Thursday, 21 August 2014

မန္တလေးတိုင်းတွင် ကွန်ပြူတာဆာဗာစနစ်စတင်လုပ်ဆောင်မည်

နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ဆိုင်ရာ လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးတွင် ကွန်ပျူတာ ဆာဗာစနစ်ဖြင့် ပထမဆုံး လုပ်ဆောင်မည်

မန္တလေး၊ သြဂုတ် ၂၀

အစိုးရသစ် လက်ထက်တွင် စတင် အကောင်အထည်ဖော် လုပ်ကိုင်နေသည့် e-Government စနစ်တွင် တစ်ခု ပါဝင်သည့် မွေးဖွားမှု၊ သေဆုံးမှုနှင့် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ဆိုင်ရာ လုပ်ငန်းများကို အချက်အလက် တိကျမှန်ကန်စေရန် မြန်မာနိုင်ငံတွင် ပထမဆုံးအနေနှင့် e- File Management System ဖြင့် ထိန်းချုပ်မည့် ကွန်ပျူတာဆာဗာစနစ်ကို မန္တလေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလဆန်းတွင် စတင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန (လဝက) အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ကွန်ပျူတာ ဆာဗာစနစ်ကို အသုံးပြုနိုင်ရန် လိုအပ်သော ဆော့ဝဲကို စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်သည့် East Wind Solutions က ရေးဆွဲပေးပြီး ဖြစ်ကြောင်း၊ အဆိုပါ ဆော့ဝဲတွင် လိုအပ်သော အချက်အလက်များကို ထပ်မံဖြည့်စွက်လျက်ရှိရာ မူရင်းအခွေများ မကြာမီ ရောက်ရှိမည် ဖြစ်ကြောင်း၊ အဆိုပါဆော့ဝဲကို အသုံးပြုရန် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့်မြို့နယ် လဝက ရုံးများတွင် အသုံးပြုနေသော ကွန်ပျူတာများကို အဆင့်မြှင့်တင်ရန် လိုအပ်သော စာရင်းများ ကောက်ယူထားကြောင်း၊ ယင်းကွန်ပျူတာများ အဆင့်မြှင့်တင် ပြီးပါက သန်းခေါင်းစာရင်း၊ မွေးဖွားမှု၊ သေမှုဆိုင်ရာ အချက်အလက်များ၊ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ခြင်းကိစ္စနှင့် စပ်ဆိုင်သော အချက်အလက်များကို ထည့်သွင်းမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ ဆော့ဝဲအသုံးပြုနိုင်ရန် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနက မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်း စာရင်းဇယားများ ပူပေါင်း ဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး သြဂုတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် မြို့နယ် လဝကရုံးများတွင် မှတ်တမ်းတင်ထားသော Database များ ဆော့ဝဲအတွင်း ထည့်သွင်းအသုံးပြုနည်းကို သင်ကြားထားပြီး ဖြစ်ကြောင်းနှင့် ကွန်ပျူတာ ကျွမ်းကျင်လုပ်သား မရှိသော မြို့နယ်များအတွက် ကျွမ်းကျင်လုပ်သားများကို ပြင်ပမှ ခေါ်ယူမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“အရင်က မှတ်ပုံတင် လုပ်ချင်ရင် လဝကကို လာရတယ်။ အခု ဒီဆော့ဝဲကို အသုံးပြုပြီး အချက်အလတ်တွေ အကုန်ထည့်ထားတဲ့အတွက် မှတ်ပုံတင် လုပ်လိုတဲ့သူတွေ၊ မလုပ်ရသေးတဲ့သူတွေ မှတ်ပုံတင်လုပ်ရမဲ့ အချိန်ရောက်တာနဲ့ ကွန်ပျူတာတွေက အချက်ပေးမယ်၊ အဲဒီအခါ သက်ဆိုက်ရာ လဝကက အဲဒီသူတို့ဆီ စာပို့ပြီး မှတ်ပုံတင်လာ လုပ်ခိုင်းမယ်” ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

မှတ်ပုံတင်ဆိုသည်မှာ နိုင်ငံသားတိုင်း ရှိသင့်ကြောင်း၊ မှတ်ပုံတင်ကို အလွယ်တကူ ထုတ်ပေးခြင်း၊ အထက်အမိန့်ဖြင့် ထုတ်ပေးခဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် ရုံးတွင်း စာရွက်စာတမ်းနှင့် အထောက်အထား အပြည့်အစုံ မရှိဘဲ မှတ်ပုံတင် လက်ကိုင်ရရှိသူ များစွာရှိကြောင်း၊ နိုင်ငံသား စိစစ်ရေးကဒ်ပြားနှင့် သက်ဆိုင်သော စာရွက်စာတမ်း စာရင်းဇယားတို့မှာ စာရွက်ပေါ်တွင် ရှိနေသဖြင့် လိုအပ်သည့်အခါ ရှာဖွေရ ခက်ခဲကြောင်း ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နာဂစ်မုန်တိုင်း တိုက်စဉ်က မြို့နယ်လဝက ရုံးများရှိ အဆိုပါ အထောက်အထား စာရွက်စာတမ်းများ ပျက်ဆီးခဲ့၍ ယခုနှစ်ပိုင်းအတွင်း အဆိုပါ ဒေသများတွင် မှတ်ပုံတင်ပြုလုပ်လိုသူများ အခက်အခဲနှင့် ကြုံတွေ့ခဲ့ရကြောင်း နိုင်ငံတကာတွင် ကိုယ်ရေးအချက်အလက်များကို ကွန်ပျူတာစနစ်ဖြင့်သာ ထားရှိကြောင်း ယခုကဲ့သို့ ကွန်ပျူတာ ဆာဗာစနစ်ဖြင့် ပြုလုပ်နိုင်မည် ဆိုပါက အချက်အလက်များ တိတိကျကျ ရရှိနိုင်မည့်အပြင် မှတ်ပုံတင် အတုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ် အတုလုပ်ခြင်းများကိုပါ တားဆီးနိုင်မည် ဖြစ်ကြောင်း မြို့နယ်လဝက အငြိမ်းစားတစ်ဦး ဖြစ်သည့် ဦးနိုင်နိုင်က သုံးသပ်ပြောကြားသည်။

“မကွေးတိုင်းက ပြောင်းလာပြီး မန္တလေးမှာ နေတယ်။ မှတ်ပုံတင်လုပ်တော့ မန္တလေးမှာ လုပ်တယ်။ နိုင် ၁ ဆိုတာကို မကွေးသွားယူရတယ်၊ အခုလို အချက်အလက်အားလုံး သူတို့ထံမှ ရှိနေတယ်ဆိုတော့ အဆင်ပြေမယ် ထင်တယ်” ဟု အောင်မြေသာစံ မြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ်ရှိ ဦးစိုးမြင့်က ပြောဆိုသည်။

ကွန်ပျူတာဆာဗာများကို မန္တလေးခရိုင်တွင် တည်ဆောက်ပြီးစီးပါက ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်တို့တွင်လည်း ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန (လဝက) အကြီးတန်းအရာရှိက ပြောဆိုသည်။
the voice weekly

Tuesday, 19 August 2014

မူးယစ်ဆေးဝါးသယ်တဲ့ ထိုင်းရဲမှူး

အံ့သြစရာ ထိုင်း ရဲမှူး ....။ 

မယ်ဆိုင်မြို့ မှာ အလုပ်ပြုတ် ....။
ဒီကနေ့ ထိုင်းနိုင်ငံထုတ် နေ့စဉ် သတင်းစာတွေရဲ့  မျက်နှာဖုံး သတင်းမှာ ပါလာမယ့် အံ့သြဖွယ်သတင်းတပုဒ် ရှိနေပါတယ်..။ အကြောင်းကတော့ ကျင်းမိုင် ကတာဝန်ကျနေတဲ့ ရဲမှူး ရဲ့ ကားထဲမှာ မူးယစ်ဆေးဝါးဖြစ်တဲ့ ယာဘ ခေါ် စိတ်ကြွဆေး အလုံး 8 သိန်း နဲ့ ယာအိုက်စ် ခေါ် ရေခဲစိတ်ကြွဆေး တစ် ကီလို ဖမ်းမိတဲ့သတင်း ဖြစ်ပါတယ်..။ အဲဒီ ရဲမှူး ရဲ့  အဆင့်က ဖန်းတမ်မလွတ်ထိုး ဆိုတော့ ရဲ ထဲမှာတော့ တော်တော်အဆင့်မြင့်ပုံဘဲ..။ ပြီးတော့ သူက ကျင်းမိုင် မှာ မူးယစ်ဆေးဝါးနိမ်နင်းရာမှာ..ဖမ်းဆီးရာမှာ တော်လွန်းလို့ နာမည်ကြီး တယ် ဆိုဘဲ ..။ မနေ့က ထင်ပါတယ် ..။ မယ်ဆိုင်မြို့ စွန် မှာရှိတဲ့ Tesco Lotus ကုန်တိုက်ကြီး ရဲ့  ကားရပ်တဲ့ နေရာမှာ စလွန်းကား ကနေ ဖေါ်ကျူ နာကား ဆီ ပြောင်းယူလာတဲ့ ခရီးဆောင်အိတ် ကို မသက်ာတာနဲ့ စစ်တာကနေ ရဲမှူးကား ဖြစ်နေပြီး အခုလို ရဲ က မူးယစ်ဆေးဝါးကိစွ မှာ အကြီးအကျယ် ပါဝင်ပါတ်သက်နေတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်လာပြီး ဒီနေ့မနက် တီဗွီ သတင်းလိုင်းပေါင်းစုံမှာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရတာပါ...။ ဒီ ရဲမှူး ဟာ သယ်ယူခအဖြစ် ဘန်ကောက် ကို ဘတ် 6 သန်း ရမှာဖြစ်တယ်လို့ ဆိုပါတယ်..။ သူ့ အိမ်က လန်းပန်း ဆိုတဲ့ မြို့ ကပါ..။ အဲဒီအိမ်ကို ညနေပိုင်းမှာ သွားရှာပေမယ့် ဘာမှတော့ မတွေ့ ဘူး ဆိုသတဲ့...။ သူ့ အိမ်ကိစွအတွက် ငွေလိုနေလို့ ဒီလိုလုပ်တာ လို့လည်း ပြောကြတယ်..။ မူးယစ်မူ့ တွေမှာ အိမ် ၊ ကား ၊ပိုင်ဆိုင်မူ့  တွေ အစိုးရ က အကုန်သိမ်းလေ့ ရှိတာမို့ နောက်ဆက်တွဲ ဘယ်လိုလာမလဲတော့ မသိပါဘူး..။ ထိုင်း တနိုင်ငံလုံး ဟာ မူးယစ်ဆေးဝါး နဲ့ မကင်းကြသလို ထိုင်းရဲ က ပါဝင်ပါတ်သက်တာ ဒီတစ်ယောက်ထဲတော့ မဟုတ်ပါဘူး ..။ အများကြီး ရှိခဲ့ပေမယ့် ရာထူးအရကတော့ ဒီပုဂွိုလ်က အကြီးဆုံးဖြစ်မယ်ထင်တယ်...။ လာတဲ့မူးယစ်ဆေးကတော့ ထုံးစံအတိုင်း တာချီလိတ်လိုလို ..လာအိုကလိုလို .. နဲ့ အိမ်နီးနားချင်းနိုင်ငံက ...ဆိုပြီး ရမ်းသမ်းပြောတာပေါ့..။ ဟုတ်ရင်ထိ ..မဟုတ်ရင် မသိ ..ဆိုတာကို သူတို့ကလည်း ပါတ်လည်ရိုက်တတ်ပါတယ်...။ သူ့ ကားထဲတောင် ဒီမူးယစ်ဆေးတွေ အိတ်လိုက်တောင် ရောက်နေပြီဆိုတော့ သူဟာ အရင်ကတည်းက အဆက်အသွယ်ရှိခဲ့မှာပါ..။ တာချီလိတ်က သွားတဲ့ မယ်ဆိုင်ကိုအလည် ခရီးသည်တွေကို ဆီးစစ်ပြီး ငွေညှစ်ကြတဲ့ ထိုင်းရဲ တွေ ဒီတခါတော့ သူတို့ရဲ့  ရဲမှူးကို အလေးပြုပြီး ဆေးစစ်လိုက်ပါလား..။ မယ်ဆိုင်က ရဲတွေ အလုပ်ပြုတ်ပြီး နယ်ပြောင်းခံရမှာ အသေအချာပေါ့..။လောလောဆယ် သူတို့ဆရာ လည်း ဘယ်ပြေးပြီ မသိ..။ ပုံကို နောက်တပုဒ်နဲ့ ပေါင်းတင်ပေးပါမယ်...။ မထုတ်အားလို့..။ သတင်းကကောင်းလို့ အမြန်သိရအောင်ပါ..............။

credit to siam sulanee

Monday, 18 August 2014

နာရီဝက်အတွင်းအပြီးလုပ်မဲ့ နိုင်ငံကူးလက်မှတ်

နိုင်ငံကူးလက်မှတ် လျှောက်ထားမှု နာရီဝက်အတွင်း အပြီးလုပ်ပေးနေ

နိုင်ငံကူးလက်မှတ် လျှောက်ထားသူများ (ဓာတ်ပုံ - ကျော်ဇင်သန်း)
 နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အချိန်ကြာ မြင့်စွာ တန်းစီစောင့်ဆိုင်းရန် မလိုဘဲ လျှောက်ထားသူ၏ အချက်အလက်များကို ကွန်ပျူတာဘားကုတ်ဖြင့် ဖတ်ရှုစိစစ်သည့် စနစ်ကြောင့်  နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို နာရီဝက်အတွင်း အပြီးဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။

လျှောက်ထားသူသည်  ယခင်ကဲ့သို့ ဓာတ်ပုံရိုက်ကူးပြီးနောက် ဓာတ်ပုံရွေးရန်နှင့် နိုင်ငံကူးလက်မှတ်ထုတ်ရန် ဌာနအသိအမှတ်ပြု စလစ်စာရွက်ကို နေ့ဝက်ကြာသည်အထိ စောင့်ဆိုင်းရန် မလိုတော့ပေ။ ယင်းစနစ်ကို ဧပြီလကုန်ပိုင်းကတည်းက စတင်ပြောင်းလဲ ခဲ့ခြင်းဖြစ်ပြီး ပတ်စ်ပို့ထုတ်ပေးရေးဌာနကို ယခင်ရန်ကင်းပြည်ထဲရေးရုံးဝင်းအတွင်းရှိ နေရာနှင့် ကပ်လျက် လေးထပ်အဆောက် အအုံသို့ ပြောင်းရွှေ့လိုက်ပြီး နောက် ပို၍စနစ်တကျ မြန်ဆန်လာကြောင်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ဒုတိယရဲမှူးကြီးကျော်ဇေယျက ပြောသည်။
‘‘လျှောက်ထားသူဟာ အ၀င်ဝ လုံခြုံရေးဂိတ်က ပေးလိုက်တဲ့ နံပါတ်ကတ်လေး ကိုင်ပြီး လ၀ကကောင်တာ ရှစ်ခုရှေ့မှာ စောင့်နေရမယ်။ ကိုယ့်နံပါတ် ခေါ်တာနဲ့ မှတ်ပုံတင်သန်းခေါင် စာရင်း သွားစစ်။ နိုင်ငံသား စစ် မှန်ရင် လ၀ကက မှန်ကန်ကြောင်း ဘားကုတ်ပါတဲ့ ချလန်ပေးလိုက်မယ်။ အဲဒီချလန်နဲ့ ချက်ချင်း ဘဏ်မှာ ငွေနှစ်သောင်းခွဲသွင်း၊ ပြီးရင် ဓာတ်ပုံရိုက်တဲ့အခန်းမှာ အဲဒီချလန်ပြပြီး ဓာတ်ပုံရိုက်လက် ဗွေနှိပ်လက်မှတ်ယူ။ ကိုယ်ရေး အကျဉ်းဖောင်ကို ဓာတ်ပုံဌာနက နှစ်ရွက်လုံး စကင်ဖတ်သိမ်းလိုက်ပြီး အားလုံးစစ်ဆေးပြီးကြောင်း ချလန်ပြန်ပေးမယ်။ ဒါပဲ။ နောက် ဆယ်ရက်နေရင် လာထုတ်လို့ရပြီ’’ ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး မှ ဒုတိယရဲမှူးကြီးကျော်ဇေယျက ပြောသည်။
 ယခု ဘားကုတ်စနစ်မှာ ဘဏ်၊ လ၀ကနှင့် ပတ်စ်ပို့ဌာန တို့က ကွန်ပျူတာနက်ဝါ့ခ်စနစ် ဖြင့် အားလုံးချိတ်ဆက်လိုက်ပြီး လူတစ်ဦး၏ ကိုယ်ရေးအချက်အလက်ကို ကွန်ပျူတာဖြင့် ချိတ်ဆက်စစ်ဆေး အတည်ပြုခြင်းကြောင့် အလှည့်ကျော်ရန်လည်း ပူစရာမလိုဘဲ လျှောက်ထားသူက မိမိတိုကင်နံပါတ်နှင့် နာမည်ခေါ်သံကိုသာ နားစွင့်ရန် လိုကြောင်း သိရသည်။
‘‘ကောင်တာတွေ ရှေ့မှာ တိုကင်နံပါတ်တွေကို မြင်ရ အောင် မော်နီတာလေးတွေ လုပ်ပေးထားတယ်။ ဒါလေးကို တစ် ချိန်လုံး ဂရုတစိုက်ကြည့်ပေးနေရုံပဲ။ လာလျှောက်တဲ့သူများရင် တော့ ခဏစောင့်ရတာတော့ ရှိ တယ်။ ဒါပေမဲ့ လုပ်ငန်းစဉ်အားလုံးမှာ လုံးဝမစောင့်ရတော့ဘူး။ ဘားကုတ်နဲ့ပဲ စက်ထဲက စစ်ပြီး အဆင့်တိုင်း သွားတာမို့ပါ’’ဟု ဒုတိယရဲမှူးကြီးကျော်ဇေယျက ပြောသည်။
ဆယ်ရက်အကြာတွင် ပတ်စ်ပို့စာအုပ် ထုတ်ပါကလည်း မိမိစာ အုပ်ရ၊ မရ ကွန်ပျူတာတွင် ကိုယ်တိုင်စစ်ဆေးနိုင်ပြီး အဆင်မပြေမှု တစ်ခုခုရှိမှသာ ဌာနက ၀င်ရောက်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
‘‘အချိန်ကုန် တော်တော် သက်သာသွားတယ်။ အရင်က ဟိုပြေး ဒီပြေး ဓာတ်ပုံဆိုလည်း လူတွေကြား တိုးဝှေ့ပြီး ကိုယ့်ပုံကို ရွေးရတယ်။ အခုတော့ လ၀က ထုတ်ပေးတဲ့ ဘားကုတ်ချလန် ကလေးနဲ့ ငွေသွင်း၊ ဓာတ်ပုံရိုက်၊ လက်မှတ်ထိုးလက်ဗွေနှိပ်။ အဲဒါ ပြီးရင် နောက်ဆယ်ရက် စာအုပ် လာထုတ်ရုံပဲ။ တော်တော်လွယ်သွားတယ်’’ ဟု နိုင်ငံကူးလက်မှတ်လျှောက်ထားခဲ့သူ မဇွန်နီလာသိန်းက ပြောသည်။
ယခင်က နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ငွေငါးထောင်ပေး၍ ကိုယ်ရေးရာဇ၀င် ဖောင်သုံးမျက်နှာ ဖြည့်ရခြင်း၊ လူဝင်မှုကြီးကြပ်ရေးဌာနတွင် နိုင်ငံသား စိစစ်ရန်နှင့် ဓာတ်ပုံရိုက်ကူးခြင်း၊ ဘဏ်ငွေသွင်းခြင်းတို့ကို အရင်ရောက်သူအရင်တန်းစီ စောင့်ဆိုင်းခြင်းစနစ်ဖြင့် ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းခဲ့ရသည်။ ထို့ပြင် ဓာတ်ပုံရိုက်ပြီးနောက် ဓာတ်ပုံအထွက်ကို အချိန်အတန်ကြာစောင့်ဆိုင်းပြီးမှ ဘဏ်ငွေသွင်းရပြီး ဘဏ်ငွေသွင်းရာတွင်လည်း အချိန်များစွာ စောင့်ဆိုင်းရသည်။ ၂၀၁၄ ခုနှစ် ဇူလိုင်အထိ ပတ်စ်ပို့စာအုပ်ပေါင်း နှစ်သိန်းလေးသောင်း ထုတ်ပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။
7 DAY NEWS

အီးဗီဇာ နှင့်ပက်သက်လို့

အီးဗီဇာလျှောက်ထားမှု လက်ခံ၊ မခံကို တစ်နာရီနှင့် ပြည်ဝင်ခွင့်ပြု၊ မပြု ရုံးဖွင့်ရက် ငါးရက်အတွင်း အကြောင်းပြန်မည်

ရန်ကုန်လေဆိပ်တွင် ပြည်ပခရီးသွားများကိုတွေ့ရစဉ်(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
မြန်မာနိုင်ငံသို့ လာ ရောက်မည့် နိုင်ငံခြားခရီးသွား များအွန်လိုင်းမှ လျှောက်ထားနိုင်သော အီးဗီဇာစနစ်ကို ကျင့်သုံးရာတွင် လျှောက်ထားမှု လက်ခံ၊ မခံကို တစ်နာရီအတွင်း ပြန်လည် အကြောင်းပြန်မည်ဖြစ်ပြီး ပြည်ဝင်ခွင့်ပြု၊ မပြုကို ရုံးဖွင့်ရက် ငါးရက်အတွင်း ပြန်လည်အကြောင်း ပြန်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောသည်။
သြဂုတ် ၁၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမ၌ ပြုလုပ် သော အီးဗီဇာဆိုင်ရာဆွေးနွေး ရှင်းလင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
အီးဗီဇာစနစ်ကို လာမည့် စက်တင်ဘာ ၁ ရက်မှစ၍ နိုင်ငံ ပေါင်း ၄၁ နိုင်ငံအား ဆောင်ရွက် ပေးမည်ဖြစ်ပြီး ခရီးသွားဗီဇာဖြင့် လာရောက်လိုသူများကို ထုတ်ပေးနိုင်ရန်အတွက် စီစဉ်ပေးခြင်းဖြစ်ကာ မြန်မာနိုင်ငံသို့ လာရောက်လိုသော ခရီးသွားများအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မိမိတို့တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ဖော်ပြပေးရမည်ဖြစ်သည်။
အီးဗီဇာဖြင့် ပြည်ဝင်ခွင့်ရရှိသော ခရီးသည်အနေဖြင့် ရရှိထားသော သက်တမ်းတွင် တစ်ကြိမ်သာ ပြည်ဝင်ခွင့်ရရှိမည်ဖြစ်ပြီး ပြည်ဝင်ခွင့်အတွက် ဗီဇာကြေး အမေရိကန်ဒေါ်လာ ၅၀ ကျသင့်မည်ဖြစ်သည်။
‘‘တကယ်သာဒီစနစ်ကို  ပီပီ ပြင်ပြင် အကောင်အထည်ဖော် နိုင်မယ်ဆိုရင် ခရီးသွားရာသီဖြစ်တဲ့ အောက်တိုဘာကနေ ဧပြီ အထိ နိုင်ငံခြားသားဧည့်သည် တစ်လကို ငါးထောင်ကနေ နှစ်သောင်း လောက်ထိ ၀င်လာနိုင်မယ်။ အခု ကြိုတင်ဆိုက်ရောက်ဗီဇာစနစ် သုံးနေတာတောင် ခရီးသွားရာသီမှာ တစ်လကို နှစ်ထောင်ကနေ ငါးထောင်ကြား ခရီးသွားဧည့်သည်တွေ ၀င်နေတယ်’’ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်စံပယ်အောင်ကပြောသည်။
၂၀၁၂ ခုနှစ် ဇွန်လမှစတင်ကာ လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်းဗီဇာများကို ဆိုက်ရောက်ဗီဇာအဖြစ် ခွင့်ပြုပေးခဲ့ သော်လည်း နိုင်ငံတကာစံချိန် စံညွှန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ရာတွင် ခရီးသွားဗီဇာဖြင့် လာရောက်သူများအား ဆိုရောက်ဗီဇာထုတ်ပေးရန် မဖြစ်နိုင်သည့်အတွက် အွန်လိုင်းမှလျှောက်ထားနိုင်မည့် အီးဗီဇာစနစ်ကို အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း ဦးခင်ရီကဆိုသည်။

Sunday, 17 August 2014

မြန်မာတွင် လူဦးရေ သန်း(၅၀)ကျော်သာရှိ

မြန်မာနိုင်ငံလူဦးရေ သန်း ၅ဝ ကျော်သာရှိ
ယခုလအတွင်း ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးမည်ဟုဆို
=============================================

အောင်သူ(ဒေးဒရဲ)- Flower News Journal အတွဲ (၁၀) အမှတ် (၃၂)။

ရန်ကုန်၊

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆ဝ ကျော်ရှိသည်ဟု ခန့်မှန်း နေသော်လည်း လက်ရှိ ကောက်ခံရရှိနေ သည့် သန်းခေါင်စာရင်းများအရ သန်း ၅ဝ ကျော်သာရှိပြီး လူဦးရေစာရင်း အတိအကျ အား ယခုလ စတုတ္ထအပတ်တွင် ပွင့်လင်း မြင်သာစွာဖြင့် အတိအကျ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့လုပ်ငန်းတာဝန်ခံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမြင့်ကြိုင်က ဖလားဝါးနယူးစ်ဂျာ နယ်သို့ ပြောသည်။

ယင်းကဲ့သို့ ထုတ်ပြန်ပေးရာတွင် ကောက်ခံခဲ့သည့် နေရာ၊ မြို့နယ်၊ တိုင်းဒေ သကြီးများအလိုက် ကောက်ခံရရှိမှုနှင့် မ ကောက်ခံခဲ့ရသည့် နေရာများကိုပါ အတိ အကျ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ ကောက် ခံရရှိခဲ့သည့် စာရင်းများအရ မြန်မာနိုင်ငံ တွင် အိမ်ထောင်စုပေါင်း ၁၂ သန်းကျော် ရှိကြောင်း သိရသည်။

ဦးမြင့်ကြိုင်က ''အခုအချိန်မှာ အတိအကျ ပြောနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ၂ဝ၁၃ ခုနှစ်က ဂြိုဟ်တုကနေ ကောက်ကွက် တွေကို ဓာတ်ပုံရိုက်ထားတာတွေ ရှိတယ်။ အဲဒီကနေ ဘယ်နေရာမှာတော့ မကောက်ခဲ့ဘူး။ ဘယ်နေရာမှာတော့ ကောက်ခဲ့ တယ် ဆိုတာတွေကိုပါ ထုတ်ပြန်ပေးသွားမယ်''ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင်လည်း ရိုဟင် ဂျာဆိုသူများကိုသာ သန်းခေါင်စာရင်း မ ကောက်ခံဘဲ ကျန်သည့် ရခိုင်တိုင်းရင်းသား များနှင့် ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ်တွင် နယ်မြေ အေးချမ်းမှု မရှိသည့်အတွက် သန်းခေါင် စားရင်းကောက်ယူမှုများ ကြန့်ကြာခဲ့ပြီး ကျေး ရွာပေါင်း ၂၅ အုပ်စုအား ကောက်ခံ ရယူ နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ယင်းက ''လူဦးရေအတိအကျ ဆိုတာက နိုင်ငံတကာမှာလဲ သန်းခေါင်စာ ရင်း ကောက်ယူပြီးသွားရင် ၁ဝ နှစ်အတွင်း အထိပဲ မှန်တယ်။ ကျော်သွားရင် မမှန်တော့ ဘူး''ဟု ပြောသည်။

လက်ရှိ သန်းခေါင်စာရင်းကောက် ယူမှုတွင် ဆရာ၊ ဆရာမများ၏ ကောက်ယူ မှုများအား လူဦးရေတိကျစေရန်အတွက် အထပ်ထပ်အခါခါ စစ်ဆေးမှုများ ပြုလုပ်နေ ရသဖြင့် ယခုလ နောက်ဆုံးအပတ်မှသာ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ယင်းကဆို သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းလေးဆယ် ကျော်မှ သန်းခေါင်စာရင်း ကောက်ယူမှုကို ၂ဝ၁၄ မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ ပြန်လည် စတင်ကောက်ယူ ခဲ့ခြင်းဖြစ်သည်။
yangon media group

(ဓါတ်ပုံ - ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံမှု ပြုလုပ်နေစဉ်။ )
Photo: မြန်မာနိုင်ငံလူဦးရေ သန်း ၅ဝ ကျော်သာရှိ

Saturday, 16 August 2014

လိုအပ်နေတဲ့ မြို့ပြအုပ်ချုပ်ရေးစနစ်

ဒီနေ့ ဘာအရေးကြီးဆုံးလဲ

Thursday, 14 August 2014

နိုင်ငံခြားသားများ အွန်လိုင်းမှလျှောက်နိုင်တော့မည့် အီးဗီဇာ

အီးဗီဇာစနစ် စတင်ကျင့်သုံး

  မြန်မာနိုင်ငံကို အလည်အပတ်လာရောက်မယ့် ကမ္ဘာလှည့်ခရီးသည်တွေအတွက် အွန်လိုင်းကနေ လျှောက်ထားနိုင်တဲ့ အီလက်ထရွန်းနစ်ဗီဇာ (အီးဗီဇာ) စနစ် စတင် ကျင့်သုံးနေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ တရားဝင်စတင်မှာ ဖြစ်ပေမယ့် သြဂုတ် ၁၀ ရက်နေ့ကတည်းက စမ်းသပ်နေပြီလို့ ပြောပါတယ်။

ဗီဇာလျှောက်ထားလိုသူ နိုင်ငံခြားသားတွေအနေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ http://www.myanmarevisa.gov.mm ၀က်ဆိုက်ကနေ ဗီဇာလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

လတ်တလောမှာ ၂၈ ရက် တိုးရစ်ဗီဇာအတွက်ပဲ လျှောက်ထားနိုင်ပြီး တခြားဗီဇာအမျိုးအစားတွေကတော့ လက်မခံသေးပါဘူး။

ဗီဇာလျှောက်လွှာကို အွန်လိုင်းကနေ ဖြည့်စွက်ရမှာ ဖြစ်သလို ဗီဇာကြေး အမေရိကန် ဒေါ်လာ ၅၀ ကိုလည်း နိုင်ငံတကာအသိအမှတ်ပြု ဘဏ်ကတ်တွေ ဖြစ်တဲ့ ဗီဇာနဲ့ မာစတာ ကတ်တွေကိုအသုံးပြုပြီး အွန်လိုင်းစနစ်နဲ့ ပေးသွင်းရမှာ ဖြစ်ပါတယ်။

ခုလို အွန်လိုင်းဗီဇာစနစ် အသုံးပြုတာကြောင့် နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေမှာ ဖွင့်လှစ်ထားတဲ့ မြန်မာသံရုံးတွေကို သွားပြီး ဗီဇာ လျှောက်စရာ မလိုတော့ဘဲ အင်တာနက်ရှိတဲ့ ဘယ်နေရာကမဆို ဗီဇာ လျှောက်ထားနိုင်တော့မှာ ဖြစ်ပါတယ်။

ကြာမြင့်ချိန်ကတော့ ဗီဇာလျှောက်လွှာ စတင်လက်ခံရတဲ့အချိန်ကနေ ၅ ရက် လောက် ကြာမယ်လို့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/62346

Wednesday, 13 August 2014

ဇာဂနာရေးတဲ့ ဆောင်းပါး

တတိယလှိုင်းကြမ်း၊မောင်မောင်ဝမ်း နှင့် လမ်းပျောက်မြန်မာပြည်။
( Tomorrow ဂျာနယ်တွင် ကိုဇာဂနာ ရေးသားသည့် ဆောင်းပါး )
----------------------------------------------------------------------------
တကယ်တော့ဒီလိုစာတွေ ကျွန်တော် မရေးချင်ပါဖူး။တိုင်းပြည် ပြန်လည် ပြုပြင်နေတဲ့ကာလမှာ အတူပူးတွဲလုပ်ဆောင်ကြဖို့ ကို အာသီသ ထားသူပါ။သဘောထား မတိုက်ဆိုင်ရင်တောင်မှ အနိမ့်ဆုံး တိုင်းပြည်ကိုချစ်တယ် ဆိုတဲ့ သဘောထားအခံကိုပဲ ဘုံသဘောတူညီချက် အနေနဲ့ လက်ခံပြီး လက်ကမ်းနေဆဲပါ။
တစ်ချို့ ကဆို ဇာဂနာ ဟာ သမ္မတ နဲ့ နီးစပ်တယ်၊ဘက်ပြောင်းသွားပြီ၊ခွထိုင်နေတယ် စသဖြင့် စသဖြင့် ရေးနေကြတာ ဝေဖန်နေကြတာ ကြားပါတယ်။ဖတ်ရပါတယ်။လမ်းဆုံးတော့ရွာတွေ့ မှာပဲ ဆိုတဲ့ စိတ် နဲ့ တစ်ခွန်းမှ ပြန်မပြော ခဲ့ သလို မတုံ့ ပြန်ခဲ့ပါဖူး။
သေချာတာ တစ်ခုကတော့ (ဇာဂနာ ဟာ ကိုယ့် ယုံကြည်ချက် ပေါ်မှာ တစ်လက်မ မှ အတိမ်းအစောင်းမခံပဲ ရပ်တည် နေဆဲပါ)။နောက်ထပ်သေချာတာတစ်ခုကတော့(ဒီနေ့ ထက်ထိ မဆလ၊န၀တ၊နအဖ နဲ့ ဦးသိန်းစိန် အစိုးရ တို့ ဆီကနေ ပေါင်မုန့် တစ်ချပ်တောင် အလကား မရခဲ့ဖူးပါဖူး၊တောင်းလဲမတောင်းခဲ့ပါဖူး။)န၀တ၊နအဖ ခေတ်တုန်း ကရုပ်ရှင်သမားတွေကိုတယ်လီဖုန်းတွေပေးခဲ့တဲ့အထဲမှာဇာဂနာ မရခဲ့သလိုမြေကွက်တွေပေးခဲ့တဲ့အထဲမှာ လဲ ဇာဂနာ မပါခဲ့ပါဖူး။ခု ဦးသိန်းစိန် အစိုးရ လက်ထက်မှာ မြန်မာမီနီဆလွန်းတွေ ပေးတော့လည်းဇာဂနာ မရခဲ့ပါဖူး။
ဒီစကားတွေ ပလ္လင်ခံနေတာအကြောင်းရှိပါတယ်။ဘာကျေးဇူးစားကျေးဇူးခံမှ မရှိလို့  လိပ်ပြာသန့် တယ်။ပြောစရာရှိရင် ပြောင်ပြောမယ်။ပွင့်ပွင့်လင်းလင်းဝေဖန်မယ်ဆိုတဲ့စိတ်နဲ့ပါ။ခံစရာ ရှိရင်လဲ ဘယ်သူ့ ကိုမှ ဆွဲခေါ်မနေပါဖူး။ခံသွားမှာပဲဖြစ်ပါတယ်။တစ်ဖက်မှာကြည့်ပြန်တော့ ဇာဂနာ ဟာ ဘယ်ပါတီ၊ဘယ်အသင်းအဖွဲ့ ထဲကိုမှ ၀င် မထားတဲ့အတွက် ဘယ်သူ့ မျက်နှာကိုမှ မငဲ့ပဲ မှားရင်မှားတယ် ထောက်ပြနေမှာပါပဲ။
ခုလည်းပြောဖို့ လိုအပ်လာလို့ ပြောရပါပြီ။သမ္မတ ရဲ့ တတိယလှိုင်းပြောင်းလဲရေး ဟာ အစမှာကထည်း ကတော်တော် ပရမ်းပတာ နိုင်နေပါတယ်။ဒီနေရာမှာ နိုင်င့ရေးစကားပြောရမှာဖြစ်လို့  နိုင်ငံရေးဆန်တဲ့သုံးသပ်မှုကိုပဲ ပြောရပါလိမ့်မယ်။
စစ်အာဏာရှင် ကနေ ဒီမိုကရေစီပြုပြင်ရေးသွားတဲ့နိုင်ငံတိုင်းရဲ့ဆင်ခြေ တစ်ခုကတော့ ပြောင်းလဲလိုစိတ် မရှိတဲ့  သူတွေ ရယ် ပြောင်းလဲလိုသူတွေရယ် ဆိုတဲ့ ၈ိုဏ်း ၂ ဂိုဏ်း အမြဲရှိနေတတ်ပါတယ်။ဒီ ဆင်ခြေ ကိုအကောင်အထည်ဖော် တဲ့အနေနဲ့  အမာဂိုဏ်းသားတွေ နဲ့ အပျော့၈ိုဏ်းသားတွေ အဖြစ်ပုံဖော်ပြီးသရုပ်ဆောင်ခဲ့ကြတယ် လို့  ကျွန်တော် တို့ ထင် ထားပါတယ်။
တတိယလှိုင်းအစမှ ပထမ ဗေထိ ကတော့ မီဒီယာ နဲ့ သမ္မတ ကြားက အကွဲအဟ ပါပဲ။ဒါကိုအခြေံပြီးသည်လိုသုံးသပ်ကြည့်ရအောင်။
၁။သမ္မတ နဲ့ မီဒီယာ တွေကို ၇န်တိုက်ပေးမယ်။သည်တော့ သမ္မတ ရဲ့  တတိယ လှိုင်းပြုပြင်မှုကို မီဒီယာက မထောက်ခံတော့ဖူး။ဒီတော့ သမ္မတ မအောင်မြင်နိုင်တော့ဖူး။ဒါ့ကြောင့် ၂၀၁၅ မှာ ဦးသိန်းစိန် သမ္မတ ဖြစ်လာစရာ မရှိတော့ဖူး။
၂။ဒါဆို တိုင်းပြည်မှာ မဏ္ဍိုင်သုံးရပ်(အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ဥပဒေပြုရေး)တိတိ ကျကျ ရှိပါလျက် နဲ့  လွှတ်တော် က ဘာကြောင့် သမ္မတ ဆီ သ၀ဏ်လွှာ ပို့ ရတာလဲ။တရားရေးမဏ္ဍိုင်ကိုဘာလို့ မပို့ ရတာလဲ။လွှတ်တော် လုပ်ပြီး ဒါလေးတောင် (တကယ်)နားမလည် လို့ လား။နားမလည်ချင်ယောင်ဆောင်တာလား။
၃။သမ္မတ နဲ့ စာနယ်ဇင်းကောင်စီ(ယာယီ)တို့ တွေ့ သလို၊လွှတ်တော်၊တရားသူကြီးချုပ်တို့ နဲ့  စာနယ်ဇင်းကောင်စီ(ယာယီ)ကော တွေ့ ဖို့မလိုဖူးလား။
ဒါတွေဟာ ရိုးရိုးလေးတွေးပြီးစဉ်းစားလို့ ရအောင် ထုတ်နှုတ်လိုက်တာပါ။ဒီလိုနဲ့  မလိုအပ်တဲ့ပြသနာတွေ ပေါ်ပေါက်ခဲ့ရတာ ပြုပြင်ရေး အရှိန်ကိုတုန့် နှေးစေခဲ့ပါတယ်။ခုတစ်ခါ ရေနံချောင်း ကမောင်မောင်ဝမ်း ရဲ့ ပြသနာ ဟာ ဦးသိန်းစိန် အစိုးရ ရဲ့  ပုံရိပ်ကိုထိခိုက်စေပြန်ပါပြီ။
မောင်မောင်ဝမ်း ဟာ ရေနံချောင်းသားပါ။ရှစ်ဆဲ့ရှစ်ကာလ က ရေနံချောင်း သပိတ်ခေါင်းဆောင်ပါ။ပြီးတော့ထောင်ကျ၊တောထဲရောက်ပေါ့။ဒါပေမဲ့ သူဟာနိုင်ငံရေး ကိုစိတ်ကုန်သွားပြီး အင်္ဂလိပ်စာ သင်တဲ့ကျောင်းဆရာ ဘ၀ ကူးပြောင်းသွားပါပြီ။
အမေရကန် ဘတ်ဖဲလိုး မှာ နေတယ် ဆိုပေမယ့် သူဌေးမဟုတ်ပါဖူး။ရရစားစားပါ။၂၀၁၂ ခုနှစ်က ကျွန်တော် အမေရိကား ကိုရောက်တဲ့အချိန် မြန်မာပြည်ကို သူ ပြန်လာပြီး အဂ်လိပ်စာသင်ကျောင်းတစ်ခုထူထောင်ချင်တယ် လို့ တဖွဖွ ပြောနေသူပါပဲ။
၂၀၁၄ ခုနှစ်မှာတော့ သူ ပတ်စ်ပို့ ရပြီဖြစ်လို့ မြန်မာပြည်ပြန်လာခွင့်ရပါပြီ။သူရော၊ကျွန်တော် တို့ ရော၊သူ့ ငယ် သူငယ်ချင်း ထိန်ထိန်(ပန်းချီ ထိန်လင်း) စုတ်ဖွား(မျိုးသိန်းထွန်း)တို့ ပါပျော်ခဲ့ကြပါတယ်။မတတ်သာလို့ အမေရိကားမှာနေနေရပေမဲ့မြန်မာပြည်မှာပဲ ပြန်နေပါရစေလို့ တဖါဖွပြောနေရှာတဲ့ သူ့ မိခင်အတွက် ငှားပြီူနေနိုင်ဖို့ တိုက်ခန်းများတောင်လိုက်ရှာနေကြတာပေါ့။
တစ်ဖက်မှာတော့ အင်္ဂလိပ်စာ သင်ကြားပို့ ချဖို့ စီစဉ်ခဲ့ရပါတယ်။ဒါလဲ အခမဲ့ စေတနာ နဲ့ သင်တဲ့သင်တန်းပါ။ဗီဇာ သဘောအရ အလည် အပတ် ပဲ ၇တယ် ဆိုရင် စာသင်လို့ မရဖူးဆိုတာတော့ ဘယ်လိုမှ နားလည် လက်ခံလို့ မရတဲ့ အကြောင်းပြချက်ပါပဲ။
န၀တ၊နအဖ လက်ထက်ကထည်း က မြန်မာပြည်ကို ဂဒီးဂဒီးလာပြီး ချောင်းပေါက်မတတ် စာ လာလာသင်ပေးနေတဲ့ပါမောက္ခ ရောဘတ်တေလာရဲ့ ဗီဇာမှာရော စာသင်လို့ ရပါသလား။ခုမြန်မာပြည်မှာ PRစနစ်သုံးဖို့ စတင်တိုက်တွန်းခဲ့တဲ့ ပါမောက္ခ လယ်ရီ ဒိုင်းမွန်း ရဲ့ ဗီဇာမှာရော စာသင်လို့ ၇ပါသလား။တရားဥပဒေစိုးမိုးရေးဆိုတဲ့ ခေါင်းစဉ် နဲ့ နေပြည်တော်မှာရော၊ရန်ကုန်မှာပါ စာတွေ အကြီးအကျယ် သင်သွားခဲ့တဲ့ ပါမောက္ခ အမီတ အချာရီးယ ရဲ့ ဗီဇာမှာရော စာသင်ကြားခွင့်ပါပါသလား။
ဒါ ကျွန်တော် အမြွက်မျှတင်ပြခြင်းပဲရှိပါတယ်။ဒီစာရေးနေတဲ့အချိန် မြန်မာပြည်မှာ စာ လာသင်နေတဲ့ အမေရကန်၊ ကနေဒါ၊ဒိန်းမတ်၊တရုတ် နဲ့ ၈ျပန် ဆရာတွေ ရိုက်သ်တ်လို့ မကုန်အောင်ရှိနေပါသေးတယ်။ဒါကိုမောင်မောင်ဝမ်းကျမှ ဗီဇာ စည်းမျဉ်းချိုးဖောက်လို့ ဆိုပြီးရေနံချောင်းကနေ ရန်ကုန်လေဆိပ်ကိုတန်းပို့ ၊ပြီးတော့ ထိုင်းနိုင်ငံသွားမဲ့ TG လေယာဉ်ပေါ်တင်လွှတ်ပေးလိုက်တာ ဟာ ဘယ်လို ရည်ရွယ်ချက် နဲ့ ပါလဲ။
မောင်မောင်ဝမ်းဟာအမေရိကန် နိုင်ငံသားပါ။ဥပဒေအရဖြစ်လာခဲ့ရင် အမေရိကန် အစိုးရ လည်း ပါလာတော့မှာပါ။သူ့ နိုင်ငံသားထိရင် အမေရိကန် ဟာ ဘယ်တော့မှ လက်မနှေးပါဖူး။ဖြစ်ချင်တော့ ဂျွန်ကယ်ရီ မြန်မာပြည် လာခါနီးမှ ဒီပြသနာ ကိုမီးမွှေးလိုက်တာဖြစ်နေပါတယ်။
စာသင်နေတာဟာ ဘိန်းစားဖို့ ဆွယ်နေတာ မဟုတ်သလို သစ်တောတွေခုတ်ဖို့ လည်းပြောနေတာ မဟုတ်ပါဖူး။ဘုရးကျောင်းကန်ဇရပ်တွေဖြိုခိုင်းနေတာ မဟုတ်သလို တိုင်းပြည်ရဲ့ သယံဇာတ တွေ ကို ခိုးရောင်းခိုင်းနေတာ မဟုတ်ပါဖူး။ဘယ်နိုင်ငံ ဘယ်လူမျိုးရဲ့ စံ နဲ့ တိုင်းတိုင်း စာသင်တာကို တိုင်းပြည်က နှင်လိုက်တယ် ဆိုတာကတော့ အီဘိုလာ ဗိုင်းရပ်စ် ထက်ကြောက်ဖို့ ကောင်းတဲ့လုပ်ရပ်ပါပဲ။
သည်တော့ ကျွန်တော် တို့ သည်လိုစဉ်းစားကြည့်ချင်ပါတယ်။
၁။သမ္မတ ရဲ့ တတိယလှိုင်း အပြောင်းအလဲကို မအောင်မြင်စေချင်သူတွေက သမ္မတ ရဲ့ပုံရိပ်ကိုထိခိုက်အောင် တနည်း မရ နောက်တစ်နည်း နဲ့  ကြံစည် နေတယ် လို့ ယေဘူယျ သုံးသပ်ရပါ့မယ်။(ဒါဆို သမ္မတ ကိုယ်တိုင်က ကိုယ့်ရဲ့ပြုပြင်ပြောင်းလဲရေး ကို ခလုပ်ကန်သင်းဖြစ်စေနိုင်တဲ့လူတွေကိုပြတ်ပြတ်သားသားဖယ်ရှားပစ်ဖို့ လိုပါတယ်)
၂။မောင်မောင်ဝမ်း ရဲ့ကိစ္စမှာ သမ္မတ နာမယ် ကို အသုံးပြုပြီး တိုင်းပြည်ထဲက နှင်ထုတ်လိုက်တာဖြစ်နေတော့ သမ္မတ က သည် လိုအမိန့် မျိုးထုတ်ပေးလိုက်တယ် လို့  ယဆရပါတယ်။(ဒါဆိုလဲ သမ္မတ ကပဲ ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင် မဟုတ်ဖူးရှင်းရှင်းလင်းလင်းပြောဖို့ လိုမှာဖြစ်သလို၊အလွဲသုံးစားလုပ်သူတွေကိုထိထိရောက်ရောက်အရေးယူသင့်ပါတယ်။တစ်ခါ မောင်မောင်ဝမ်းကို မြန်မာပြည်ပြန်လာဖို့ ဖိတ်ခေါ်ပေးလိုက်ဖို့ လဲလိုပါ့မယ်။)
၃။သည်တစ်ချက်ကတော့အရေးအကြီးဆုံးပါပဲ။အမှန်အတိုင်း ၀န်ခံကြစေချင်ပါတယ်။မြန်မာပြည်မှာ ခုချိန်ထိ ဗဟို အစိုးရ နဲ့ ပြည်နယ် တိုင်း အစိုးရအဖွဲ့ တွေ ရဲ့ အာဏာ ခွဲဝေ သုံးစွဲမှုဟာ မပီပြင်သေးပါဖူး။ကိုယ့်တိုင်းဒေသကြီး ကိုယ့်သဘော ဆိုတဲ့ မူ(လုံးဝ)မရှိသေးပါဖူး။မကွေးတိုင်းဟာ နာမည် ဆိုး နဲ့ ကျော်ကြားနေတာကြာပါပြီ။ဒါကို သမ္မတ လဲသိမယ် ထင်ပါတယ်။သိရင် ဘာလို့  ခုထက်ထိ မသိချင်ယောင်ဆောင်နေတာလဲဆိုတာကိုက သံသယ ၀င်စရာပါပဲ။တစ်ခါ မကွေးတိုင်း ကထင်ရာ လုပ်တယ်ထားပါ။သူ့ တိုင်းဒေသကြီးရဲ့ လုပ်ပိုင်ခွင့် ဘောင်ကိုကျော်ပြီး မြန်မာပြည်ထဲကနေ နှင်ထုတ်လိုက်တယ် ဆိုတာကတော့ (ဆိတ်က ဆင်လိုအော် လိုက်သလိုပါပဲ)။
သည်တော့ တတိယလှိုင်းဟာကြမ်းတာနဲ့မတူပဲ ရမ်းတာနဲ့ တူနေပါပြီ။ပြည်သူလူထု လိုလားတဲ့ ပြုပြင်ပြောင်းလဲရေးဟာ ပြူးပြဲပြိုလဲရေး ဖြစ်ကုန်ပါတော့မယ်။အသေအချာ ပြန်လှန်သုံးသပ်ပြီး လမ်းမှန်ပေါ်တက်လာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။လောလောဆယ်တော့ မိဖပြည်သူများခင်ဗျား နဲ့တင် လမ်းမျက်စေ့တော့တော်တော်လည်နေပါပြီ။
ဇာဂနာ
၇သြဂုတ်၂၀၁၄
Photo: တတိယလှိုင်းကြမ်း၊မောင်မောင်ဝမ်း နှင့် လမ်းပျောက်မြန်မာပြည်။

Tuesday, 12 August 2014

ပါကစ္စတန်နိုင်ငံသား(၂)ဦးဖမ်းဆီးရမိ

မြ၀တီမြို့တွင် တရားမ၀င်လာရောက်သည့် ပါကစ္စတန်နိုင်ငံသားနှစ်ဦးကို ဖမ်း

ကရင်ပြည်နယ်၊ မြ၀တီ မြို့တွင် ပါကစ္စတန်နိုင်ငံသား နှစ် ဦးကို တရားမ၀င်ဝင်ရောက်မှုဖြင့်  သြဂုတ် ၈ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။
အသက် (၄၄) နှစ်အရွယ်ရှိ Mr.Waheed Noorun နှင့် Mr. Riaz Muhammad တို့ကို မြန် မာအာဏာပိုင်များက သြဂုတ် ၈ ရက်နေ့လယ်ပိုင်းက ကရင်ပြည် နယ်၊ မြ၀တီမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ဖမ်းဆီးထိန်းသိမ်း လိုက်ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် တွင် ၎င်းတို့နှစ်ဦးသည် မြ၀တီမြို့၊ အမှတ်(၂) ရပ်ကွက်၌ ရောက် ရှိနေကြောင်း သတင်းရရှိသဖြင့် မြ၀တီခရိုင်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ၀န်ထမ်းများ၊ သတင်းရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များနှင့် မြ၀တီမြို့မရဲ စခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂျာမေဗလီ ဥက္ကဋ္ဌနှင့်အတူ သွားရောက်စစ် ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
၎င်းတို့နှစ်ဦးကို ဗိုလ်ချုပ် လမ်းနှင့် ခရေလမ်းထောင့်ရှိ ‘‘ရွှေ လက်ရာ’’ ထမင်းဆိုင် အထွက် တွင် ဖမ်းဆီးရမိခဲ့ပြီး ခေါ်ယူစစ် ဆေးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်သည်။
အဆိုပါ ပါကစ္စတန်နိုင်ငံ သား နှစ်ဦးသည် ပါကစ္စတန် နိုင်ငံ၊ Pebshwar မြို့မှ ဖြစ်ပြီး မြ၀တီမြို့သို့ တရားမ၀င်  ၀င်ရောက်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသော် လည်း မည်သည့်ကိစ္စဖြင့် ၀င် ရောက်လာသည်ကိုတော့ ဖော်ပြ ထားခြင်းမရှိပေ။
၎င်းတို့နှစ်ဦးကို မြ၀တီမြို့ မရဲစခန်းတွင်အမှုဖွင့်အရေးယူ ထားသည်။
7 DAY NWES

ပင်စင်အပေးခံရသည့် ၀န်ထမ်းအား ပြန်လည်ခန့်အပ်

မယူမနေရ ပင်စင်ပေးခံရသည့် ဒေါက်တာဒေါ်ကျင်ဌေးအား မူလရာထူးအတိုင်းပြန်လည်ခန့်အပ်

ရန်ကုန်အဝေးသင်တက္က သိုလ်၊ စီးပွားရေးဌာန၊ ဌာနမှူး ဒေါက်တာဒေါ်ကျင်ဌေးအား မယူ မနေရပင်စင်ပေးခဲ့သော အမိန့်စာ ကို ပညာရေးဝန်ကြီးဌာန၊ ၀န်ကြီး ရုံးက အမိန့်ကြော်ငြာစာ ထပ်မံ ထုတ်ပြန်၍ ပယ်ဖျက်လိုက်သည်။
၂၀၁၃ ခုနှစ်၊ မတ်လက ထုတ်ပြန်ခဲ့သော မယူမနေရ ပင် စင်အမိန့်ကြော်ငြာစာကို တစ်နှစ် ခွဲခန့်ကြာမြင့်ပြီးနောက် ယခုလ ၇ ရက်၊ ရက်စွဲဖြင့် ပညာရေးဝန်ကြီး ဌာနက ယင်းအမိန့်စာကို လွှမ်းမိုးပယ်ဖျက်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ကွယ်လွန်ခဲ့သော ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလက်ထက်တွင် မယူမနေရ ပင်စင်ဖြင့် ဒေါက်တာဒေါ်ကျင်ဌေး အား အရေးယူအပြစ်ပေးထား ခြင်းကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်က ပယ်ဖျက်မိန့် ချမှတ်ခဲ့သည်မှာ ၅၉ ရက်ကျော် လာချိန်တွင် ပညာရေးဝန်ကြီးဌာ နမှ အမိန့်စာထွက်လာခြင်းဖြစ် သည်။
‘‘အရမ်းနစ်နာခဲ့ပါတယ်။ ကိုယ်စိတ်နှလုံးထိခိုက်ခဲ့ရတယ်။ ခုထိလည်း ခံစားနေရတုန်းပဲ။ ဆရာမဆီကို တိုက်ရိုက်အမိန့်စာ တော့ မရောက်သေးဘူး။ ၀န်ကြီး ရုံးအမိန့်ကြော်ငြာစာတော့ ရထားတယ်။ နဂိုရာထူးနေရာ ပြန်ထမ်း ဆောင်ရတော့ ကြားထဲမှာ ရာထူး တိုးအခွင့်အလမ်းတွေလည်း ဆုံး ရှုံးသွားတယ်။ လက်ရှိနေရာမှာ တော့ တာဝန်ဆက်လက်မထမ်း ဆောင်လိုတော့ဘူး။ ရန်ကုန်စီး ပွားရေးတက္ကသိုလ်ကို ပြောင်းရွှေ့ဖို့ လျှောက်လွှာတင်မယ်’’ ဟု ဒေါက်တာဒေါ်ကျင်ဌေးက ပြော သည်။
ပညာရေး ၀န်ကြီးဌာန၏ အမိန့်စာတွင် ဒေါက်တာဒေါ်ကျင်ဌေးအား မူလတက္ကသိုလ်၊ ရာထူး၊ တာဝန်ဖြစ်သည့် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးဌာနမှ ပါမောက္ခဌာနမှူးရာထူးကို ပင်စင်ပေးခဲ့သည့် ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်မှစ၍ ပြန်လည်ခန့် ကြောင်း ဖော်ပြထားသည်။ ယင်း ဖော်ပြချက်အရ ဒေါက်တာဒေါ်ကျင်ဌေးအနေဖြင့် တစ်နှစ်ခွဲကြာဆုံးရှုံးခဲ့သော ၀န်ထမ်းလစာငွေနှင့် ရပိုင်ခွင့်များ ပြန်လည်ခံစားရရှိမည်ဖြစ်သည်။
ဒေါက်တာ ဒေါ်ကျင်ဌေးသည် ပညာရေးဝန်ကြီးဌာန၏ နိုင်ငံ့ဝန် ထမ်းအဖြစ် နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး လုပ်သက်ပြည့်ရန် လေးနှစ်အလိုဖြစ်သော ၂၀၁၃ ခုနှစ် မတ်လတွင် နိုင်ငံ့ ၀န်ထမ်းဥပဒေအရ မယူမနေရ ပင်စင်ပေးခံရခြင်းဖြစ်သည်။
မယူမနေရ ပင်စင်ပေးခံရခြင်းမှာ တရားမျှတမှုမရှိခြင်းကြောင့် ဒေါက်တာ ဒေါ်ကျင်ဌေးသည် ပြည်ထောင်စုတရားလွှတ်တော် ချုပ်သို့ တိုင်ကြားခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် အစိုးရအာဏာပိုင် အဖွဲ့အစည်းဖြစ်သော ၀န်ကြီး ဌာနနှင့် ဌာန၀န်ထမ်းတို့ ထိပ် တိုက်အမှုရင်ဆိုင်၍ ဌာန၀န်ထမ်း က အနိုင်ရခဲ့ခြင်းဖြစ်သည်။
ကွယ်လွန်ခဲ့သော ပညာရေး ၀န်ကြီးလက်ထက်တွင် ၈၈ ငွေရ တုအထိမ်းအမှတ်အခမ်းအနား ကျင်းပမည့် သတင်းစာရှင်းလင်း ပွဲသို့ တက်ရောက်ခဲ့သော အခြေခံပညာကျောင်းမှ အလယ်တန်းပြ ဆရာမတစ်ဦးကိုလည်း ခွင့်မဲ့ ပျက်ကွက်သော အကြောင်းပြ ချက်ဖြင့် ၂၀၁၃ ခုနှစ် ဇွန်လတွင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။ အ ဆိုပါဆရာမမှာ ရာထူးမှ ထုတ် ပယ်ခံရမှုနှင့် ပတ်သက်၍ တရား  ရေးရာဌာနများသို့ တိုင်ကြားခြင်း မရှိခဲ့ဘဲ ပညာရေးဝန်ကြီးဌာန တွင် ဆက်လက်တာဝန်ထမ်း ဆောင်ခွင့်ဆုံးရှုံးခဲ့သည်။
 7 day news

Sunday, 10 August 2014

ဦးခင်ညွှန့်ကို မေးကြည့်ဖို့

၈၈ ကာလမှာ ထောက်လှမ်းရေး ခင်ညွန့် ဘာတွေ ညွှန်ကြားပြီး လုပ်ခဲ့သလဲ ....
မီဒီယာတွေ ဒီစာကလေးကိုင်ပြီး ဦးခင်ညွန့်ကို မေးကြည့်(Interview) ပါ့လား .....
credit to ko thet mon
Photo: ၈၈ ကာလမှာ ထောက်လှမ်းရေး ခင်ညွန့် ဘာတွေ ညွှန်ကြားပြီး လုပ်ခဲ့သလဲ ....
မီဒီယာတွေ ဒီစာကလေးကိုင်ပြီး ဦးခင်ညွန့်ကို မေးကြည့်(Interview) ပါ့လား .....

ပညာရှင်များမှ super moon နှင့်ပက်သက်သည့်စကားများ

သြဂုတ်လ အတွင်း ဆူနာမီပါ အင်အားပြင်းငလျင် များလှုပ်နိုင်

မြန်မာနိုင်ငံ တွင်နက္ခတ်သိပ္ပံ ပညာရပ်အရ Super Moon ဖြစ်စဉ်ဖြစ်ပေါ် မည့်သြဂုတ်၁၀ ရက်နှင့်အင်္ဂါ နှင့်စနေဂြိုဟ်စစ် ထိုးမည့်သြဂုတ် ၂၇ရက်၌ အင်အားပြင်း ငလျင် ဖြစ်နိုင်ခြေ နှစ်ကြိမ်ရှိသည်ဟု မြန်မာနိုင်ငံနက္ခတ်သိပ္ပံ အဖွဲ့အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ပြောသည်။

လာမည့် သြဂုတ်၁၀ရက် ည၁၁နာရီ၅၅မိနစ် တွင် မြန်မာနိုင်ငံ၏ မွန်းတည့်မိုး ကောင်းကင်တွင်လ ပြည့်လ၀န်း ရောက်ရှိပြီးSuper Moon ဖြစ်ပေါ်မည်။လနှင့်ကမ္ဘာ သည်မိုင်ပေါင်း ၂၂၁,၈၁၄ မိုင်အထိနီး ကပ်နေပြီးSuper Moon ဖြစ်စဉ်ဖြစ် မည့်နေရာမှာ အရှေ့လောင်ဂျီ တွဒ်၁၈ ဒီဂရီ၁၅မိနစ် နှင့် တောင်လတ်္တီတွဒ် ၁၁ဒီဂရီ၁၄မိနစ် အိန်္ဒိယသမုဒ္ဒရာ အတွင်း ဖြစ်ပေါ်မည်ဖြစ်သည်။ယင်းဖြစ် စဉ်ကြောင့်သြဂုတ် ၁၀ရက်မှ၁၅ရက် အတွင်း မြန်မာ၊တရုတ် အိန်္ဒိယနှင့်အရှေ့တောင် အာရှနိုင်ငံများတွင် ဆူနာမီပါဝင် သောအင်အား ကြီးငလျင်များ ဖြစ်ပေါ် နိုင်သည် ဟုလည်းဆိုသည်။

ှ"Super Moon နဲ့ပတ်သက်ပြီး ပညာရှင်တွေ တစ်ဦးနဲ့တစ်ဦး အယူဆမတူ ဘဲကွဲပြားမှုရှိတယ်။ဘူမိပညာရှင် ၊မိုးလေ၀သပညာရှင် တွေကဒါကြောင့် အင်အားပြင်း ငလျင်လှုပ်တာမဟုတ်ဘူး ပြောတယ်။သို့ ပေမယ့်လည်း နက္ခသိပ္ပံအသိုင်းအ၀ိုင်း ကပညာရှင်တွေကလည်း Super Moon ဖြစ်စဉ်ကြောင့် ငလျင်လှုပ်ခတ်နိုင် တယ်လို့သုံးသပ်မှု တွေရှိတယ်”ဟုဦးဇေယျာကိုကဆိုသည်။

ှSuper Moon ဖြစ်စဉ်ကြောင့်လနှင့် မြေငလျင်လှုပ်ရှား မှုဆူနာမီကဲ့သို့ ရေလှိုင်း ဖြစ်စဉ်များပို တိုးလာသည် ဟုလူအများက ပြောဆိုသော်လည်း ယင်းဆက်စပ်မှု မှာလက်တွေ့ခိုင်မာ သောသိပ္ပံအထောက် အထားမတွေ့ ရှိရသေးသဖြင့် ပညာရှင်များ လက်မခံသေး ကြောင်းမိုး လေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

ထို့ပြင် သြဂုတ်၂၇ရက် ည၇နာရီ၄၄မိနစ် တွင်အင်္ဂါဂြိုဟ် နှင့်စနေဂြိုဟ် တို့တူရာသီ အတွင်းစစ်ထိုးမည်။အင်္ဂါအလင်း အား၈၇ရာခိုင်နှုန်း ၊ စနေအလင်းအား ၉၉ရာခိုင်နှုန်းဖြစ် ၍စနေဂြိုဟ် စစ် အောင်နိုင်မည် ဖြစ်သဖြင့် မြန်မာနိုင်ငံ အစိုးရပိုင်း ဆိုင်ရာအကြီး အကဲများထပ် မံနှုတ်ထွက် ခြင်း၊ အင်္ဂါသားသမီးများ ဂုဏ်သိက္ခာ ကျဆင်းခြင်း၊ထိခိုက်ဒဏ် ရာရမှုများ ဖြစ်ပေါ် ခြင်း၊တိုင်းပြည် အတွင်းဘာသာရေး နှင့်ပတ်သက်၍ ပြင်းထန်သည့် ဝေဖန်တိုက် ခိုက်မှုများ ဖြစ်ပေါ်ခြင်း၊ကြီးမားသည့် မီးဘေးအန္တရာယ်၊ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခြင်း များရှိနိုင်သည် ဟုဦးဇေယျာကိုက ပြောသည်။

ငလျင်လှုပ် ခတ်မှုသည် မြန်မာနိုင်ငံ ကိုဗဟိုပြုလှုပ်ရှား ခြင်းမဖြစ်နိုင်သော် လည်းအိမ်နီးချင်း နိုင်ငံများတွင် ငလျင်လှုပ်မှု ကြောင့်၆၀ရာခိုင်နှုန်း အကျိုးသက် ရောက်မှု ရှိနိုင်သည်။ငလျင်လှုပ် ခတ်မှုများကြောင့် မြန်မာနိုင်ငံ အထက် ပိုင်းတွင်သက် ရောက်မှုရှိနိုင်သည် ဟုလည်းဆိုသည်။

Mizzima
Photo: သြဂုတ်လ အတွင်း ဆူနာမီပါ အင်အားပြင်းငလျင် များလှုပ်နိုင်

Add caption

သမ္မတနှင့် ဂျွန်ကယ်ရီ တွေ့ဆုံ

စိန်ခေါ်မှုများကိုသာ ပြောနေမည့်အစား အောင်မြင်မှုများ အခြေခိုင်အောင် ကူညီရန် သမ္မတဦးသိန်းစိန်က ဂျွန်ကယ်ရီအား တုံ့ပြန်

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ − အေပီ)
မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများကိုသာ အလေးထားပြောနေမည့်အစား အောင်မြင်မှုများကို အသိအမှတ်ပြုပြီး အဆိုပါ အောင်မြင်မှုများအခြေခိုင်အောင် အကူအညီပေးသင့်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
သမ္မတအိမ်တော်တွင် သြ ဂုတ် ၉ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအ နေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံတိုင်း ကြုံတွေ့ရလေ့ရှိသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့သည့် အခြေအနေနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံကပြုပြင် ပြောင်းလဲရေးကို တည်ငြိမ်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် သုံးနှစ်တာကာလအတွင်း ဒီမိုကရေစီစံနှုန်းများအ ပြည့်အ၀ ပေါ်ပေါက်အောင် အကောင်အထည်ဖော်ရန် ကန့်သတ်ချက်များရှိသည်ကို နားလည်ပေး စေလိုပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် နောက်ပြန်လှည့်ရန် မရှိဘဲ ရှေ့သို့ဆက်လက်ချီတက် နိုင်ရန် ဆုံးဖြတ်ထားကာ နိုင်ငံတကာကလည်း ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံနှင့် ဆက် ဆံရေးကောင်းမွန်စေရန် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကို သိသိသာသာ တိုးမြှင့်လုပ် ဆောင်ရန် လိုအပ်နေပြီး လူ့အခွင့်အရေးမြှင့်တင်ရေးအတွက် ဝန်ခံကတိပြုချက်များ နောက်ပြန်ဆွဲ နေသည့် အခြေအနေကို ပြင်ရန် လိုအပ်နေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က မြန်မာခေါင်းဆောင်များအား သတိပေးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လာမည့်နှစ်တွင် လွတ်လပ် တရားမျှတပြီး ယုံကြည်နိုင်သည့် ရွေးကောက်ပွဲဖြစ်ပေါ်လာရန်အ တွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆက်လက်လုပ်ဆောင်ရန်လည်း ဂျွန်ကယ်ရီက တိုက်တွန်းသွားခဲ့သည်။
လာမည့် နိုဝင်ဘာလတွင် အာဆီယံ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံရန် သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ လာ ရောက်ရန်ရှိပြီး ယင်းခရီးစဉ်မ တိုင်မီ အထက်ပါကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရေး ခြေလှမ်းရပ်များ လိုလားကြောင်း ဂျွန်ကယ်ရီက သမ္မတ ဦးသိန်းစိန်နှင့် မြန်မာလွှတ်တော်အမတ်များကို ရှင်းရှင်းလင်းလင်း သိသာစေခဲ့သည်ဟု အမေရိကန် အရာရှိများက ပြောဆိုသည်။
သမ္မတအိုဘားမား အရှေ့အာရှ ထိပ်သီးညီလာခံသို့ တက်ရောက်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံအခြေအနေများ တိုးတက်လာမှုကို မမြင်တွေ့မချင်း နှစ် ၄၀ ကြာ စစ်အစိုးရအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ကြောင်း အမေရိကန်အရာရှိများက ပြောဆိုခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နှင့် တံခါးပိတ်ဆွေးနွေးပွဲမှ အချက်အလက်များကို တရားဝင် ထုတ်ဖော်ပြောဆိုခွင့်မရှိသဖြင့် အဆိုပါ အမေရိကန်အရာရှိက အ မည်မဖော်ဘဲ ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။
အာဆီယံ ၁၀ နိုင်ငံမှ နိုင်ငံ ခြားရေးဝန်ကြီးများနှင့် တွေ့ဆုံ ရာတွင် ဂျွန်ကယ်ရီက စိုးရိမ်ပူပန် ကြောင်း ပြောဆိုသွားခြင်း မရှိ သော်လည်း မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အခက်အခဲများကို ကျော်လွှားနိုင်ရန် အမေရိကန်က ကူညီလုပ်ဆောင်လိုကြောင်း ပြောဆိုသွားခဲ့သည်။
‘‘မြန်မာနိုင်ငံက အနာဂတ် စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေချိန်မှာ အမေရိကန်နိုင်ငံရဲ့ မိတ်ဆွေအဖြစ် ကူညီပံ့ပိုးမှုကို ရ ထားတယ်ဆိုတာကို မြန်မာပြည် သူတွေကို သိစေချင်တယ်’’ဟု ၎င်းက ပြောဆိုသွားသည်။ အိုဘားမားကလည်း မြန်မာနိုင်ငံသို့ ထပ်မံလည်ပတ်ရေးကို စိတ်အားထက်သန်နေကြောင်းလည်း ပြောဆိုသွားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၃ ခုနှစ် ဘရူနိုင်း နိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးပြီးနောက် ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်သည်။
ဂျွန်ကယ်ရီက သြဂုတ် ၁၀ ရက်တွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။
ကိုးကား − အေပီ
7 day news

ဒုသမ္မတပြောတဲ့ နိုင်ငံတကာအကူအညီ

နိုင်ငံတကာအကူအညီများဘင်္ဂါလီများကိုသာ ဦးတည်နေပါက ရခိုင်တိုင်းရင်းသားများနှင့် သဘောထားဆက်လက်ကွဲမည်ဟုဒုသမ္မတပြော

 နိုင်ငံတကာအကူအညီ များအနေဖြင့် ဘင်္ဂါလီလူမျိုးများ ဘက်ကိုသာဦးတည်နေမည်ဆိုပါ က ဒေသခံရခိုင်တိုင်းရင်းသားများ နှင့်သဘောထားဆက်လက်ကွဲ ပြားနေမည်ဖြစ်ကြောင်း နိုင်ငံ တော်ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းက   ပြောကြား သည်။
သြဂုတ် ၈ ရက်က နေပြည်တော်တွင်ပြုလုပ်ခဲ့သော ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေးဗဟိုကော်မတီ အစည်းအဝေး၌    ယင်းကော် မတီဥက္ကဋ္ဌဒေါက်တာစိုင်းမောက် ခမ်းက အထက်ပါအတိုင်းထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဘင်္ဂါလီကယ်ဆယ်ရေးစခန်းများသို့ နိုင်ငံတကာအလှူရှင်များ ၏ လူသားချင်းစာနာထောက်ထား မှုအကူအညီခေါင်းစဉ်ဖြင့်ပင် ထောက်ပံ့ပေးနေမည်ဆိုပါက၊ ဘင်္ဂါလီလူမျိုးများဘက်ကိုသာ ပိုမိုဦးတည်သွားပါက ဒေသခံ ရခိုင်လူမျိုးများနှင့် ဆက်လက် သဘောထားကွဲပြားနေမည်ဖြစ် ကြောင်း ဒေါက်တာစိုင်းမောက် ခမ်းကပြောကြားခဲ့သည်။
ကယ်ဆယ်ရေးစခန်းများ တွင်  လူဦးရေတစ်သိန်းနှစ်သောင်း ကျော်ရှိပြီး ၎င်းတို့စားဝတ်နေရေး ကို မြန်မာနိုင်ငံတစ်နိုင်ငံတည်း အနေဖြင့် တာဝန်ယူရန်ခက်ခဲမည် ဖြစ်ကာ နိုင်ငံတကာအကူအညီ များဖြင့် ယာယီပံ့ပိုးပေးနိုင်သော် လည်း ရေရှည်တွင်သင့်လျော် သည့်အဖြေမဟုတ်ကြောင်း ဒု သမ္မတကဆက်လက်ပြောသည်။
လူသားချင်းစာနာမှုအကူ အညီများပေးအပ်နေသည်နှင့် တစ်ပြိုင်တည်း ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေရှည်တွင်နှစ် ဖက်လူ့အဖွဲ့အစည်း  သဟဇာတ ဖြစ်လာစေရေးအထောက်အကူ ပြုလုပ်ငန်းများကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဒေါက်တာစိုင်း မောက်ခမ်းကထည့်သွင်းပြော ကြားသည်။
 ရခိုင်ပြည်နယ်ပဋိပက္ခဖြစ် ပေါ်စေသည့်အခြေခံဇာစ်မြစ်တစ် ခုဖြစ်သော လက်ရှိဘင်္ဂါလီလူမျိုး များ တရားဝင်၊ မဝင်ခွဲခြားဖော်ပြ နိုင်ရန် ၁၉၈၂ ဥပဒေဖြင့် စိစစ် ခြင်းလုပ်ငန်းများကို မြေပုံမြို့နယ် တွင် ရှေးဦးစီမံချက်အဖြစ်ဆောင် ရွက်ခဲ့ပြီး ဘင်္ဂါလီလူမျိုး ၁၀၉၄ ဦးကို ပဏာမစိစစ်ပြီးစီးခဲ့ပြီး ဆက် လက်စိစစ်နေကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
7 daily nes

Friday, 8 August 2014

တွေးမိလေတိုင်း ရင်နာတယ်

 မျှော်လင့်ချက်တွေရဲ့...တနှစ်သော မိုးရာသီ

"ရက်စက်ပါ့ပေ့ မခိုင်....မုန်းမေ့ပါပေ့ခိုင် " ဆိုသလိုမျိုးနဲ့" ပြန်ပြောင်းကာ အတိတ်အကြောင်းကို မစဉ်းစားချင်တယ်  တွေးမိလေတိုင်းရင်နာ
တယ်" ဆိုသလိုမျိုး နဲ့ တို့ဝန်ထမ်းငယ်တွေအဖြစ်ကလည်း ဆိုးပါပေ့.......၁၉-၈-၂၀၁၃   ရက်နေ့ထုတ်7 Daily new သတင်း
စာတွင်ပါရှိသည့် အယ်ဒိတာထံပေးစာတွင်ပါရှိသည့် နေမျိုးကျော်စွာ ရေးသားသည့်" လ၀က ၀န်ကြီးဌာန၏ မုမမှန်သည့်ကြိုးနီစနစ်များ..".
ဆိုသည့် ပေးစာ...နဲ့ အင်တာနက် FACEBOOK ပေါ်တွင် CARETAKER အမည်ဖြင့် ၀န်ထမ်းတစ်ဦးမှ ၀န်ကြီးအား ထိခိုက်ဝေဖန်ရေးသားခဲ့
သဖြင့်    ၀န်ထမ်းငယ်များအတွက် ပြုလုပ်ပေးမည့် ရာထူးတိုးရေးဖြေစာမေးပွဲအား
ဦးစီးဌာနမှ ၂၀၁၃ ခုနှစ် ..သြဂုတ်လ ( ၂၅ )ရက်နေ့ တွင် ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း တနိုင်ငံလုံးရှိဝန်ထမ်းများထံသို့ တရားဝင်အသိ
ပေးအကြောင်းကြားထားခဲ့ပြီးမှ  အထက်ဖော်ပြပါ ဂျာနယ်တွင် ၀န်ကြီးဌာန သတင်းပါရှိခြင်းနှင့် ၀န်ထမ်းတစ်ဦးမှ ၀န်ကြီးအား ပုတ်ခတ်ရေး
သားသည့် ကိစ္စအား အကြောင်းပြကာ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားခဲ့ရာ....ယခု ၂၀၁၄ ခုနှစ်...သြဂုတ်လတွင် (၁)နှစ်တိတိပြည့်
သွားခဲ့ပြီဖြစ်ပါသည်...

.ရသင့် ရထိုက်သည့် အချိန်တွင် ၀န်ထမ်းငယ်များအတွက် ၄င်းတို့၏ရပိုင်ခွင့်ဖြစ်သည့် အခွင့်အရေးတစ်ရပ်ဆုံးရှူံး
လိုက်ခြင်းသည် ၀န်ထမ်းငယ်များအားလုံးအတွက် ကြီးစွာသော ဆုံးရှူးံနစ်နာမှုတစ်ခုဖြစ်ပါသည်....ထိုကဲ့သို့ ရသင့် ..ရထိုက်..သောအခွင့်
အရေး တစ်ရပ် ဆုံးရှံးခဲ့ရခြင်းသည် မည်သူ့တွင် တာဝန်ရှိပါသနည်း....နိုင်ငံတော် အစိုးရမှ ၀န်ထမ်းများအား လိုအပ်သည့် အထောက်အပံ့
နေရာ ထိုင်ခင်း ပြည့်စုံလုံလောက်အောင် ဖန်တီးမှု မပေးထားနိုင်သည့်အချိန်တွင် ရာထူးတိုးပေးခြင်းသည်လည်း ၀န်ထမ်းများအတွက်သက်
သာချောင်ချိရေး တစ်ခုဖြစ်ပါသည်....တာဝန်ရှိသူ အဆင့်ဆင့်...တာဝန်ခံထားသူ အဆင့်ဆင့် တို့မှ ၀န်ထမ်းများသက်သာချောင်ချိရေးကို
အထူးအလေးပေး...အားသွန်ခွန်စိုက် လုပ်ဆောင်ပေးနေသည်ဟု နုတ်ဖြင့် အသွင်သွင်ပြောကြားနေခဲ့သော်လည်း လက်တွေ့တွင်မူကား အပြောနှင့်အလုပ်က
တခြားစီပင်ဖြစ်နေပါသေးသည်..

..ထိုကဲ့သို့ ၀န်ထမ်းများအတွက် နစ်နာစေခဲ့သည့် ရက်ပေါင်း (၃၆၅)ရက်ကို မည်သူက တာဝန်ခံဖြေရှင်း
ဆောင်ရွက်ပေးပါမည်နည်း....မင်းမှာ သစ္စာ လူမှာ ကတိ ဆိုသလို ဆိုခဲစေ..မြဲခဲစေ ဖြစ်ရမည်ကို မသိကျိုးကျွံပြုပီး ကိုယ်ကိုယ်တိုင်
 တရားဝင်ထွက်ရှိထားသည့် အမိန့်စာတစ်ခုအား ခိုင်လုံသောအကြောင်းပြချက်မရှိပဲ ပြန်လည်ရုတ်သိမ်းလိုက်ခြင်းသည် ကိုယ်၏ဂုဏိသိက္ခာ
အဆင့်အတန်းကို ကျဆင်းသွားစေခဲ့ပြီး အောက်လက်ငယ်သားများ၏ ယုံကြည်အားထားမှုကိုပျက်ပြားစေခဲ့ပါသည်....အထက် နှင့် အောက်
ဆိုသည်မှာ အပြန်အလှန် ယုံကြည်မှု များနှင့်တည်ဆောက်ထားခြင်းဖြစ်ပါသည်...တနည်းဆိုရသော် မိဘ နှင့် သားသမီးလိုပင်ဖြစ်ပါသည်...
သားသမီးများအကျိုးအတွက် အားကြိုးမာန်တက်ဆောင်ရွက်ပေးသော မိဘ ကိုသားသမီးများကချစ်မှာဖြစ်သလို သားသမီးအကျိုးကို လစ်လျှုရှူ
ဂရုမစိုက်ပဲ ပစ်ပယ်ထားသော မိဘကို သားသမီးများက ချစ်မြတ်နိုးမည်မဟုတ်ပေ....အထက်က လူကြီးတွေ ခိုင်းသလို အောက်က လိုက်ပါ လုပ်
ဆောင်ပေးနေသလို  အောက်ကလည်း အထက်၏ လုပ်ဆောင်နေမှုများအပေါ် ယုံကြည်ကိုးစားအလေးထားသည်မှာ အမှန်အကန်ပင်ဖြစ်ပါသည်

သို့ပေသော်လည်း အထက်လူကြီးများ၏ ကတိမတည်မှု....ကြန့်ကြာမှု ...အချိန်ဆွဲလုပ်ဆောင်မှု....မလိုတစ်မျိုး လိုတစ်မျိုးလုပ်ဆောင်မှုများ
ကြောင့် အထက်လူကြီးများအပေါ် အောက်လက်ငယ်သားများမှ ယုံကြည်ကိုးစားမှု များ ပျောက်ပျက်သွားခဲ့သည်ကိုတွေ့ရှိခဲ့ရပါသည်...ထိုကဲ့
သို့ဖြစ်ပွားရခြင်းများသည်  မည်သူမပြု မိမိမှုများပင်ဖြစ်ပါသည်....တနည်းအားဖြင့် လုပ်သင့်လုပ်ထိုက်သည့်အချိန်တွင် မလုပ်နိုင်ခဲ့ခြင်း
ကြောင့် ငယ်သားများ၏ ယုံကြည်အားထားမှုများ ပျောက်ကွယ် ဆုံးရှူံးခဲ့ရခြင်းပင်ဖြစ်ပေသည်....နောက်ဆုံးမည်သို့ပင်ဖြစ်စေကာမူ ၀န်ထမ်း
များကတော့ ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ပီးပါပီ...ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ပီးပါပီ...ဘယ်ဝမ်းက ကောင်းလည်း မေးယင် တ၀မ်းမှ မကောင်းပါ..အား
လုံး   -ျီးနံသည် ဟုပြောမည်ထင်ပါသည်...မှားခဲ့တာတွေလည်း မှားခဲ့ပါပီ...ပီးခဲ့တာတွေလည်း ပီးခဲ့ပါပီ.....ရှေ့သို့ဆက်လက်ဆောင်၇ွက်ရ
မည့် နောက်ထပ်လုပ်ငန်းစဉ်များကိုတော့ ၀န်ထမ်းငယ်များအတွက် တိတိ ကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် နှင့် ကျောသား ရင်သား
မခွဲခြားပဲ ရသင့်ရထိုက်သည့်..ဖြစ်သင့်ဖြစ်ထိုက်သည့် ၀န်ထမ်းငယ်များအတွက် အကျိုးကို အားကြိုးမာန်တက်ဆောင်၇ွက်ပေးနိုင်ပါစေကြောင်း
အကြံပြုရေးသားလိုက်ရပါသည်.....

Tuesday, 5 August 2014

အမှိုက်တစ်စကြောင့်ပြာကျခံလိုက်ရတဲ့ ထလရ

အမှိုက်ကစ ပြသာဒ် မီးရှို့ခံလိုက်ရတဲ့ မြန်မာပြည် ထောက်လှမ်းရေး
 (         ၁၁-၂-၂၀၁၄ ရက်နေ့ထုတ်ဝေခဲ့သည့် စောင့်ကြည့်သတင်းဂျာနယ် အတွဲ(၈).အမှတ်(၃၆)တွင်ငယ်လေးညီ ရေးသားထားခဲ့သည့် စစ်အစိုးရလက်ထက် ထောက်လှမ်းရေးအဖွဲ့ ဆိုးသွမ်းရမ်းကားခဲ့သမျှ  ဆောင်းပါးမှ အချက်အလက်အချို့အားကူးယူဖော်ပြပါသည်)
..ထောက်လှမ်းရေး  ဆိုခဲ့တဲ့  မြန်မာပြည်ရဲ့  နေလို...လလို ထွန်းလင်းတောက်ပထင်
ရှားလွန်းခဲ့ရတဲ့.....အာဏာပါဝါပြင်းထန်လွန်းခဲ့ရတဲ့.....ထလရ ဆိုယင်  အားလုံးက  ဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့.....ဘယ်သူကမှ
မော်လို့တောင် မကြည့်ရဲ့ခဲ့တဲ့.....ဘယ်တော့မှ နေမ၀င်ခဲ့ ဘူးလို့ထင်ထားခဲ့တဲ့ အင်ပါယာကြီးတစ်ခု....ဟာ  အပိုင်းပိုင်းအစစနဲ့  ပြိုပျက်ခဲ့ရတယ်.......ဆိုတာကို  အကျဉ်းချုံးပြောပြပါ့မယ်......အမှိုက်ကစ  ပြသတ် မီးလောင် ဆိုတဲ့ မြန်မာ စကားပုံလေးဟာ မှန်ကန်ခဲ့တယ်ဆိုတာ.....ကျုပ်ထင်တယ်.....

1992 ခုနှစ်လောက်မှာ   ထလရ ဂိုဏ်းချုပ်ကြီးကနေပီးတော့  သူတို့ ရခိုင်ပြည်နယ်မှာ တည်ထောင်လုပ်ဆောင်
ခဲ့တဲ့  နစက  အဖွဲ့ကြီးရဲ့ လုပ်ဆောင်မှုတွေဟာ အောင်မြင်ခဲ့တယ်....ဒါကြောင့် မြန်မာပြည်နယ်စပ်ဒေသတွေအားလုံးရဲ့ လူဝင်လူထွက်တွေ
ကို ထိန်းချူပ်နိုင်ဖို့ဆိုပီးတော့   နစရ...နခစ  အဖွဲ့တွေကို    ထပ်မံဖွဲ့စည်းခဲ့တယ်.....ဒီလို မျိုး ဖွဲ့စည်းလိုက်မှု ရဲ့ အကျိုးအဆက်က နောက်
ဆုံးတော့  ဗိုလ်ချုပ်ခင်ညွှန့်  ဆိုတဲ့  ထောက်လှမ်းရေးရဲ့  လျှမ်းလျှမ်းတောက်  အာဏာရှင်တစ်ဦး ရဲ့ ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်ခဲ့တဲ့
လုပ်ရပ်တစ်ခုဖြစ်ခဲ့ပီးတော့   အဖွဲ့ကြီးတစ်ခုလုံးလည်း  အစိတ်စိတ် အမွှာမွှာ  နဲ့ဖြိုဖျက်ခံလိုက်ရပီးတော့  အားလုံးနီးပါးလည်း ထောင်ထဲ
ရောက်...ကျန်ရစ်ခဲ့တဲ့ မိသားစုတွေလည်း   ဘ၀တွေ ပျက်ခဲ့ရပိးတော့  အခုအချိန်အထိ နာလန်တောင် မထူနိုင်တော့ပါဘူး..

..ရှမ်းမြောက်
မှာ ဖွဲ့စည်းခဲ့တဲ့ နစရ  ...နစခ တွေထဲမှာ အဲဒီအချိန်က   အရမ်းလည်း နာမည်ကြီးခဲ့တဲ့....လူတိုင်းလည်း သိထားခဲ့ရတဲ့ ဂိတ်တစ်ခုကတော့
နမ့်ဖတ်ကာ  စစ်ဆေးရေး စခန်းပဲဖြစ်ပါတယ်.....အဲဒီ စခန်းမှာ  ထလရ တပ်ကြပ်ကြီး နှစ်ယောက်ဖြစ်တဲ့   ဇော်မိုး နဲ့ ခင်အေး  ဆိုတဲ့ နှစ်ယောက်
ဟာ  လ၀က ယူနီဖောင်းဝတ်ပီးတော့  ပခုံးမှာ  တစ်ပွင့်  တင်ထားပါတယ်.....ကျူပ်က ဒီအကြောင်းတွေ ကိုဘယ်လိုလုပ်သိသလဲ ဆိုတော့
ကျုပ်က အဲဒီတုန်း က ရှမ်းမြောက်မှာရှိခဲ့ပီးတော့  သူတို့နဲ့ အနီးကပ် ဆက်ဆံနေရတာကိုး....အဲဒီ ဂိတ်မှာ   သူတို့နှစ်ဥိးစဖွင့်ကတည်းကစထိုင်လိုက်တာဟာ  နောက်ဆုံး  ပြသနာ တက်တဲ့ အချိန်ထိပေါ့.....နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့....သူတို့နှစ်ဦးရဲ့ လုပ်ဆောင်ချက်လေး
တွေကို  ကျုပ်သိရသလောက်....မှတ်မိရသလောက်ပြန်ပြောပြရမယ် ဆိုယင်  ပြောလို့တောင်ကုန်မှာမဟုတ်ဘူး....

.မိုက်ရိုင်းမှုတွေ ...ဆိုးသွမ်းမှုတွေ....ယုတ်မာမှုတွေ.....ကတော့  များစွာမှ...များစွာပါ.....အမေအိုတစ်ယောက် မူဆယက်ကနေအပြန်  ပန်းသီးလေး တစ်ဖာလောက်သယ်
လာခဲ့တယ်.....အားလုံးရှေ့မှာ စားနိုင်ယင်စား  လို့ပြောပီး   မစားနိုင်ယင် ပန်းသီးဖာတစ်ခုလုံး ကိုကားနဲ့တက်ကြိတ်ပြခဲ့တာတွေ...ထပ်ကရဲဘော်လေး တစ်ယောက်  ဒီဗွီဒီလေး  တစ်လုံးလောက်သယ်လာယင်  သိမ်းတာတွေ....ဆိုင်ကယ်ကယ်ရီသယ်ခဲ့တဲ့ သူတွေကိုဘယ်လိုနှိပ်စက်ခဲ့
တာတွေ.........ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲတွေ မူဆယ်ခရီးထွက်တဲ့အခါ မူးယစ်ဆေးဝါးရှာတယ် ဆိုပီး ကားဘော့နပ်ဖုံးကအစဖွင့်ရှာပီးတော့ ရစ်ခဲ့...ညစ်ခဲ့...ချိုးခဲ့ တာတွေ...ကုန်သည်လုပ်စားနေခဲ့တဲ့ မိန်းကလေးတွေဆိုယင်သူတို့နဲ့အတူတူညအိပ်ခဲ့ရတာတွေ..တပ်ကဆိုယင် ဗိုလ်မှူးအဆင့်လောက်မပြောနဲ့   တပ်ရင်းမှူး..ဗျုဟာမှူးအဆင့်လောက်ကို ခါးထောက်ပီးတော့  ထီမထင် ဆက်ဆံခဲ့တာတွေ.....သူတို့တွေရဲ့  ညစ်ပတ်...ဗိုလ်ကျ...ယုတ်မာ....အနိုင်ကျင့်မှုတွေကိုသာပြောပြရယင်
တစ်ထောင့်တစ်ညပုံပြင်တောင် ထိုင်ငိုသွားလောက်တယ်....ရှမ်းမြောက်မှာ နေခဲ့ဖူးတဲ့သူတွေအားလုံး သူတို့နှစ်ယောက်အကြောင်းကို ကကြီးကနေပီးတော့ အ အထိ အားလုံးသိခဲ့ပါတယ်....သူတို့တွေဘာဖြစ်လို့ ဒီလောက်တောင် ဒီနေရာမှာ သက်ဆိုးရှည်ခဲ့သလဲဆိုယင် ပြောင်းရ
တော့မယ်လို့ အသံထွက်လာပီဆိုယင် သူတို့ ၂ ယောက်က တစ်ပိသာ...နှစ်ပိသာ ရွှေချောင်းတွေ ယူပီးတော့ ဒေါက်တာ ခင်ဝင်းရွှေဆီကိုတက်
သွားကြပြန်ရော....ဒါက သူတို့ရဲ့ အတွင်းသိတွေကပြောပြခဲ့တာပါ....အရမ်း ကိုဆိုးပါတယ်....အရမ်းကိုပဲ ယုတ်မာရိုင်းစိုင်းလွန်းပါတယ်လို့
နာမည်ကြီးနေတဲ့ သူနှစ်ယောက်  ကို  မရွှေ့မပြောင်းပဲ   ၄  နှစ်နီးပါးလောက်တစ်နေရာထဲမှာ ထားခဲ့တဲ့  အကျိုးဆက်ဟာစတင်လာတော့
မယ်  ဆိုတာကို ဘယ်သူမှ မသိခဲ့ပါဘူး...

.တကယ်တမ်းသာ ဆိုယင်  သူတို့ နှစ်ယောက် ကို တခြားနေရာကို ပြောင်းရွှေ့ပေးလိုက်ပီး...နောက်
လူတွေနဲ့ အစားထိုးပေးလိုက်မယ်ဆိုယင်  နောက်လူတွေကသာ ပျော့ပျော့ပြောင်းပြောင်းနဲ့ ပြည်သူတွေ ကိုပြန်လည်ဆက်ဆံခဲ့မယ်ဆိုယင်အယင်က ဖြစ်ခဲ့တဲ့ နာကျည်းမှုတွေကိုမေ့သွားပီးတော့  ဒီလိုမျိုးပြသာနာမျိုးလည်းပေါ်ပေါက်လာခဲ့မှာမဟုတ်ပါဘူး....ဗမာလူမျိုးတွေကလည်း
ဘယ်လောက်အောင်ပဲ နာကျည်းအောင်လုပ်ခဲ့ခဲ့....ပြန်ချော့လိုက်ယင်  အတိတ်ကိုပြန်မေ့ သွားကြတာချည်းပဲ...ခွင့်လွှတ်လိုက်ကြတာချည်း
ပဲ.....စိတ်ထဲမှာလည်း အငြိုးအတေး ထားတတ်တာ  မရှိပါဘူး...ဒီအချိန်က ရှမ်းမြောက် စစ်တိုင်းမှူးက  ဗိုလ်ချုပ်မြင့်လှီုင်ပါ...လူတွေပြောပြောနေကြတဲ့ လယ်သမားတွေကို  တနပ်စားခိုင်းတဲ့ သူကြီးပေါ့.....၂၀၀၄ ၀န်းကျင်လောက်မှာ လို့ထင်ပါတယ်....ငြိမ်းချမ်းရေး အဖွဲ့အစည်းတစ်ခု
ကနေပီးတော့  ဗိုလ်ချုပ်ခင်ညွှန့် ဆီ ကို ခေါင်းစဉ်တပ်ပီးတော့    စစ်တိုင်းမှူး ကို မိတ္တူ ပေးထားတဲ့  နမ့်ဖတ်ကာက  ထလရအဖွဲ့တွေ
အကြောင်းကို  အသေးစိတ်ရေးတိုင်လိုက်ပါတယ်...အဲဒီအသေးစိတ် တိုင်စာထဲမှာ ဘာတွေပါသလဲ ဆိုယင်   ကားနံပါတ် အတိအကျနဲ့ဘာတွေ
တင်သွားတယ်... တစ်လကိုဘယ်နှစ်ခါဖြတ်တယ်....ထော်လာဂျီနံပါတ်တွေရော...ဘာကုန်နဲ့ ဘာကားတစ်စိးဖြတ်ယင် သူတို့ကိုဘယ်လောက်
ပေးရတယ်....အဲဒီထဲမှာ ကုန်တင်ကားထဲမှာ ဆိုင်ကယ်တွေအပြည့်နဲ့ တင်ပီးဖြတ်တာလည်းပါပါတယ်..ပီးတော့ ကုန်သည်မိန်းကလေးတွေဆိုယင်လည်း သူတို့နဲ့ ညအိပ်ပီးတော့  လူကိုပါပေးရတယ်ပိုက်ဆံလည်းပေးရတယ်...သူတို့နှစ်ယောက်ရဲ့ ၀င်ငွေဟာဘယ်
လောက်ရှိတယ် ဆိုတာကိုရော အသေးစိတ်တွက်ပြထားပီးတော့ တိုင်ထားတာပါ....သူတို့နှစ်ယောက်ရဲ့ဝင်ငွေကလည်း  တစ်ယောက်ကိုတစ်
ရက်မှာ သိန်းတစ်ရာကျော်ကို ၀င်နေခဲ့တာပါ...အဲဒီတုန်းက ရွှေဈေးကလည်း   ၁သိန်းခွဲကျော်လောက်ပဲရှိအုံးမှာပါ....ဘယ်စီးပွားရေးလုပ်ငန်း
ရှင်ကမှ သူတို့လောက် ၀င်မှာ မဟုတ်ပါဘူး...ကျန်တဲ့ အဖွဲ့တွေဖြစ်တဲ့ လ၀က...ရဲ့....အကောက်ခွန်တွေကျတော့  သူတို့ပေးသလောက်သာ
ရကြောင်းနဲ့  အဓိကကတော့   ပိုက်ဆံပေးရတာဟာအဓိက မဟုတ်ပါဘူး....သူတို့ရဲ့  ယုတ်မာ  ရက်စက်  မိုက်ရိုင်းလွန်းလှတဲ့ လုပ်ရပ်တွေကို
သီးမခံနိုင်တော့ လို့ တိုင်တာပါ....တိုင်တဲ့ အဖွဲ့အစည်းကလည်း သူတို့နဲ့  ပဲ ပေါင်းပီး လုပ်စားနေခဲ့တဲ့ အဖွဲ့ပါပဲ...ဒီတိုင်စာ ကိုတိုင်လိုက်တဲ့
အချိန်မှာ သူတို့ရဲ့ အဘကြီး က နိုင်ငံခြား ခရီးစဉ် တစ်ခု ကိုရောက်နေခဲ့တာပါ.....စစ်တိုင်းမှူး ကို မိတ္တူပေးလိုက်တဲ့ အချိန်မှာ အဲဒီစာပေါ်
မှာ စစ်တိုင်းမှူးက  မှင်အနီနဲ့မှတ်ချက်ပြုခဲ့ပီး  ဒီအချိန်က ကွတ်ခိုင် စစ်ဗျူဟာမှူး  ဗမက စံရွှေသာ  ဆီကို ပို့ပေးလိုက်ပါတယ်....မှတ်ချက်ကတော့ စုံခုံဖွဲ့စစ်
ဆေးတင်ပြ၇န်....ဆိုပီးတော့  ပါတာပါ....ဒီစာ  ကို ကျုပ်ကိုင်ဖတ်ခဲ့ရတာပါ.

.ဒါနဲ့ နမ့်ဖတ်ကာ စစ်ဆေးရေး စခန်း ကို  ၀င်သိမ်းတဲ့ အခါမှာ
သူတို့နှစ်ကောင်က အစစ်ဆေးမခံဘူး....သူတို့ဌာနချုပ်ရဲ့ ခွင့်ပြုချက် မရယင်  အရှာမခံနိုင်ဘူးဆိုပီးတော့ ငြင်းဆန်တော့ လက်ထိပ်ကို
နောက်ပြန်ခတ်ထားပိးတော့  မင်းတို့က ဘာလဲ  ...တပ်ကြပ်ကြီး....ငါက ဗျူဟာမှူးကွ  ဆိုပီးတော့ ပါးလေး နှစ်ချက်လောက်ပဲ ဆော်ပလော်တီးလိုက်ရတယ်....အဲဒီအချိန်က စတင်လိုက်ခဲ့တဲ့မီးပွားလေး တစ်ခုဟာ  ဘယ်လို အဆင့်ဆင့် ကူးပီး လောင်ကျွမ်းသွားခဲ့တယ် ဆိုတာဒီအချိန်ကမှီလိုက်တဲ့သူတွေ အားလုံးသိပါတယ်...သတင်းစာထဲမှာလည်းပါခဲ့ပါတယ်....ကျူပ်အကျယ်ချဲ့ပီးတော့လည်းမပြောတော့ပါဘူး....ကျုပ်ပြော
ပြချင်တာက  တပ်ရင်းတပ်ဖွဲ့ ကစစ်သားတွေက  ထလရ ကလူတွေ ကိုဘယ်လောက်တောင် နာကျည်းနေခဲ့တယ် ဆိုတာကိုပြောပြမလို့ပါ.းး
ဒီလိုမျိုးဖမ်းဆီးထားတဲ့ ထလရတွေအားလုံးကို  လားရှိုးမှာ ရှိတဲ့ တပ်ရင်းတွေမှာ ခွဲတမ်းနဲ့ ချထားပီး  တပ်အချုပ်မှာ ချထားပါတယ်...တပ်ကရဲဘော်လေးတွေက လာပြောပြကြတယ်....သူတို့ ကို  ကျနော် တို့  ထမင်းကျွေးတာတောင်  ဆီနဲ့ဆားနဲ့ပဲ ကျွေးတာတဲ့...ဘာဟင်းမှကိုမပေး
ဘူးတဲ့.ပီးတော့ သူတို့နှစ်ကောင်ကို တပ်ကရဲဘောတွေက အခန်းထဲကိုဝင်ဝင်ပီး ၀ိုင်းဗျင်းနေကြာတွေ...သူတို့ အချင်းချင်းတောင် ဒီလိုဖြစ်နေတယ်ဆိုတော့ ကျန်တဲ့ သူတွေဆိုယင် ပြောမနေနဲ့တော့....၀မ်းနည်းတဲ့ သူဆိုတာလည်းတစ်ယောက်မှမရှိဘူးလေ.သူတို့အဖွဲ့တွေက ဘယ်လောက်တောင်လူပါးဝလာသလဲ ဆိုယင် လားရှိုးဂေါက်ကွင်းအတွက်ဆိုပီးတော့ တိုင်းမှူးမှာထားလို့သယ်ဆောင်လာတဲ့ ဂေါက်ကွင်းမှာ သုံးမယ့် ထီးတွေကိုတောင် ဖမ်းပစ်တယ် ဆိုတော့ တိုင်းမှူးကိုလည်း ဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိုးတွေ
ချိုးတော့ တိုင်းမှူးကလည်း တင်းနေမှာပေါ့...မူဆယ် အခမ်းအနားတစ်ခုမှာ  ဗိုလ်ချုပ်ခင်ညွှန့်ပြောသွားတာလေးတစ်ခု ကိုသွားသတိရလိုက်တယ်....သူတို့ ဒီ
နစရ ဆိုတာကြီးကို ဖွဲ့စည်းပီးတော့ စတင်လုပ်ဆောင်နေတဲ့ အချိန်မှာ....တွေ့လားတဲ့....၀န်ထမ်းတွေက သူခိုးတွေချည်းပဲ...သူတို့လည်းဝင်
လိုက်ရော....၀င်ငွေတွေ ဘယ်လောက်တက်လာလဲ ဆိုတာကို.....ဟုတ်ပဗျာ....သူပြောတာ ၀န်ထမ်းတွေက သူခိုးတွေချည်းပဲဆိုတာ ၀န်ထမ်း
တွေက  မူဆယ်မှာ  တစ်နှစ်ပဲ တာဝန်ထမ်းဆောင်ရတယ်လေ....တကယ်လို့ရခဲ့ယင်လည်း   များများစားစား မရှိခဲ့ပါဘူး....ကားလည်းမ၀ယ်
နိုင်ခဲ့ဘူး....တိုက်ခမ်းလည်း မ၀ယ်နိုင်ခဲ့ဘူးလေ....ပီးတော့ အပေါ်မှာ  ထလရ  တို့...ခယက တို့ ရှိနေတော့  မလုပ်ရဲကြပါဘူး....၄ နှစ်
တောင် မခံလိုက်ဘူး....၀န်ထမ်းတွေအားလုံး ကို သူခိုးလို့ပြောခဲ့တဲ့   တပည့်တွေက   သူခိုးထက်ဆိုးတဲ့  ....ဒမြတွေဖြစ်ကုန်တာကိုပဲ...
သူတို့ ဒမြ တိုက်ထားတာတွေ  များပြားလွန်းမက  များပြားလွန်းတော့  သွားစစ်ဆေးခဲ့တဲ့ အဖွဲ့တွေကလည်း တစ်ဖွဲ့ပီးတစ်ဖွဲ့ပြောင်းသွားပီး
တော့  နောက်ဆုံး နိုင်ငံတော်စာရင်းစစ်ချုပ်တောင် စစ်ဆေးရတဲ့ အထိရောက်သွားတယ်.....ဒမြတိုက်ထားတဲ့ ဟာတွေဘယ်လောက်တောင်
များလည်း ဆိုတော့.....ပ။ိးတော့   သူတို့  သိမ်းထားတဲ့  ဆိုင်ကယ်တွေ ဆိုယင်လည်း  မူဆယ်ကနေမန္တလေး ကို နေ့တိုင်း တီအီးကားအစီး၃၀
လောက်နဲ့ သယ်တာတောင်   ၄လလောက်သယ်လိုက်ရတယ်...တကယ်တမ်းကျတော့  ပညာအရည်အချင်းကလည်း  မည်မည်ရရ မရှိ...ပဲ
လက်မောင်းမှာ  ၁ရစ်...၂ ရစ်လောက် ကို တပ်ဆွယ်မှူး ဆိုပီးတော့  လုပ်ပိုင်ခွင့်တွေအပြည့်အ၀ပေးထား....တော့  သူတို့စိတ်ထဲမှာ စိတ်ကြီး
တွေဝင်ပီးတော့ သူတို့ကိုယ်သူတို့  ဘုရင်လို့ထင်သွားပီးတော့ လုပ်ချင်ရာ ကိုင်ချင်ရာတွေလျှောက်လုပ်တော့တာပေါ့...လ၀က  ကမိတ်ဆွေ
တစ်ယောက် ကရင်ဖွင့်ဖူးပါတယ်.....ကျနော် တို့ဗျာ.....တန့်ယန်းတာကော်အက်တံတား ကိုသွားတဲ့ အချိန်ကျယင်  တန့်ယန်းကိုရောက်ယင်
ထလရ ရုးံးကိုဝင်ပီးသတငိးပို့ရတယ်ဗျာ....ပို့ဆက်..ကညန  အကုန်ပါတာပေါ့ဗျာ....အဖွဲ့ခေါင်းဆောင်တွေကတော့  အရာရှိတွေပါတော့ပါ
ဗျာ....ဟိုရောက်ယင်  သူတို့  တပ်ကြပ်အဆင့်လောက် နေ  ထိုင်ခုံမှာ ထိုင်ပီးတော့   ကျနော်တို့ အဖွဲ့တွေအားလုံးက သူ့ရှေ့မှာ ရပ်နေရတယ်
ဗျာ......သူတို့က  ဘာမှာသလဲဆိုယင်  တရုတ်တွေ မသွင်းဖို့.....၀စ်သောက်ကားတွေ မသွင်းဖို့....သစ်တွေ ခိုးမထုတ်ဖို့   မှာတယ်ဗျာ...တကယ်
လို့ ပါဝင်တယ်ဆိုယင် ပြင်းပြင်းထန်ထန်အရေးယူမယ်  ဆိုပီးတော့ ဗျာ....ဟိုရောက်တော့   ဟိုဘက်ကနေ တရုတ်တွေကိုသူတို့ ထောက်ခံစာတွေ နဲ့သူတို့်ကိုယ်တိုင်ခေါ်သွင်းလာတာ  ၀စ်သောက်ကားတွေံ ကို  သူတို့ ကိုယ်တိုင် မောင်းသွင်းလာတယ်....သစ်ထုတ်တာကလည်း သူတို့ပါတနာတွေပဲ....ကိုင်း....ဘယ်သူ ဖမ်းရဲသလဲ....အားလုံးဒီအတိုင်းလက်ပိုက်ကြည့်နေရတော့တာပဲ....စစ်အစိုးရလက်ထက်မှာ တရုတ်
တွေနဲ့ ကားတွေကို  သူတို့ကပဲ စသွင်းခဲ့တာလေ....မြန်မာနိုင်ငံမှာ တရုတ်တွေနဲ့  ၀စ်သောက်ကား ကိစ္စ အဓိက တရားခံတွေက သူတို့တွေပဲဘာကြောင့်လဲ ဆိုတော့ ဒီအချိန်တုနုးက သူတို့လုပ်သမျှရွှေဖြစ်တာကိုး....သူတို့ဘာပဲလုပ်လုပ် သူတို့ကို အရေးယူရဲ့တဲ့ အဖွဲ့အစည်းမရှိခဲ့
ဘူးလေ.....ကျုပ်တို့ကိုလည်း ကျုပ်တို့ အထက်လူကြီးက မှာထားပါတယ်.....ထလရ နဲ့ ဘယ်တော့မှ ထိပ်တိုက်မတွေ့နဲ့....သူတို့ကိုဝေးဝေး
ကရှောင် ဆိုပီးတော့.

.ဒီဖြစ်စဉ်ဖြစ်သွားပီးတဲ့ အချိန်မှာ ထလရ မိသားစုတွေအားလုံးကို အကျယ်ချုပ်နဲ့ ထားထားတာလေ...ခရီးသွားချင်တယ်ဆိုယင် စစ်တိုင်းရဲ့ ထောက်ခံချက်ပါမှသွားလို့ရတာ...ဒီကြားထဲ သံဝေဂ ယူစရာလေး တစ်ခု ကိုပြောပြချင်တာပါဗျာ.....ကျုပ်ရေပူစစ်ဆေးရေး
 ဂိတ်မှာ တာဝန်ကျနေတုန်းထလရမိသားစုလေးတွေက  ဒီထောက်ခံစာလေးတွေပြပိးတော့  သူတို့ခရီးသွားချင်တဲ့အကြောင်းမျက်စိသူငယ်
နားသူငယ်လေးနဲ့ လာတောင်းပန်တယ်.....အယင်တစ်ချိန်တုန်းကဆိုယင်  မတော်တဆ သူတို့မိသားစုအဖွဲ့ဝင်တွေကိုစစ်ဆေးမိတယ်ဆိုယင်ပဲ
အသံမာမာနဲ့  ထလရ ကကွ....ဆိုပီးတော့ခြိမ်းခြောက်တာကိုအမြဲခံနေခဲ့ရတော့.....၀ဋ်ဆိုတာ တအားမြန်တာပဲလို့....ဟိုဘ၀ကိုတောင်မကူးသေးဘူး...ဒီဘ၀မှာတင်ချက်ခြင်းဖြစ်သွားတာ....ပြည်သူလူထုတွေရဲ့  မေတ္တာတွေ စူးရှသွားတာလေ.....သူမကောင်း..ငါမကောင်း  ဆိုတာနဲ့
ပြည်ညောင်ပင်ကြီးတောင် မခံနိုင်ဘူး....ပြိုပျက်သွားရတာ.....အဲဒီမှာ ဗိုလ်ချုပ်မြင့်လှိုင်လည်း ကျားကြီးမြင့်လှိုင်  ဆိုပီးတော့ တစ်ခါတည်းနာမည်ကြီးသွားရော.....ကျားကြီးက လက်ဖ၀ါးလေး တစ်ချက်ပဲ လှမ်းပုတ် လိုက်ရတယ်.....တစ်ဖွဲ့လုံးကို  ပြိုဆင်းသွားရော....သူရှိတုန်းက
ဌာနဆိုင်ရာ ၀န်ထမ်းတွေအားလုံးကို လယ်ထဲ ဆင်းပီးတော့ ဆင်းရွှေလီ စပါး စိုက်ခိုင်းခဲ့တာ....ဘိုးဘွားရိပ်သာကိုတောင်မှ ဆင်းရွှေလီဘိုး
သွားရိပ်သာ ဆိုပီးတော့  နာမည်ပေးခဲ့တာ....ဘုရားတည်တော့လည်း  ကျုပ်တို့မှာ ဒိလိုမျိုး နာမည်ပေးအုံးမလား ဆိုပီးတော့ စိတ်ပူလိုက်ရတာ......လူကြီးတွေလာပီ ဆိုယင်လည်း   ဆင်းရွှေလီ စပါးခင်းနဲ့  အသားတိုးဝက်မွေးမြူေ၇းကိုပဲ လိုက်ပြနေတာ....ဒီလိုမျိုးပြလွန်းလိုသူတို့
လူကြီးအချင်းချင်းတောင်   ၀က်တွေက ငါတို့တွေကိုတောင်မှတ်မိနေကြပီ....ဆိုပီးတော့ပြောခဲ့သေးတယ်...သူကလည်း ဆင်းရွှေလီ ရူးရူးနေ
တာ ကိုး.....ပီးတော့ ဒီအချိန်မှာ ကျုပ်သတင်းတစ်ခု ကြားခဲ့ရတယ်.....မှန်သလား....မှားသလား  ဆိုတာကိုတော့   ကာယကံရှင်တွေကအသိဆုံးဖြစ်မှာပဲလေ....

 .စစ်တိုင်းက အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်ဆီကနေကြားခဲ့ရတာ....ဒီလိုမျိုးဖြစ်တော့ ဗိုလ်ချုပ်ခင်ညွှန့် ကအာဏာသိမ်းဖို့ကြံခဲ့တယ်....ဘယ်မှာသိမ်းမလဲ ဆိုတော့...အဲဒီအချိန်က ညောင်နှစ်ပင်မှာ ပြည်ခိုင်ဖြိုး နှစ်ပတ်လည် အခမ်းအနားမှာ လုပ်ဖို့ကြံထား
တာတဲ့....အဲဒီအခမ်းအနားကို တပ်ချူပ်ကြီး က နှစ်တိုင်းတက်တာလေ....အဲဒီလိုမျိုးကြံစည်ခဲ့တာကို  ထလရ က ဗိုလ်ချုပ်ကျော်ဝင်းကနေပီးတော့ တပ်ချုပ်ကို သွားသတင်းပို့လိုက်တာလေ.....တပ်ချုပ်က လည်း ဒီလိုမျိုးမဖြစ်ရလေအောင် ဆိုပီးတော့  သူ့လူ ကိုထည့်ထားတာ
လေ....ဒါကိုသိလိုက်တော့  မှ တပ်ချုပ်က  ချက်ခြင်း လက်ဦးမှုယူပီးတော့  ရှစ်မိုင်လမ်းဆုံမှာရှိတဲ့  ထလရ ဌာနချုပ်ကို   တပ်တွေနဲ့ဝိုင်းပီးတော့    ၀င်သိမ်းလိုက်တယ်လေ....ဗိုလ်ချုပ်ကျော်ဝင်း....ဘာထောင်မှလည်း ကျမခံခဲ့ရဘူးလေ.....သူပဲလွတ်သွားတာလေ....တော်သေး
တာပေါ့....တပ်ချုပ်ကိုပဲ  ကျေးဇူးတင်လိုက်ရသေးတယ်....သူသာ  နံပါတ်၁  ဖြစ်သွားလို့ကတော့   သူ့အဖွဲ့တွေရဲ့  ယုတ်မာမိုက်ရိုင်းစော်ကားမှုတွေနဲ့  ဗမာပြည်ကြီး....ဂျပန်ခေတ်ထက်တုန်းကတောင် ပိုဆိုးသွားအုံးမှာ.....အဲဒီအချိန်တုန်းက   ထလရ ဆိုယင် ပျိုတိုင်းကြိုက်တဲ့
နှင်းဆီခိုင်ကြီးကိုဖြစ်လို့....ဘွဲ့ရ ပညာတတ်တွေကလည်း  ထလရ ဆိုယင်အားကျလို့....တပ်ထဲကို  စစ်သားနဲ့ပဲ ၀င်ပီး ထလရ ထဲကိုပြန်ကူးမယ်  ဆိုပီးတော့....ခါးကြားမှာ ဆိုယင်လည်း   တစ်လက် ကို  သိန်း  ၃၀ ၄၀ပေးဝယ်ကိုင်ရတဲ့   ငွေရောက်တလက်လက်တောက်နေတဲ့
ပစ္စတို...ခြောက်လုံးပြုး အသေးလေးတွေ  ကိုချိတ်လို့....တပ်က  အရာရှိတွေတောင် မကိုင်နိုင်ဘူး.....အဲဒီအချိန်က ထလရ ကဆိုယင်လူ၁၀၀မှာ ၉၀ လောက်က အရမ်းကို မှ ဆိုးဝါးခဲ့တာ....လ၀က ဌာန ဆိုယင်လည်း တော်တော်နှိပ်စက်ခံခဲ့ရတာ....သူတို့ရဲ့ ထောက်ခံချက်တွေနဲ့
နိုင်ငံသားကတ်တွေထုတ်ပေးခိုင်းလို့ ထုတ်ပေးခဲ့ရတာတွေရှိတယ်....သူတို့ကိုအားလုံးက ရွှံ့ကြောက်ကြီးဖြစ်နေခဲ့တာ...ဒီလိုမျိုးဖြစ်ခဲ့တော့
သူတို့ထခစ တွေနဲ့ ဌာနဆိုင်ရာမှာ ခန့်ထားခဲ့တဲ့ဝန်ထမ်းတွေလည်းပြန်ဖြုတ်ခံရတယ်...ထလရ ကနေပီး ဌာနဆိုင်ရာတွေကိုပြောင်းခဲ့တဲု့သူတွေလည်းအဖြုတ်ခံရတယ်....သူတို့ရဲ့ ၀န်ထမ်းသားသမီးတွေဆိုယင်လည်း  ပြုတ်ယင်ပြုတ်...မပြုတ်ယင်လည်း  ဝေးလံခေါင်ဖျားတွေကို
ပြောင်းရွှေ့ခံခဲ့ရတယ်.....နောက်ထပ် လုံးဝ နာလန်မထူနိုင်အောင်   အမြစ်ပြတ်အရှင်းခံလိုက်ရတာဟာ ဘယ်လိုမျိုးအကြောင်းတရားတွေ
ကြောင့် ဆိုတာ သူတို့ကိုယ်တိုင်ပဲ  မြွေမြွေချင်းခြေမြင်ကျမှာပါ....သူတို့တစ်တွေရဲ့ စိတ်ထဲမှာလည်း ငါတို့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာဒီလိုမျိုးထောင်ကျခံရလိမ့်မယ် ဆိုတဲ့ စိတ်ကူးမျိုး ကိုယောင်လို့တောင်တွေးမိခဲ့မှာမဟုတ်ဘူးလေ.....
      
လ၀က ကို အခြေပြု၍

 " လ၀က ကို အခြေပြု၍ တိုက်ခတ်သွားသော ခရိုနီ မုန်တိုင်း"
 ကျွန်ူပ် ရွှေတံခါးမှူး အိုကြီးသည် စနေ/တနင်္ဂနွေဖြစ်သော်လည်း အနားမယူနိုင်ပဲ မပြီးသတ်သေးသော ရုံးလုပ်ငန်းများဆောင်ရွက်
နိုင်ရန် အတွက် ရုံးခန်းအတွင်း အလုပ်ကြွေးကျန်များ အားရှင်းလင်းဆောင်ရွက်နေစဉ်  ရုံးခန်းအပြင်ဘက်မှ တပည့်ကျော် jio ကြီးမှ ဆောင်ပုဒ်
တစ်ခု အား အော်ကြီးဟစ်ကျယ် ရွတ်ဆိုနေသည်ကို ကြားလိုက်ရသဖြင့်  နားထောင်လိုက်ရာ  အယင် စစ်အစိုးရလက်ထက်မှ ဆောင်ပုဒ်တစ်ခု
အား စာသားပြောင်းလဲရွတ် ဆိုနေကြောင်း သိလိုက်ရပီး  ၄င်းရွတ်ဆိုနေသော ဆောင်ပုဒ်မှာ

" လ၀က ကို အခြေပြု၍ အခြား စိးပွားရေး ကဏ္ဍများကို ဘက်စုံဖွှုံ့ဖြိုးတိုး တက်အောင် တည်ဆောက်ရေး.....""တိုးတက်လာသည့်
 စီးပွားရေးလုပ်ငန်းများနှင့်အညီ လ၀က လုပ်ငန်းရှင် ခရိုနီကြီး ဖြစ်လာရေး....."

သို့နှင့် ကျွနုပ် မှာ မနေသာတော့ပဲ တပည့်ကျော်ကြီးအား အခန်းတွင်းသို့ခေါ်လိုက်ပီး    အောက်ပါအတိုင်း ဆုံးမစကားများပြောကြားရပါ
တော့တယ်ဗျာ....

"မောင်ရင်...ဘာတွေ မဟုတ်တရုတ်တွေ လျှောက်အော်နေတာလဲ....တို့ ၀န်ထမ်းအချင်းချင်းက ပြသနာ မရှိဘူး...တော်ကြာ အပြင်လူတွေကြား
သွားယင် ငါတို့ကို တစ်မျိုးထင်နေပါအုံးမယ်ကွာ....ပြည်သူတွေက ငါတို့ကို တစ်မျိုးမြင်နေရတဲ့အထဲ....၀န်ထမ်းလုပ်ပီးတော့ သူဌေးဖြစ်ချင်
လို့မရဘူးကွ.....၀န်ထမ်းဆိုတာ ရရ စားစားကွာ....ငါ့ကိုသာကြည့် သမင်မွေးလိုက်...ကျားစားလိုက်ဖြစ်နေတာ လုံးချာကိုလည်ထွက်နေတာ
အေး..ချမ်းသာချင်ယင်တော့ အပြင်ထွက်ပီး စီးပွားရေးလုပ်..ဒါပဲရှိတယ်......မောင်ရင်...နုတ်ကြောင့်ကျေ...လက်ကြောင့်သေ တယ်ဆိုတာ
ကြားဖူးတယ်မဟုတ်လား.....လ၀က ၀န်ကြီး ဦးစောထွန်းလက်ထက်က သူ့ကို နောက်ကွယ် မောင်စောထွန်းလို့  ခေါ်လို့ ဆိုပီး အရေးယူလိုက်
တဲ့ဖြစ်စဉ် ကိုမင်းသိတယ်မို့လား...အစားမတော် တလုပ်  အသွားမတော် ....တလှမ်း...အပြောမတော်...တစ်ခွန်း နဲ့ မင်းဒုက္ခရောက်သွားမယ်
နံရံတွေ မှာ နားရှိတယ်ကွာ....မောင်ရင်ကတော့ ရိုးရိုးသားသား ဆိုပေမယ့် မရိုးသားတဲ့သူတွေ က သွား ကုန်းချောလိုက်ယင် မောင်ရင် ကွိ
သွားမယ်...ဘာမှတ်နေသလဲ"   ဟု ပြော ဆိုဆုံးမပီးခြောက်လှန့်ထားလိုက်ရာ.

....တပည့်ကျော်မှ မလန့်တဲ့အပြင် သူ့ဆရာကို ဆရာ..ဘာမှ
မသိရှာဘူးဆိုတဲ့ အပြုံးမျိုးနဲ့ ကြည့်ယင်း" ဆရာသမား.....က အခြားနေရာတွေမှာ တော်သလောက် ဒီလိုနေရာမျိုးမှာ တော်တော့် ကိုညံ့သွား
ပီ....ဆရာသမား က ရုံးလုပ်ငန်းတွေကိုပဲ စိတ်ဝင်စားနေတာကိုး....အပြင်လောကကြီမှာ ဘာတွေဖြစ်ပျက်နေလဲ ဆိုတာကို လေ့လာနေရမယ်
သိနေရမယ်  ဆရာ....အခု ဆရာ မသိတော့  ဆရာ တစ်ခေတ်နောက်ကျသွားပီ...အခု ကျနော့်ဆောင်ပုဒ် ကိုရွတ်တာဆရာကြားရတော့
ဆက်ရက် ကို ချိုးထင်...သမက် ကို သူခိုးထင် ဆိုသလိုမျိုးဖြစ်နေပီ  ဆရာ  ရေ့"  ဟူ ဆိုကာ ကျွနုပ် အား ပြန်ချေပလေတော့သည်...

.ပီးတော့
"ဆရာ...လောကမှာ.မဖြစ်နိုင်ဘူးဆို တာ မရှိဘူး  မဖြစ်သေးတာပဲရှိတယ် ဆိုတဲ့ စကားဆရာကြားဖူးတယ် မို့လား.....ဆရာကသာ သမင်မွေးယင်း
ကျားစားယင်းနဲ့ လုံးချာလည်လိုက်ပီး ချာလပတ်သာယမ်းနေတာ.....ကျနော်ခုနက ရွတ်တဲ့ ဆောင်ပုဒ်ထဲကအတိုင်း လုပ်ငန်းရှင် ....ကုမ္မဏီ
ပိုင်ရှင် ဖြစ်တဲ့သူကဖြစ်သွားပီ " ဟု ထပ်မံပြောပြန်ရာ  ကျွနုပ်မှ တပည့်ကျော်အား" အေးကွာ....ဒိနေရာမှာ တော့ ဆရာညှုံသွားပီကွာ...မင်းပြော
တဲ့ စကားအတိုင်း ဆရာ့ ကို ရှင်းပြပါဦးကွာ " ဟု ဆိုလိုက်ရာ  တပည့်ကျော်မှ ဘာမှ မသိဖြစ်နေရှာသော ဆရာသမားအားအောက်ပါအတိုင်း
ရှင်းလင်းပြောပြပါတော့တယ်ဗျာ....
 
 "  ဆရာသမားရယ်....ကျနော် တို့က အမြင်မကျယ်ခဲ့လို့ ဒီလိုဖြစ်နေခဲ့ရတာပေါ့....အမြင်ကျယ်တဲ့ လူငယ်လေးတစ်ယောက်ကတော့
တပ်ထဲကို ရဲဘော်ဘ၀နဲ့ဝင် ...တပ်ကြပ်ဖြစ်...ဗိုလ်ကြီးဖြစ်အောင်ကျိုးစားပိးတော့ ကျနော်တို့လ၀က ထဲကို လက်ညွှန်နဲ့ပြောင်းလာခဲ့တဲ့
တောသား ပုံစံ ဒီဇိုင်းကြီးနဲ့ တစ်ယောက်လေ...ပြောင်းလာပီးတော့  တိုင်းဦးစီးမှုးအဖြစ်နဲ့  မြန်မာနိုင်ငံ အလယ်ပိုင်းက တိုင်းတတိုင်းကိုရောက်
သွားတယ်လေ......အဲဒီအချိန်က ဘာမှကိုမရှိပဲ ပုံစံလေး ကခပ်နွမ်းနွမ်းနဲ့လေ....သူက နေရာယူတတ်တော့ ဒိနေရာကနေပိးတော့ မြန်မာပြည်
အောက်ပိုင်းက တိုင်းတတိုင်းကို တစမ အဖြစ်နဲ့ပြောင်းသွားတယ်လေ.....အဲဒီတိုင်းမှာ နှစ်တော်တော်ကြာအောင်နေသွားခဲ့ပီး အဲဒီမှာ စီးပွားရေး
သမားတွေကို အသေကပ်ပေါင်းပီး အောက်ဝန်ထမ်းငယ်တွေကိုအသေနှိပ်ထားတော့ တော်တော် များသူကြောင့်ဘ၀ပျက်..
.အလုပ်ထွက်ခဲ့ရပေမယ့်  သူကတော့ အဲဒီမှာ စတင်ပိးတော့ကြွယ်ဝချမ်းသာမှုတွေ ကိုစတင်ခဲ့တယ်လေ ဆရာ....တော်တော်လေးလည်း
တော်တယ်....တော်တော်လေးလည်း အရည်အချင်းရှိတယ် လို့ပြောရမှာပေါ့ ဆရာ.....ရုံးချုပ် ကနေပိးတော့ တစမရုံးဆောက်ဖို့ ရန်ပုံငွေချ
ထားပေးလိုက်ရော.....ရုံးလည်းပီးရော....အဲဒီလမ်းထိပ်မှာ သူ့ရဲ့ နှစ်ထပ်တိုက်ကြီးလည်း တခါတည်းပီးသွားရော ဆရာရယ်   တခြားအကွက်
တွေလည်း အများကြီးရှိသေးတယ် ဆရာ...ပြောယင်တော့ ပီးတော့မှာ မဟုတ်ဘူးဆရာရယ်....သူ့ရဲ့ အရည်အချင်းတွေ ကြောင့် ကောင်းတဲ့
ပြည်နယ်တိုင်းတွေမှာ အကြာကြီး နေသွားရတယ် ဆရာ.....အခုတော့  အဲဒီသူ စိုင်းထီးစိုင် သီချင်းထဲကလိုပဲ အစာဝလို့ ဌာနကိုပျံသွားပီ ဆရာ
လ၀က ညွှန်ကြားရေးမှူး ကနေ အလုပ်ထွက်သွားပိး  အခု ဆောက်လုပ်ရေး လုပ်ငန်း ကုမ္မဏီ ကြီးတစ်ခု ထောင်ထားလိုက်ပီး အခု လုပ်ငန်းရှင်
ကြီး ဖြစ်သွားပီလေ ဆရာ....လ၀က မှာ ( ၁၈) နှစ်လောက်ပဲ ရင်းလိုက်ရတယ် ဆရာ...တခါတည်း ချမ်းသာကြွယ်ဝပီးတော့ သူဌေးဖြစ်သွား
တယ်လေဆရာ....အဲဒီလို လူ ကို လ၀က ခရိုနီ လုပ်ငန်းရှင်ကြီး လို့မခေါ်ယင် ဘယ်လိုခေါ်ရမလဲ ဆရာ....ကျနော်လည်း အခု သူ့ကိုအားကျ
လို့ အဲဒီဆောင်ပုဒ်လေး ကို ရွတ်ဆိုမိတာပါ ဆရာသမားရယ်....."....

.ဟု ကျွနုပ်အား ရှင်းလင်းပြောပြ
်ရာ ကျွန်ုပ်မှ  တပည့်အား "...မင်းလည်း သူ့လိုဖြစ်ချင်ယင် ရတယ်ကွာ....နည်းလမ်းရှိတယ်...လွယ်လွယ်
လေးပါကွာ.....အခု မင်းသေလိုက်...နောက်ဘ၀ လူပြန်ဖြစ်ယင် တပ်ထဲဝင်ပိးတော့ လ၀က ထဲကိုပြန်ပြောင်းလာလိုက်ပေါ့ကွာ " ဟုဆိုလိုက်ရာ
"ဆရာသမားက အဟုတ်မှတ်လို့ နားထောင်နေတာ  တော်တော်နောက်တာပဲ" ဟု ဆိုလေတော့သည်....
ထိုနောက် ကျွန်ုပ်မှ တပည့်ကျော်အား" အေး..အယင်တုန်းက ငါတို့တွေ့ဖူးခဲ့တဲ့ အရပ်သားစစ်စစ် လ၀က တစမ/ပနမ တွေပင်စင်သာသွား
လိုက်ကြတာ ဘာမှ မရှိရှာဘူးကွ...သူတို့တွေ ဒီလိုမျိုးလုပ်စားလို့ရတယ် ဆိုတာကိုလည်းနားလည်း နားမလည်ကြဘူး....သိလည်း
 မသိရှာကြဘူးကွာ..တော်တော့ ကိုပဲ ရိုးသားကြတာကွ....ဒါကလည်း စစ်အစိုးရကြောင့်ဖြစ်
သွားတာပါကွာ..ဒီလိုမျိုးလုပ်နိုင်တဲ့သူက သူ့ရဲ့ ကံ..ညဏ်...၀ိရိယ ကြောင့်ဖြစ်ပိးတော့ လုပ်ငန်းရှင်ဖြစ်မယ့် ကံဇာတာပါလို့ဖြစ်မှာပေါ့
ကွာ....ဒါမျိုးက ဖြစ်တတ်ပါတယ်...ရှိတတ်ပါတယ်ကွာ...တို့နိုင်ငံကြီးရဲ့ အနေအထားရပေါ့ကွာ.".ဟုတပည့်ကျော်ကြီးအားပြောပြလိုက်ရာ တပည့်မှ
ဆရာဖြစ်သူ ကျွန်ုပ်အား

 " ဆရာသမား......အယင်တုန်းကလူကြီးတွေ ကျနော်
တို့ကို ဆိုဆုံးမသွားတာတွေကို အခုမှ သိရတယ်....မင်းတို့ကောင်တွေ မလုပ်တတ်...မကိုင်တတ်နဲ့ ဒုက္ခရောက်တော့မှာပဲ ဆိုတာလေ.
....ကျနော် အခုမှ အဲဒီစကားကိုနားလည် သဘောပေါက်တော့တယ်....ဌာနမှာ လုပ်တတ်...ကိုင်တတ်တဲ့သူတွေကတော့ ကြီးပွားချမ်းသာသွား
တာပေါ့ ဆရာရယ်...အဲဒီထဲမှာ တပ်ထွက်တွေ ကပိုတော်တယ် ဆရာ.....သူတို့တွေက သူတို့ မသိတာ....မတတ်တာ...မလုပ်တတ်တာ...မကိုင်
တတ်ဘာတစ်ခုမှ မရှိဘူး...အကုန်လုံး မတစ်လုံးကြေကျတယ် ဆရာ....ဘယ်လိုမျိုး အကွေ့မှာ ဘယ်လိုလှော်ရမယ်...ဘယ်လိုမျိုးလေမှာဘယ်လို
ရွက်လွင့်ရမယ်....ဘယ်လိုလူတွေကို ဘယ်လိုနင်းချရမယ်....ဘယ်သူ့ကို ဘယ်လိုနင်းတက်ရမယ် ဆိုတဲ့....အတက်/အဆင်း တွေလဲကျွမ်းကျင်
ကြတယ်ဆရာ....ပီးတော့ ဘယ်သူကို ဘယ်လိုကျွေးပီးတော့ ဘယ်လိုမွေးရမယ် ဆိုတာရော မွေးမြူရေးလုပ်ငန်းတွေရော...ဘယ်သူ့ဆီကို
ဘယ်လိုဝင်ပီး ဘယ်လိုထွက်ရမယ်ဆိုတဲ့ အ၀င်/အထွက်တွေရော....ပေါင်းစားတာတွေရော...ထိုးကျွေးတာတွေရော   အကုန်ကျွန်းကျင်တယ်ဆရာ...စစ်ကျောင်းမှာသင်
ပေးလိုက်တဲ့ အထဲမှာ အဲဒီပညာရပ်တွေရောပါသလားဆရာ...ပီးတော့ ယခုလက်ရှိ ကျနော်တို့ တစမကြိးကလည်း."....ဟုပြောပိးဆက်လက်
လေကြောရှည်မည်ပြုရာ ကျွန်ုပ်က ကြားဖြတ်ဝင်ပီး."..ဟေ့ကောင်...တော်တော့ မောင်ရင်ငါ့ကို တရားခံရှာမနေနဲ့
တော်ကြာ မတော်တဆကြားသွားယင် ပုဒ်မကြီးသွားလိမ့်မယ်.....ဒါမင်းအလုပ်လည်းမဟုတ်ဘူး....မင်းနဲ့လည်း မဆိုင်ဘူး..မင်းလုပ်ရမှာက
..မင်း အခု ရွတ်နေတဲ့ ဆောင်ပုဒ်ကြီးကိုတော့
အခုလည်း မဆိုနဲ့တော့....နောက်ထပ်နောက်နောင် ဘယ်တော့မှလည်း မဆိုနဲ့တော့.....တော်ကြာ မတော်တဆ ငါတို့ တစမကြီးကြားသွား
ယင် ပင်စင်သွားခါနိးမှ ခေါ်စစ်ခံနေရပါအုံးမယ်ကွာ...ငါတို့ တိုင်းမှူးကလည်း လက်သံပြောင်ပါဘိနဲ့  ကဲ...ငါမင်းကို လက်ဖက်ရည်ဖိုးပေးလိုက်
ပါမယ်ကွာ...သွားသောက်လိုက်တော့  မင်းပြန်မှ ငါ့အတွက် ပါဆယ်သာ ဆွဲခဲ့တော့ ကွာ "ဟုပြောယင်း ခြင်္သေ့(၂)ကောင် အိပ်ကပ်ထဲမှ ခုန်
ထွက်သွားပါတော့တယ်ဗျာ....

ထွက်သွားတဲ့ တပည့်ကျော် ရဲ့ နောက်ကျောကို ကြည့်ယင်းနဲ့ ကျွန်ုပ် ခေါင်းထဲမှာတော့ သူရွတ်ဆိုတဲ့  ဆောင်ပုဒ်လေး အစဖြစ်တဲ့
"လ၀က ကို အခြေပြုပြု၍"   ဆိုတဲ့ စာသားလေးက စိုးမိုးနေပါတော့တယ်ဗျာ.....

ဘုရားစူး မိုးကြိုးပစ်ဒါ ဆိုင်ကယ်ပါ

ခြားနားချက်နိုင်းယှဉ်ခြင်း
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ .............မြိုနယ်ဦးစီးဌာနမှူးရုံးတစ်ရုံးသို့ လ၀က စီမံချက်လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် UNFPA နှင့် ဦးစီးဌာန(ရုံးချုပ်) တို့မှ ဆိုင်ကယ်(၁)စီးစီ ထုတ်ပေးခဲ့ရာတွင် UNFPA မှထုတ်ပေးသော ဆိုင်ကယ်သည် ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ပေးခဲ့သော ဆိုင်ကယ်အား လုံးဝ လိုက်မှီခြင်းမရှိသည့်အတွက် လက်လျှော့အရှူံးပေးလိုက်ရပါသည်..ယခုအခါ UNFPA မှ လ၀က ၀န်ကြိးဌာန တာဝန်ရှိသူများထံ ချဉ်းကပ်ပီး ဌာနမှ ထုတ်ပေးသည့် ဆိုင်ကယ်အား ထုတ်လုပ်သည့် ကုမ္မဏီနာမည် အားသိရှိနိုင်ရေးအတွက် တိတ်တဆိတ်စုံစမ်းလျက်ရှိပီး  နောက်တွင် ထိုကုမ္မဏီနှင့်ဆက်သွယ်ပီး ၀န်ကြီးဌာန စီမံချက်လုပ်ငန်းများအတွက်မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ရုံးများအားလုံးသို့ ၄င်းတို့ထုတ်ထားသည့် နောက်ဆုံးပေါ် ဆိုင်ကယ်အမျိုးအစားများအား ၀ယ်ယူလှုဒါန်းသွားမည်ဖြစ်ကြောင်းသတင်းရရှိမှုအား တင်ပြလိုက်ရပါတယ် ခင်ဗျား.....
မိုးပွင့် စီမံချက် လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် UNFPA  မှ ထုတ်ပေးထားသော ဆိုင်ကယ်
ဦးစီးဌာန(ရုံးချုပ်) မှ မိုးပွင့်လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် ထုတ်ပေးထားသောဆိုင်ကယ်
( ၄င်းဆိုင်ကယ်မှာ ရုံးချုပ်မှ ထုတ်ပေးလိုက်ကတည်းက အောက်ဖော်ပြထားပုံအတိုင်း ထုတ်ပေးလိုက်ခြင်းဖြစ်ပီးမိမိစားရိတ်ဖြင့် မြို့နယ်ရုံးသို့အရောက်သယ်ယူလာရခြင်းဖြစ်ပီး
ပြင်ဆင်စရိတ်များလည်း ချထားပေးခြင်းမရှိကြောင်းသိရှိရပါသည်)