Tuesday, 5 August 2014

ဘုရားစူး မိုးကြိုးပစ်ဒါ ဆိုင်ကယ်ပါ

ခြားနားချက်နိုင်းယှဉ်ခြင်း
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ .............မြိုနယ်ဦးစီးဌာနမှူးရုံးတစ်ရုံးသို့ လ၀က စီမံချက်လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် UNFPA နှင့် ဦးစီးဌာန(ရုံးချုပ်) တို့မှ ဆိုင်ကယ်(၁)စီးစီ ထုတ်ပေးခဲ့ရာတွင် UNFPA မှထုတ်ပေးသော ဆိုင်ကယ်သည် ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ပေးခဲ့သော ဆိုင်ကယ်အား လုံးဝ လိုက်မှီခြင်းမရှိသည့်အတွက် လက်လျှော့အရှူံးပေးလိုက်ရပါသည်..ယခုအခါ UNFPA မှ လ၀က ၀န်ကြိးဌာန တာဝန်ရှိသူများထံ ချဉ်းကပ်ပီး ဌာနမှ ထုတ်ပေးသည့် ဆိုင်ကယ်အား ထုတ်လုပ်သည့် ကုမ္မဏီနာမည် အားသိရှိနိုင်ရေးအတွက် တိတ်တဆိတ်စုံစမ်းလျက်ရှိပီး  နောက်တွင် ထိုကုမ္မဏီနှင့်ဆက်သွယ်ပီး ၀န်ကြီးဌာန စီမံချက်လုပ်ငန်းများအတွက်မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ရုံးများအားလုံးသို့ ၄င်းတို့ထုတ်ထားသည့် နောက်ဆုံးပေါ် ဆိုင်ကယ်အမျိုးအစားများအား ၀ယ်ယူလှုဒါန်းသွားမည်ဖြစ်ကြောင်းသတင်းရရှိမှုအား တင်ပြလိုက်ရပါတယ် ခင်ဗျား.....
မိုးပွင့် စီမံချက် လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် UNFPA  မှ ထုတ်ပေးထားသော ဆိုင်ကယ်
ဦးစီးဌာန(ရုံးချုပ်) မှ မိုးပွင့်လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် ထုတ်ပေးထားသောဆိုင်ကယ်
( ၄င်းဆိုင်ကယ်မှာ ရုံးချုပ်မှ ထုတ်ပေးလိုက်ကတည်းက အောက်ဖော်ပြထားပုံအတိုင်း ထုတ်ပေးလိုက်ခြင်းဖြစ်ပီးမိမိစားရိတ်ဖြင့် မြို့နယ်ရုံးသို့အရောက်သယ်ယူလာရခြင်းဖြစ်ပီး
ပြင်ဆင်စရိတ်များလည်း ချထားပေးခြင်းမရှိကြောင်းသိရှိရပါသည်)

No comments:

Post a Comment