အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေချိန်တွင် အစိုးရအရာရှိများ မိမိကိုယ်မိမိ သတ်သေမှုများဖြစ်ပေါ်နေမှုကို တရုတ်စုံစမ်း
ပေကျင်း၊ ဇန်နဝါရီ ၃၀
အစိုးရအရာရှိတချို့သည် အဂတိလိုက်စားမှုဖြိုခွင်းမှုမှ လွတ်မြောက်စေရန် မိမိကိုယ်မိမိသေ ကြောင်းကြံစည်မှုများ ပြုလုပ်နေကြောင်း
သတင်းများ ထွက်ပေါ်လာ ပြီးနောက် အရာရှိများကြား ပုံမှန် မဟုတ်သော သေဆုံးမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တရုတ်အာဏာရကွန်မြူနစ်ပါတီက အမိန့်ပေးခဲ့ကြောင်း ဇန်နဝါရီ ၂၉ရက်က အစိုးရဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ သည်ဟု CNA သတင်းများအရ သိရသည်။
အရေးပေါ်သတိပေးစာတွင် ၂၀၁၂ခုနှစ်ကတည်းက ပုံမှန်မဟုတ်သော အခြေအနေဖြင့် သေဆုံးသွား သော ပါတီအဖွဲ့ဝင်များနှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းရန် အရာရှိ များကို တိုက်တွန်းထားကြောင်း အစိုးရနှင့် ကွန်မြူနစ်ပါတီဝက်ဘ်ဆိုက် များတွင် ဖော်ပြထားသည်။ တချို့သော အရာရှိများသည် ရာဇဝတ်မှု များမှ လွတ်မြောက်ရန်နှင့် ၎င်းတို့ တရားမဝင်ရယူထားသော ပစ္စည်း များသိမ်းဆည်းခံရမှုများမှ ကာကွယ် ရန်
မိမိကိုယ်မိမိသတ်သေမှုများ ပြု လုပ်တတ်ကြသည်။ ထိုသို့ ပုံမှန်မဟုတ်သည့် သတ်သေမှုများကို စုံစမ်း ရန် အရေးပေါ်သတိပေးစာကို ပြည်နယ်ကိုးခုရှိ ဝက်ဘ်ဆိုက်များတွင် ဖော်ပြခဲ့ပြီး ၂၀၁၂ခုနှစ်ကတည်းက ပုံမှန်မဟုတ်သော အခြေအနေဖြင့် သေဆုံးသွားသူများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ပါတီပေါင်း၅ဝနှင့် အစိုးရအရာရှိတို့က လူသိရှင်ကြား ကြေညာခဲ့သည်။
ကွန်မြူနစ်ပါတီသည် သေဆုံး သွားသော အစိုးရအရာရှိများ မိမိကိုယ်မိမိသတ်သေခြင်းရှိ မရှိ စုံ စမ်းစစ်ဆေးမည်ဖြစ်သည်။ တရုတ် သမ္မတရှီ၏ အဂတိလိုက်စားမှုတိုက် ဖျက်ရေးလုပ်ငန်းစဉ်တွင် ရာထူးအ ဆင့်မြင့်မားသော အရာရှိဟောင်းများ၏ အဂတိလိုက်စားမှုများကို ဖော် ထုတ်နိုင်ခဲ့သည်။ မိမိကိုယ်မိမိ သတ်သေသော အရာရှိများသည်
၎င်းတို့ဂုဏ်သိက္ခာကြောင့်နှင့်၎င်းတို့မိသားစု၏အကျိုးကျေးဇူးအတွက်ကြောင့် ထိုသို့ပြုလုပ်ခြင်း ဖြစ်သည်။
Ref; CNA
#Democracytoday
No comments:
Post a Comment