လ၀က ၀န်ထမ်းများ၏ မသမာမှုများ ထိရောက်ပြင်းထန်စွာ စစ်ဆေးအရေးယူနေဟုဆို
လူဝင်မှုကြီးကြပ်ရေး
နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ၀န်ထမ်းများ၏ လာဘ်ပေးလာဘ်ယူကိစ္စနှင့်
မသမာသည့် လုပ်ရပ်များအား တိုင်ကြားလာ သည့်အပေါ် ထိရောက်ပြင်းထန် သော
စိစစ်အရေးယူမှုများပြုလုပ် နေကြောင်း မန္တလေးတိုင်းဒေသ ကြီး
လူဝင်မှုကြီးကြပ်ရေးနှင့် အ မျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန
တိုင်းဦးစီးမှူး ဦးသောင်းဇော်က ပြောသည်။
လာဘ်ပေးလာဘ်ယူပ ပျောက်ရေးအတွက် ၀န်ကြီးဌာန က မူဝါဒချမှတ်ကာ ဆောင်ရွက်နေပြီး ၀န်ထမ်းများအနေဖြင့် မှတ်ပုံ တင်ပြုလုပ်ရာတွင် ငွေကြေးတောင်းခံခြင်း၊ ဥပဒေနှင့်ညီညွတ်မှု မရှိသူ များအား နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးခြင်းကဲ့သို့ မသမာမှုများ ပြုလုပ်ပါက အချက်အလက်ခိုင်မာစွာဖြင့် တိုင်ကြားရန် ၎င်းက ပြောကြားသည်။
‘‘နိုင်ငံခြားသား မှတ်ပုံတင် ထုတ်ပေးလို့မရဘူး။ ပေးခဲ့သည်ရှိ သော် ပြင်းထန်သည့် ပြစ်ဒဏ်ခံ ရမယ်။ သာမန်မှတ်ပုံတင်လုပ် ပေးဖို့ ငွေတောင်းလျှင်ပင် စိစစ် အရေးယူတာတွေ လုပ်နေပါ တယ်’’ဟု ဦးသောင်းဇော်က ပြော သည်။ မန္တလေးမြို့တွင် မြန်မာစ ကားမပြောသည့် နိုင်ငံခြားသား များ မှတ်ပုံတင်ကိုင်ဆောင်ထား ခြင်းနှင့် ပတ်သက်၍ ဒေသခံများ က မေးခွန်းထုတ်လျက်ရှိသည်။ ထို့ပြင် တိုင်းရင်းသားများ မှတ်ပုံတင် ပြုလုပ်ရာတွင် အချိန်ကြန့်ကြာ ခြင်းနှင့် ငွေကြေးတောင်းခံခြင်း များ ရှိနေသည်ဟူသော ပြောဆို ချက်များအပေါ် အချက်အလက် ခိုင်မာစွာဖြင့် တိုင်ကြားရန် ဦး သောင်းဇော်က ပြောသည်။
‘‘ငွေနှစ်သောင်းပေးရတယ် ဆိုပြီး အတိုင်ခံရတယ်။ တကယ်စစ်တဲ့အခါကျတော့ တိုင်တဲ့သူက မသေချာဘူး။ သူ့ပေးရသလိုလို ကိုယ့်ပေးရသလိုလို ဖြစ်နေတယ်။ ငွေယူတာက မပေါ်ဘူး။ ဒါပေမဲ့ သံသယတော့ရှိတယ်။ အဲဒီအ တွက် ၀န်ထမ်းကို နယ်ပြောင်း လိုက်တယ်’’ဟု မန္တလေးတိုင်း ဒေ သကြီးအတွင်း ကြုံတွေ့ခဲ့ရမှုအ ပေါ် ၎င်းက ပြောသည်။
ငွေကြေးကြောင့်မဟုတ်ဘဲ ဆက်ဆံရေးညံ့သည့်အတွက် တိုင်ကြားလာမှုများအပေါ်တွင်လည်း အရေးယူမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ ၀န်ထမ်းများ၏ မသမာ မှုများ စိစစ်တွေ့ရှိပါက နယ် ပြောင်းခြင်း၊ ရာထူးလျှော့ချခြင်း၊ ရာထူးမှ ရပ်စဲခြင်းစသည်ဖြင့် အရေးယူသည်ဟုဆိုသည်။
အထောက်အထားမခိုင်လုံ သော တိုင်းရင်းသားများ မှတ်ပုံ တင်ပြုလုပ်ရာတွင် အခက်အခဲမ ဖြစ်ပေါ်စေရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးအရာရှိ၊ ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သည့် ငါးဦးကော်မတီဖြင့် စိစစ်ထောက်ခံကာဖြေလျှော့ ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။
7 day news

No comments:
Post a Comment