Friday, 24 October 2014

နငသဖြစ်ခွင့် ဘင်္ဂါလီနှစ်ရာကျော် စတင်စစ်ဆေး

နိုင်ငံသားဖြစ်ခွင့်လျှောက်ထားသည့် ဘင်္ဂါလီနှစ်ရာကျော်ကို စတင်စစ်ဆေး

နိုင်ငံသားဖြစ်ခွင့်ရရှိခဲ့သည့် ဘင်္ဂါလီအမျိုးသမီးများ (ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)
မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီလူမျိုး ၂၄၀ ကျော်အား နိုင်ငံသားဖြစ်ခွင့် နှင့်  နိုင်ငံသားပြုခွင့်ထပ်မံခွင့်ပြု ရန်  စတင်စစ်ဆေးနေပြီဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှ သတင်းရရှိသည်။
  နိုင်ငံသားဖြစ်ခွင့်လျှောက် ထားသူဘင်္ဂါလီလူမျိုးတစ်ထောင် ကျော်ရှိသည့်အနက် စက်တင် ဘာတွင် အစိုးရက ဘင်္ဂါလီလူမျိုး ၂၀၉ဦးကို နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့်ပေးပြီးနောက် ထပ်မံခွင့်ပြုရန်ကျန်ရှိသည့် ၂၄၄ ဦးကိုဝန်ကြီးဌာနက စတင်စစ်နေခြင်းဖြစ်သည်ဟု သတင်းရရှိသည်။
‘‘ဒုတိယအသုတ်ခွင့်ပြုပေးဖို့ စတင်စစ်ဆေးနေပါတယ်။ စစ် ဆေးနေတာတော့ ၂၄၄ ဦးပါ။ ဗဟိုက စစ်ဆေးနေတာမို့ နိုင်ငံ သားနဲ့နိုင်ငံသားပြုခွင့်ဘယ်နှဦးရနိုင်တယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး’’ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

  ဘင်္ဂါလီလူမျိုးများ နိုင်ငံ သားပြုခွင့် လျှောက်ထားမှုကို ယခုနှစ် ဇွန်လ ၁၅ ရက်မှစတင်ပြီး မြေပုံမြို့နယ်ကိုစမ်းသပ်ဧရိယာ အဖြစ်သတ်မှတ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။ လျှောက်ထားသူ ၁၀၉၄ ဦးရှိခဲ့ပြီး ယင်းအနက်မှ နိုင်ငံသား ဖြစ်ခွင့် ၄၀၊ နိုင်ငံသားပြုခွင့်ရသူ ၁၆၉ ဦး ကိုပထမအကြိမ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
 ၎င်းတို့ကို ၁၉၈၂ ဥပဒေ အရ ဗဟိုကခွင့်ပြုပေးခဲ့ခြင်းဖြစ် ပြီး မျိုးရိုးစဉ်ဆက်များကို စိစစ် သည့်အခါ ဥပဒေပါပုဒ်မ - ၆ နှင့်ကိုက်ညီသဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု  သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ကို သုံးမျိုးဖြင့်ခွင့်ပြုလျက်ရှိပြီး ၎င်းတို့မှာ နိုင်ငံသားဖြစ်ခွင့်၊ ဧည့်နိုင်ငံသား၊  နိုင်ငံသားပြုခွင့်ရသူဟူ၍သုံးမျိုးခွဲခြားထားခြင်းဖြစ်သည်။
ဘင်္ဂါလီလူမျိုးများကို နိုင်ငံ သားဖြစ်ခွင့်ရွေးချယ်ရာတွင် ပြည် နယ်အဆင့်၊ ပြည်ထောင်စုအဆင့် နှင့် ဗဟိုအဆင့်သုံးမျိုးခွဲခြား၍ ဆောင်ရွက်မည်ဖြစ်သည်။ ထပ်မံ ခွင့်ပြုရန်သင့်၊ မသင့်စဉ်းစားနေ သော အဆိုပါလူဦးရေသည် ပြည် နယ်အဆင့်နှင့် ပြည်ထောင်စု အဆင့်မှာ ပြီးစီးနေပြီး ဗဟိုအဆင့် သို့ရောက်ရှိနေပြီဖြစ်သည်။
ပြည်နယ်အဆင့်စစ်ဆေးရာ တွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊  မြို့နယ် ဥပဒေအရာရှိ၊  မြို့နယ်ဦးစီးမှူး၊ ဒေသခံရခိုင်နှင့်ဘင်္ဂါလီကိုယ်စား လှယ်တစ်ဦးစီထားကာ ရွေးချယ် ခဲ့ခြင်းဖြစ်သည်။
ပြည်နယ်မှစိစစ်ပြီး သူများကိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြန်လည်စိစစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာနတို့ပါဝင်သော  ဝန်ကြီးဌာနလေးခု၏ကော်မတီက  ပြန်လည်စိစစ်ခွင့်ပြုပေးခြင်းဖြစ်သည်။
7 DAY NEWS

Wednesday, 22 October 2014

ဥပဒေနှင့် မညီညွှတ်သည့် ဘင်္ဂလီများ အားထိရောက်စွာအရေးယူရန်

ဥပဒေနှင့်မညီသည့် ဘင်္ဂါလီများကို ထိရောက်စွာအရေးယူပေးရန်
နိုင်ငံသားဥပဒေဖော်ဆောင်မှု လေ့လာစောင့်ကြည့်ရေးကော်မတီတောင်းဆို
====================================================

ဆြာကု

စစ်တွေ၊ အောက်တိုဘာ ၂၁

ရခိုင် ပြည်နယ်ရှိ ၁၉၈၂ခုနှစ် နိုင်ငံသား ဥပဒေနှင့်မညီသည့် ဘင်္ဂါလီများကို ထိရောက်စွာ အရေးယူပေးရန် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ အကောင်အ ထည်ဖော်ရေးဆိုင်ရာ လေ့လာစောင့် ကြည့်ရေးကော်မတီက ကြေညာချက် တစ်စောင်ထုတ်၍ တောင်းဆိုလိုက် သည်။

အဆိုပါကြေညာချက်ကို ရ ခိုင်ပြည်နယ် စစ်တွေမြို့ လမ်းမတော် (တောင်)ရပ်ကွက်ရှိ သမ္မာသင်္ကပ္ပ ဓမ္မာရုံတွင် ရခိုင်ပြည်နယ် မြို့နယ် အသီးသီးမှ ကိုယ်စားလှယ်များပါဝင် ၍ နှစ်ရက်ကြာပြုလုပ်ခဲ့သော ''နိုင်ငံ သားနှင့် နိုင်ငံသား ပြုခွင့်ရသူများ ဆိုင်ရာ ဥပဒေ နည်းဥပဒေအလုပ်ရုံ ဆွေးနွေးပွဲ''နောက်ဆုံးနေ့ဖြစ်သည့် အောက်တိုဘာ ၁၉ ရက် ညနေပိုင်း တွင် ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေ အကောင်အထည်ဖော်ဆောင်ရေး ဆိုင်ရာ လေ့လာစောင့်ကြည့်ရေး ကော် မတီက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါကြေညာချက်တွင် ရခိုင်ပြည် နယ်ရှိ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ နှင့်မညီသည့် ဘင်္ဂါလီများကို ထိရောက် စွာအရေးယူပေးရန်အချက်အပါအ ဝင် အချက် ၁ဝချက်ကို အစိုးရထံ တောင်းဆိုထားသည်ကို တွေ့ရသည်။ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အရ အမှန်တကယ် မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံသားပြုခွင့်ရသူဘင်္ဂါလီ များအား ဥပဒေပါ အခွင့်အရေးများ ပေးပြီး ဥပဒေနှင့်မညီညွတ်သူများကို ခိုးဝင်ဘင်္ဂါလီများအဖြစ် သတ်မှတ်ကာ ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူပေးရန် ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ရခိုင် ပြည်နယ် မြို့နယ်အသီးသီးမှ ဘင်္ဂါ လီများအနက် မည်သူတို့သည် နိုင်ငံ သားဖြစ်သင့်သည် နိုင်ငံသားပြုခွင့် လျှောက်ထားနိုင်သူဖြစ်သင့်သည်တို့ ကို ဥပဒေနှင့်အညီ တိတိကျကျစိစစ် သတ်မှတ်ဆုံးဖြတ်နိုင်ရေးကိုလည်း ကြေညာချက်တွင် ထည့်သွင်းတောင်း ဆိုထားသည်။ မြေပုံမြို့နယ်တွင် ပြု လုပ်ခဲ့သော နိုင်ငံသားစိစစ်ရေးဖြစ် စဉ်မှာ တည်ဆဲဥပဒေလုပ်ထုံးလုပ် နည်းများနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရသဖြင့် မြေပုံမြို့နယ်၌ နိုင်ငံ သားစိစစ်မှုအား ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ ပြန်လည်ဆောင် ရွက်ရန်လိုအပ်ကြောင်းလည်း ကြေ ညာချက်က ဆိုသည်။

''ရခိုင်မှာရှိတဲ့ ဘင်္ဂါလီတွေကို ဥပဒေနဲ့အညီစစ်ဆေးပြီးတော့ ၈၂ ခုနှစ်နိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့ ညီ တဲ့ ဘင်္ဂါလီတွေကို နိုင်ငံသားဖြစ်ခွင့် ပေး။ ဥပဒေနဲ့မညီတဲ့ဘင်္ဂါလီတွေကျ တော့ ဥပဒေနဲ့အညီ အရေးယူပေး။ ဒါကို အဓိကထား တောင်းဆိုတာပါ'' ဟု ၁၉၈၂ နိုင်ငံသားဥပဒေအကောင် အထည်ဖော်ဆောင်ရေးဆိုင်ရာ လေ့ လာစောင့်ကြည့်ရေးကော်မတီမှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဘင်္ဂါလီလူမျိုးတချို့သည် ရခိုင် (သို့မဟုတ်) ကမန်လူမျိုးအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရ ယူကိုင်ဆောင်ထားကြသည်ဟု လေ့ လာတွေ့ရှိထားရသဖြင့် အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြန်လည်စိစစ်ပေးရန်တောင်းဆိုထား သည်။ ထိုကဲ့သို့ ပြန်လည်စိစစ်ရာ တွင် ရခိုင်လူမျိုးများနှင့် ကမန် အသိုင်းအဝိုင်းတို့အနေဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်လည်း ကြေညာ ချက်တွင် တိုက်တွန်းထားသည်။ နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုင် ရာ မြို့နယ်အဆင့်စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်(ရခိုင်တိုင်းရင်းသား) မြို့မိ မြို့ဖနေရာများ ရွေးချယ်ရာတွင် မြို့ သူ၊ မြို့သားများ၏ ဆန္ဒအတိုင်းရွေး ချယ်ပေးရမည်ဟုလည်း ကြေညာ ချက်က ဆိုသည်။ ရခိုင်ပြည်နယ်မှ တစ်ဆင့် မြန်မာနိုင်ငံအနှံ့အပြားသို့ နည်းမျိုးစုံဖြင့် ရောက်ရှိသွားကြကာ နိုင်ငံသားအဖြစ်ကို လွယ်လင့်တကူ ရရှိနေကြသော ဘင်္ဂါလီလူမျိုးများရှိ နေရာ၊ ထိုသူများသည် ခိုးဝင်ဘင်္ဂါလီ များ နောက်ထပ်ရောက်လာနိုင်စေ ရန်အတွက် အခြေခံစခန်းထောက် များအဖြစ်ရှိနေသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်သာမက မြန်မာတစ် နိုင်ငံလုံးတွင် ပျံ့နှံ့ရောက်ရှိနေသူ ဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်မှုနှင့် နိုင်ငံသားပြုခွင့်တရားဝင်မှု၊ မဝင်မှု ကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပြန်လည်စိစစ်ရန် ကြေညာချက် တွင် တောင်းဆိုထားသည်။

နိုင်ငံသား စိစစ်ရေးဖြစ်စဉ်တွင် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များကို စိစစ်ရေးကော်မတီဝင် ရခိုင် ကိုယ်စားလှယ်များသာမက ရခိုင် ပြည်သူတစ်ရပ်လုံး သိရှိနားလည် အောင် အသိပညာ ဖြန့်ဖြူးပေးရန် မဖြစ်မနေလိုအပ်သည်။

သို့မှသာလျှင် အသိပညာကို အင်အားအဖြစ် အသုံး ချနိုင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူ တချို့၏ ဥပဒေနှင့်မညီသော ဆောင် ရွက်မှုများရှိလာခဲ့ပါက ဝေဖန်ထောက် ပြနိုင်စွမ်းရှိပြီး မမှန်မကန်လုပ်ဆောင် မှုများကို ကာကွယ်နိုင်မည်ဟုလည်း ကြေညာချက်တွင် ဖော်ပြသည်။ ၁၉၈၂ နိုင်ငံသားဥပဒေ အကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ လေ့လာ စောင့်ကြည့်ရေးကော်မတီကို တက် ရောက်သူ ကိုယ်စားလှယ်များထဲမှ ရွေးချယ်ဖွဲ့စည်းပြီး အဆိုပါကော်မတီ အား ရခိုင်အမျိုးသားပါတီအနေဖြင့် အထောက်အကူပေးပါရန်လည်း ကြေ ညာချက်တွင် တိုက်တွန်းထားကြောင်း သိရသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Photo: ဥပဒေနှင့်မညီသည့် ဘင်္ဂါလီများကို ထိရောက်စွာအရေးယူပေးရန် 

Add caption

Sunday, 19 October 2014

ပီအာ စနစ်စတင်တော့မည်

မြန်မာပြည်မှာ အမြဲနေခွင့် ၅ နှစ် တကြိမ်စနစ်

ပီအာ လို့ ခေါ်တဲ့ မြန်မာနိုင်ငံမှာ အမြဲတန်း ၅ နှစ် တကြိမ် ခွင့်ပြုမဲ့ စနစ် ကို အကောင်အထည် ဖေါ်ဖို့ နည်းဥပဒေ ကို လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန က ရေးဆွဲထားပြီး၊ လွှတ်တော် ကလည်း အသိအမှတ် ပြုပြီးပါပြီ။ လျှောက်ထား ခွင့် နဲ့ ပတ်သက် လို့ ရှေ့လဆန်း ပိုင်း မှာ ကြေညာမှု ပြုတော့မှာပါ။

လွှတ်တော်ဘက် ကလည်း၊ အစိုးရ ရဲ့ ခွင့်ပြုချက် ရပြီးရင် ဆက်လက် ဆောင်ရွက်သွားရန် ဆိုတဲ့ အချက် ကျလာမဲ့ အကြောင်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ အဖွဲ့ကို မတင်မီ၊ နာယက ဒါမှမဟုတ် ဒုတိယ သမ္မတ က ဦးဆောင်ပြီး၊ အမှတ်ပေးစည်းမျဉ်း ဆိုင်ရာ အစည်းအဝေး လုပ်ပြီးလို့၊ အတည်ပြုလိုက်တာနဲ့ အစိုးရ ကို တင်မဲ့ အကြောင်း ဦးမောင်မောင်သန်း က ရှင်းပြပါတယ်။

အမှတ်ပေး စနစ် ဆိုရာမှာလည်း၊ ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ တွေ ရဲ့ အရည်အချင်းနဲ့ အနေအထား၊ ပြည်ပရောက် မြန်မာနိုင်ငံသားဆိုရင်လည်း၊ သူတို့ရဲ့ ပညာအရည်အချင်း နဲ့ ကျွမ်းကျင်မှု စတာတွေ ကိုလည်း အမှတ်ပေးစနစ် နဲ့ ရွေးချယ် မှာပါ။ တနှစ် ကို လူဦးရေ သတ်မှတ်ပြီး လက်ခံဖို့ ရှိပါတယ်။ ဒီ လုပ်ငန်းစဉ် နဲ့ ပတ်သက်ပြီး၊ နိုဝင်္ဘာလဆန်း က စပြီး၊ အသိပေး ကြေညာမဲ့ အကြောင်း၊ အင်တာနက် စာမျက်နှာ မှာလည်း တင်မဲ့ အကြောင်း လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ဘီဘီစီ ကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/10/141016_myanmar_pr_system

ရှာလေ လေ....ဝေးလေ လေဖြစ်နေတဲ့ တရားမျှတခြင်း

တိမ်မြုပ်နေတဲ့ တရားမျှတမှု

မြန်မာပြည်မှာ အရပ်သား တပိုင်း အစိုးရ သက်တမ်း သုံးနှစ်ကျော်လာပေမယ့် ဖြစ်ပျက်နေတဲ့ ပြဿနာနဲ့ ပဋိပက္ခတွေကိုကြည့်ရင် ဒီမိုကရေစီ အသွင်ကူး ပြောင်းဖို့ အမြစ်မတွယ် နိုင်သေးဘူးလို့ နယူးရောက် အခြေစိုက် ICTJ (International Center for Transitional Justice) အဖွဲ့ရဲ့  ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ အသွင်ကူး ပြောင်းနေတုန်း တရားမျှတရေး ကိစ္စ ဆွေးနွေးတာဟာ ပြဿနာ ရှာသလို ဖြစ်နေတယ်လို့ မြင်သူတွေလည်း ရှိပါတယ်တဲ့။ စစ်အာဏာပိုင်တွေ မတရား လုပ်ခဲ့တာကို ထုတ်ဖော်ပြီး တရားမျှတရေးကို တောင်းဆိုရင် ချက်ချင်း လက်တုံ့ပြန်လာနိုင်တယ်လို့လည်း မြင်ကြပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးကို တကယ်တမ်း တည်ဆောက်နိုင်ဖို့နဲ့ ရေရှည်တိုးတက်ဖွံ့ဖြိုးဖို့အတွက် အတိတ်က ပြဿနာတွေကို ကိုင်တွယ်ဖို့လိုတယ်လို့ ဆိုပါတယ်။ အသွင်ကူးပြောင်းရေးဟာ တဖက်စောင်းနင်း ဖြစ်နေပါတယ်တဲ့။ အရပ်သားအဖွဲ့အစည်းတွေ ပိုမိုလွတ်လပ်လာမှု၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်မှု၊ NLD အဖွဲ့ချုပ် လှုပ်ရှားနိုင်မှု စတာတွေရှိပေမဲ့ ကချင်ပြည်နယ်လိုနေရာမှာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေပါတယ်။ အပစ်အခတ်ရပ်စဲနိုင်တဲ့ ဒေသမှာ ကုမ္ပဏိကြီးတွေက မြေယာအများအပြား သိမ်းယူနေလို့ ဒေသခံတွေ နစ်နာဆုံးရှုံးနေတာကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေပါတယ်။

မြေယာသိမ်းပိုက်မှုကို နေရာအနှံအပြားမှာ ကန့်ကွက်ဆန္ဒပြနေပေမဲ့ ထိရောက်စွာ အရေးယူဖို့ ပျက်ကွက်နေပါတယ်။ အပစ်အခတ်ရပ်စဲတဲ့ဒေသမှာ မတရားလုပ်နေတာကို အရေးမယူနိုင်တာဟာ စစ်အစိုးရဓလေ့ထုံးစံကို အမွေဆက်ခံသလို ဖြစ်နေပါတယ်။ ပြဿနာရဲ့  အခြေခံဇာစ်မြစ်ကို လေ့လာရာမှာ အတိတ်ကာလက တာဝန်မဲ့ခဲ့တာကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဖိနှိပ်ညှဉ်းပမ်းမှုမှာ အပြစ်ရှိကြောင်း တာဝန်ရှိသူတွေက ဝန်ခံမယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ပိုပြီးအဆင်ပြေသွားမယ်လို့ ကိုမင်းကိုနိုင် က ပြောပါတယ်။ မတရားဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီစောင့်ရှောက်ဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ ကွယ်လွန်သူ ဦးဝင်းတင် က ပြောဖူးပါတယ်။ စစ်အစိုးရခေတ်မှာ နှိပ်စက်ညှဉ်းပမ်းခံရသူတွေရဲ့  ဒီမိုကရေစီ တိုက်ပွဲအသိအမှတ်ပြုဖို့ တောင်းဆိုနေကြပါတယ်။

လက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေးဖိနှိပ်မှု မြန်မာပြည်မှာ ဖြစ်ပွားနေတာ အနှစ် (၆၀) ကျော်ပါပြီ။ ဒါကြောင့် ဘာသာရေးနဲ့ လူမျိုးရေးအုပ်စုတွေအချင်းချင်း မယုံသင်္ကာဖြစ်တာတွေ များလာပါတယ်။ မြေယာသိမ်းပိုက်မှုကို မှန်ကန်စွာ ဥပဒေအရ အရေးယူနိုင်ဖို့အတွက် တရားစီရင်ရေးကို ထိရောက်စွာ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ လောလောဆယ်တော့ လွတ်လပ်ပြီး တရားမျှတတဲ့ တရားစီရင်ရေးဟာ မဖြစ်နိုင်တဲ့ကိစ္စပါ။ အုပ်ချုပ်ရေးဌာနနဲ့ ကင်းလွတ်တဲ့ တရားရေးဌာနပေါ်ထွက်လာရေး သိသာမြင်သာတဲ့ တရားစီရင်ရေး၊ အာဏာပိုင်က စိတ်ကြိုက်သုံးစွဲနေတဲ့ ဖိနှိပ်တဲ့ ဥပဒေတွေကို ရုတ်သိမ်းရေး စတာတွေဟာ ဦးသိန်းစိန်အစိုးရ ဦးစားပေးရမယ့် လုပ်ငန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဖို့ ပျက်ကွက်တာဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတယ်။

ပြည်သူ့ယုံကြည်မှုကို ရယူလိုတဲ့အစိုးရဟာ အတိတ်ကာလ က ဖိနှိပ်ညှဉ်းပမ်းခဲ့တာတွေကို နည်းမျိုးစုံနဲ့ ဖြေရှင်းဖို့ လိုပါတယ်။ လူ့အခွင့်အရေး ချိုးဖျက်ခဲ့တာကို အတိအလင်း အသိအမှတ်ပြုနိုင်ပါတယ်။ ဒါမှမဟုတ်လဲ အမှန်တရားကို ထုတ်ဖော်ပြောဆိုဖို့ တောင်းပန်တာတွေ၊ လျော်ကြေးပေးတာတွေ လုပ်နိုင်ပါတယ်။ လောလောဆယ် ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို မှတ်တမ်းတင်ပြီး အရေးယူနိုင်ရင် အစိုးရရဲ့  ပြည်သူ့အကျိုးဆောင်မှုနဲ့ လေးနက်မှုကို ပြသရာရောက်တဲ့အတွက် စစ်အစိုးရပေးခဲ့တဲ့ အမွေဆိုးကို ကျော်လွှားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အတိတ်ကကျူးလွန်ခဲ့တဲ့ပြစ်မှုကို လျစ်လျူရှုပြီး လောလောဆယ် ကျူးလွန်တဲ့ ပြစ်မှုကို အရေးမယူနိုင်တဲ့ အစိုးရကို ပြည်သူက ယုံကြည်မှာ မဟုတ်ပါဘူး။ မတရားမှုကို ကိုင်တွယ်ဖြေရှင်းနိုင်မှ လုံခြုံရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေး ရှိနိုင်မယ်လို့ ကုလသမဂ္ဂက ယုံကြည်ပါတယ်။

မြန်မာပြည်မှာ အခုအထိ အကျိုးခံစားနေရသူတွေဟာ စစ်အုပ်စုပိုင်လုပ်ငန်းနဲ့ ခရိုနီတွေသာ ဖြစ်ပါတယ်။ ဒီလူတွေသာ ပြုပြင်ရေးကြောင့် အထူးအခွင့်အရေး ဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။ ပြည်သူကတော့ နစ်နာဆုံးရှုံးခဲ့ရတာတွေကို အသိအမှတ်ပြုပြီး အကူအညီ ပေးစေလိုပါတယ်။ အတိတ်ကို အတိတ်မှာထားခဲ့ရုံနဲ့ စစ်အစိုးရနဲ့ ဦးသိန်းစိန်အစိုးရ ကွဲပြားခြားနားတယ်လို့ မပြောနိုင်ပါဘူး။ ဗိုလ်ချုပ်ကြီးသိန်းစိန် ပါဝင်ခဲ့တဲ့ စစ်အစိုးရလုပ်ရပ်ကြောင့် ဘဝပျက်သွားခဲ့ရသူတွေကို ကူညီစောင့်ရှောက်တဲ့ ဦးသိန်းစိန်အစိုးရကိုသာ ဒီလူတွေက ယုံကြည်အားထားလာကြမှာ ဖြစ်ပါတယ်။

စစ်အစိုးရနဲ့ ကွဲပြားကြောင်းပြနိုင်တဲ့ အခွင့်အလမ်းတွေ ဦးသိန်းစိန်အစိုးရမှာ ရှိပါတယ်။ တရားမျှတအောင် လုပ်ပေးတာဟာ ငြိမ်းချမ်းရေးနဲ့ ပြုပြင်ရေးကို မထိခိုက်ပါဘူး။ ဖိနှိပ်ညှဉ်းပမ်း သတ်ဖြတ်တာကို ရပ်ဆိုင်းရုံနဲ့ ကိစ္စမပြီးပါဘူး။ ဖိနှိပ်ညှဉ်းပမ်း သတ်ဖြတ်တဲ့ဒဏ်ကို ခံခဲ့ရသူတွေအတွက် တရားမျှတစွာ ဖြေရှင်းပေးနိုင်ဖို့ လိုပါတယ်။ တရားမျှတမှု မရှိဘူးလို့ ပြည်သူ့ဘက်က ယူဆရင် ပြန်လည်သင့်မြတ်ရေးလုပ်နိုင်ဖို့ အလွန်ခက်ခဲကြောင်း နယူးရောက်အခြေစိုက် International Center for Transitional Justice အဖွဲ့ရဲ့  အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

ဦးအောင်ခင်, ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/weekly-current-affairs-analysis-justice-in-transition/2485432.html

Friday, 10 October 2014

လ၀က ၀န်ထမ်းများ၏ မသမာမှုများ စစ်ဆေးအရေးယူမည်

လ၀က ၀န်ထမ်းများ၏ မသမာမှုများ ထိရောက်ပြင်းထန်စွာ စစ်ဆေးအရေးယူနေဟုဆို

လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ၀န်ထမ်းများ၏ လာဘ်ပေးလာဘ်ယူကိစ္စနှင့် မသမာသည့် လုပ်ရပ်များအား တိုင်ကြားလာ သည့်အပေါ် ထိရောက်ပြင်းထန် သော စိစစ်အရေးယူမှုများပြုလုပ် နေကြောင်း မန္တလေးတိုင်းဒေသ ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အ  မျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသောင်းဇော်က ပြောသည်။
  လာဘ်ပေးလာဘ်ယူပ ပျောက်ရေးအတွက် ၀န်ကြီးဌာန က မူဝါဒချမှတ်ကာ ဆောင်ရွက်နေပြီး ၀န်ထမ်းများအနေဖြင့် မှတ်ပုံ တင်ပြုလုပ်ရာတွင် ငွေကြေးတောင်းခံခြင်း၊ ဥပဒေနှင့်ညီညွတ်မှု မရှိသူ များအား နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးခြင်းကဲ့သို့ မသမာမှုများ ပြုလုပ်ပါက အချက်အလက်ခိုင်မာစွာဖြင့် တိုင်ကြားရန် ၎င်းက ပြောကြားသည်။
‘‘နိုင်ငံခြားသား မှတ်ပုံတင် ထုတ်ပေးလို့မရဘူး။ ပေးခဲ့သည်ရှိ သော် ပြင်းထန်သည့် ပြစ်ဒဏ်ခံ ရမယ်။ သာမန်မှတ်ပုံတင်လုပ် ပေးဖို့ ငွေတောင်းလျှင်ပင် စိစစ် အရေးယူတာတွေ လုပ်နေပါ တယ်’’ဟု ဦးသောင်းဇော်က ပြော သည်။ မန္တလေးမြို့တွင် မြန်မာစ ကားမပြောသည့် နိုင်ငံခြားသား များ မှတ်ပုံတင်ကိုင်ဆောင်ထား ခြင်းနှင့် ပတ်သက်၍ ဒေသခံများ က မေးခွန်းထုတ်လျက်ရှိသည်။ ထို့ပြင် တိုင်းရင်းသားများ မှတ်ပုံတင် ပြုလုပ်ရာတွင် အချိန်ကြန့်ကြာ ခြင်းနှင့် ငွေကြေးတောင်းခံခြင်း များ ရှိနေသည်ဟူသော ပြောဆို ချက်များအပေါ် အချက်အလက် ခိုင်မာစွာဖြင့် တိုင်ကြားရန် ဦး သောင်းဇော်က ပြောသည်။
‘‘ငွေနှစ်သောင်းပေးရတယ် ဆိုပြီး အတိုင်ခံရတယ်။ တကယ်စစ်တဲ့အခါကျတော့ တိုင်တဲ့သူက မသေချာဘူး။ သူ့ပေးရသလိုလို ကိုယ့်ပေးရသလိုလို ဖြစ်နေတယ်။ ငွေယူတာက မပေါ်ဘူး။ ဒါပေမဲ့ သံသယတော့ရှိတယ်။ အဲဒီအ တွက် ၀န်ထမ်းကို နယ်ပြောင်း လိုက်တယ်’’ဟု မန္တလေးတိုင်း ဒေ သကြီးအတွင်း ကြုံတွေ့ခဲ့ရမှုအ ပေါ် ၎င်းက ပြောသည်။
ငွေကြေးကြောင့်မဟုတ်ဘဲ ဆက်ဆံရေးညံ့သည့်အတွက် တိုင်ကြားလာမှုများအပေါ်တွင်လည်း အရေးယူမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ ၀န်ထမ်းများ၏ မသမာ မှုများ   စိစစ်တွေ့ရှိပါက   နယ် ပြောင်းခြင်း၊ ရာထူးလျှော့ချခြင်း၊ ရာထူးမှ   ရပ်စဲခြင်းစသည်ဖြင့် အရေးယူသည်ဟုဆိုသည်။
အထောက်အထားမခိုင်လုံ သော တိုင်းရင်းသားများ မှတ်ပုံ တင်ပြုလုပ်ရာတွင် အခက်အခဲမ ဖြစ်ပေါ်စေရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးအရာရှိ၊ ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သည့် ငါးဦးကော်မတီဖြင့် စိစစ်ထောက်ခံကာဖြေလျှော့ ဆောင်ရွက်ပေးနေကြောင်း  သတင်းရရှိသည်။
7 day news

အနောက်တံခါးမှ ဘင်္ဂါလီအရေး

နိုင်ငံသားပြုခွင့်၊ ဖြစ်ခွင့်နှင့် အနောက်တံခါးပြဿနာ

STR/EPA
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဖြင့် နိုင်ငံသားစိစစ်ခံလိုသည့် ဘင်္ဂါလီအရေအတွက်က တိုးလာနေသည်။ ဘင်္ဂါလီရာဂဏန်းမှာ နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် အသီးသီးရရှိသွားပြီဖြစ်သည်။
ရခိုင်တိုင်းရင်းသားများက ဘင်္ဂါလီလူမျိုးများကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် စိစစ်ပေးရန် အစဉ်တစ်စိုက်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ဘင်္ဂါလီလူမျိုးများကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် တိကျမှန်ကန်စွာ စိစစ်ပေးရန် ရခိုင်တိုင်းရင်းသားများက တောင်းဆိုခဲ့ပြီး ယင်းဥပဒေနှင့်ညီညွတ်၍ နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်ရရှိသူများကိုလည်း ကန့်ကွက်စရာမရှိဟုဆိုသည်။
သို့သော် ယင်းဥပဒေနှင့် မညီညွတ်သူများကိုမူ ထိန်းသိမ်းရေးစခန်းများတွင်ထားရှိပြီး တတိယနိုင်ငံများသို့ ပို့ဆောင်ရန်လည်း ရခိုင်အမျိုးသားရေးအင်အားစုများက တောင်းဆိုထားခဲ့သည်။
ရခိုင်ပဋိပက္ခဖြစ်ပွားပြီး ၂ နှစ်ခန့်အကြာတွင်တော့ အစိုးရက မြေပုံမြို့နယ်ကို ရှေ့ပြေးစီမံကိန်းအဖြစ်သတ်မှတ်၍ ၁၉၈၂ နိုင်ငံသားဥပဒေကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ပြဿနာများ ပြေလည်စေရန် ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအကြံပြုချက်များထဲတွင် ၁၉၈၂ နိုင်ငံသားဥပဒေကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဆိုသည့် အချက်တစ်ချက်ပါဝင်သည်။
ဝေဖန်မှုများလည်းရှိခဲ့သည့် ၁၉၈၂ နိုင်ငံသားဥပဒေကို အစိုးရအနေဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိဆိုသည်မှာ စောင့်ကြည့်ရမည့်ကိစ္စတစ်ခု ဖြစ်လာသည်။
‘‘ဘင်္ဂါလီလို့ ခံယူသူတွေကိုတော့ ဥပဒေအရ တိတိကျကျ ဆောင်ရွက်နိုင်မယ်လို့ ယူဆတယ်’’ဟု စစ်တွေမြို့မိမြို့ဖဦးသန်းထွန်းကဆိုသည်။
မြေပုံမြို့နယ်တွင် ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ လျှောက်လွှာတင်သွင်းသူ ၁၀၉၄ ဦးရှိသည်။ မြေပုံမြို့နယ်တွင် ဘင်္ဂါလီဦးရေစုစုပေါင်း သုံးထောင်ခန့်ရှိသည်ဟု ဒေသတွင်းအဖွဲ့အစည်းများက ဆိုသည်။
ယင်းလျှောက်လွှာများကို မြို့နယ်၊ ပြည်နယ်နှင့် ဗဟိုအဆင့်စိစစ်ခဲ့ရာ နိုင်ငံသားဖြစ်ခွင့် ၄၀ ဦးနှင့် နိုင်ငံသားပြုခွင့် ၁၆၉ ဦး ရရှိခဲ့သည်။ ၎င်းတို့၏ သားသမီးများသည်လည်း အလိုအလျှောက် နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်ကိုရရှိမည်ဖြစ်သည်။ ဒေသခံရခိုင်တိုင်းရင်းသားများကမူ နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်ရသူများတွင် သက်သေအထောက်အထားမခိုင်လုံသူများ၊ တိုင်းရင်းသားစကားမတတ်ကျွမ်းသူများ ပါဝင်နေကြောင်း ဝေဖန်ပြောဆိုကန့်ကွက်ခဲ့ကြသည်။
ယင်းကဲ့သို့ နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်များပေးအပ်ပြီးနောက် မြေပုံမြို့နယ်တွင် ၁၉၈၂ ဥပဒေဖြင့် စိစစ်ရန် လူဦးရေ ၁၂၀ ခန့်က ထပ်မံလျှောက်လွှာတင်သွင်းခဲ့သည်။ ထို့အပြင် ဘင်္ဂါလီလူဦးရေ သုံးသိန်းခန့်ရှိသော ဘူးသီးတောင်မြို့နယ်တွင်လည်း ၁၉၈၂ ဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းများကို အောက်တိုဘာလအတွင်း ဆက်လက်ပြုလုပ်သွားမည်ဟု ဒေသတွင်းအဖွဲ့အစည်းများကဆိုသည်။
အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေသော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာ လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုကြသည်။ ကုလအဖွဲ့အပါအ၀င် နိုင်ငံတကာမှ ၁၉၈၂ ခုနှစ်ဥပဒေကို ပြင်ဆင်ပြီး ရိုဟင်ဂျာလူမျိုးများကို နိုင်ငံသားဖြစ်ခွင့်ပေးရန်အတွက် အကြိမ်ကြိမ်ဖိအားပေးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း နိုင်ငံတော်သမ္မတအပါအ၀င် အစိုးရအဖွဲ့တာဝန်ရှိသူများက ရိုဟင်ဂျာတိုင်းရင်းသားဆိုသည်မှာ မြန်မာနိုင်ငံတွင်မရှိကြောင်းနှင့် ၁၉၈၂ ဥပဒေကို ပြင်ဆင်ရန်မလိုအပ်ကြောင်း အတိအလင်းပြောကြားထားသည်။
ပြည်တွင်းမှ အစ္စလာမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးပါတီအချို့ကလည်း ၁၉၈၂ ဥပဒေသည် လူ့အခွင့်အရေးနှင့်ဆန့်ကျင်နေပြီး နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးကိုအခြေခံ၍ ဖြေရှင်းဆောင်ရွက်မှသာ ရခိုင်ပြဿနာကိုဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
 ၁၉၈၂ ဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းအပါအ၀င် ရခိုင်ပြဿနာကို ကိုင်တွယ်ရာတွင် နိုင်ငံတကာဖိအားပေးမှုများရှိပြီး ယင်းဖိအားများကြောင့်ပင် အစိုးရအနေဖြင့် ထိန်းသိမ်းဆောင်ရွက်နေရကြောင်း လေ့လာသူများက သုံးသပ်သည်။
 နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့သော ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာတွင်မူ ပြဿနာများဖြေရှင်းနိုင်ရန် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို စနစ်တကျ မှန်ကန်စွာ အသုံးပြုသွားရမည်ဖြစ်သည်။ နိုင်ငံတကာမှ ၁၉၈၂ ဥပဒေသည် ဘင်္ဂါလီလူမျိုးများကို တစ်ဖက်သက် တရားဝင်ဖိနှိပ်နိုင်သည်ဟု ပြောဆိုသော်လည်း ယင်းဥပဒေကို စနစ်တကျအကောင်အထည်ဖော်သွားပါက လက်ရှိပြဿနာအများစုကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း အကြံပြုထားသည်။
၁၉၈၂ ခုနှစ် ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ ဆယ်စုနှစ်ကာလအတွင်း မြန်မာနိုင်ငံနယ်နိမိတ်၌ ရှစ်နှစ်ဆက်တိုက် တစ်ဆက်တည်းနေထိုင်သူ၏ တတိယမျိုးဆက်သည် နိုင်ငံသားပြုခွင့်ရမည်ဖြစ်သည်။ ထို့အပြင် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၄၃ တွင် နိုင်ငံသားပြုခွင့်ရရှိသူသည် တိုင်းရင်းသားဘာသာစကားတစ်မျိုးမျိုး တတ်ကျွမ်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရခိုင်အမျိုးသားရေးအင်အားစုများကမူ ပြီးခဲ့သည့်သန်းခေါင်စာရင်းအတွေ့အကြုံနှင့် နှိုင်းယှဉ်၍ ၁၉၈၂ ဥပဒေကို ရခိုင်ပြည်နယ်တစ်ခုလုံးတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်မလွယ်ကူနိုင်ကြောင်း သုံးသပ်သည်။ ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူရာတွင် ဘင်္ဂါလီလူမျိုးအများစုမှာ ရိုဟင်ဂျာဟုသာဖြေဆို၍ စာရင်းမကောက်ယူနိုင်ခဲ့ပေ။
စစ်တွေမြို့မိမြို့ဖ ဦးသာမွန်က ‘‘သိပ်မမျှော်လင့်ဘူး။ ဘင်္ဂါလီတွေများတဲ့နေရာမှာ သိပ်အောင်မြင်မယ်မထင်ဘူး။ အခုဟာက အခွင့်အရေးရမယ့်သူကိုခယပြီး လျှောက်ပါလို့ပြောနေရတဲ့ သဘောဖြစ်နေတယ်’’ဟု ဆိုသည်။
၁၉၈၂ ဥပဒေဖြင့် ဆောင်ရွက်ရာတွင် ဘင်္ဂါလီဟုပြောဆိုသူများကိုသာ စိစစ်မည်ဖြစ်ပြီး ရိုဟင်ဂျာဆိုသူများကို စိစစ်ခြင်းပြုလုပ်မည်မဟုတ်ပေ။ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး ၁ ဒသမ ၀၉ သန်းခန့်ရှိရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အားလုံးနီးပါးက ရိုဟင်ဂျာဟုသာ ဖြေဆိုခဲ့ကြသည်။ ယင်းအတွက်ကြောင့်ပင် ၁၉၈၂ ဥပဒေနှင့် စစ်ဆေးအပြီး ဘင်္ဂါလီဟုမခံယူသူများကို မည်သို့ဆောင်ရွက်မည်ဆိုသည်မှာ အရေးကြီးကိစ္စဖြစ်လာသည်။
‘‘အစိုးရမှာရှိတဲ့ အခွင့်အာဏာအပြည့်အ၀သုံးပြီး လုပ်နိုင်မယ်လို့ ယူဆတယ်။ ရိုဟင်ဂျာဆိုတဲ့သူတွေကိစ္စကို ပြတ်သားထိရောက်စွာကိုင်တွယ်ဖို့လိုတယ်’’ဟု ဦးသန်းထွန်းမှတ်ချက်ပြုသည်။
  7 day news