Tuesday, 13 January 2015

ဖောက်ပြန်ချင်တဲ့ ...အိုင်တွေ့တိုင်းခြေဆေးချင်တဲ့ ယောက်ကျားတွေသတိထားဖို့

တရုတ်တွင် အိမ်ထောင်ရေး ဖောက်ပြန်သည့် ခင်ပွန်း၏ လိင်အင်္ဂါကို ဇနီးဖြစ်သူက နှစ်ကြိမ်တိုင်တိုင် ဖြတ်တောက်

တရုတ်နိုင်ငံတွင် အိမ်ထောင်ရေး ဖောက်ပြန်သည့် ခင်ပွန်းသည်၏ လိင်အင်္ဂါကို ဇနီးဖြစ်သူက နှစ်ကြိမ်တိုင် ဖြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အသက်(၃၂)နှစ်အရွယ် ဖန်လွန်သည် ဇနီးဖြစ်သူ ဖန်းလျောင်၏ မိုဘိုင်းဖုန်းကို အသုံးပြုကာ ၎င်း၏ တိတ်တိတ်ပုန်း ချစ်သူထံသို့ မဖွယ်မရာ Messageများ ပေးပို့ခဲ့သည်။ အဆိုပါ ကိစ္စကို အသက်(၃၀) အရွယ်ရှိ ဖန်းက သိရှိသွားသည့်နောက် ခင်ပွန်းသည် အိပ်ပျော်နေချိန်တွင် ၎င်း၏ လိင်အင်္ဂါကို ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ခွဲစိတ် အထူးကု ဆရာဝန်များက ဖန်၏ လိင်အင်္ဂါကို ကြိုးစားပမ်းစား ပြန်လည် တွဲဆက်ပေးခဲ့သော်လည်း ဒေါသကြီးလှသည့် ဇနီးဖြစ်သူက လူနာခန်းထဲ ခိုးဝင်ပြီး လိင်အင်္ဂါကို နောက်တစ်ကြိမ် ဖြတ်တောက်ကာ လွှင့်ပစ်လိုက်သည်။ ယခုအခါတွင်မူ အဆိုပါ ခန္ဓာကိုယ် အစိတ်အပိုင်းကို ခွေး၊ သို့မဟုတ် ကြောင် တစ်ကောင်ကောင်က ဆွဲယူသွားပြီဟု ယူဆရပြီး ရှာမတွေ့တော့ချေ။

ယခုအခါ ဖန်းသည် လူတစ်ဖက်သားကို နာကျင်စေမှုဖြင့် ဖမ်းဆီးခံထားရပြီး ထောင်ဒဏ်ကျခံရဖွယ် ရှိနေသည်။ ဖန်သည် တိတ်တိတ်ပုန်းချစ်သူ အသက်(၂၁)နှစ်အရွယ် ဇန်ဟွန်ထံသို့ Message ပေးပို့ရာတွင် ဇနီးဖြစ်သူ၏ ဖုန်းကို အသုံးပြုမိခဲ့ရာမှ ပြဿနာ စတင်ခဲ့ခြင်း ဖြစ်သည်။
ဟီနန်ရှိ ရှန်ကွီမြို့တွင် နေထိုင်သော ဖန်သည် ကံဆိုးစွာဖြင့် ဇနီးဖြစ်သူ၏ ဖုန်းထဲတွင် ၎င်းအသုံးပြုထားသည့် Account ကို Log Out ပြုလုပ်ရန် မေ့လျော့သွားသည်။ ယင်းကို ဖန်းက စစ်ဆေး တွေ့ရှိပြီးနောက် ဒေါသပေါက်ကွဲကာ ကတ်ကြေးတစ်လက်ကို ဆွဲယူပြီး အိပ်ပျော်နေသည့် ခင်ပွန်းသည်အား ရက်ရက်စက်စက် ပြုမူခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် ဖန်သည် ဆေးရုံသို့ ရောက်ရှိလာပြီး ဆရာဝန်များက ၎င်း၏ လိင်အင်္ဂါကို ပြန်ဆက်ပေးခဲ့သော်လည်း စိတ်မကျေသေးသည့် ဖန်းက ဆေးရုံမှ တာဝန်ရှိသူများ မသိအောင် လူနာခန်းထဲ ခိုးဝင်ပြီး တွယ်ဆက်ထားသော လိင်အင်္ဂါကို နောက်တစ်ကြိမ် ဖြတ်တောက်က လွှင့်ပစ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက်တွင်မူ ခင်ပွန်းသည်က အကြီးအကျယ် ဒေါသပေါက်ကွဲကာ ဖန်းကို ရိုက်နှက်တော့သည်။
ဆေးရုံမှ ဆရာဝန် တစ်ဦးက “ကျွန်တော်တို့ ပထမဆုံး သတိထားမိတာက ဆေးရုံ အပြင်ဘက်မှာ ဝတ်လစ်စားလစ် အမျိုးသား တစ်ယောက်က မိန်းမတစ်ယောက်ကို ရိုက်မောင်းပုတ်မောင်း လုပ်နေတာပါပဲ။ ဆေးရုံ ဝန်ထမ်းတွေက ထွက်ကြည့်တော့ ခြေထောက်ကြားမှာ သွေးတွေ စီးကျနေတဲ့ အမျိုးသား တစ်ယောက်က အမျိုးသမီးကို ရိုက်နှက်နေတာ တွေ့ခဲ့တယ်။ ကျွန်တော်တို့က လူချင်းခွဲပြီး အမျိုးသမီးကို ကုသပေးပါတယ်။ အဲဒီနောက် အမျိုးသားကို စစ်ဆေးကြည့်တော့ သူ့လိင်အင်္ဂါ ဖြတ်တောက် ခံထားရမှန်း သိခဲ့ရတယ်”ဟု ပြောကြားခဲ့သည်။

ဆရာဝန်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါ ခန္ဓာကိုယ် အစိတ်အပိုင်းကို ချက်ချင်း လိုက်လံ ရှာဖွေသော်လည်း မတွေ့ရတော့ချေ။ ယင်းသည် ခွေးလေခွေးလွင့် တစ်ကောင်ကောင်၏ အစာဖြစ်သွားပြီဟု ယူဆရသည်။
ဆေးရုံ ပြောရေးဆိုခွင့်ရ အရာရှိက “အမျိုးသားက သွေးတွေအများကြီး ဆုံးရှုံးသွားပါတယ်။ သူ့ကို အရေးပေါ် ခွဲစိတ်မှုတွေ ထပ်လုပ်ခဲ့ရတယ်။ အခုတော့ အခြေအနေ တည်ငြိမ်နေပါပြီ။ ဒါပေမဲ့ စိတ်ကယောင်ခြောက်ခြား ဖြစ်နေတုန်းပဲ”ဟု ပြောကြားခဲ့သည်။
ဖန်သည် အိမ်ထောင်နှစ်ဆက် ကျဖူးပြီး ကလေးငါးဦးထိ ရရှိခဲ့သည်။ ၎င်း၏ တိတ်တိတ်ပုန်းချစ်သူ ဇန်ကမူ ဖန်နှင့်ဖန်းတို့ ကွာရှင်းပြီးပါက မိမိတို့နှစ်ဦး အမြန်ဆုံး လက်ထပ်ရန် ရည်ရွယ်ကြောင်း ဆိုသည်။
“သူ့အနေနဲ့ သားသမီး မရနိုင်တော့ဘူး ဆိုပေမယ့် ပြဿနာ မရှိပါဘူး။ သူ့မှာ ကလေးငါးယောက် ရှိနှင့်ပြီးသားပါ”ဟု သူမက ဆိုသည်။ ဖန်းမှာမူ ခင်ပွန်းသည်၏ ရိုက်နှက်မှု ဒဏ်ရာများ သက်သာသွားသည့်နောက် ဆေးရုံမှ ဆင်းခွင့်ရခဲ့သော်လည်း သူတစ်ပါးကို အပြင်းအထန် နာကျင်စေမှုဖြင့် တရားစွဲဆို ခံထားရသည်
7 day news

No comments:

Post a Comment