Wednesday, 22 October 2014

ဥပဒေနှင့် မညီညွှတ်သည့် ဘင်္ဂလီများ အားထိရောက်စွာအရေးယူရန်

ဥပဒေနှင့်မညီသည့် ဘင်္ဂါလီများကို ထိရောက်စွာအရေးယူပေးရန်
နိုင်ငံသားဥပဒေဖော်ဆောင်မှု လေ့လာစောင့်ကြည့်ရေးကော်မတီတောင်းဆို
====================================================

ဆြာကု

စစ်တွေ၊ အောက်တိုဘာ ၂၁

ရခိုင် ပြည်နယ်ရှိ ၁၉၈၂ခုနှစ် နိုင်ငံသား ဥပဒေနှင့်မညီသည့် ဘင်္ဂါလီများကို ထိရောက်စွာ အရေးယူပေးရန် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ အကောင်အ ထည်ဖော်ရေးဆိုင်ရာ လေ့လာစောင့် ကြည့်ရေးကော်မတီက ကြေညာချက် တစ်စောင်ထုတ်၍ တောင်းဆိုလိုက် သည်။

အဆိုပါကြေညာချက်ကို ရ ခိုင်ပြည်နယ် စစ်တွေမြို့ လမ်းမတော် (တောင်)ရပ်ကွက်ရှိ သမ္မာသင်္ကပ္ပ ဓမ္မာရုံတွင် ရခိုင်ပြည်နယ် မြို့နယ် အသီးသီးမှ ကိုယ်စားလှယ်များပါဝင် ၍ နှစ်ရက်ကြာပြုလုပ်ခဲ့သော ''နိုင်ငံ သားနှင့် နိုင်ငံသား ပြုခွင့်ရသူများ ဆိုင်ရာ ဥပဒေ နည်းဥပဒေအလုပ်ရုံ ဆွေးနွေးပွဲ''နောက်ဆုံးနေ့ဖြစ်သည့် အောက်တိုဘာ ၁၉ ရက် ညနေပိုင်း တွင် ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေ အကောင်အထည်ဖော်ဆောင်ရေး ဆိုင်ရာ လေ့လာစောင့်ကြည့်ရေး ကော် မတီက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါကြေညာချက်တွင် ရခိုင်ပြည် နယ်ရှိ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ နှင့်မညီသည့် ဘင်္ဂါလီများကို ထိရောက် စွာအရေးယူပေးရန်အချက်အပါအ ဝင် အချက် ၁ဝချက်ကို အစိုးရထံ တောင်းဆိုထားသည်ကို တွေ့ရသည်။ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အရ အမှန်တကယ် မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံသားပြုခွင့်ရသူဘင်္ဂါလီ များအား ဥပဒေပါ အခွင့်အရေးများ ပေးပြီး ဥပဒေနှင့်မညီညွတ်သူများကို ခိုးဝင်ဘင်္ဂါလီများအဖြစ် သတ်မှတ်ကာ ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူပေးရန် ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ရခိုင် ပြည်နယ် မြို့နယ်အသီးသီးမှ ဘင်္ဂါ လီများအနက် မည်သူတို့သည် နိုင်ငံ သားဖြစ်သင့်သည် နိုင်ငံသားပြုခွင့် လျှောက်ထားနိုင်သူဖြစ်သင့်သည်တို့ ကို ဥပဒေနှင့်အညီ တိတိကျကျစိစစ် သတ်မှတ်ဆုံးဖြတ်နိုင်ရေးကိုလည်း ကြေညာချက်တွင် ထည့်သွင်းတောင်း ဆိုထားသည်။ မြေပုံမြို့နယ်တွင် ပြု လုပ်ခဲ့သော နိုင်ငံသားစိစစ်ရေးဖြစ် စဉ်မှာ တည်ဆဲဥပဒေလုပ်ထုံးလုပ် နည်းများနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရသဖြင့် မြေပုံမြို့နယ်၌ နိုင်ငံ သားစိစစ်မှုအား ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ ပြန်လည်ဆောင် ရွက်ရန်လိုအပ်ကြောင်းလည်း ကြေ ညာချက်က ဆိုသည်။

''ရခိုင်မှာရှိတဲ့ ဘင်္ဂါလီတွေကို ဥပဒေနဲ့အညီစစ်ဆေးပြီးတော့ ၈၂ ခုနှစ်နိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့ ညီ တဲ့ ဘင်္ဂါလီတွေကို နိုင်ငံသားဖြစ်ခွင့် ပေး။ ဥပဒေနဲ့မညီတဲ့ဘင်္ဂါလီတွေကျ တော့ ဥပဒေနဲ့အညီ အရေးယူပေး။ ဒါကို အဓိကထား တောင်းဆိုတာပါ'' ဟု ၁၉၈၂ နိုင်ငံသားဥပဒေအကောင် အထည်ဖော်ဆောင်ရေးဆိုင်ရာ လေ့ လာစောင့်ကြည့်ရေးကော်မတီမှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဘင်္ဂါလီလူမျိုးတချို့သည် ရခိုင် (သို့မဟုတ်) ကမန်လူမျိုးအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရ ယူကိုင်ဆောင်ထားကြသည်ဟု လေ့ လာတွေ့ရှိထားရသဖြင့် အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြန်လည်စိစစ်ပေးရန်တောင်းဆိုထား သည်။ ထိုကဲ့သို့ ပြန်လည်စိစစ်ရာ တွင် ရခိုင်လူမျိုးများနှင့် ကမန် အသိုင်းအဝိုင်းတို့အနေဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်လည်း ကြေညာ ချက်တွင် တိုက်တွန်းထားသည်။ နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုင် ရာ မြို့နယ်အဆင့်စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်(ရခိုင်တိုင်းရင်းသား) မြို့မိ မြို့ဖနေရာများ ရွေးချယ်ရာတွင် မြို့ သူ၊ မြို့သားများ၏ ဆန္ဒအတိုင်းရွေး ချယ်ပေးရမည်ဟုလည်း ကြေညာ ချက်က ဆိုသည်။ ရခိုင်ပြည်နယ်မှ တစ်ဆင့် မြန်မာနိုင်ငံအနှံ့အပြားသို့ နည်းမျိုးစုံဖြင့် ရောက်ရှိသွားကြကာ နိုင်ငံသားအဖြစ်ကို လွယ်လင့်တကူ ရရှိနေကြသော ဘင်္ဂါလီလူမျိုးများရှိ နေရာ၊ ထိုသူများသည် ခိုးဝင်ဘင်္ဂါလီ များ နောက်ထပ်ရောက်လာနိုင်စေ ရန်အတွက် အခြေခံစခန်းထောက် များအဖြစ်ရှိနေသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်သာမက မြန်မာတစ် နိုင်ငံလုံးတွင် ပျံ့နှံ့ရောက်ရှိနေသူ ဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်မှုနှင့် နိုင်ငံသားပြုခွင့်တရားဝင်မှု၊ မဝင်မှု ကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပြန်လည်စိစစ်ရန် ကြေညာချက် တွင် တောင်းဆိုထားသည်။

နိုင်ငံသား စိစစ်ရေးဖြစ်စဉ်တွင် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များကို စိစစ်ရေးကော်မတီဝင် ရခိုင် ကိုယ်စားလှယ်များသာမက ရခိုင် ပြည်သူတစ်ရပ်လုံး သိရှိနားလည် အောင် အသိပညာ ဖြန့်ဖြူးပေးရန် မဖြစ်မနေလိုအပ်သည်။

သို့မှသာလျှင် အသိပညာကို အင်အားအဖြစ် အသုံး ချနိုင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူ တချို့၏ ဥပဒေနှင့်မညီသော ဆောင် ရွက်မှုများရှိလာခဲ့ပါက ဝေဖန်ထောက် ပြနိုင်စွမ်းရှိပြီး မမှန်မကန်လုပ်ဆောင် မှုများကို ကာကွယ်နိုင်မည်ဟုလည်း ကြေညာချက်တွင် ဖော်ပြသည်။ ၁၉၈၂ နိုင်ငံသားဥပဒေ အကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ လေ့လာ စောင့်ကြည့်ရေးကော်မတီကို တက် ရောက်သူ ကိုယ်စားလှယ်များထဲမှ ရွေးချယ်ဖွဲ့စည်းပြီး အဆိုပါကော်မတီ အား ရခိုင်အမျိုးသားပါတီအနေဖြင့် အထောက်အကူပေးပါရန်လည်း ကြေ ညာချက်တွင် တိုက်တွန်းထားကြောင်း သိရသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Photo: ဥပဒေနှင့်မညီသည့် ဘင်္ဂါလီများကို ထိရောက်စွာအရေးယူပေးရန် 

Add caption

No comments:

Post a Comment