Monday, 4 August 2014

ပြစ်တင်ရှုတ်ချခြင်းနှင့် စုံ/ခုံဖွဲ့စည်းပေးရန်

ရွှေတံခါးမှူးချစ်သူ မှ ပြင်းထန်စွာပြစ်တင် ရှူတ်ချခြင်းနှင့် စုံ/ခုံဖွဲ့ စုံစမ်း စစ်ဆေးအရေးယူပေးနိုင်ရန်တင်ပြခြင်း
------------------------------------------------------------------------------------------------------------

ရွှေတံခါးမှူးချစ်သူ ၀က်ဆိုဒ်အားဖွဲ့စည်း ထားရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အထက်လူကြီးဆိုးများ၏ ရာထူးနှင့်အာဏာကိုအလွဲသုံးစားပြု
လုပ်ပီး အောက်လက်ငယ်သားများအပေါ် မတရားအနိုင်ကျင့်ခြင်း..ဖိနှိပ်ခြင်း....အရေးယူခြင်း..အကြောက်တရားများဖြင့်အုပ်ချုပ်ခြင်း...နိုင်ထက်
စီးနင်းပြုခြင်း...မမှန်မကန် ပြုမူလုပ်ဆောင်ချက်များအား နောက်
ထပ်နောက်နောင် မလုပ်ရဲအောင်အများပြည်သူသိအောင် ရေးသားဖော်ပြခြင်းဖြင့်ကာကွယ်တားဆီးသွားနိုင်ရန်ရည်ရွယ်ပီး  မည်သူတစ်ဦးတစ်ေ
ာက်၏ မျက်နှာကို ထောက်ထားခြင်းမရှိပဲ  မှန်လျှင် မှန်သည့်အတိုင်း/ မှားလျှင်လည်း မှားနေသည့်အတိုင်း ထောက်ပြ/ရေးပြသွားခြင်းဖြင့်
အောက်လက်ငယ်သား ၀န်ထမ်းများ၏ အခက်အခဲ...သောက..ဒုက္ခဆင်းရဲမှု များမှကင်းဝေးစေပီး စိတ်ချမ်းသာ..ကိုယ်ချမ်းသာစွာဖြင့်တာဝန်
ဝတ္တရားများကို ထမ်းဆောင်သွားး နိုင်စေရေးအတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်ပါသည်

 ဤ  ၀က်ဆိုဒ်စာမျက်နှာသို့ ကရင်ပြည်နယ် လ၀က တွင် လ/ထ ညွှန်ကြားရေးမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဦးစိုင်းထွန်းဝေ မှ ရေးသား
ခဲ့သည့် " ရာဇ၀င် အထုပတ္တိ လည်းရှိရမယ်......မော်ကွန်းလည်း ထိုးလောက်တဲ့ လ၀က တိုင်းမှူးတွေရယ်" ဆိုသည့်ဆောင်းပါးအား ဤ ၀က်
ဆိုဒ်စာမျက်နှာပေါ်သို့ တင်ပေးခဲ့ပါသည်......ထိုဆောင်းပါးထဲတွင် ကရင်ပြည်နယ် လ၀က ပြည်နယ်ဦးစီးဌာနမှူးဖြစ်သူမှ လူမျိုးရေးကိစ္စများအား
တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲ တစ်ဦး၏ ဂုဏ်သိက္ခာနှင့်မလျော်ညီစွာ မသုံးစွဲသင့်သည့် စကားလုံးများသုံးစွဲပီး ငါးစိမ်းသည်ပမာ
တိုင်းရင်းသား လူမျိုးရေးကိစ္စများအား မှိုချိုး...မျှစ်ချိုး ပမာ ပြောကြားခဲ့သည် စာသားများအား ရေးသားဖော်ပြထားပီး ၄င်း၏နာကျည်းချက်...
ခံစားချက်များအား  ဤ စာမျက်နှာပေါါ်မှ ရင်ဖွင့်လာခဲ့ပါသည်...
.
ထိုကဲ့သို့ အင်တာနက် FACEBOOK စာမျက်နှာပေါါ်မှ ရေးသား ပြောဆိုရင်ဖွင့်ခြင်းသည်  လ၀က ၀န်ကြီးဌာနမှ
တာဝန်ရှိသူ အဆင့်ဆင့် ထံ သိရှိနိုင်ရန်  သွယ်ဝိုက်သော နည်းလမ်းဖြင့် ရင်ဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်....၀န်ကြီိးဌာ
နဆီသို့ တိုက်ရိုက် စာဖြင့်ရေးသား တိုင်ကြားမှ တိုင်ကြားမှု မြောက်သည်မဟုတ်ပဲ ထိုကဲ့သို့ အင်တာနက်ပေါ်မှ ရေးသားရင်ဖွင့်ခြင်းသည်
လည်း ထိရောက်မှုရှိသည့် တိုင်ကြားခြင်းတစ်မျိုးလည်းဖြစ်ပေသည်ဟု မှတ်ယူနိုင်ပေသည်....သာဓကအဖြစ် ၀န်ထမ်းငယ်တစ်ဦးမှ ၀န်ကြီးအ
ပေါ့် ဝေဖန်ရေးသားမှုအား စုံခုံအဖွဲ့ ဖွဲ့စည်းကာ ရာထူးတိုး(၂)နှစ်၇ပ်ဆိုင်းပီး ဝေးလံခေါင်ဖျားဒေသသို့ပြောင်းရွှေ့ခြင်းဖြင့်
အရေးယူဆောင်ရွက်ပြခဲ့သည့်ဖြစ်စဉ်လည်း ပေါ်ပေါက်ခဲ့ပြီးဖြစ်ပါသည်..ထိုကဲ့သို့ ကရင်ပြည်နယ် လ၀က ၏
ကိစ္စအ၀၀ မှန်သမျှ ကို တာဝန်ယူ/တာဝန်ခံဆောင်၇ွက်နေခဲ့သည့် ညွှန်ကြားရေးမှူးတစ်ယောက်မှ ထိုကဲ့
သို့ လူမျိုးရေး သွေးကွဲစေသည့် သပ်သျှိသွေးထိုးလှုံ့ဆော်သည့် စကားလုံးများဖြစ့် ရာထူးနှင့်မလျော်ညီစွာ ရိုင်းပျ ပြောဆိုသည့် စကားလုံး
များဖြင့် လ/ထ ညွှန်ကြားရေးမှူးတစ်ဦးအပေါ် ပြောဆိုခဲ့ခြင်းကို ထောက်ချင့်ပါက ကျန်ရှိသည့် ရာထူးငယ် တိုင်းရင်းသား ၀န်ထမ်းများအပေါ်
ထိုထက် ပိုမို ဆိုးဝါးစွာ အနိုင်ထက်ကျင့်ပြုမှု ပြောဆိုဆက်ဆံ သွားမည်ကို ခန့်မှန်းနိုင်ပါသည်...

".ငါခုံးမ တစ်ကောင်ကြောင့် တလှေလုံးပုပ်"
ဆိုသလို လူမျိုးရေးခွဲခြား မိုက်ရိုင်းစော်ကားသည့် တပ်ထွက်အရာရှိတစ်ဦးကြောင့် ၀န်ကြီးဌာနတွင် ဖြောင့်မတ် ...မှန်ကန်...ရိုးသားစွာဖြင့်
တာဝန်ထမ်းဆောင်နေကြသည့် အခြားသော တပ်ထွက် အရာရှိကြီးများ၏ ဂုဏ်သိက္ခာများလည်း ကျဆင်းစေနိုင်ပီး  ၀န်ထမ်းများမှလည်း
တပ်မှ အသွင်ပြောင်း အရာရှိကြီးများအားလုံးအပေါ်တွင် “ဤ ပုတ်ထဲမှ.... ဤ ပဲများပင် ဖြစ်မှာပဲ "ဆိုသည့် အတွေးများဖြစ်ပေါ်လာစေနိုင်ပါသည်..
"ခြေမ မကောင်း ခြေမ...လက်မ မကောင်း လက်မ" ဖြတ်ထုတ်ဆောင်ရွက်ပစ်ရသလိုပြစ်မှူးကျူးလွန်သူအား မည်သူမျက်နှာကိုမျှ မထောက်ထားပဲ ပြတ်သားစွာအရေးယူ
ဆောင်ရွက်သွားရန်လိုအပ်ပါသည်.."..အောက်လက်ငယ်သားများမှားသည့် အခါ တွင် ဥပဒေ တစ်မျိုး"...."အထက်လူကြီးများ မှားသည့်အခါတွင်
ဥပဒေ တစ်မျိုး"  ဆိုသည့် ဥပဒေ နှစ်မျိုး မထားရှိပဲ ကျုးလွန်ခဲ့သည့်ပြစ်မှုအမျိုးအစားအရ ပြတ်ပြတ်သားသားအရေးယူဆောင်၇ွက်သွားရှိရန်
လိုအပ်ပါသည်

ထိုကဲ့သို့ တိုင်းရင်းသား မျိုးနွယ်များအား သွေးကွဲစေသည့်......နစ်နာစေသည့်  ပုတ်ခတ်စော်ကားပြောဆိုခဲ့သည့်  ကရင်ပြည်နယ် လ၀က
ပြည်နယ်ဦးစိးဌာနမှူး အား ၀န်ထမ်းများအားလုံး၏ ကိုယ်စား ရွှေတံခါးမှူးချစ်သူမှ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပါသည်....".အမှိုက်ကအစ
ပြသဒ် မီးမလောင်ရလေအောင်" မလိုလားအပ်သည့် ဖြစ်စဉ်များ ဆက်လက် မဖြစ်ပေါ် နိုင်စေရေးအတွက် မှန်ကန်ပီးဘက်လိုက်မှုမရှိသော..
ကျောသား ရင်သား မခွဲခြားသည့်  စုံစမ်းစစ်ဆေးရေး
အဖွဲ့ ဖွဲ့စည်းပေးကာ  အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် တင်ပြ တောင်းဆိုလိုက်ပါသည်..

No comments:

Post a Comment