▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®
ဩဂုတ် ၁ ရက်တွင် ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် စည်းအဝေး တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ် ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ရှင်းလင်း တင်ပြခဲ့သည်ကို ရုပ်မြင် သံကြားမှကြား သိလိုက်ရသည်။
သို့ဖြစ်၍ ရင်ထဲတွင် သိချင်နေသော မြန်မာ-အိန္ဒိယနယ်နိမိတ် ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်း လို၍ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ဆက
ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးချမ်းအေးနှင့် အဆက်အသွယ် ရရှိခဲ့ပြီး မြန်မာ-အိန္ဒိယနယ်နိမိတ် ကိစ္စနှင့် စပ်လျဉ်း ၍ မေးမြန်းဖြေကြားခဲ့ သည်များ ကို ပြန်လည်ရေးသား တင်ပြလိုက်ရပါသည်။
မေး။မြန်မာ-အိန္ဒိယ နယ်နိမိတ်အငြင်းပွားမှုကြောင့် ကဘော်ချိုင့်ဝှမ်း မှာ မြန်မာ ပိုင်မြေ အချို့ ဆုံးရှုံးနေတဲ့ သတင်းတစ်ပုဒ်ကို Daily Eleven သတင်းစာမှာ မကြာသေးမီ က ဖတ်လိုက်ရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပေးစေလိုပါတယ် ခင်ဗျား။
ဖြေ။ ဟုတ်ကဲ့၊ မြန်မာ-အိန္ဒိယ နယ်နိမိတ်တိုင်းတာရေးစာချုပ်ကို
နယ်နိမိတ်တိုင်းတာခဲ့ပြီး မှတ်တိုင်တွေကို စိုက်ထူခဲ့တဲ့အခါမှာ ကဘော်ချိုင့်ဝှမ်း မှာမြန်မာနိုင်ငံဘက်က နယ်နိမိတ် စာချုပ်နဲ့ မြေပုံတွေအရ စိုက်ထူလိုပြီး အိန္ဒိယနိုင်ငံ ဘက်ကတော့ မြေပြင်ရှိ မူလနေရာ ဟောင်းတွေ နေရာမှာ စိုက်ထူ လိုတာကြောင့် သဘောထားကွဲလွဲခဲ့ပြီး နယ်နိမိတ်မှတ်တိုင် ကိုးတိုင် မစိုက် ထူနိုင်ခဲ့ ပါဘူး။အဲဒီသဘောမတူညီမှုကို နှစ်နိုင်ငံအကြားမှာ ၁၉၇၀ ပြည့်လွန်နှစ်တွေ ကစပြီး မြေအပေး အယူ အပြန်အလှန် ပြုလုပ်ပြီးဖြေရှင်း ဖို့ ကြိုးစားခဲ့ပေ မယ့်ဒီနေ့အထိသဘောတူညီမှု မရသေးပါဘူး။ ဆက်ပြီး ညှိနှိုင်း ဆောင်ရွက်သွားဖို့ရှိပါတယ်။
ဒီအတောအတွင်း တမူး-မိုရေးဒေသမှာရှိတဲ့ နယ်နိမိတ်မသတ်မှတ် ရသေး တဲ့ နေရာတွေ မှာ အိန္ဒိယနိုင်ငံဘက်က တည်ဆောက်ရေး လုပ်ငန်းတွေဆောင် ရွက်နေ တဲ့အတွက်ကြောင့် မြန်မာနိုင်ငံဘက်က သံတမန် လမ်းကြောင်း ကနေ တရားဝင်စာပို့ပြီး ကန့်ကွက် အရေး ဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင်နိုင်ငံခြားရေးဝန်ကြီးဌ
ပြီးတော့လည်း တမူး-မိုရေးဒေသမှာရှိတဲ့ နှစ်ဖက် သဘောတူညီချက် မရသေးတဲ့ မှတ်တိုင်အမှတ် (၇၆)နဲ့ (၇၈) အနီးမှာ နှစ်နိုင်ငံ ကျွမ်းကျင်တဲ့ မြေတိုင်း ပညာရှင်တွေ ယခုနှစ် ဇန်နဝါရီလ အတွင်းက ပူးတွဲ စစ်ဆေးခဲ့ပါတယ်။
အဲဒီမှာကျွန်တော်တို့ဘက်က တွေ့ရှိချက် တွေကို အိန္ဒိယနိုင်ငံ ဘက် ကို မြေပုံကြမ်း နဲ့ ပေးအပ်ခဲ့ ပါတယ်။ အဲဒီအချိန်ကစပြီး အိန္ဒိယဘက် ကလည်း အဲဒီမှတ်တိုင်တွေနားမှာ တည်ဆောက်နေတာတွေကို ရပ်တန့်ပေးခဲ့ ပါတယ်။
အိန္ဒိယနိုင်ငံဘက်က ယခုနှစ် ဇူလိုင်လအတွင်းက မှတ်တိုင်(၇၈) နားမှာရှိတဲ့ နယ်နိမိတ် မသတ်မှတ်ရသေးတဲ့နေရာမှာ နယ်စပ်ဂိတ်ကို မဆောက်တော့ ဘဲ နေရာပြောင်းရွှေ့ဆောက်လုပ် မယ်လို့ အကြောင်းကြားခဲ့ ပါတယ်။
မြန်မာနိုင်ငံဘက်အနေနဲ့ နေရာပြောင်းရွှေ့ဆောက်လုပ်မယ့်ကိ
မေး။ အိန္ဒိယနိုင်ငံဘက် ကျေးရွာအချို့နဲ့ အဆောက်အအုံအချို့က ကျွန်တော် တို့ နိုင်ငံဘက်ကို ကျူးကျော်မှုတွေ ရှိနေတယ်။ မှတ်တိုင်းဟောင်းတွေ ကို နေရာရွှေ့ စိုက်နေတယ် စတဲ့ ပြောဆိုမှုတွေကိုလည်း ကြားသိနေရ ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သိလိုပါတယ်ခင်ဗျား။
ဖြေ။ နှစ်ဖက်အငြင်းပွားနေတဲ့ နေရာနဲ့ပတ်သက်ပြီး အဲဒီနေရာမှာ နှစ်နိုင်ငံလုံးက နယ်နိမိတ်မသတ်မှတ်ရသေးမီ တည်ဆောက်မှုတွေ မပြုလုပ်ဖို့ လိုပါတယ်။
အိန္ဒိယနိုင်ငံဘက်က ဆောင်ရွက်မှုတွေကို ကျွန်တော်တို့ဘက်က စဉ်ဆက်မပြတ် ကန့်ကွက်လျက်ရှိပါတယ်။ အိန္ဒိယနိုင်ငံဘက်က ယခုနောက်ဆုံးပြန်ကြား ချက် အရ ပြုလုပ်ရန် မရှိလို့သိရပါတယ်။ ဒီကိစ္စကို ဆက်လက်စောင့်ကြည့်ပြီး ကန့်ကွက် အရေးဆိုသွားဖို့ ရှိသလို နယ်နိမိတ်တိုင်းတာ သတ်မှတ်ပြီး ပြေလည်စွာဖြေရှင်းသွားဖို့လည်း ကျွန်တော်တို့ ဆက်လက် ဆောင်ရွက် သွားမှာပါ။နောက်တစ်ခုက နယ်နိမိတ် တိုင်းတာ သတ်မှတ်ပြီး နေရာတွေကိစ္စဖြစ်ပါတယ်။
နယ်နိမိတ်မျဉ်းကနေ ၁၀ မီတာအတွင်း အဆောက်အအုံ မဆောက်လုပ်ရ ဇုန်သတ်မှတ်ထားပေမယ့် အဲဒီနေရာတွေ မှာလည်း အိန္ဒိယနိုင်ငံ ဘက် က ဆောက်လုပ်နေ တာရှိသလို တချို့အဆောက်အအုံတွေဆိုလည်း ကျွန်တော် တို့ ဘက်ကိုကျော်လွန်နေတာ ရှိပါတယ်။
ဒီကိစ္စတွေကို နှစ်ဖက်မြေတိုင်းအဖွဲ့တွေက ပူးတွဲမှတ်တမ်း တင်ထားပြီး ဖယ်ရှားပေးရေးကို နှစ်နိုင်ငံအကြားပြုလုပ်တဲ့ စစ်ဘက်၊နယ်ဘက် အစည်းအဝေးတွေမှာ ကျွန်တော်တို့ဘက်က ကန့်ကွက် အရေးဆိုပြောကြား လျက်ရှိပါတယ်။ သံတမန်လမ်းကြောင်းကနေလည်း စာနဲ့တရားဝင် ကန့်ကွက်ထားပါတယ်။ အိန္ဒိယနိုင်ငံဘက်က သက်ဆိုင်ရာ တရားရုံးတွေကနေ တစ်ဆင့် ဖယ်ရှားပေးရေးကို ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။
တချို့ကို လည်း ဖယ်ရှားပေးပြီးဖြစ် ပါတယ်။ မှတ်တိုင်တွေ ရွှေ့ စိုက်ထားတာနဲ့ ပတ်သက်ပြီး စိုက်ထူပြီး မှတ်တိုင်တွေရယ်၊ နှစ်ဖက်သဘောတူညီမှုမရလို့ မစိုက်ထူသေးတဲ့ မှတ်တိုင်ရဲ့ မူလတည်နေရာကိုဩဒိနိတ်တွေ ကို နှစ်ဖက်ပူးတွဲ မှတ်တမ်းထားရှိပြီး ဖြစ်တဲ့
အတွက် မူလနေရာ ကို ပြန်လည်ဖော်ဆောင် နိုင်မှာဖြစ်ပါတယ်။
မေး။ ဇူလိုင်လ ၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ပါရှိတဲ့ မြန်မာ-အိန္ဒိယ နယ်စပ်မှာရှိတဲ့ ဧကပေါင်း သုံးထောင်ကျော်ကို အပြည်ပြည်ဆိုင်ရာ နယ်စပ်မှာရှိတဲ့ ဧကပေါင်း သုံးထောင်ကျော်ကို အပြည်ပြည်ဆိုင်ရာ နယ်နမိတ် အဖြစ် သတ်မှတ်မယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦးခင်ဗျား။
ဖြေ။ အဲဒီသတင်းက ပြည်ပမှာရေးတဲ့ သတင်းဆောင်းပါး တစ်ပုဒ်ကို သတင်းထောက် က ဘာသာပြန်ပြီး ဖော်ပြတယ်လို့ ယူဆပါတယ်။
ဘာသာပြန်သတင်းကို ဖော်ပြရာမှာ မူလသတင်းဇာစ်မြစ်ကို သေသေချာချာ ထည့်သွင်းဖော်ပြခြင်းမပြုတဲ့အတွ
မေး။ နိဂုံးချုပ်အနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးစေလိုပါတယ် ခင်ဗျား။
ဖြေ။ ကျွန်တော့်အနေနဲ့ နိုင်ငံပိုင်သတင်းစာတွေကိုရော၊ ပုဂ္ဂလိက မီဒီယာတွေ ကိုရော မေတ္တာရပ်ခံချင်တာက နိုင်ငံတကာ နယ်နိမိတ်ကိစ္စတွေဟာ သိမ်မွေ့ နက်နဲ တဲ့ ကိစ္စတွေဖြစ်တဲ့အတွက် သတင်းရေးသားသူတွေအနေနဲ့ သတင်းအချက် အလက်ခိုင်မာဖို့ လိုတဲ့ အတွက် သေချာ စိစစ်ပြီးမှ ဖော်ပြကြပါ လို့ပြောကြား လိုပါတယ်။
(ဟုတ်ကဲ့။ အခုလို စိတ်ရှည်လက်ရှည်နဲ့ ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့ အတွက် ကျေးဇူး အများကြီးတင်ပါ တယ် ခင်ဗျာ။)
Credit to MOI
No comments:
Post a Comment