အမှိုက်ကစ ပြသာဒ် မီးရှို့ခံလိုက်ရတဲ့ မြန်မာပြည် ထောက်လှမ်းရေး
( ၁၁-၂-၂၀၁၄ ရက်နေ့ထုတ်ဝေခဲ့သည့် စောင့်ကြည့်သတင်းဂျာနယ် အတွဲ(၈).အမှတ်(၃၆)တွင်ငယ်လေးညီ ရေးသားထားခဲ့သည့် စစ်အစိုးရလက်ထက် ထောက်လှမ်းရေးအဖွဲ့ ဆိုးသွမ်းရမ်းကားခဲ့သမျှ ဆောင်းပါးမှ အချက်အလက်အချို့အားကူးယူဖော်ပြပါသည်)
..ထောက်လှမ်းရေး ဆိုခဲ့တဲ့ မြန်မာပြည်ရဲ့ နေလို...လလို ထွန်းလင်းတောက်ပထင်
ရှားလွန်းခဲ့ရတဲ့.....အာဏာပါဝါပြင်းထန်လွန်းခဲ့ရတဲ့.....ထလရ ဆိုယင် အားလုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့.....ဘယ်သူကမှ
မော်လို့တောင် မကြည့်ရဲ့ခဲ့တဲ့.....ဘယ်တော့မှ နေမ၀င်ခဲ့ ဘူးလို့ထင်ထားခဲ့တဲ့ အင်ပါယာကြီးတစ်ခု....ဟာ အပိုင်းပိုင်းအစစနဲ့ ပြိုပျက်ခဲ့ရတယ်.......ဆိုတာကို အကျဉ်းချုံးပြောပြပါ့မယ်......အမှိုက်ကစ ပြသတ် မီးလောင် ဆိုတဲ့ မြန်မာ စကားပုံလေးဟာ မှန်ကန်ခဲ့တယ်ဆိုတာ.....ကျုပ်ထင်တယ်.....
1992 ခုနှစ်လောက်မှာ ထလရ ဂိုဏ်းချုပ်ကြီးကနေပီးတော့ သူတို့ ရခိုင်ပြည်နယ်မှာ တည်ထောင်လုပ်ဆောင်
ခဲ့တဲ့ နစက အဖွဲ့ကြီးရဲ့ လုပ်ဆောင်မှုတွေဟာ အောင်မြင်ခဲ့တယ်....ဒါကြောင့် မြန်မာပြည်နယ်စပ်ဒေသတွေအားလုံးရဲ့ လူဝင်လူထွက်တွေ
ကို ထိန်းချူပ်နိုင်ဖို့ဆိုပီးတော့ နစရ...နခစ အဖွဲ့တွေကို ထပ်မံဖွဲ့စည်းခဲ့တယ်.....ဒီလို မျိုး ဖွဲ့စည်းလိုက်မှု ရဲ့ အကျိုးအဆက်က နောက်
ဆုံးတော့ ဗိုလ်ချုပ်ခင်ညွှန့် ဆိုတဲ့ ထောက်လှမ်းရေးရဲ့ လျှမ်းလျှမ်းတောက် အာဏာရှင်တစ်ဦး ရဲ့ ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်ခဲ့တဲ့
လုပ်ရပ်တစ်ခုဖြစ်ခဲ့ပီးတော့ အဖွဲ့ကြီးတစ်ခုလုံးလည်း အစိတ်စိတ် အမွှာမွှာ နဲ့ဖြိုဖျက်ခံလိုက်ရပီးတော့ အားလုံးနီးပါးလည်း ထောင်ထဲ
ရောက်...ကျန်ရစ်ခဲ့တဲ့ မိသားစုတွေလည်း ဘ၀တွေ ပျက်ခဲ့ရပိးတော့ အခုအချိန်အထိ နာလန်တောင် မထူနိုင်တော့ပါဘူး..
..ရှမ်းမြောက်
မှာ ဖွဲ့စည်းခဲ့တဲ့ နစရ ...နစခ တွေထဲမှာ အဲဒီအချိန်က အရမ်းလည်း နာမည်ကြီးခဲ့တဲ့....လူတိုင်းလည်း သိထားခဲ့ရတဲ့ ဂိတ်တစ်ခုကတော့
နမ့်ဖတ်ကာ စစ်ဆေးရေး စခန်းပဲဖြစ်ပါတယ်.....အဲဒီ စခန်းမှာ ထလရ တပ်ကြပ်ကြီး နှစ်ယောက်ဖြစ်တဲ့ ဇော်မိုး နဲ့ ခင်အေး ဆိုတဲ့ နှစ်ယောက်
ဟာ လ၀က ယူနီဖောင်းဝတ်ပီးတော့ ပခုံးမှာ တစ်ပွင့် တင်ထားပါတယ်.....ကျူပ်က ဒီအကြောင်းတွေ ကိုဘယ်လိုလုပ်သိသလဲ ဆိုတော့
ကျုပ်က အဲဒီတုန်း က ရှမ်းမြောက်မှာရှိခဲ့ပီးတော့ သူတို့နဲ့ အနီးကပ် ဆက်ဆံနေရတာကိုး....အဲဒီ ဂိတ်မှာ သူတို့နှစ်ဥိးစဖွင့်ကတည်းကစထိုင်လိုက်တာဟာ နောက်ဆုံး ပြသနာ တက်တဲ့ အချိန်ထိပေါ့.....နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့....သူတို့နှစ်ဦးရဲ့ လုပ်ဆောင်ချက်လေး
တွေကို ကျုပ်သိရသလောက်....မှတ်မိရသလောက်ပြန်ပြောပြရမယ် ဆိုယင် ပြောလို့တောင်ကုန်မှာမဟုတ်ဘူး....
.မိုက်ရိုင်းမှုတွေ ...ဆိုးသွမ်းမှုတွေ....ယုတ်မာမှုတွေ.....ကတော့ များစွာမှ...များစွာပါ.....အမေအိုတစ်ယောက် မူဆယက်ကနေအပြန် ပန်းသီးလေး တစ်ဖာလောက်သယ်
လာခဲ့တယ်.....အားလုံးရှေ့မှာ စားနိုင်ယင်စား လို့ပြောပီး မစားနိုင်ယင် ပန်းသီးဖာတစ်ခုလုံး ကိုကားနဲ့တက်ကြိတ်ပြခဲ့တာတွေ...ထပ်ကရဲဘော်လေး တစ်ယောက် ဒီဗွီဒီလေး တစ်လုံးလောက်သယ်လာယင် သိမ်းတာတွေ....ဆိုင်ကယ်ကယ်ရီသယ်ခဲ့တဲ့ သူတွေကိုဘယ်လိုနှိပ်စက်ခဲ့
တာတွေ.........ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲတွေ မူဆယ်ခရီးထွက်တဲ့အခါ မူးယစ်ဆေးဝါးရှာတယ် ဆိုပီး ကားဘော့နပ်ဖုံးကအစဖွင့်ရှာပီးတော့ ရစ်ခဲ့...ညစ်ခဲ့...ချိုးခဲ့ တာတွေ...ကုန်သည်လုပ်စားနေခဲ့တဲ့ မိန်းကလေးတွေဆိုယင်သူတို့နဲ့အတူတူညအိပ်ခဲ့ရတာတွေ..တပ်ကဆိုယင် ဗိုလ်မှူးအဆင့်လောက်မပြောနဲ့ တပ်ရင်းမှူး..ဗျုဟာမှူးအဆင့်လောက်ကို ခါးထောက်ပီးတော့ ထီမထင် ဆက်ဆံခဲ့တာတွေ.....သူတို့တွေရဲ့ ညစ်ပတ်...ဗိုလ်ကျ...ယုတ်မာ....အနိုင်ကျင့်မှုတွေကိုသာပြောပြရယင်
တစ်ထောင့်တစ်ညပုံပြင်တောင် ထိုင်ငိုသွားလောက်တယ်....ရှမ်းမြောက်မှာ နေခဲ့ဖူးတဲ့သူတွေအားလုံး သူတို့နှစ်ယောက်အကြောင်းကို ကကြီးကနေပီးတော့ အ အထိ အားလုံးသိခဲ့ပါတယ်....သူတို့တွေဘာဖြစ်လို့ ဒီလောက်တောင် ဒီနေရာမှာ သက်ဆိုးရှည်ခဲ့သလဲဆိုယင် ပြောင်းရ
တော့မယ်လို့ အသံထွက်လာပီဆိုယင် သူတို့ ၂ ယောက်က တစ်ပိသာ...နှစ်ပိသာ ရွှေချောင်းတွေ ယူပီးတော့ ဒေါက်တာ ခင်ဝင်းရွှေဆီကိုတက်
သွားကြပြန်ရော....ဒါက သူတို့ရဲ့ အတွင်းသိတွေကပြောပြခဲ့တာပါ....အရမ်း ကိုဆိုးပါတယ်....အရမ်းကိုပဲ ယုတ်မာရိုင်းစိုင်းလွန်းပါတယ်လို့
နာမည်ကြီးနေတဲ့ သူနှစ်ယောက် ကို မရွှေ့မပြောင်းပဲ ၄ နှစ်နီးပါးလောက်တစ်နေရာထဲမှာ ထားခဲ့တဲ့ အကျိုးဆက်ဟာစတင်လာတော့
မယ် ဆိုတာကို ဘယ်သူမှ မသိခဲ့ပါဘူး...
.တကယ်တမ်းသာ ဆိုယင် သူတို့ နှစ်ယောက် ကို တခြားနေရာကို ပြောင်းရွှေ့ပေးလိုက်ပီး...နောက်
လူတွေနဲ့ အစားထိုးပေးလိုက်မယ်ဆိုယင် နောက်လူတွေကသာ ပျော့ပျော့ပြောင်းပြောင်းနဲ့ ပြည်သူတွေ ကိုပြန်လည်ဆက်ဆံခဲ့မယ်ဆိုယင်အယင်က ဖြစ်ခဲ့တဲ့ နာကျည်းမှုတွေကိုမေ့သွားပီးတော့ ဒီလိုမျိုးပြသာနာမျိုးလည်းပေါ်ပေါက်လာခဲ့မှာမဟုတ်ပါဘူး....ဗမာလူမျိုးတွေကလည်း
ဘယ်လောက်အောင်ပဲ နာကျည်းအောင်လုပ်ခဲ့ခဲ့....ပြန်ချော့လိုက်ယင် အတိတ်ကိုပြန်မေ့ သွားကြတာချည်းပဲ...ခွင့်လွှတ်လိုက်ကြတာချည်း
ပဲ.....စိတ်ထဲမှာလည်း အငြိုးအတေး ထားတတ်တာ မရှိပါဘူး...ဒီအချိန်က ရှမ်းမြောက် စစ်တိုင်းမှူးက ဗိုလ်ချုပ်မြင့်လှီုင်ပါ...လူတွေပြောပြောနေကြတဲ့ လယ်သမားတွေကို တနပ်စားခိုင်းတဲ့ သူကြီးပေါ့.....၂၀၀၄ ၀န်းကျင်လောက်မှာ လို့ထင်ပါတယ်....ငြိမ်းချမ်းရေး အဖွဲ့အစည်းတစ်ခု
ကနေပီးတော့ ဗိုလ်ချုပ်ခင်ညွှန့် ဆီ ကို ခေါင်းစဉ်တပ်ပီးတော့ စစ်တိုင်းမှူး ကို မိတ္တူ ပေးထားတဲ့ နမ့်ဖတ်ကာက ထလရအဖွဲ့တွေ
အကြောင်းကို အသေးစိတ်ရေးတိုင်လိုက်ပါတယ်...အဲဒီအသေးစိတ် တိုင်စာထဲမှာ ဘာတွေပါသလဲ ဆိုယင် ကားနံပါတ် အတိအကျနဲ့ဘာတွေ
တင်သွားတယ်... တစ်လကိုဘယ်နှစ်ခါဖြတ်တယ်....ထော်လာဂျီနံပါတ်တွေရော...ဘာကုန်နဲ့ ဘာကားတစ်စိးဖြတ်ယင် သူတို့ကိုဘယ်လောက်
ပေးရတယ်....အဲဒီထဲမှာ ကုန်တင်ကားထဲမှာ ဆိုင်ကယ်တွေအပြည့်နဲ့ တင်ပီးဖြတ်တာလည်းပါပါတယ်..ပီးတော့ ကုန်သည်မိန်းကလေးတွေဆိုယင်လည်း သူတို့နဲ့ ညအိပ်ပီးတော့ လူကိုပါပေးရတယ်ပိုက်ဆံလည်းပေးရတယ်...သူတို့နှစ်ယောက်ရဲ့ ၀င်ငွေဟာဘယ်
လောက်ရှိတယ် ဆိုတာကိုရော အသေးစိတ်တွက်ပြထားပီးတော့ တိုင်ထားတာပါ....သူတို့နှစ်ယောက်ရဲ့ဝင်ငွေကလည်း တစ်ယောက်ကိုတစ်
ရက်မှာ သိန်းတစ်ရာကျော်ကို ၀င်နေခဲ့တာပါ...အဲဒီတုန်းက ရွှေဈေးကလည်း ၁သိန်းခွဲကျော်လောက်ပဲရှိအုံးမှာပါ....ဘယ်စီးပွားရေးလုပ်ငန်း
ရှင်ကမှ သူတို့လောက် ၀င်မှာ မဟုတ်ပါဘူး...ကျန်တဲ့ အဖွဲ့တွေဖြစ်တဲ့ လ၀က...ရဲ့....အကောက်ခွန်တွေကျတော့ သူတို့ပေးသလောက်သာ
ရကြောင်းနဲ့ အဓိကကတော့ ပိုက်ဆံပေးရတာဟာအဓိက မဟုတ်ပါဘူး....သူတို့ရဲ့ ယုတ်မာ ရက်စက် မိုက်ရိုင်းလွန်းလှတဲ့ လုပ်ရပ်တွေကို
သီးမခံနိုင်တော့ လို့ တိုင်တာပါ....တိုင်တဲ့ အဖွဲ့အစည်းကလည်း သူတို့နဲ့ ပဲ ပေါင်းပီး လုပ်စားနေခဲ့တဲ့ အဖွဲ့ပါပဲ...ဒီတိုင်စာ ကိုတိုင်လိုက်တဲ့
အချိန်မှာ သူတို့ရဲ့ အဘကြီး က နိုင်ငံခြား ခရီးစဉ် တစ်ခု ကိုရောက်နေခဲ့တာပါ.....စစ်တိုင်းမှူး ကို မိတ္တူပေးလိုက်တဲ့ အချိန်မှာ အဲဒီစာပေါ်
မှာ စစ်တိုင်းမှူးက မှင်အနီနဲ့မှတ်ချက်ပြုခဲ့ပီး ဒီအချိန်က ကွတ်ခိုင် စစ်ဗျူဟာမှူး ဗမက စံရွှေသာ ဆီကို ပို့ပေးလိုက်ပါတယ်....မှတ်ချက်ကတော့ စုံခုံဖွဲ့စစ်
ဆေးတင်ပြ၇န်....ဆိုပီးတော့ ပါတာပါ....ဒီစာ ကို ကျုပ်ကိုင်ဖတ်ခဲ့ရတာပါ.
.ဒါနဲ့ နမ့်ဖတ်ကာ စစ်ဆေးရေး စခန်း ကို ၀င်သိမ်းတဲ့ အခါမှာ
သူတို့နှစ်ကောင်က အစစ်ဆေးမခံဘူး....သူတို့ဌာနချုပ်ရဲ့ ခွင့်ပြုချက် မရယင် အရှာမခံနိုင်ဘူးဆိုပီးတော့ ငြင်းဆန်တော့ လက်ထိပ်ကို
နောက်ပြန်ခတ်ထားပိးတော့ မင်းတို့က ဘာလဲ ...တပ်ကြပ်ကြီး....ငါက ဗျူဟာမှူးကွ ဆိုပီးတော့ ပါးလေး နှစ်ချက်လောက်ပဲ ဆော်ပလော်တီးလိုက်ရတယ်....အဲဒီအချိန်က စတင်လိုက်ခဲ့တဲ့မီးပွားလေး တစ်ခုဟာ ဘယ်လို အဆင့်ဆင့် ကူးပီး လောင်ကျွမ်းသွားခဲ့တယ် ဆိုတာဒီအချိန်ကမှီလိုက်တဲ့သူတွေ အားလုံးသိပါတယ်...သတင်းစာထဲမှာလည်းပါခဲ့ပါတယ်....ကျူပ်အကျယ်ချဲ့ပီးတော့လည်းမပြောတော့ပါဘူး....ကျုပ်ပြော
ပြချင်တာက တပ်ရင်းတပ်ဖွဲ့ ကစစ်သားတွေက ထလရ ကလူတွေ ကိုဘယ်လောက်တောင် နာကျည်းနေခဲ့တယ် ဆိုတာကိုပြောပြမလို့ပါ.းး
ဒီလိုမျိုးဖမ်းဆီးထားတဲ့ ထလရတွေအားလုံးကို လားရှိုးမှာ ရှိတဲ့ တပ်ရင်းတွေမှာ ခွဲတမ်းနဲ့ ချထားပီး တပ်အချုပ်မှာ ချထားပါတယ်...တပ်ကရဲဘော်လေးတွေက လာပြောပြကြတယ်....သူတို့ ကို ကျနော် တို့ ထမင်းကျွေးတာတောင် ဆီနဲ့ဆားနဲ့ပဲ ကျွေးတာတဲ့...ဘာဟင်းမှကိုမပေး
ဘူးတဲ့.ပီးတော့ သူတို့နှစ်ကောင်ကို တပ်ကရဲဘောတွေက အခန်းထဲကိုဝင်ဝင်ပီး ၀ိုင်းဗျင်းနေကြာတွေ...သူတို့ အချင်းချင်းတောင် ဒီလိုဖြစ်နေတယ်ဆိုတော့ ကျန်တဲ့ သူတွေဆိုယင် ပြောမနေနဲ့တော့....၀မ်းနည်းတဲ့ သူဆိုတာလည်းတစ်ယောက်မှမရှိဘူးလေ.သူတို့အဖွဲ့တွေက ဘယ်လောက်တောင်လူပါးဝလာသလဲ ဆိုယင် လားရှိုးဂေါက်ကွင်းအတွက်ဆိုပီးတော့ တိုင်းမှူးမှာထားလို့သယ်ဆောင်လာတဲ့ ဂေါက်ကွင်းမှာ သုံးမယ့် ထီးတွေကိုတောင် ဖမ်းပစ်တယ် ဆိုတော့ တိုင်းမှူးကိုလည်း ဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိုးတွေ
ချိုးတော့ တိုင်းမှူးကလည်း တင်းနေမှာပေါ့...မူဆယ် အခမ်းအနားတစ်ခုမှာ ဗိုလ်ချုပ်ခင်ညွှန့်ပြောသွားတာလေးတစ်ခု ကိုသွားသတိရလိုက်တယ်....သူတို့ ဒီ
နစရ ဆိုတာကြီးကို ဖွဲ့စည်းပီးတော့ စတင်လုပ်ဆောင်နေတဲ့ အချိန်မှာ....တွေ့လားတဲ့....၀န်ထမ်းတွေက သူခိုးတွေချည်းပဲ...သူတို့လည်းဝင်
လိုက်ရော....၀င်ငွေတွေ ဘယ်လောက်တက်လာလဲ ဆိုတာကို.....ဟုတ်ပဗျာ....သူပြောတာ ၀န်ထမ်းတွေက သူခိုးတွေချည်းပဲဆိုတာ ၀န်ထမ်း
တွေက မူဆယ်မှာ တစ်နှစ်ပဲ တာဝန်ထမ်းဆောင်ရတယ်လေ....တကယ်လို့ရခဲ့ယင်လည်း များများစားစား မရှိခဲ့ပါဘူး....ကားလည်းမ၀ယ်
နိုင်ခဲ့ဘူး....တိုက်ခမ်းလည်း မ၀ယ်နိုင်ခဲ့ဘူးလေ....ပီးတော့ အပေါ်မှာ ထလရ တို့...ခယက တို့ ရှိနေတော့ မလုပ်ရဲကြပါဘူး....၄ နှစ်
တောင် မခံလိုက်ဘူး....၀န်ထမ်းတွေအားလုံး ကို သူခိုးလို့ပြောခဲ့တဲ့ တပည့်တွေက သူခိုးထက်ဆိုးတဲ့ ....ဒမြတွေဖြစ်ကုန်တာကိုပဲ...
သူတို့ ဒမြ တိုက်ထားတာတွေ များပြားလွန်းမက များပြားလွန်းတော့ သွားစစ်ဆေးခဲ့တဲ့ အဖွဲ့တွေကလည်း တစ်ဖွဲ့ပီးတစ်ဖွဲ့ပြောင်းသွားပီး
တော့ နောက်ဆုံး နိုင်ငံတော်စာရင်းစစ်ချုပ်တောင် စစ်ဆေးရတဲ့ အထိရောက်သွားတယ်.....ဒမြတိုက်ထားတဲ့ ဟာတွေဘယ်လောက်တောင်
များလည်း ဆိုတော့.....ပ။ိးတော့ သူတို့ သိမ်းထားတဲ့ ဆိုင်ကယ်တွေ ဆိုယင်လည်း မူဆယ်ကနေမန္တလေး ကို နေ့တိုင်း တီအီးကားအစီး၃၀
လောက်နဲ့ သယ်တာတောင် ၄လလောက်သယ်လိုက်ရတယ်...တကယ်တမ်းကျတော့ ပညာအရည်အချင်းကလည်း မည်မည်ရရ မရှိ...ပဲ
လက်မောင်းမှာ ၁ရစ်...၂ ရစ်လောက် ကို တပ်ဆွယ်မှူး ဆိုပီးတော့ လုပ်ပိုင်ခွင့်တွေအပြည့်အ၀ပေးထား....တော့ သူတို့စိတ်ထဲမှာ စိတ်ကြီး
တွေဝင်ပီးတော့ သူတို့ကိုယ်သူတို့ ဘုရင်လို့ထင်သွားပီးတော့ လုပ်ချင်ရာ ကိုင်ချင်ရာတွေလျှောက်လုပ်တော့တာပေါ့...လ၀က ကမိတ်ဆွေ
တစ်ယောက် ကရင်ဖွင့်ဖူးပါတယ်.....ကျနော် တို့ဗျာ.....တန့်ယန်းတာကော်အက်တံတား ကိုသွားတဲ့ အချိန်ကျယင် တန့်ယန်းကိုရောက်ယင်
ထလရ ရုးံးကိုဝင်ပီးသတငိးပို့ရတယ်ဗျာ....ပို့ဆက်..ကညန အကုန်ပါတာပေါ့ဗျာ....အဖွဲ့ခေါင်းဆောင်တွေကတော့ အရာရှိတွေပါတော့ပါ
ဗျာ....ဟိုရောက်ယင် သူတို့ တပ်ကြပ်အဆင့်လောက် နေ ထိုင်ခုံမှာ ထိုင်ပီးတော့ ကျနော်တို့ အဖွဲ့တွေအားလုံးက သူ့ရှေ့မှာ ရပ်နေရတယ်
ဗျာ......သူတို့က ဘာမှာသလဲဆိုယင် တရုတ်တွေ မသွင်းဖို့.....၀စ်သောက်ကားတွေ မသွင်းဖို့....သစ်တွေ ခိုးမထုတ်ဖို့ မှာတယ်ဗျာ...တကယ်
လို့ ပါဝင်တယ်ဆိုယင် ပြင်းပြင်းထန်ထန်အရေးယူမယ် ဆိုပီးတော့ ဗျာ....ဟိုရောက်တော့ ဟိုဘက်ကနေ တရုတ်တွေကိုသူတို့ ထောက်ခံစာတွေ နဲ့သူတို့်ကိုယ်တိုင်ခေါ်သွင်းလာတာ ၀စ်သောက်ကားတွေံ ကို သူတို့ ကိုယ်တိုင် မောင်းသွင်းလာတယ်....သစ်ထုတ်တာကလည်း သူတို့ပါတနာတွေပဲ....ကိုင်း....ဘယ်သူ ဖမ်းရဲသလဲ....အားလုံးဒီအတိုင်းလက်ပိုက်ကြည့်နေရတော့တာပဲ....စစ်အစိုးရလက်ထက်မှာ တရုတ်
တွေနဲ့ ကားတွေကို သူတို့ကပဲ စသွင်းခဲ့တာလေ....မြန်မာနိုင်ငံမှာ တရုတ်တွေနဲ့ ၀စ်သောက်ကား ကိစ္စ အဓိက တရားခံတွေက သူတို့တွေပဲဘာကြောင့်လဲ ဆိုတော့ ဒီအချိန်တုနုးက သူတို့လုပ်သမျှရွှေဖြစ်တာကိုး....သူတို့ဘာပဲလုပ်လုပ် သူတို့ကို အရေးယူရဲ့တဲ့ အဖွဲ့အစည်းမရှိခဲ့
ဘူးလေ.....ကျုပ်တို့ကိုလည်း ကျုပ်တို့ အထက်လူကြီးက မှာထားပါတယ်.....ထလရ နဲ့ ဘယ်တော့မှ ထိပ်တိုက်မတွေ့နဲ့....သူတို့ကိုဝေးဝေး
ကရှောင် ဆိုပီးတော့.
.ဒီဖြစ်စဉ်ဖြစ်သွားပီးတဲ့ အချိန်မှာ ထလရ မိသားစုတွေအားလုံးကို အကျယ်ချုပ်နဲ့ ထားထားတာလေ...ခရီးသွားချင်တယ်ဆိုယင် စစ်တိုင်းရဲ့ ထောက်ခံချက်ပါမှသွားလို့ရတာ...ဒီကြားထဲ သံဝေဂ ယူစရာလေး တစ်ခု ကိုပြောပြချင်တာပါဗျာ.....ကျုပ်ရေပူစစ်ဆေးရေး
ဂိတ်မှာ တာဝန်ကျနေတုန်းထလရမိသားစုလေးတွေက ဒီထောက်ခံစာလေးတွေပြပိးတော့ သူတို့ခရီးသွားချင်တဲ့အကြောင်းမျက်စိသူငယ်
နားသူငယ်လေးနဲ့ လာတောင်းပန်တယ်.....အယင်တစ်ချိန်တုန်းကဆိုယင် မတော်တဆ သူတို့မိသားစုအဖွဲ့ဝင်တွေကိုစစ်ဆေးမိတယ်ဆိုယင်ပဲ
အသံမာမာနဲ့ ထလရ ကကွ....ဆိုပီးတော့ခြိမ်းခြောက်တာကိုအမြဲခံနေခဲ့ရတော့.....၀ဋ်ဆိုတာ တအားမြန်တာပဲလို့....ဟိုဘ၀ကိုတောင်မကူးသေးဘူး...ဒီဘ၀မှာတင်ချက်ခြင်းဖြစ်သွားတာ....ပြည်သူလူထုတွေရဲ့ မေတ္တာတွေ စူးရှသွားတာလေ.....သူမကောင်း..ငါမကောင်း ဆိုတာနဲ့
ပြည်ညောင်ပင်ကြီးတောင် မခံနိုင်ဘူး....ပြိုပျက်သွားရတာ.....အဲဒီမှာ ဗိုလ်ချုပ်မြင့်လှိုင်လည်း ကျားကြီးမြင့်လှိုင် ဆိုပီးတော့ တစ်ခါတည်းနာမည်ကြီးသွားရော.....ကျားကြီးက လက်ဖ၀ါးလေး တစ်ချက်ပဲ လှမ်းပုတ် လိုက်ရတယ်.....တစ်ဖွဲ့လုံးကို ပြိုဆင်းသွားရော....သူရှိတုန်းက
ဌာနဆိုင်ရာ ၀န်ထမ်းတွေအားလုံးကို လယ်ထဲ ဆင်းပီးတော့ ဆင်းရွှေလီ စပါး စိုက်ခိုင်းခဲ့တာ....ဘိုးဘွားရိပ်သာကိုတောင်မှ ဆင်းရွှေလီဘိုး
သွားရိပ်သာ ဆိုပီးတော့ နာမည်ပေးခဲ့တာ....ဘုရားတည်တော့လည်း ကျုပ်တို့မှာ ဒိလိုမျိုး နာမည်ပေးအုံးမလား ဆိုပီးတော့ စိတ်ပူလိုက်ရတာ......လူကြီးတွေလာပီ ဆိုယင်လည်း ဆင်းရွှေလီ စပါးခင်းနဲ့ အသားတိုးဝက်မွေးမြူေ၇းကိုပဲ လိုက်ပြနေတာ....ဒီလိုမျိုးပြလွန်းလိုသူတို့
လူကြီးအချင်းချင်းတောင် ၀က်တွေက ငါတို့တွေကိုတောင်မှတ်မိနေကြပီ....ဆိုပီးတော့ပြောခဲ့သေးတယ်...သူကလည်း ဆင်းရွှေလီ ရူးရူးနေ
တာ ကိုး.....ပီးတော့ ဒီအချိန်မှာ ကျုပ်သတင်းတစ်ခု ကြားခဲ့ရတယ်.....မှန်သလား....မှားသလား ဆိုတာကိုတော့ ကာယကံရှင်တွေကအသိဆုံးဖြစ်မှာပဲလေ....
.စစ်တိုင်းက အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်ဆီကနေကြားခဲ့ရတာ....ဒီလိုမျိုးဖြစ်တော့ ဗိုလ်ချုပ်ခင်ညွှန့် ကအာဏာသိမ်းဖို့ကြံခဲ့တယ်....ဘယ်မှာသိမ်းမလဲ ဆိုတော့...အဲဒီအချိန်က ညောင်နှစ်ပင်မှာ ပြည်ခိုင်ဖြိုး နှစ်ပတ်လည် အခမ်းအနားမှာ လုပ်ဖို့ကြံထား
တာတဲ့....အဲဒီအခမ်းအနားကို တပ်ချူပ်ကြီး က နှစ်တိုင်းတက်တာလေ....အဲဒီလိုမျိုးကြံစည်ခဲ့တာကို ထလရ က ဗိုလ်ချုပ်ကျော်ဝင်းကနေပီးတော့ တပ်ချုပ်ကို သွားသတင်းပို့လိုက်တာလေ.....တပ်ချုပ်က လည်း ဒီလိုမျိုးမဖြစ်ရလေအောင် ဆိုပီးတော့ သူ့လူ ကိုထည့်ထားတာ
လေ....ဒါကိုသိလိုက်တော့ မှ တပ်ချုပ်က ချက်ခြင်း လက်ဦးမှုယူပီးတော့ ရှစ်မိုင်လမ်းဆုံမှာရှိတဲ့ ထလရ ဌာနချုပ်ကို တပ်တွေနဲ့ဝိုင်းပီးတော့ ၀င်သိမ်းလိုက်တယ်လေ....ဗိုလ်ချုပ်ကျော်ဝင်း....ဘာထောင်မှလည်း ကျမခံခဲ့ရဘူးလေ.....သူပဲလွတ်သွားတာလေ....တော်သေး
တာပေါ့....တပ်ချုပ်ကိုပဲ ကျေးဇူးတင်လိုက်ရသေးတယ်....သူသာ နံပါတ်၁ ဖြစ်သွားလို့ကတော့ သူ့အဖွဲ့တွေရဲ့ ယုတ်မာမိုက်ရိုင်းစော်ကားမှုတွေနဲ့ ဗမာပြည်ကြီး....ဂျပန်ခေတ်ထက်တုန်းကတောင် ပိုဆိုးသွားအုံးမှာ.....အဲဒီအချိန်တုန်းက ထလရ ဆိုယင် ပျိုတိုင်းကြိုက်တဲ့
နှင်းဆီခိုင်ကြီးကိုဖြစ်လို့....ဘွဲ့ရ ပညာတတ်တွေကလည်း ထလရ ဆိုယင်အားကျလို့....တပ်ထဲကို စစ်သားနဲ့ပဲ ၀င်ပီး ထလရ ထဲကိုပြန်ကူးမယ် ဆိုပီးတော့....ခါးကြားမှာ ဆိုယင်လည်း တစ်လက် ကို သိန်း ၃၀ ၄၀ပေးဝယ်ကိုင်ရတဲ့ ငွေရောက်တလက်လက်တောက်နေတဲ့
ပစ္စတို...ခြောက်လုံးပြုး အသေးလေးတွေ ကိုချိတ်လို့....တပ်က အရာရှိတွေတောင် မကိုင်နိုင်ဘူး.....အဲဒီအချိန်က ထလရ ကဆိုယင်လူ၁၀၀မှာ ၉၀ လောက်က အရမ်းကို မှ ဆိုးဝါးခဲ့တာ....လ၀က ဌာန ဆိုယင်လည်း တော်တော်နှိပ်စက်ခံခဲ့ရတာ....သူတို့ရဲ့ ထောက်ခံချက်တွေနဲ့
နိုင်ငံသားကတ်တွေထုတ်ပေးခိုင်းလို့ ထုတ်ပေးခဲ့ရတာတွေရှိတယ်....သူတို့ကိုအားလုံးက ရွှံ့ကြောက်ကြီးဖြစ်နေခဲ့တာ...ဒီလိုမျိုးဖြစ်ခဲ့တော့
သူတို့ထခစ တွေနဲ့ ဌာနဆိုင်ရာမှာ ခန့်ထားခဲ့တဲ့ဝန်ထမ်းတွေလည်းပြန်ဖြုတ်ခံရတယ်...ထလရ ကနေပီး ဌာနဆိုင်ရာတွေကိုပြောင်းခဲ့တဲု့သူတွေလည်းအဖြုတ်ခံရတယ်....သူတို့ရဲ့ ၀န်ထမ်းသားသမီးတွေဆိုယင်လည်း ပြုတ်ယင်ပြုတ်...မပြုတ်ယင်လည်း ဝေးလံခေါင်ဖျားတွေကို
ပြောင်းရွှေ့ခံခဲ့ရတယ်.....နောက်ထပ် လုံးဝ နာလန်မထူနိုင်အောင် အမြစ်ပြတ်အရှင်းခံလိုက်ရတာဟာ ဘယ်လိုမျိုးအကြောင်းတရားတွေ
ကြောင့် ဆိုတာ သူတို့ကိုယ်တိုင်ပဲ မြွေမြွေချင်းခြေမြင်ကျမှာပါ....သူတို့တစ်တွေရဲ့ စိတ်ထဲမှာလည်း ငါတို့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာဒီလိုမျိုးထောင်ကျခံရလိမ့်မယ် ဆိုတဲ့ စိတ်ကူးမျိုး ကိုယောင်လို့တောင်တွေးမိခဲ့မှာမဟုတ်ဘူးလေ.....
No comments:
Post a Comment