Sunday, November 9, 2014
ထိုင်းနိုင်ငံတွင် ဖမ်းဆီး ခံမြန်မာလုပ်သားနှစ်ဦးအရေး ဆောင်ရွက်နေသော မြန်မာသံရုံး အထူးအဖွဲ့တွင် ပါဝင်သည့် ဦးကျော်သောင်းကို ဝန်ကြီးဌာန တစ်ခုကပေးပို့ထားသော တိုင် ကြားစာအရ နာရီပိုင်းမျှစစ်ဆေး မေးမြန်းခြင်းဖြစ်ပြီး နာမည်ပျက် စာရင်းသွင်းခဲ့ခြင်းမရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုး သားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။
‘‘အခုအချိန်ထိ သူ့ကို Back List ထည့်ထားတာမရှိပါဘူး။ ထည့်ထားခဲ့မယ်ဆိုရင်
ပြည်ပ ထွက်ခွာတောင်မရဘူး။ မြန်မာ ပြည်ကိုလည်း လာလို့ရပါတယ်။
ကျွန်တော်တို့ကတိုင်ကြားထားတဲ့ သူရှိလို့ စစ်ဆေးတဲ့သဘောပါ။ လဝက
ကပြစ်မှုကျူးလွန်တဲ့သူကို အမည်ပျက်စာရင်းသွင်းလို့ရပေ မယ့်
ဘာအမှုမှကျူးလွန်တာမရှိ တဲ့သူကို ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့မရပါဘူး’’ဟု
လူဝင်မှုကြီး ကြပ်ရေး နှင့်အမျိုးသားမှတ်ပုံတင် ဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
အမည်မဖော်လိုသည့် လုပ် ငန်းအဖွဲ့အစည်းတစ်ခုက သက် ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုကို ဦးကျော်သောင်း လုပ်ကိုင်နေသော အဖွဲ့အစည်းနှင့်ပတ်သက်၍ တိုင်ကြားထားသော တိုင်ကြားစာမိတ္တူသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ လိပ်မူပေးထားသဖြင့် လုပ်ငန်းသဘောအရ စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်မေးမြန်းမှုများ ဆောင်ရွက်ပြီး မကြာမီတွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အမည်ပျက်စာရင်းသွင်းခဲ့ ခြင်းမရှိကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။
မြန်မာပြည်တွင်းတွင် လဝကဥပဒေ ကျူးလွန်သောသူများ ထောင်ဒဏ်၊ ငွေဒဏ်ထိဖူးသူ၊ တားမြစ်ထားသောဥပဒေတစ် ရပ်ရပ်ကို ကျူးလွန်နေသူနှင့် နိုင်ငံတကာရာဇဝတ်မှုကျူးလွန် သူများကို လဝက ဝန်ကြီးဌာန အနေဖြင့်အမည်ပျက်စာရင်းသွင်းခြင်းဖြစ်သည်။ ယင်းလုပ်ငန်းစဉ်များနှင့် မကိုက်ညီသော ကျန် အမည်ပျက်စာရင်းသွင်းထားသူများသည် သက်ဆိုင်ရာဝန်ကြီးဌာနက ပေးပို့လာသော စာရင်းများအရ အမည်ပျက်စာရင်းသွင်းခြင်းဖြစ်သည်ဟု လဝကကဆိုသည်။
ဦးကျော်သောင်းသည် ဖမ်း ဆီးခံမြန်မာလုပ်သားနှစ်ဦး၏ မိဘများကို မြန်မာသံအမတ်ကြီး ဦးဝင်းမောင်၏ ညွှန်ကြားချက်အရ နိုဝင်ဘာ ၄ ရက်ညက မြန်မာနိုင်ငံ သို့လိုက်လံပို့ဆောင်ပေးခဲ့သည်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြန် လည်ထွက်ခွာစဉ် နိုဝင်ဘာ ၆ ရက်တွင် လဝကမှ အမည်ပျက် စာရင်းသွင်းထားသည်ဟုပြောဆို ပြီး လေဆိပ်တွင် အချိန်တစ်နာရီ ခန့်စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည် ဟု ဦးကျော်သောင်းက ဆိုသည်။
ဦးကျော်သောင်းသည် ထိုင်း နိုင်ငံရောက်မြန်မာရွှေ့ပြောင်း လုပ်သားများအရေး အကူအညီ ပေးနေသူတစ်ဦးဖြစ်ပြီး ခိုတောင်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံရသော မြန်မာလုပ်သားနှစ်ဦး၏အမှု ကူညီဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် ဖွဲ့စည်းထားသော သံရုံးအဖွဲ့တွင်လည်း ဦးဆောင်ပါဝင်သူဖြစ်သည်။ ခိုတောင်ကျွန်းအမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး၏ မိဘများ ထိုင်းနိုင်ငံသို့ မသွားရောက်မီ ရန်ကုန်မြို့တွင် တည်းခိုနေစဉ်အတွင်း လက်ခံထားသည့်ဘုန်း ကြီးကျောင်းကို သက်ဆိုင်ရာ အာဏာပိုင်များက စစ်ဆေးမေး မြန်းခဲ့ပြီး ယခုမိဘနှစ်ပါးကို ပို့ ဆောင်ပေးခဲ့သူ ဦးကျော်သောင်း ကိုလည်း အမည်မဖော်လိုသည့် ဝန်ကြီးဌာနတစ်ခု၏တိုင်ကြားစာ အရ စစ်ဆေးမေးမြန်းခဲ့သည်။ ခိုတောင်ကျွန်းအမှုနှင့်ပတ်သက် ၍ ဖမ်းဆီးခံမြန်မာလုပ်သားများ နှင့် ဆက်နွယ်ပတ်သက်သူများကို စစ်ဆေးမေးမြန်းမှု ပြုလုပ်သည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်
credit: :The Voice

No comments:
Post a Comment