Friday, 16 January 2015

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ကင်မင်ဆွေနှင့် အင်တာဗျူး ရုပ်ရှင်

မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မြောက်ကိုးရီးယားက ပိုင်ဆိုင်မှုရှိနေပြီလား
အစိုးရက မြောက်ကိုးရီးယား လက်အောက်ခံဖြစ်သွားပြီလား
ရန်ကုန်က ပြုံယန်းနဲ့ ညီအမ မြို့တော်ဖြစ်နေပြီလား
ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ နာမယ်က ကင်မင်ဆွေ လား
သူများနိုင်ငံက သူများနိုင်ငံအကြောင်း ရိုက်တဲ့ရုပ်ရှင်ကို မြန်မာနိုင်ငံက အစိုးရ အဆက်ဆက် ကြွေးကျော်နေတဲ့ အချုပ်ခြာအာဏာ တည်တံ့ခိုင်မြဲရေးကို လစ်လှူရှုပြီး မြောက်ကိုးရီးယား ကိုလိုနီတို့ရဲ့ အကြိုက်ကိုလိုက် ဖမ်းဆီးမှုတွေ စနေပြီပေါ့
ဂုဏ်ယူပါတယ် ကင်မင်ဆွေ မြောက်ကိုးရီးယားလို နိုင်ငံအစုတ်ကို နယ်ချဲ့ခွင့်ပြုပြီး အချုပ်အခြာအာဏာကို ရောင်းစားတဲ့ အတွက်ပါ
သစ္စာ
ကျွန်တော် နိုင်ငံတော် အစိုးရကို မေးခွန်းတစ်ခု မေးချင်မိပါတယ်။
(များများ share ပေးပါဗျာ အစိုရကို မေးချင်လွန်းလို့ပါ... ကျွန်တော့်လိုပဲ သိချင်နေတဲ့သူ အများအပြားရှိမှာပါ... ခုလည်း ရန်ကုန်တိုင်းအကြီးအကဲ ကင်မင်ဆွေရဲ့ အမိန့်နဲ့ The Interview အခွေတွေကို လိုက်လံဖမ်းဆီးနေပါပြီ
မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မြောက်ကိုးရီးယားက ပိုင်ဆိုင်မှုရှိနေပြီလား






အစိုးရက မြောက်ကိုးရီးယား လက်အောက်ခံဖြစ်သွားပြီလား
ရန်ကုန်က ပြုံယန်းနဲ့ ညီအမ မြို့တော်ဖြစ်နေပြီလား
ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ နာမယ်က ကင်မင်ဆွေ လား
သူများနိုင်ငံက သူများနိုင်ငံအကြောင်း ရိုက်တဲ့ရုပ်ရှင်ကို မြန်မာနိုင်ငံက အစိုးရ အဆက်ဆက် ကြွေးကျော်နေတဲ့ အချုပ်ခြာအာဏာ တည်တံ့ခိုင်မြဲရေးကို လစ်လှူရှုပြီး မြောက်ကိုးရီးယား ကိုလိုနီတို့ရဲ့ အကြိုက်ကိုလိုက် ဖမ်းဆီးမှုတွေ စနေပြီပေါ့
ဂုဏ်ယူပါတယ် ကင်မင်ဆွေ မြောက်ကိုးရီးယားလို နိုင်ငံအစုတ်ကို နယ်ချဲ့ခွင့်ပြုပြီး အချုပ်အခြာအာဏာကို ရောင်းစားတဲ့ အတွက်ပါ)
၁၉၈၃ ခုနှစ် အောက်တိုဘာလ ၈ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ကိုများ ပြန်လည် သတိရမိပါသလားခင်ဗျာ။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ နိုင်ငံတော် အချုပ်ခြာအာဏာ ဖောက်ဖြက်ခြင်း ခံခဲ့ရပြီး အမိမြန်မာနိုင်ငံရဲ့ မြေပေါ်မှာ နိုင်ငံတော်ရဲ့ အထူးဧည့်သည်တော် တောင်ကိုးရီးယား သမ္မတနဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေကို ဗုံးဖောက် လုပ်ကြံခဲ့တဲ့ ဖြစ်ရပ်ကိုပါ...
တောင်ကိုးရီးယား ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ စီးပွားရေးဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီး နဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ အခြားသော မြန်မာ့တပ်မတော် လုံခြုံရေးအဖွဲ့များ အပါအဝင် လူပေါင်း ၂၁ ယောက် သေကြေခဲ့ပြီး ၄၆ ယောက်ဟာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်
ဒီဖြစ်ရပ်ဟာ နှစ်နိုင်ငံ သံတမန် ထိခိုက်နိုင်မှာ သိလျက်နဲ့ မြောက်ကိုးရီးယားဟာ မြန်မာနိုင်ငံရဲ့ ဧည့်သည်တော် အစိုးရအဖွဲ့ကိုမှ လာရောက်လုပ်ကြံတယ်ဆိုတာ အင်မတန်ကြီးကျယ်တဲ့ နိုင်ငံတော်သိက္ခာတောင် ကျဆင်းစေနိုင်လောက်တဲ့ မြန်မာ့ မြေပေါ်မှာ မြန်မာ့ အချုပ်ခြာအာဏာကို ပေါ်ပေါ်တင်တင်ကြီး စော်ကားခဲ့တာပါ...

မြောက်ကိုးရီးယားဟာ ဒီဖြစ်ရပ်အပေါ် လုံးဝ ဝန်မခံသလို ကင်မင်ချူးလည်း သေသည်အထိ မြောက်ကိုးရီယားမှာရှိတဲ့ သူစိတ်မချတဲ့ အမေနဲ့ ညီမကို တွေ့သွားခြင်းတောင် မရှိပါ...
ဒါကြောင့်လည်း အဲဒီခေတ်အချိန်အခါတုန်းက မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်တို့ဟာ နိုင်ငံတော် လုပ်ကြံမှုကို ဦးစီးတဲ့ အဖွဲ့ကို အသေခံဖမ်းဆီးခဲ့ပြီး နိုင်ငံတော် အချုပ်ခြာအဏာကို မထိလေးစား ရိုင်းစိုင်းစွာပြုမူတဲ့ မြောက်ကိုးရီးယားကို ဝန်ချတောင်းပန်ခြင်းပြုခိုင်းတာကို ဝန်ခံခြင်းတောင် အလျင်းမပြုလုပ်လို့ သံတမန်ဆက်သွယ်ရေးကို ဖြတ်တောက် ပစ်ခဲ့ပါတယ်...
နောက်ပြီး မြောက်ကိုးရီယားနိုင်ငံဟာလည်း မိမိနိုင်ငံအတွက် အသက်အသေခံဆောင်ရွက်ပေးတဲ့ ကွန်မန်ဒို ကင်မင်ချူးကိုတောင် အရှက်ကင်းမဲ့စွာ မိမိနိုင်ငံသားအဖြစ် ငြင်းပါယ်ပြီး နိုင်ငံတကာကို ဗြောင်လိမ်တာ အလွန်တရာမှ ကောက်ကြစ်ယုတ်မာတဲ့ အကြံအစည်ပါ...
ဒါကြောင့် ဒီနေ့ မေးချင်တာ မေးခွန်းကတော့...

၁။ မြောက်ကိုးရီးယားက မြန်မာနိုင်ငံကို တောင်းပန်ပြီးပါပြီလား...
၂။ ဒီဖြစ်ရပ်အတွက် နိုင်ငံတော် အစိုးရအဆက်ဆက် သုံးနှုန်းတဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ပြင်းထန်စွာ ချိုးဖောက်ခံခဲ့ရတယ်ဆိုတာကော မှတ်မိသေးပါသလား... သို့မဟုတ် အချုပ်အခြာအာဏာ ထိပါးခံရတယ်လို့ ယူကော ယူဆပါသလား...
၃။ မြောက်ကိုးရီယားက မြန်မာပြည်မှာ ယခု သံတမန်အဆက်အသွယ် ပြန်လုပ်တော့ မြန်မာအစိုးရအနေနဲ့ အထူးအခွင့်ရေးတွေ ဘယ်လောက်တောင် ပေးခဲ့ရပါသလဲ...
(ဥပမာ။ ချစ်လှစွာသော ခေါင်းဆောင်ကြီးစာအုပ်ကို စာပေခွင့်ပြုချက်ရရဲ့သားနဲ့ မြောက်ကိုးရီးယား သံရုံးက လိုက်လံသိမ်းဆည်းပြီး မီးရှို့သောဖြစ်ရပ်တွေ)
၎။ ပေးထားတဲ့ အခွင့်အရေးထဲမှာကော နောက်ထပ် အချုပ်အခြာအာဏာ ထိပါးခံရတဲ့ ဖြစ်စဉ်တွေ ထပ်ဖြစ်နေတာကော သတိထားမိပါသလား...
၅။ ဆရာစံလမ်းမှာ ဖွင့်ထားတဲ့ မြောက်ကိုးရီယား စားသောက်ဆိုင်က ဆိုင်ဝန်ထမ်းအားလုံးဟာ မြောက်ကိုးရီးယား ထောက်လှမ်းရေးများ ဖြစ်ကြတယ်ဆိုတာကော သိရှိထားပါသလား...
၆။ အချုပ်ခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ စကားလုံးကို အစိုးရကိုယ်တိုင် မြောက်ကိုးရီးယားနှင့် တရုတ်ကို အခွင့်ရေးတွေပေးရင်း ချိုးဖောက်နေသလို ဖြစ်နေတယ်ဆိုတာကော သိထားပါသလား...
ဟုတ်ကဲ့ အခြားသော နိုင်ငံရေးဆိုင်ရာ မည်သည့် မေးခွန်းတွေမျှ မမေးလိုပါ။ ဆန္ဒလည်းမရှိပါ...
ယနေ့တိုင် ကျွန်တော့် စိတ်ထဲ နှလုံးသားထဲ စွဲမြဲစွာမှတ်သားထားခဲ့သော မြန်မာ့အချုပ်ခြာအာဏာကို ထိပါးခံခဲ့ရတဲ့ ၁၉၈၃ ခုနှစ် ဗုံးပေါက်ကွဲမှုနဲ့ မြောက်ကိုးရီးယားရဲ့ ယုတ်မာမှုတွေကို မေ့မရလို့ပါ...
ခုလည်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး မထိခိုက်ရင် Interview ဇာတ်ကား ပြခွင့်ပြုမယ်ဆိုပါလား... မြန်မာနိုင်ငံကို လာပြီး ဗုံးဖောက်ခွဲတာကော နှစ်နိုင်ငံသံတမန် မထိခိုက်ခဲ့လို့ပါသလား... ဒီရုပ်ရှင်ကားက သံတမန်ဆက်ဆံရေးထိခိုက်လောက်အောင် သူတို့နိုင်ငံက မြန်မာကို လာဗုံးဖောက်သလောက်များ အချုပ်ခြာအာဏာတွေ ထိပါးနေပါသလား... သံတမန်ထိခိုက်တော့ရော မြောက်ကိုးရီးယားနဲ့ ဘာများ ဆက်လက် ဆက်သွယ်စရာရှိလို့လဲ... စားစရာတောင်မရှိလို့ ငတ်ပြတ်နေတဲ့နိုင်ငံက မြန်မာနိုင်ငံအပေါ်ဘာများ အကျိုးရှိလို့ပါသလဲ...
(Interview ဇာတ်ကားထဲကလို အပြင်မှာ တကယ်မြောက်ကိုးရီးယား ကျရှုံးပါစေလို့သာ တွင်တွင် ဆုတောင်းမိနေပါတော့တယ်)

အစိုးရ အရာရှိကြီးများခင်ဗျား....ဘာ စားနေလည်း မေးရင် ထမင်းစားနေတယ် ဆိုတဲ့ အဖြေမျိုးပဲ လိုချင်ပါတယ်... ဆန်ထွက်အောင် စပါးစိုက်နေပါတယ် ရေလာအောင် လုပ်နေပါတယ်ဆိုတဲ့ အဖြေမျိုးမဟုတ်ပါ... ဒါကြောင့် အပေါ်က ကျွန်တော့် မေးခွန်းတွေကိုပဲ မှန်ကန်သော အဖြေဖြင့်သာ ဖြေကြားစေလိုပါတယ်... အခြားမသက်ဆိုင်သော လက်နက် ဝယ်မရလို့တို့ နည်းပညာလိုချင်လို့ စသည်ဖြင့် မသိချင်ပါ... သိစရာလည်း မလိုပါ...
မှတ်ချက်။ ယနေ့ခေတ်လူငယ်တွေ မြင်ဖူးစေချင်လို့ ကင်မင်ချူးရဲ့ ဓါတ်ပုံပါ တင်ပေးလိုက်ပါတယ်
သစ္စာ
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်

No comments:

Post a Comment