကြောပိတ်ဆို့မှု၊ ဘာမှပြောင်းလဲမှုမရှိသေးတဲ့ သယ်ယူပို့ဆောင်ရေစနစ်၊ လမ်းနဲ့မဆံ့၊ လမ်းလည်းမချဲ့နိုင်၊ မိုးပျံလမ်းတွေလည်း မလုပ်နိုင်ဘဲနဲ့၊ လုပ်ဖို့လည်းဗျူဟာမရှိ၊ အစီအစဉ်မဆွဲရသေးပဲနဲ့ အများကြိုက်မယ်ထင်ပြီး တံခါးမရှိ ဓားမရှိ ကားတင်သွင်းခွင့်ပြုခဲ့တာကိုကြည
ယနေ့ ရန်ကုန်မြို့မှာ လမ်းမူဝါဒမလုပ်သေးဘဲ ကားမူဝါဒကိုအရင်ချမှတ်ခဲ့သူများ
ကားတင်သွင်းခွင့်ပြုလိုက်တဲ့အတွ
ဒါပေမဲ့ ကားအစီးရေနဲ့တန်တဲ့ လမ်းချဲ့ထွင်မှုပိုင်းနဲ့ဆိုင်တဲ
ကြိုဆိုစရာရှိတာကိုလည်း ကြိုဆိုကြသလို ထောက်ပြစရာရှိတာကိုလည်း မေးကြတာပါ။
ဦးစိုးသိန်းကို ဘာကြောင့်မေးတာလဲ
လက်ရှိဝန်ကြီးဌာနတိုင်းရဲ့ စီးပွားရေးဆိုင်ရာစီမံကိန်းတွေ၊
ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီရဲ့ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဖြစ်ပါတယ်။ ကားမူဝါဒချမှတ်စဉ်တုန်းကလည်း ဦးစိုးသိန်းပါဝင်ပါတယ်။ ခုံးကျော်တုန်းကလည်း ဦးစိုးသိန်းပဲရှင်းခဲ့တာပါ။ စင်ကာပူလိုဖြစ်အောင်လုပ်မယ်လို့
အဲဒီအတွက် အခု ကားမူဝါဒ၊ ခုံးကျော်၊ လမ်းမူဝါဒတွေအတွက် အစအဆုံးပါဝင်ခဲ့တဲ့ အဓိကတာဝန်ရှိသူဖြစ်နေလို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို မေးကြတာလို့ဆိုကြပါတယ်။
သမ္မတရဲ့ လက်ရုံးနှစ်ဆူဦးဆောင်ခဲ့တဲ့ ကားမူဝါဒပြောင်းပွဲ
၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က နေပြည်တော်ရထားပို့ဆောင်ရေးဝန်ြ
မှတ်မှတ်ရရ ဧရာဝတီမြစ်ဆုံစီမံကိန်းကို မဖြစ်ဖြစ်အောင်ဆက်လုပ်မယ်လို့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းပြောသွားတဲ့ ရှင်းလင်းပွဲပါ။
အများပြည်သူနဲ့ လုပ်ငန်းရှင်တွေကြားမှာ နိုင်ငံတော်သမ္မတရဲ့ ဘယ်လက်ရုံးနဲ့ညာလက်ရုံးလို့သတ်မ
"နိုင်ငံတော်သမ္မတကြီး၏လမ်းညွှန်မ
ဒါပေမဲ့ တင်သွင်းလာလို့ ယာဉ်ကြောကျပ်တည်းမှုပြဿနာဖြစ်ရင်
ပြည်ထောင်စုဝန်ကြီးတွေကိုယ်တိုင
လမ်းစီမံကိန်းမပါဘဲ ကားသွင်းခွင့်ကို ဘာကြောင့်စကိုင်ခဲ့သလဲလို့ ၀န်ကြီးဦးအောင်မင်းနဲ့ ဦစိုးသိန်းကို မေးလာခဲ့ကြတာပါ။
အလဲလဲအကွဲကွဲ ခုံးကျော်အစီအမံ
တင်သွင်းခွင့်ပြုပြီး နှစ်လအကြာ နိုဝင်ဘာလမှာလောက်အရောက်မှာပဲ ရန်ကုန်မြို့နေပြည်သူတွေ ကားကျပ်မှုဒဏ်ကို အလူးအလဲ ခံစားလာရပါပြီ။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကိုယ်တိုင် ရှင်းလင်းပွဲမှာ သူကိုယ်တိုင်လမ်းကျပ်မှုဒဏ်ကိုခံ
အဲဒီတော့မှ ရန်ကုန်မြို့ ယာဉ်ကြောကျပ်မှုကိုဖြေရှင်းဖို့ ခုံးကျော်တံတားလေးခုကို လေးလနဲ့အပြီးဆောက်မယ်၊ ရန်ကုန်ကို စင်ကာပူလိုဖြစ်အောင်လုပ်မယ်ဆြို
လေးလနဲ့အပြီးဆောက်မယ်ပြောပေမယ့်
ခုံးကျော်တွေပြီးသွားလို့ ကားကျပ်တာလျော့သွားသလား ထောက်ပြလာကြတယ်။ ယာဉ်ထိန်းတပ်ဖွဲ့က တရားဝင်ပြောထားတာရှိပါတယ်။ ခုံးကျော်သုံးခုပြီးသွားပေမယ့် တစ်ကယ်တမ်း ကားကျပ်တာလျော့သွားတာ ရွှေဂုံတိုင်တစ်ခုပဲရှိပါတယ်တဲ့။
လှည်းတန်းခုံးကျော်ပြီးသွားတဲ့အ
ဒါကိုကြည့်ရင် ရေရှည်တစ်လမ်းလုံးမကြပ်အောင် ဘယ်လိုစီစဉ်မယ်ဆိုတာကို ထိရောက်မှန်ကန်တဲ့ စီမံခန့်ခွဲမှုမလုပ်ခဲ့ဘဲ ရေတိုဖြေရှင်းနည်းနဲ့ ထလုပ်ခဲ့တယ်လို့ပြောလို့ရသလို ဆောက်ခွင့်ရတဲ့ကုမ္ပဏီတွေကလည်း ပြည်ထောင်စုဝန်ကြီးနဲ့ နီးစပ်တဲ့သူတွေချည်းပါပဲ။ ဘာတင်ဒါမှမခေါ်ဘူး၊ ဒီအတိုင်းပေးလိုက်ကတည်းက မူဝါဒမရှိဘူးဆိုတဲ့သဘောဆောင်နေပ
ဒါဆိုရင် ဒီခုံးကျော်တံတားစီမံခန့်ခွဲမှုအ
ဒီနေ့ ရန်ကုန်ပြည်သူ
ကားကြပ်မှုဖြစ်နေပါတယ်၊ ပြည်သူတွေဒုက္ခရောက်နေပါတယ်ဆိုတဲ
၂၀၁၄ ခုနှစ် သြဂုတ်လကုန်အထိ ကားအစီးရေ ၃၄၃၀၀၀ ကျော်အထိ ဆိပ်ကမ်းကနေ ထုတ်ယူခဲ့ကြပြီးပါပြီ။ အဲ့ဒီမှာ အိမ်စီးကားက ၂၆၀၀၀၀ နီးပါးရှိပါတယ်။ အရင်ကတည်းက ကားစီးနိုင်တဲ့သူတွေပဲ အများဆုံးပြန်သွင်းခဲ့ကြတာပါ။
ဒီတော့ ကားဈေးကျသွားလို့ အခုမှကားစပြီးစီးနိုင်တဲ့ဦးရေက
အများပြည်သူသုံးတဲ့ကားအပါအ၀င် ကားဈေးငါးပုံတစ်ပုံလောက်ထိ ထိုးကျ သွားတာကိုတော့ ကြိုဆိုကြပါတယ်။
ဒါပေမဲ့ ဒုက္ခပိုရောက်သွားတာက ကားမစီးနိုင်တဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေပါပဲ။
ရန်ကုန်မြို့မှာ လိုင်းကားအစီးရေ ၆၃၀၀ ကျော်ရှိတယ်။ နေ့စဉ်ပျမ်းမျှ လူဦးရေ ၂ ဒသမ ၂ သန်းက ဘတ်စ်ကားစီးနင်းနေကြတယ်လို့ မထသက ထုတ်ပြန်ထားတယ်။
နေ့တိုင်း လူနှစ်သန်းကျော်ဟာ ကားပေါ်မှာပဲ သုံးနာရီလောက်အချိန်ကုန်ခံနေရတဲ
ကားပေါ်မှာ သုံးနာရီအချိန်ကုန်ခံရတယ်ဆိုပေမ
ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှိုင်သာယာလိုမြို့နယ်တွေမှာနေတဲ
ကျိုက်ထီးရိုး၊ တောင်ပြုန်းပွဲတော်တွေသွားတဲ့နေ
အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း ကုန်စည်ကူးသန်းရောင်းဝယ်မှုအတွက်
နယ်မြို့တွေမှာလည်း ဒီအတိုင်းပါပဲ။ အဝေးပြေးလမ်းဖြတ်သွားတဲ့မြို့၊ လမ်းဖြတ်ရှိတဲ့မြို့တွေမှာဆို နှစ်လမ်းသွားပဲရှိပြီး လေးလမ်းသွားလမ်းတွေမလုပ်နိုင်လိ
ဒီနေ့အထိလည်း တင်သွင်းလာတဲ့ကားအစီးရေနဲ့ ကိုက်ညီတဲ့လမ်းကို ဘယ်လိုလုပ်မယ်၊ နယ်ဘက်ကလမ်းတွေကို ဘယ်လိုပြင်မယ်၊ ဘယ်လိုအသစ်ဖောက်မယ်ဆိုတဲ့အစီအမံ
အခုထိ လမ်းမူဝါဒချမပြနိုင်သေးတဲ့အပေါ်မ
ဒီငွေတွေဘယ်ရောက်သွားသလဲ ဦးစိုးသိန်း
၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကနေ ၂၀၁၄ ခုနှစ် သြဂုတ်လကုန်အထိ ရန်ကုန်ဆိပ်ကမ်းကနေ ထုတ်ယူသွားတဲ့ကားက အစီးရေ ၃၄၀၀၀၀ ကျော်ကနေ Custom Duty က ကျပ် ၄၆၅ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန်က ကျပ် ၄၆၈ ဘီလျံ စုစုပေါင်း ကျပ် ၉၃၃ ဘီလျံရခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ဆို တစ်ဘီလျံနီးပါးပေါ့။
ကုန်သွယ်ခွန်နဲ့ အကောက်ခွန်ကဥပဒေအရ ဘတ်ဂျက်ထဲတန်းရောက်သွားလို့ထားေ
ကားတင်သွင်းမှုက ကျပ်ဘီလျံပေါင်းများစွာရနေပေမယ်
လှည်းတန်းခုံးကျော်အတွက် ကျပ် ၁၄ ဘီလျံကျော်၊ ရွှေဂုံတိုင်ခုံးကျော်အတွက် ကျပ် ၁၃ ဘီလျံကျော်၊ ဘုရင့်နောင်ခုံးကျော်အတွက် ကျပ် ၂၁ ဘီလျံ စုစုပေါင်းကျပ် ၄၈ ဘီလျံကျော်ပဲ လမ်းအတွက်သုံးထားပါတယ်။
ခုံးကျော်သုံးခုအတွက် ကျပ် ၄၈ ဘီလျံနဲ့ရတယ်ဆိုရင် ကျပ်ဘီလျံ ၁၀၀၀ ၀န်းကျင်ဆို လမ်းတွေဘယ်လောက်ရမလဲ ခန့်မှန်းလို့ရနေပါပြီ။ ဒါပေမဲ့ ဒီနေ့အထိခုံးကျော်သုံးခုကလွဲပြီ
အများပြည်သူပေးဆောင်ထားတဲ့ ကားကရတဲ့ဘဏ္ဍာငွေကို အများပြည်သူအကျိုးရှိမယ့်လမ်းဘက
ဒီငွေတွေနဲ့ရော လမ်းသစ်ဘယ်လောက်ဖောက်ထားပြီးပြီ
ကားကရတဲ့ အခွန်ဘဏ္ဍာတွေကို အများပြည်သူအတွက် လမ်းဘက်မှာ အပြည့်အ၀မသုံးသေးဘူးဆိုတော့ လမ်းနဲ့အဓိကသက်ဆိုင်တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကရော ဘာတွေလုပ်ထားသလဲ။
ဆောက်လုပ်ရေးဝန်ကြီးဌာနကို ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၃၃၁ ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၈၃၆ ဘီလျံနီးပါးသုံးစွဲဖို့ ဘတ်ဂျက်ခွင့်ပြုပေးထားခဲ့တာပါ။
အဲဒီပြည်သူ့ငွေတွေထဲက လမ်းအတွက်သုံးမယ့်ငွေတွေနဲ့ မြန်မာနိုင်ငံမှာ အဝေးပြေးလမ်းမဟောင်းတွေ ဘယ်လောက်ချဲ့ပြီးပြီလဲ၊ အဝေးပြေးလမ်းသစ်ဘယ်လောက် ထပ်ပြီးဖောက်လုပ်ပြီးပြီလဲ၊ အမြန်လမ်းသစ်ကိုရော ချဲ့ပြီးပြီလား၊ ကတ္တရာထပ်ခင်းတာရော ပြီးပြီလား၊ ရန်ကုန်နဲ့ မန္တလေးမှာရော လမ်းမသစ်ကြီးတွေ ဘယ်လောက်ဖောက်ပြီးပြီလဲ၊ တစ်နိုင်ငံလုံးလမ်းမသစ်ကြီးတွေ ဘယ်လောက်ထပ်ဖောက်ပြီးပြီလဲ၊ တောင်ကျော်လမ်းတွေကိုချဲ့ထွင်ပြ
ဒီအတွက်မူဝါဒချမှတ်ပေးဖို့ ကားမူဝါဒချမှတ်ပေးရာမှာပါဝင်တဲ့
ဒါတွေလည်း ကျန်ပါသေးတယ်
"ခြစားမှုတွေကို စစ်ဆေးအရေးမယူလျှင် လက်ရှိအစိုးရက တာဝန်ခံရလိမ့်မည်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူ့ခေတ်ဂျာနယ်ရဲ့ အယ်ဒီတာ့အာဘော်မှာ "လွန်ကျွံသောမယုံသင်္ကာမှုများနှင်
အာဏာနှင့် လုပ်ပိုင်ခွင့်ရှိတဲ့နေရာတွေက လာဘ်ပေးလာဘ်ယူပေါ်ပေါက်တတ်တယ်၊ အားလုံးသော အာဏာလက်ကိုင်ထားသူများကို စိစစ်ဖို့လိုတယ်လို့ရေးပြထားတာပ
ဆက်ပြီးတော့လည်း "လာဘ်ပေးလာဘ်ယူမှုဆိုတာက ရာဇ၀တ်မှုပဲဖြစ်ပါသည်။ ဒီလိုရာဇ၀တ်မှုများကိုသိပါလျက်နှ
လာဘ်ပေးလာဘ်ယူမှုများရှိနေသည်ဆို
အနိမ့်ဆုံးအားဖြင့်တော့ လူပြောများထင်ရှားလှသော လာဘ်ပေးလာဘ်ယူမှုများကို အလေးအနက်ထားစိစစ်ခြင်း၊ အရေးယူခြင်းမပြုပါက လက်ရှိအစိုးရအဖွဲ့မှာ တာဝန်ပိုကြီးလာလိမ့်မည်ဟု ယူဆမိပါကြောင်း" ဆိုပြီးတော့လည်း ဖော်ပြထားပါတယ်။
ဆိုလိုချင်တာကတော့ လာဘ်ပေးလာဘ်ယူမှုကိစ္စတွေကိုမစိစစ
အခု ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း
နိုင်ငံတော်သမ္မတအနေနဲ့ သန့်ရှင်းတဲ့အစိုးရလို့ပြချင်ရင
စိစစ်ချပြတာကတော့ နိုင်ငံတော်သမ္မတရဲ့လုပ်ပိုင်ခွင
ဒီအပတ်မှာတော့ ကားနဲ့လမ်းမူဝါဒအပေါ် စီမံခန့်ခွဲမှု အလွဲအချော်တစ်ခုကိုပဲ မူဝါဒချစဉ်ကပါဝင်ခဲ့တဲ့ တာဝန်ရှိသူတွေကို ထောက်ပြထားကြတာပါ။
ဆက်ပြီးတော့ အစိုးရအဖွဲ့ထဲမှာ အရေးပါတဲ့တာဝန်ယူထားတဲ့ လုပ်ပိုင်ခွင့်ကြီးကြီးမားမားရှ
No comments:
Post a Comment