Tuesday, 5 August 2014

လ၀က ကို အခြေပြု၍

 " လ၀က ကို အခြေပြု၍ တိုက်ခတ်သွားသော ခရိုနီ မုန်တိုင်း"
 ကျွန်ူပ် ရွှေတံခါးမှူး အိုကြီးသည် စနေ/တနင်္ဂနွေဖြစ်သော်လည်း အနားမယူနိုင်ပဲ မပြီးသတ်သေးသော ရုံးလုပ်ငန်းများဆောင်ရွက်
နိုင်ရန် အတွက် ရုံးခန်းအတွင်း အလုပ်ကြွေးကျန်များ အားရှင်းလင်းဆောင်ရွက်နေစဉ်  ရုံးခန်းအပြင်ဘက်မှ တပည့်ကျော် jio ကြီးမှ ဆောင်ပုဒ်
တစ်ခု အား အော်ကြီးဟစ်ကျယ် ရွတ်ဆိုနေသည်ကို ကြားလိုက်ရသဖြင့်  နားထောင်လိုက်ရာ  အယင် စစ်အစိုးရလက်ထက်မှ ဆောင်ပုဒ်တစ်ခု
အား စာသားပြောင်းလဲရွတ် ဆိုနေကြောင်း သိလိုက်ရပီး  ၄င်းရွတ်ဆိုနေသော ဆောင်ပုဒ်မှာ

" လ၀က ကို အခြေပြု၍ အခြား စိးပွားရေး ကဏ္ဍများကို ဘက်စုံဖွှုံ့ဖြိုးတိုး တက်အောင် တည်ဆောက်ရေး.....""တိုးတက်လာသည့်
 စီးပွားရေးလုပ်ငန်းများနှင့်အညီ လ၀က လုပ်ငန်းရှင် ခရိုနီကြီး ဖြစ်လာရေး....."

သို့နှင့် ကျွနုပ် မှာ မနေသာတော့ပဲ တပည့်ကျော်ကြီးအား အခန်းတွင်းသို့ခေါ်လိုက်ပီး    အောက်ပါအတိုင်း ဆုံးမစကားများပြောကြားရပါ
တော့တယ်ဗျာ....

"မောင်ရင်...ဘာတွေ မဟုတ်တရုတ်တွေ လျှောက်အော်နေတာလဲ....တို့ ၀န်ထမ်းအချင်းချင်းက ပြသနာ မရှိဘူး...တော်ကြာ အပြင်လူတွေကြား
သွားယင် ငါတို့ကို တစ်မျိုးထင်နေပါအုံးမယ်ကွာ....ပြည်သူတွေက ငါတို့ကို တစ်မျိုးမြင်နေရတဲ့အထဲ....၀န်ထမ်းလုပ်ပီးတော့ သူဌေးဖြစ်ချင်
လို့မရဘူးကွ.....၀န်ထမ်းဆိုတာ ရရ စားစားကွာ....ငါ့ကိုသာကြည့် သမင်မွေးလိုက်...ကျားစားလိုက်ဖြစ်နေတာ လုံးချာကိုလည်ထွက်နေတာ
အေး..ချမ်းသာချင်ယင်တော့ အပြင်ထွက်ပီး စီးပွားရေးလုပ်..ဒါပဲရှိတယ်......မောင်ရင်...နုတ်ကြောင့်ကျေ...လက်ကြောင့်သေ တယ်ဆိုတာ
ကြားဖူးတယ်မဟုတ်လား.....လ၀က ၀န်ကြီး ဦးစောထွန်းလက်ထက်က သူ့ကို နောက်ကွယ် မောင်စောထွန်းလို့  ခေါ်လို့ ဆိုပီး အရေးယူလိုက်
တဲ့ဖြစ်စဉ် ကိုမင်းသိတယ်မို့လား...အစားမတော် တလုပ်  အသွားမတော် ....တလှမ်း...အပြောမတော်...တစ်ခွန်း နဲ့ မင်းဒုက္ခရောက်သွားမယ်
နံရံတွေ မှာ နားရှိတယ်ကွာ....မောင်ရင်ကတော့ ရိုးရိုးသားသား ဆိုပေမယ့် မရိုးသားတဲ့သူတွေ က သွား ကုန်းချောလိုက်ယင် မောင်ရင် ကွိ
သွားမယ်...ဘာမှတ်နေသလဲ"   ဟု ပြော ဆိုဆုံးမပီးခြောက်လှန့်ထားလိုက်ရာ.

....တပည့်ကျော်မှ မလန့်တဲ့အပြင် သူ့ဆရာကို ဆရာ..ဘာမှ
မသိရှာဘူးဆိုတဲ့ အပြုံးမျိုးနဲ့ ကြည့်ယင်း" ဆရာသမား.....က အခြားနေရာတွေမှာ တော်သလောက် ဒီလိုနေရာမျိုးမှာ တော်တော့် ကိုညံ့သွား
ပီ....ဆရာသမား က ရုံးလုပ်ငန်းတွေကိုပဲ စိတ်ဝင်စားနေတာကိုး....အပြင်လောကကြီမှာ ဘာတွေဖြစ်ပျက်နေလဲ ဆိုတာကို လေ့လာနေရမယ်
သိနေရမယ်  ဆရာ....အခု ဆရာ မသိတော့  ဆရာ တစ်ခေတ်နောက်ကျသွားပီ...အခု ကျနော့်ဆောင်ပုဒ် ကိုရွတ်တာဆရာကြားရတော့
ဆက်ရက် ကို ချိုးထင်...သမက် ကို သူခိုးထင် ဆိုသလိုမျိုးဖြစ်နေပီ  ဆရာ  ရေ့"  ဟူ ဆိုကာ ကျွနုပ် အား ပြန်ချေပလေတော့သည်...

.ပီးတော့
"ဆရာ...လောကမှာ.မဖြစ်နိုင်ဘူးဆို တာ မရှိဘူး  မဖြစ်သေးတာပဲရှိတယ် ဆိုတဲ့ စကားဆရာကြားဖူးတယ် မို့လား.....ဆရာကသာ သမင်မွေးယင်း
ကျားစားယင်းနဲ့ လုံးချာလည်လိုက်ပီး ချာလပတ်သာယမ်းနေတာ.....ကျနော်ခုနက ရွတ်တဲ့ ဆောင်ပုဒ်ထဲကအတိုင်း လုပ်ငန်းရှင် ....ကုမ္မဏီ
ပိုင်ရှင် ဖြစ်တဲ့သူကဖြစ်သွားပီ " ဟု ထပ်မံပြောပြန်ရာ  ကျွနုပ်မှ တပည့်ကျော်အား" အေးကွာ....ဒိနေရာမှာ တော့ ဆရာညှုံသွားပီကွာ...မင်းပြော
တဲ့ စကားအတိုင်း ဆရာ့ ကို ရှင်းပြပါဦးကွာ " ဟု ဆိုလိုက်ရာ  တပည့်ကျော်မှ ဘာမှ မသိဖြစ်နေရှာသော ဆရာသမားအားအောက်ပါအတိုင်း
ရှင်းလင်းပြောပြပါတော့တယ်ဗျာ....
 
 "  ဆရာသမားရယ်....ကျနော် တို့က အမြင်မကျယ်ခဲ့လို့ ဒီလိုဖြစ်နေခဲ့ရတာပေါ့....အမြင်ကျယ်တဲ့ လူငယ်လေးတစ်ယောက်ကတော့
တပ်ထဲကို ရဲဘော်ဘ၀နဲ့ဝင် ...တပ်ကြပ်ဖြစ်...ဗိုလ်ကြီးဖြစ်အောင်ကျိုးစားပိးတော့ ကျနော်တို့လ၀က ထဲကို လက်ညွှန်နဲ့ပြောင်းလာခဲ့တဲ့
တောသား ပုံစံ ဒီဇိုင်းကြီးနဲ့ တစ်ယောက်လေ...ပြောင်းလာပီးတော့  တိုင်းဦးစီးမှုးအဖြစ်နဲ့  မြန်မာနိုင်ငံ အလယ်ပိုင်းက တိုင်းတတိုင်းကိုရောက်
သွားတယ်လေ......အဲဒီအချိန်က ဘာမှကိုမရှိပဲ ပုံစံလေး ကခပ်နွမ်းနွမ်းနဲ့လေ....သူက နေရာယူတတ်တော့ ဒိနေရာကနေပိးတော့ မြန်မာပြည်
အောက်ပိုင်းက တိုင်းတတိုင်းကို တစမ အဖြစ်နဲ့ပြောင်းသွားတယ်လေ.....အဲဒီတိုင်းမှာ နှစ်တော်တော်ကြာအောင်နေသွားခဲ့ပီး အဲဒီမှာ စီးပွားရေး
သမားတွေကို အသေကပ်ပေါင်းပီး အောက်ဝန်ထမ်းငယ်တွေကိုအသေနှိပ်ထားတော့ တော်တော် များသူကြောင့်ဘ၀ပျက်..
.အလုပ်ထွက်ခဲ့ရပေမယ့်  သူကတော့ အဲဒီမှာ စတင်ပိးတော့ကြွယ်ဝချမ်းသာမှုတွေ ကိုစတင်ခဲ့တယ်လေ ဆရာ....တော်တော်လေးလည်း
တော်တယ်....တော်တော်လေးလည်း အရည်အချင်းရှိတယ် လို့ပြောရမှာပေါ့ ဆရာ.....ရုံးချုပ် ကနေပိးတော့ တစမရုံးဆောက်ဖို့ ရန်ပုံငွေချ
ထားပေးလိုက်ရော.....ရုံးလည်းပီးရော....အဲဒီလမ်းထိပ်မှာ သူ့ရဲ့ နှစ်ထပ်တိုက်ကြီးလည်း တခါတည်းပီးသွားရော ဆရာရယ်   တခြားအကွက်
တွေလည်း အများကြီးရှိသေးတယ် ဆရာ...ပြောယင်တော့ ပီးတော့မှာ မဟုတ်ဘူးဆရာရယ်....သူ့ရဲ့ အရည်အချင်းတွေ ကြောင့် ကောင်းတဲ့
ပြည်နယ်တိုင်းတွေမှာ အကြာကြီး နေသွားရတယ် ဆရာ.....အခုတော့  အဲဒီသူ စိုင်းထီးစိုင် သီချင်းထဲကလိုပဲ အစာဝလို့ ဌာနကိုပျံသွားပီ ဆရာ
လ၀က ညွှန်ကြားရေးမှူး ကနေ အလုပ်ထွက်သွားပိး  အခု ဆောက်လုပ်ရေး လုပ်ငန်း ကုမ္မဏီ ကြီးတစ်ခု ထောင်ထားလိုက်ပီး အခု လုပ်ငန်းရှင်
ကြီး ဖြစ်သွားပီလေ ဆရာ....လ၀က မှာ ( ၁၈) နှစ်လောက်ပဲ ရင်းလိုက်ရတယ် ဆရာ...တခါတည်း ချမ်းသာကြွယ်ဝပီးတော့ သူဌေးဖြစ်သွား
တယ်လေဆရာ....အဲဒီလို လူ ကို လ၀က ခရိုနီ လုပ်ငန်းရှင်ကြီး လို့မခေါ်ယင် ဘယ်လိုခေါ်ရမလဲ ဆရာ....ကျနော်လည်း အခု သူ့ကိုအားကျ
လို့ အဲဒီဆောင်ပုဒ်လေး ကို ရွတ်ဆိုမိတာပါ ဆရာသမားရယ်....."....

.ဟု ကျွနုပ်အား ရှင်းလင်းပြောပြ
်ရာ ကျွန်ုပ်မှ  တပည့်အား "...မင်းလည်း သူ့လိုဖြစ်ချင်ယင် ရတယ်ကွာ....နည်းလမ်းရှိတယ်...လွယ်လွယ်
လေးပါကွာ.....အခု မင်းသေလိုက်...နောက်ဘ၀ လူပြန်ဖြစ်ယင် တပ်ထဲဝင်ပိးတော့ လ၀က ထဲကိုပြန်ပြောင်းလာလိုက်ပေါ့ကွာ " ဟုဆိုလိုက်ရာ
"ဆရာသမားက အဟုတ်မှတ်လို့ နားထောင်နေတာ  တော်တော်နောက်တာပဲ" ဟု ဆိုလေတော့သည်....
ထိုနောက် ကျွန်ုပ်မှ တပည့်ကျော်အား" အေး..အယင်တုန်းက ငါတို့တွေ့ဖူးခဲ့တဲ့ အရပ်သားစစ်စစ် လ၀က တစမ/ပနမ တွေပင်စင်သာသွား
လိုက်ကြတာ ဘာမှ မရှိရှာဘူးကွ...သူတို့တွေ ဒီလိုမျိုးလုပ်စားလို့ရတယ် ဆိုတာကိုလည်းနားလည်း နားမလည်ကြဘူး....သိလည်း
 မသိရှာကြဘူးကွာ..တော်တော့ ကိုပဲ ရိုးသားကြတာကွ....ဒါကလည်း စစ်အစိုးရကြောင့်ဖြစ်
သွားတာပါကွာ..ဒီလိုမျိုးလုပ်နိုင်တဲ့သူက သူ့ရဲ့ ကံ..ညဏ်...၀ိရိယ ကြောင့်ဖြစ်ပိးတော့ လုပ်ငန်းရှင်ဖြစ်မယ့် ကံဇာတာပါလို့ဖြစ်မှာပေါ့
ကွာ....ဒါမျိုးက ဖြစ်တတ်ပါတယ်...ရှိတတ်ပါတယ်ကွာ...တို့နိုင်ငံကြီးရဲ့ အနေအထားရပေါ့ကွာ.".ဟုတပည့်ကျော်ကြီးအားပြောပြလိုက်ရာ တပည့်မှ
ဆရာဖြစ်သူ ကျွန်ုပ်အား

 " ဆရာသမား......အယင်တုန်းကလူကြီးတွေ ကျနော်
တို့ကို ဆိုဆုံးမသွားတာတွေကို အခုမှ သိရတယ်....မင်းတို့ကောင်တွေ မလုပ်တတ်...မကိုင်တတ်နဲ့ ဒုက္ခရောက်တော့မှာပဲ ဆိုတာလေ.
....ကျနော် အခုမှ အဲဒီစကားကိုနားလည် သဘောပေါက်တော့တယ်....ဌာနမှာ လုပ်တတ်...ကိုင်တတ်တဲ့သူတွေကတော့ ကြီးပွားချမ်းသာသွား
တာပေါ့ ဆရာရယ်...အဲဒီထဲမှာ တပ်ထွက်တွေ ကပိုတော်တယ် ဆရာ.....သူတို့တွေက သူတို့ မသိတာ....မတတ်တာ...မလုပ်တတ်တာ...မကိုင်
တတ်ဘာတစ်ခုမှ မရှိဘူး...အကုန်လုံး မတစ်လုံးကြေကျတယ် ဆရာ....ဘယ်လိုမျိုး အကွေ့မှာ ဘယ်လိုလှော်ရမယ်...ဘယ်လိုမျိုးလေမှာဘယ်လို
ရွက်လွင့်ရမယ်....ဘယ်လိုလူတွေကို ဘယ်လိုနင်းချရမယ်....ဘယ်သူ့ကို ဘယ်လိုနင်းတက်ရမယ် ဆိုတဲ့....အတက်/အဆင်း တွေလဲကျွမ်းကျင်
ကြတယ်ဆရာ....ပီးတော့ ဘယ်သူကို ဘယ်လိုကျွေးပီးတော့ ဘယ်လိုမွေးရမယ် ဆိုတာရော မွေးမြူရေးလုပ်ငန်းတွေရော...ဘယ်သူ့ဆီကို
ဘယ်လိုဝင်ပီး ဘယ်လိုထွက်ရမယ်ဆိုတဲ့ အ၀င်/အထွက်တွေရော....ပေါင်းစားတာတွေရော...ထိုးကျွေးတာတွေရော   အကုန်ကျွန်းကျင်တယ်ဆရာ...စစ်ကျောင်းမှာသင်
ပေးလိုက်တဲ့ အထဲမှာ အဲဒီပညာရပ်တွေရောပါသလားဆရာ...ပီးတော့ ယခုလက်ရှိ ကျနော်တို့ တစမကြိးကလည်း."....ဟုပြောပိးဆက်လက်
လေကြောရှည်မည်ပြုရာ ကျွန်ုပ်က ကြားဖြတ်ဝင်ပီး."..ဟေ့ကောင်...တော်တော့ မောင်ရင်ငါ့ကို တရားခံရှာမနေနဲ့
တော်ကြာ မတော်တဆကြားသွားယင် ပုဒ်မကြီးသွားလိမ့်မယ်.....ဒါမင်းအလုပ်လည်းမဟုတ်ဘူး....မင်းနဲ့လည်း မဆိုင်ဘူး..မင်းလုပ်ရမှာက
..မင်း အခု ရွတ်နေတဲ့ ဆောင်ပုဒ်ကြီးကိုတော့
အခုလည်း မဆိုနဲ့တော့....နောက်ထပ်နောက်နောင် ဘယ်တော့မှလည်း မဆိုနဲ့တော့.....တော်ကြာ မတော်တဆ ငါတို့ တစမကြီးကြားသွား
ယင် ပင်စင်သွားခါနိးမှ ခေါ်စစ်ခံနေရပါအုံးမယ်ကွာ...ငါတို့ တိုင်းမှူးကလည်း လက်သံပြောင်ပါဘိနဲ့  ကဲ...ငါမင်းကို လက်ဖက်ရည်ဖိုးပေးလိုက်
ပါမယ်ကွာ...သွားသောက်လိုက်တော့  မင်းပြန်မှ ငါ့အတွက် ပါဆယ်သာ ဆွဲခဲ့တော့ ကွာ "ဟုပြောယင်း ခြင်္သေ့(၂)ကောင် အိပ်ကပ်ထဲမှ ခုန်
ထွက်သွားပါတော့တယ်ဗျာ....

ထွက်သွားတဲ့ တပည့်ကျော် ရဲ့ နောက်ကျောကို ကြည့်ယင်းနဲ့ ကျွန်ုပ် ခေါင်းထဲမှာတော့ သူရွတ်ဆိုတဲ့  ဆောင်ပုဒ်လေး အစဖြစ်တဲ့
"လ၀က ကို အခြေပြုပြု၍"   ဆိုတဲ့ စာသားလေးက စိုးမိုးနေပါတော့တယ်ဗျာ.....

No comments:

Post a Comment