တရားဝင်ဗီဇာဖြင့် ၀င်ရောက်လာပီး (၁)နှစ်နေခွင့် သက်တမ်းဖြင့်
မြစ်ကြီးနားတွင် နေထိုင်ပီး ကချင်တိုင်းရင်းသူတစ်ဦးဖြင့် အိမ်ထောင်
ပြုထားသည့် တရုတ်နိုင်ငံသား တစ်ဦးမှ နိုင်ကတ်ပြားပေါ်တွင်
၎င်း၏ ဓါတ်ပုံ ပြန်ကပ်ပီး ခရီးသွားလာအသုံးပြုနေစဉ်
ဖမ်းဆီးရမိခဲ့မှု အပေါ် ခရိုင်လ၀ကမှ ဥပဒေအကြောင်းအရ
တရားစွဲဆို အရေးယူရန် ညွန်ကြားခဲ့သော်လည်း
အောက်ခြေ မှ မိမိသဘောအလျောက် ပြန်လည်စေ
လွှတ်ခဲ့သည့်ဖြစ်စဉ်အား တာဝန်ရှိသူများ လိုအပ်သလို
အရေးယူ ဆောင်ရွက်ပေးနိုင်ရေး အတွက် သက်သေ
အထောက် အထား ဓါတ်ပုံမှတ်တမ်းများဖြင့်
တင်ပြခြင်း
============================
၁၈-၁၀- ၂၀၁၈ ရက်နေ့မှာ ကချင်ပြည်နယ်..မိုးကောင်း
မြို့နယ်အတွင်းမှာရှိတဲ့ ၂၁ မိုင် စစ်ဆေးရေး စခန်းမှာ
လ၀က ကနေ ကချင်တိုင်းရင်းသားတစ်ယောက်ရဲ့
မှတ်ပုံတင် ကတ်ပြား ရဲ့ ဓါတ်ပုံကို ပြန်ခွာပီး
မိမိ ဓါတ်ပုံ ကို ကပ်ပီးတော့ ခရီးသွားနေတဲ့
တရုတ် နိုင်ငံသားတစ်ယောက်ကို ဖမ်းဆီး မိခဲ့
ပါတယ်

အဲဒီလိုမျိုး ကချင်တိုင်းရင်းသား ရဲ့ နိုင်ကတ်ပြားမှာ
သူ့ဓါတ်ပုံကပ် ကာ အသုံးပြုနေတဲ့ တရုတ် နိုင်ငံသား
ကို စီစစ်လိုက်တော့တရုတ် နိုင်ငံကူး လက်မှတ် အမှတ်
G-33839564 ကိုင်ဆောင်ထားတဲ့ တရုတ် နိုင်ငံသား
LI GUANG ZHOU ဆိုတဲ့သူဖြစ်နေတာ ကို
တွေ့ရပါတယ်...

တရုတ်နိုင်ငံသား LI GUANG ZHOU ၏
PASSPORT မိတ္တူ နှင့်တနှစ်သက်တမ်းရရှိ
ထားသည့် နေခွင့် မိတ္တူ
အဲဒီ တရုတ်က ကချင်ပြည်နယ်..မြစ်ကြီးနားမြို့..
ရှမ်းရွာမှာနေတဲ့၁/ မကန (နိုင်)၁၃၅၁၀၈
ကိုင်ဆောင်ထားသူ ဒေါ်လုဆန့်
(Shin Shin Furniture City ဆိုင်ပိုင်ရှင် ) ရဲ့
ခင်ပွန်းဖြစ်နေတာ ကို တွေ့ရပီးတော့ ဖမ်းဆီးရမိတဲ့ လ၀က
အဖွဲ့ကနေ လိုအပ်သလို ဆက်လက် ဆောင်ရွက်ဖို့
ပြည်နယ် မှာရှိတဲ့ လ၀က ဌာနခွဲ ကို အပ်နှံခဲ့လိုက်ပါတယ်..

ဒီလိုမျိုး ပြန်စီစစ်တဲ့ အခါမှာ ဒေါ်လုဆန့်က ၄င်းရဲ့တူတော်
စပ်တဲ့ ကချင်ပြည်နယ်....၀ိုင်းမော်မြို့နယ်..မဒိန် ကျေးရွာ
နေ (အဘ) ဦးဖော်ဂျီနော် ရဲ့ သား မောင်နော်အောင်
ရရှိ ကိုင်ဆောင်ထားတဲ့ နိုင်ကတ် အမှတ် ၁/ ၀မန(နိုင်)
၁၀၇၇၈၅ ကတ်ပြား ကို ဌားရမ်းခဲ့ပီးတော့ ကာယကံရှင်ရဲ့
ဓါတ်ပုံ ကို ပြန်ခွာက ၄င်း ယောက်ကျား ဖြစ်တဲ့ တရုတ်
နိုင်ငံသား ရဲ့ ဓါတ်ပုံ ကို ပြန်ကပ်ခိုင်းပီး အသုံးပြုခိုင်းထား
ကြောင်း ပေါ်ပေါက်လာတာ ကို တွေ့ ရှိခဲ့ရပါတယ်

ကချင်တိုင်းရင်းသား မောင်နော်အောင်၏နိုင်ကတ်ပြား
တွင် တရုတ်နိုင်ငံသား LI GUANG ZHOU ၏
ဓါတ်ပုံ ကပ်ထားသည့် မှတ်ပုံတင် ကတ်ပြား
အရှေ့ဘက် ပုံ
ကချင်တိုင်းရင်းသား မောင်နော်အောင်၏နိုင်ကတ်ပြား
တွင် တရုတ်နိုင်ငံသား LI GUANG ZHOU ၏
ဓါတ်ပုံ ကပ်ထားသည့် မှတ်ပုံတင် ကတ်ပြား
အနောက်ဘက် ပုံ
အဲဒီ တရုတ်နိုင်ငံသား ဟာ မြစ်ကြီးနား ကို ရောက်ရှိ
နေခဲ့တာ ၄ နှစ်ခန့်ရှိပီး ကချင်တိုင်းရင်းသူ
ဒေါ်လုဆန့် နဲ့ အိမ်ထောင်ကျကာ သားသမီး
၃ ဦး လည်း ရရှိနေပီလည်း် ဖြစ်ပါတယ်
ဒေါ်လုဆန့် နဲ့ အိမ်ထောင်ကျကာ သားသမီး
၃ ဦး လည်း ရရှိနေပီလည်း် ဖြစ်ပါတယ်
အဲဒီ ဖြစ်စဉ် ဖြစ်ပွားခဲ့တာ ကို ခရမ ကနေပီးတော့
တိုင်းရင်းသား ကချင် လူမျိုး တစ်ဦး၏ နိုင်ကတ်ပြား
တွင် တရုတ်နိုင်ငံသား ၏ ဓါတ်ပုံကပ်ရန် အားပေး
ကူညီခဲ့လုပ်ဆောင်ပေးခဲ့သည့် ဇနီးဖြစ်သူ
ကချင်လူမျိုး ဒေါ်လုဆန့် ၏ သားသမိး (၃)ဦးမှာ
ငယ်ရွယ်သေးသည့် အတွက် လူမှုရေးအရ
ငဲ့ညာက ဇနီးဖြစ်သူ ဒေါ်လုဆန့်အားတရားစွဲဆို
စေခြင်း မပြုပဲ ဓါတ်ပုံကပ် ကိုင်ဆောင်အသုံးပြုခဲ့သည့်
ခင်ပွန်းဖြစ်သူတရုတ်နိုင်ငံသား ကိုသာတရားဥပဒေ
အကြောင်းအရ ဖမ်းဆီး တရားစွဲဆိုဖို့ညွှန်ကြား
ခဲ့ပါတယ်....

အဲဒိလို ဖမ်းဆီးမိ တရုတ်ကိုစစ်ဆေးတဲ့ သူတွေ က
လ၀က ဌာနခွဲမှူး လက်ညွန်မှူးဦးဇော်သိန်းဦး...
.ဒု-လ၀ကမှူး ဦးကြင်မောင်နဲ့လ၀က မှူး
တင်မိုးကျော်တို့ က စစ်ဆေးပီးတော့
ဖမ်းမိတဲ့ နောက်တစ်နေ့ ၁၉- ၁၀-၂၀၁၈
ရက်နေ့မှာပြန်လည် လွှတ်ပေးလိုက်တယ်
လို့ သိခဲ့ရပါတယ်

ဒီလိုမျိုး ပြန်လည် လွှတ်ပေးတဲ့ ကိစ္စ ကို ခရိုင်မှူး လည်း
မသိဘူး သတင်းလည်း မပို့ခဲ့ပါဘူး...ဒီလိုမျိုး ပြန်လည်
လွှတ်ပေးလိုက်တာ ကို ကြားမိလို့ ခရမ ကနေ ခေါ်မေး
တဲ့ အခါ အဲဒီနေ့က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်
ဆန်းစုကြည်နဲ့ လ၀က ၀န်ကြီး ဦးသိန်းဆွေ လာသည့်
ခရီးစဉ် အလုပ်ရှူပ်နေတဲ့ အတွက် ပြန်လွှတ်ပေး
လိုက်တာ ဖြစ်ကြောင်း....လွှတ်ပေးလိုက်ပေမယ့်
သူ့ရဲ့ PASSPORT....သူ့ဓါတ်ပုံကတ်ထားတဲ့ နိုင်ကတ်ပြား
သူ့ အစစ်ခံထွက်ဆိုချက် တွေ ကိုသိမ်းဆည်းထားပီး
ပြန်လည် စေလွှတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောကြား
ခဲပီး လ၀ကမှူး တင်မိုးကျော်နှင့် ဒု-လ၀ကမှူး ကျင်မောင်
(၂)ဦး မှ ခရမ ထံ လာရောက်တွေ့ဆုံပီး ထို ပြန်လွှတ်သည့်
ကိစ္စနှင့်ပက်သက်ပီး ဆက်လက် မလုပ်ဆောင်ပါရန် နှင့်
မိမိအလုပ်မှ ပြုတ်သွားမည် ဖြစ်သည့်အတွက်
သနားညှာတာ ပေးရန် ခြေသလုံးဖက်ကာ ဒုးထောက်
တောင်းပန်ခဲ့ပါတယ်

ထိုတရုတ်နိုင်ငံသား အား ဖမ်းဆီး တရားစွဲခြင်း မပြုရန်
နှင့် ပြန်လွှတ်ပေးရန် အတွက် ကိုလည်း တရုတ်နိုင်ငံသား
ရဲ့ မိန်းမ ဖြစ်တဲ့ ဒေါ်လုဆန့် ရဲ့ အိမ်နီးချင်းကပ်ရက်
နေထိုင်သူ ယခင် မယက ဥက္ကဌဖြင့် တာဝန်ထမ်းဆောင်
ခဲ့ဘူးသူ ဦး သိန်းထွန်း ရဲ့ ဇနီးဖြစ်သူ ဒေါ် မိုးနီပြေ မှ
ခရိုင်မှူး ၏ ဇနီး ဖြစ်သူ ထံ လာရောက်ခဲ့ပီး
ငွေကျပ် သိန်း ၃၀ ထည့်ထားတဲ့ အိတ်မည်းတလုံး
လာပေးခဲ့ပိး ခရမ ကို ပြောပေးဖို့ ကို လာရောက်ညှို
နိုင်းခဲ့ပါတယ်...ခရမ ကတော်မှ ငွေကျပ် သိန်း၃၀ အား
လက်ခံ ရယူခြင်း မရှိပဲ ပြန်လည် ပေးအပ်ကာ
မိမိ အနေဖြင့် ခင်ပွန်းဖြစ်သူ၏ ဌာန လုပ်ငန်း ကိစ္စ
ရပ်များတွင် ၀င်ရောက်စွတ်ဖက်ခြင်း မရှိကြောင်း
ပြန်လည်ပြောကြားခဲ့ပါတယ်

ထိုသို့ ပြန်လွှတ်ပေးပီးနောက် တစ်ရက် ၂၀-၁၀-၂၀၁၈
ရက်နေ့ ည ၉ နာရီခန့်မှာ စီတာပူ တက္ကသိုလ်အနီး
မှာနေတဲ့ ကချင်တိုင်းရင်းသား ဦးဘောမ်မျှော် ဆိုသူက
ဒေါ်လုဆန့် နှင့် ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားအား
ခေါ်ယူကာ ပြည်နယ်မှူး ဦးဌေးအောင်ကျော် ထံ
သွားရောက်တွေ့ဆုံစေခဲ့ကြောင်း
နောက်များ မကြာမှီ ဒေါ်မိုးနီပြေ ထံမှ ပနမ ဦးဌေးအောင်ကျော်
နှင့် သွားရောက်တွေ့ဆုံပီး အဆင်ပြေသွားပီဖြစ်ကြောင်း
ခရိုင်မှူးကတော်ထံ ဖုန်းဆက် ပြောကြားခဲ့တယ်လို့လည်း
သိရပါတယ်

တရုတ်ဆိုတော့လည်း အထာတွေ နပ်တယ်လို့ပဲပြော
ရမှာပေါ့...တရုတ် သိုင်းကားတွေထဲကလိုမျိုး မည်သို့
မည်ပုံ လုပ်လိုက်သည် မသိ မည်သို့ မည်ပုံ ပြောဆို
ညှိုနိုင်းလိုက် သည် ဟုမသိရပဲ အောက်ခြေ ၀န်ထမ်းမှ
ထိုတရုတ်ပြန်လည်လွှတ်ပေးလိုက်သည့် ကိစ္စ အပေါ်
ပနမ ဦးဌေးအောင်ကျော်မှနှာစေး ချင်ဟန်ဆောင်ကာ
ဘာအသံမှ ထွက်ပေါ်လာခြင်း
မရှိသည့် ဖြစ်စဉ်က သက်သေပြလျက် ရှိနေပါတယ်

ဒီဖြစ်စဉ် မှာ ပါဝင် ပက်သက်နေခဲ့တယ် လို့ယူဆရတဲ့
ဒု-လ၀ကမှူးကျင်မောင် ဟာ ဆိုယင် လ၀က ၀န်ကြီး
ဦးခင်ရီ လက်ထက်က လ၀ကမှူး ရာထူးတိုး ပါရှိစေ
နိုင်ရေး အတွက် စီမံ-၂ လက်ထောက် ညွန်မှူး
ဒေါ်ခင်သီတာဝင်း နဲ့ လပ်ပေးလဒ်ယူ(သိန်း ၅၀) ပြုလုပ်ကာ
ရာထူး တိုးစာရင်းတွင် ပါဝင်နေခဲ့သည့် ဒု-လ၀ကမှူး
လာဒ်ထွဋ် နေရာတွင် ၄င်းနာမည်အား ထည့်သွင်း
စေခိုင်းခဲ့သည့် ဖြစ်စဉ်အား အမိန့်စာ ထုတ်ပြန်
ပီးသည့် အချိန်တွင် လ၀က ၀န်ကြီးရုံးမှ သိရှိ
သွားသည့် အတွက် ယခင် အမိန့်စာအား
ပယ်ဖျက်ပီး အမှန်တကယ် ရာထူးတိုးပါရှိသည့်
ဒု-လ၀ကမှူး လာဒ်ထွဋ် အား ပြန်လည်
ပြင်ဆင်ပေးခဲ့ရသည့်ဖြစ်စဉ် ပေါ်ပေါက်သွားသည့်
အတွက် မမှန်မကန် လူစားထိုး
ပြုလုပ်ပေးခဲ့တဲ့ လက်ညွန် ဒေါ်ခင်သီတာဝင်း အား
ဦးစီးအရာရှိ ရာထူး သို့ လျော့ချကာ သာယာဝတီ ခရိုင်ရုံးသို့
ပြောင်းရွှေ့ ပစ်ခဲ့တဲ့ ဖြစ်စဉ် သူ့ကြောင့်ဖြစ်ပွား
ခဲ့ရဖူးကြောင်း...ကချင်ပြည်နယ်ရုံးတွင်လည်း တွဲဘက်
ဖြင့် နေထိုင်ကာ တရုတ်ပြည်မှ TBP ဖြင့် ၂ ပတ်
နေထိုင်ခွင့်ဖြင့် မြစ်ကြီးနား သို့ ရောက်ရှိလာသည့်
တရုတ် နိုင်ငံသားများအား ဟိုတယ်များတွင်
မတည်းခိုစေပဲ နေအိမ်များတွင် နေထိုင်နိုင်စေရန်
မကြာခဏ လုပ်ဆောင်ပေးနေသူ တစ်ဦးလည်း
ဖြစ်ကြာင်း ရောက်ရှိလာသည့် ပနမ အစဉ်အဆက်
ကိုလည်း ရှာကျွေးနေကျ အနေကြာ
စားဖား ကြောင်ပါးကြီး တကောင်လည်း ဖြစ်ပါတယ်

ဒီလိုမျိုး ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် မှာ အဓိက တာဝန်အရှိဆုံး
လို့ ဆိုရမှာဖြစ်တဲ့ ပြည်နယ်ဦးစီးဌာနမှူး ညွန်ကြားရေးမှူး
ဦးဌေးအောင်ကျော်ရဲ့ နောက်ကြောင်း ကိုပြန်ကြည့်မယ်
ဆိုယင် သူဟာ ထောက်လှမ်းရေး ခေတ် လျှမ်းလျှမ်းတောက်
တန်ခိုးကြီးထွားခဲ့ စဉ်က ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် နဲ့
အနီးကပ်နေတဲ့ ဗိုလ်မှူးကြီး မြင့်အောင်ကျော်ရဲ့
ညီ အရင်းပဲ ဖြစ်ပါတယ် သူဟာ အစက ကျောင်းဆ၇ာ
တစ်ဦးဖြစ်ပီး psc ကနေ တဆင့် လ၀က ဌာနထဲကို
ဦးစီးအရာရှိနဲ့ ကျောက်မဲ မနမ ရုံးကို ရောက်ရှိလာ
ခဲ့ပီး...အနေကြာပီးတော့မှကျောက်မဲ ကနေ
လားရှိုးမနမ အဖြစ် နဲ့ ပြောင်းရွှေ့ရာက်ရှိလာခဲ့တာပါ..

သူဟာ ရှမ်းမြောက် ဒေသ အတွင်းမှာ အစ်ကိုဖြစ်သူရဲ့
အရှိန်အ၀ါ ကြောင့် တပ်ပြောင်းမိုးကျရွှေကိုယ်များ ထက်ပင်
တန်ခိုးကြီး ထွားခဲ့သူ တစ်ဦးပင်ဖြစ်ပိး ပြည်နယ်ဦးစီးဌာနမှူး
ကိုပင် ဂရုမစိုက်ပဲ လုပ်ချင် ရာ လုပ်ခဲ့သူ တစ်ဦးလည်း
ဖြစ်ပါတယ်...ပြည်နယ်မှူး အဖြစ် ရောက်ရှိလာခဲ့တဲ့
ဗိုလ်မှူး အောင်အောင် ဟာလည်း သူ့ရဲ့ ဒဏ်ချက်တွေ
ကို မခံနိုင်လွန်းတော့သည့်အတွက် ရုံးချုပ် ကို စီမံ
ညွန်မှူး အဖြစ်နဲ့ ပြန်လည် ပြောင်းရွှေ့ ထွက်သွား
ခဲ့ရပါတယ် အဲဒီအချိန်က ဗမ အောင်အောင် က
ပိုက်ဆံ မယူပဲ လက်မှတ်ထိုးပေးလိုက်တဲ့ မုန်းဝန်း
ကိုးကန့် နိုင်ကတ်ပြားတွေ ကို ကားတစ်စီးနဲ့
အိမ်တိုင်ယာရောက် လိုက်လံ ပို့ဆောင်ပေးပီး
အာရကေတွေ ရယူခဲ့တာ ဘယ်သူလဲ ဆိုတာ
လားရှိုး မနမ ရုံး ၀န်ထမ်းတွေ အကုန် သိပါတယ်

မြို့နယ်ရုံး ၀န်ထမ်းတွေ ကို အကြောက်တရားနဲ့
အုပ်ချုပ်ထားတယ်....ငွေရေး ကြေးရေး ကိစ္စရ့ပ်တွေမှာ
သူ့စိတ်ကြိုက် သူချယ်လှယ်ချင်သလို ချယ်လှယ်
ထားတယ် မကြာခန ဆိုသလိုမျိုး ၀န်ထမ်းတွေအားလုံး
ကို သူ့စားပွဲရှေ့ခေါ်ပီး ခြောက်လုံးပြူံး သေနတ်ကြီး
ကို ဘယ်ရွှေ့လိုက်...ညာရွှေ့လိုက်လုပ်ကာ
မင်းတို့ကောင်တွေ..ဘာဖြစ်သွားမယ် ညာဖြစ်သွား
မယ် လို့ ခန..ခန ကြိမ်းမောင်းခဲ့တာလည်း သူ
ကိုယ်တိုင်ပါပဲ..အဲဒီအချိန်က လ/ထ လ၀ကမှူး
ဒု- လ၀ကမှူး တွေ ကအစ သူ့ရဲ့ လက်စွဲတော်
ဖြစ်တဲ့ အမှုတွဲထိန်း ကိုပြန်ကြောက်နေရတဲ့
အချိန်အခါလည်း ဖြစ်ပါတယ်

စစ်အစိုးရလ က်ထက်မှာ ထောက်လှမ်းရေးတပ်ဖွဲ့ကြီး
ကို ဌာန ဆိုင်ရာ တွေ က ကြောက်နေရတဲ့ခေတ်ကြီး
ထဲမှာ လားရှိုး ထောက်လှမ်းရေး တွေ အားလုံးက
ဦးဌေးအောင်ကျော် ကို ပြန်ကြောက်နေရပါတယ်...
သူ့ရဲ့ မြို့နယ်ရုံးရှေ့တောင် ဖြတ်လျှောက်မရဲပါဘူး..
.ပြောင်းချင် ရွှေ့ချင်တဲ့ ထောက်လှမ်းရေး တွေက
တောင် သူ့ဆီဝင်ပီးအဘ...ကျနော် တို့ ဘယ်နေရာ
ကိုပြောင်းချင်လို့အဘ အကူအညီ ပေးပါအုံး
ဆိုပီးတော့ လာပီးတောင်ဂါပီးတော့ အကူအညီ
လာတောင်းနေရတဲ့ အချိန်ဆို
တော့ သူဘာပဲ လုပ်လုပ် ဘယ်သူက ဘာမှ ကို
မပြောရဲပါဘူး

အယင် ပနမ ဦးအောင်အောင် ပြောင်းသွားပီးတဲ့
နောက် ထပ် ပြောင်းလာတဲ့ ပနမ အသစ်က ညွန်မှူး
ဦးထွန်းထွန်းစိုးပါ...ဦးဌေးအောင်ကျော်ကလည်း
ထုံးစံအတိုင်းပဲ သူ့အစ်ကို ၀ိတ်သုံးပီးတော့ ပညာ
တွေစမ်းခဲ့တာပါ....တစ်ရက် ညနေ ရုံးဆင်းပီးတော့
ပနမ အိမ်ပြန်ရောက်နေတဲ့ အချိန်မှာ မနမ ဦးဌေး
အောင်ကျော် က ပနမ ရှိတဲ့ နေအိမ် ကိုရောက်ရှိ
လာခဲ့ပီးတော့ သူ့ ကို တာဝန်ပေးအပ်စေခိုင်းထား
တဲ့ ကိစ္စ ရပ်တစ်ခု အပေါ် ပနမ နဲ့ သူနဲ့ အကြီး
အကျယ် စကား များခဲ့ကြပါသေးတယ်

ပနမ ဦးထွန်းထွန်းစိုး ကလည်း တပ်မတော်လေ့
ကျင့် ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဝင်း
ရဲ့ PSO လုပ်ခဲ့တဲ့ သူဆိုတော့ ခြောက်တိုင်းလည်း
မကြောက်သလို မှန်ကန်တဲ့ သူတစ်ယောက်မို့
သူလုပ်ဆောင်တိုင်း မဖြစ်လာခဲ့တဲ့ အချိန်မှာ
သူ သိလိုက်ပီး ပြန်ကန်တာတို့...ပြန်လှန်တာတို့
သူ မလုပ်ရဲခဲ့တော့ပါဘူး

အဲဒီ အချိန်က ရှမ်းမြောက် စစ်တိုင်းမှူး က ဗိုလ်ချုပ်
မြင့်လှိုင်.....ဆင်းရွှေလီ အရူး ဖြစ်နေတဲ့ မြင့်လှိုင်က
ရှမ်းမြောက်ထဲမှာ ရှိတဲ့ ဌာနဆိုင်ရာ တိုင်းကို
စပါး တွေ စိုက်ခိုင်းခဲ့ပါတယ်..လားရှိုး.ပြည်နယ်..ခရိုင်..မြို့နယ်
ရုံး ၀န်ထမ်းတွေ အားလုံး လယ်ထဲ ဆင်းပီးတော့
စပါး စိုက်ခဲ့ရတာပါ...အဲဒီ လို စိုက်တဲ့ နေရာမှာတော့
မနမ ဦးဌေးအောင်ကျော် က ပနမ ကိုယ်စား ထူးထူးချွန်
ချွန် အားကြိးမာန်တက် လုပ်ဆောင်ခဲ့ပီး ပနမ အားကိုး
ရလောက်အောင် ကိုပဲစွမ်းဆောင်ပေးနိုင်ခဲ့တာ
ကိုတွေ့ခဲ့ရပါတယ်

ပီးတော့ လားရှိုး မှာ သူ့ရဲ့ နန်းတော် တစ်မျှကြီးမား
လှတဲ့ တိုက်အိမ်ကြီး ဆောက်ပီးတော့ အိမ်သစ်
ဖွင့်ပွဲကြီး လုပ်တဲ့ အချိန်မှာကျတော့ ဌာနဆိုင်ရာ
တွေ အားလုံး...ခယက ...မယက တွေ အားလုံးကို
ဖိတ်ကြားခဲ့ပေမယ့် အဲဒီအချိန်က ပနမဖြစ်နေတဲ့
ဦးထွန်းထွန်း စိုး ကိုတော့ ဖိတ်ကြားခဲ့ခြင်း မရှိခဲ့
ပါဘူး

ထောက်လှမ်းရေး အဖွဲ့ကြီး အဖမ်းဆီး ခံလိုက်ရပီး
ဌာနအတွင်းမှာ ရှိတဲ့ ထောက်လှမ်းရေး ကပြောင်းလာတဲ့
သူတွေ မိသားစုဝင်တွေ ပြုတ်သူပြုတ် နဲ့ ဝေးလံ
ခေါင်ဖျား ပြောင်းပစ်နေတဲ့ အချိန်မှာ အဲဒီအချိန်က
လ၀က ဒုဝန်ကြီး ဖြစ်တဲ့ ဦးမောင်အောင် ကနေ
ပနမ ဦးထွန်းထွန်းစိုး ဆီ ကို ဖုန်းလှမ်းဆက်ပီးတော့
ဗိုလ်မှူးကြီး မြင့်အောင်ကျော်ရဲ့ ညီ ဌေးအောင်ကျော်
ကို ဖြုတ်ဖို့ ဆိုပီး လှမ်းမေးပါတယ်

အဲဒီအချိန်မှာ ပနမ ဦးထွန်းထွန်းစိုးက ဌေးအောင်ကျော်
ဟာ အားကိုးရတဲ့ လူတစ်ဦးဖြစ်ကြောင်း...ဗိုလ်ချုပ်မြင့်
လှိုင် စိုက်ခိုင်းထားတဲ့ ဆင်းရွှေလီ စပါးတွေ ကို
အောင်မြင်အောင် လုပ်ဆောင်နေတဲ့သူတစ်ဦးဖြစ်
ကြောင်း ထောက်ခံပေးလိုက်တဲ့ အခါမှာတော့
လားရှိုး ခရိုင်ရုံးမှာ လ/ထ ညွန်မှူး နဲ့ ခရိုင်မှုးတာဝန်
ထမ်းဆောင်နေတဲ့ သူ့ ကို ဖြုတ်ပစ်ခြင်း တော့ မရှိပဲ
ချင်းပြည်နယ် ဘက် ကိုပဲ ပြောင်းရွှေ့လိုက်တာ
တွေ့ ခဲ့ရပါတယ်...

ဒါကတော့ အခု ကချင်ပြည်နယ်မှူးဖြစ်နေပီဖြစ်တဲ့
ညွန်မှူး ဦးဌေးအောင်ကျော် ရဲ့ နောက်ကြောင်း
ဖြစ်စဉ်တွေ ပဲ ဖြစ်ခဲ့ပါတယ်

ဒီလိုမျိုး တရားဝင် PP ကိုင်ဆောင်ဝင်ရောက်လာပီး
တနှစ်သက်တမ်း ရှိ နေခွင့်လက်မှတ် ရယူကိုင်
ဆောင်ထားတဲ့ တရုတ် နငသ တစ်ဦးက တိုင်းရင်း
သား ကချင် လူမျိုး တစ်ဦးရဲ့ မှတ်ပုံတင်အပေါ်မှာ
သူ့ ရဲ့ ဓါတ်ပုံ ကို ပြန်ကပ်ပီး သုးံစွဲခ ရီးသွားလာ
လို့ ဖမ်းဆီး ရရှိခဲ့မှု အပေါ်မှာလည်း ခရမရုံးမှ
၂၆-၁၀- ၂ဝ၁၈ ရက်စွဲပါ ကန နဲ့ ၀ိုင်းမော် မြို့နယ်ရုံး
သို့ စာထွက်ပီး ကတ်ပြားပါ အချက်အလက်များ
မှန်ကန်မှု ရှိ...မရှိ..ကာယကံရှင် ရှိ...မရှိ ကို
မနမ ကိုယ်တိုင် စုံစမ်းဖော်ထုတ်ပီး ခရိုင်သို့
အမြန်တင်ပြရန် အကြောင်းကြားခဲ့ပီးလည်း
ဖြစ်ပါတယ်

မြစ်ကြီးနား ခရိုင်ရုံး၏ တရုတ်နိုင်ငံသား အသုံးပြုခဲ့သည့်
နိုင်ကတ်ပြားအား ပြန်လည်စိစစ်ရန် ညွန်ကြားသည့်
ကြေးနန်းစာ မိတ္တူ
ထို့အပြင် ၂၉-၁၀-၂၀၁၈ ရက်နေ့စွဲပါ ကြေးနန်းဖြင့်
လည်း မြစ်ကြီးနား မြို့နယ်ရုံးသို့လူမှူရေးအရှူပ်အထွေး
များ ရှီနေခြင်း ခွင့်ပြုချက် မရ ခရီးသွားလာခြင်း
တို့အတွက် ဗီဇာ စည်းကမ်းဖောက်ဖျက်သူဖြစ်
နေသည့် အတွက် ဟုဆိုကာ ဆက်လက်နေထိုင်ခွင့်
မပြုရန် အကြောင်းကြားတဲ့ စာ ကို ထုတ်ပြန်ခဲ့

မြစ်ကြီးနား ခရိုင်ရုံး၏ ဗီဇာ သက်တမ်း တိုးမြှင့်လျှောက်
ထားခြင်း အား ခွင့်မပြုရန် ညွန်ကြားချက် ကြေးနန်းမိတ္တူ
ထို့အပြင် တရုတ် နိုင်ငံသား ၏ ခင်ပွန်းဖြစ်သူ
ဒေါ်လုဆန့်ကလည်း သူ့ခင်ပွန်းဖြစ်သူဟာ
၂၆-၁၀-၂၀၁၈ ရက်နေ့တွင် တရုတ်နိုင်ငံသို့
ပြန်လည် ထွက်ခွာသွားပီ ဖြစ်ပါကြောင်း
ပြည်နယ် လ၀က ရုံးသို့ စာဖြင့် တင်ပြခဲ့သော်
လည်း အဆိုပါ တရုတ် နိုင်ငံသား မှာ
ယခု အချိန်အထိ ပြန်လည် ထွက်ခွာသွားခြင်း
မရှိသေးကြောင်း တွေ့ရှိရပါတယ်

ဇနီးဖြစ်သူမှ ၄င်း၏ ခင်ပွန်းဖြစ်သူ ပြန်လည်ထွက်ခွာ
သွားပီးဖြစ်ကြောင်း ပနမထံ တင်ပြသည့် စာ မိတ္တူ
ဒီလိုမိုး တရားဝင် ၀င်ရောက်လာခဲ့ပီးတော့
တရားဝင် နေထိုင်ခွင့် ရရှိထားတဲ့ တရုတ်
နိုင်ငံသား တစ်ဦးက ကိုယ့်တိုင်းရင်းသား
ကချင် လူမျိုး တစ်ဦးရဲ့ နိုင်ကတ်ပြားမှာပါတဲ့
ဓါတ်ပုံကို ခွာ သူ့ဓါတ်ပုံ ပြန်ကပ်ပီး အသုံးပြု
နေတာဟာ ကိုယ့်လူမျိုး ကိုယ့် အချုပ်အခြာ
အာဏာ ပိုင်ဆိုင်မှု ကို ဂရုမစိုက်တဲ့သဘောနဲ့
စော်ကားလွန်းအားကြီးရာလည်း ရောက်ပါတယ်
ဂရုမစိုက်ဘူး လုပ်ချင်ရာ လုပ်မယ် ဖြစ်လာယင်
ပိုက်ဆံ နဲ့ လိုက်ရှင်းမယ် ဆိုတဲ့ သဘောမျိုးနဲ့
ကိုယ့်လူမျိုး ကိုယ့် နိုင်ငံ ကို စော်ကားပြ
လိုက်ခြင်း လည်း ဖြစ်ပါတယ်

လင်မယား ၂ ဦး ၏ ပုံ
၎င်းတို့ ဇနီးမောင်နှံ ပိုင်ဆိုင်သည့် ရှင်းရှင်း ပရိဘောဂ
ရောင်းဝယ် ရေး ဆိုင်
ဒီလိုမျိုး လုပ်ဆောင်ခဲ့တာ ကို ဖမ်းဆီးတရားစွဲ
ပီး နောက်ထပ် ဘယ်သူမှ မလုပ်ရဲအောင်
စံပြ အနေနဲ့ လုပ်ဆောင်ပြရမှာလည်း ဖြစ်ပါတယ်
...လ၀က ဥပဒေအရဖမ်းဆီး တရားစွဲဆိုပီးတော့
တရားဥပဒေအရ လုပ်ဆောင်ပီးတဲ့ အချိန်ကျမှ
ဗီဇာ စည်းကမ်းချိုးဖောက်မှုနဲ့နာမည်ပျက်စာရင်း
သွင်းဆောင်ရွက်သွားရမှာလည်း ဖြစ်ပါတယ်

အခု ဖြစ်သွားတဲ့ ဖြစ်စဉ်မှာလည်း ခရိုင်မှူးက
အမိန့်တွေ ဘယ်လောက်ပဲ ထုတ်ထုတ်
အောက်က ဂရုလည်း မစိုက်လို့ ပြန်တောင်
လွှတ်လိုက်ပါပီ...အောက်ခြေ ရဲ့ သဘောက
တော့ ပြည်နယ် လ၀က က ပီးယင် ပီးတယ်
ခရိုင်မှူး အဆင့် ကို ဂရုစိုက်စရာ မလိုဘူးဆိုတဲ့
အပေါက်ကို ချိုးထားတယ်....ဟုတ်တယ်လေ
သူကြီး ကို ပိုင်မှတော့ ဆယ်အိမ်ခေါင်းအဆင့်
လောက် ကို ဘာ၈ရုစိုက်စရာ လိုသေးလို့လဲ

လင်မယား ၂ ဦး အား ပြည်နယ်ဦးစီးမှူး ဦးဌေးအောင်
ကျော်ထံ သွားရောက်ပို့ဆောင်ပေးခဲ့သည့်
ဦးဘောမ်မျှော် ၏ နေအိမ်
ဘယ်သူတွေ ကို ဘယ်သူတွေက ဘယ်လောက်
အတိုင်းအတာ တွေနဲ့ ၀င်ထွက်လုပ်ကိုင်သွား
ခဲ့တယ် ဆိုတာကို သိနေပေမယ့် အသေးစိတ်
ကတော့ မပြောချင်တော့ဘူး....ကိုယ်လုပ်ထား
ခဲ့တာ ကိုယ့်ဟာ ကိုယ်သိကြပါလို့ပဲ ပြောချင်

ဒီလိုမျိုး ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် ကိုလည်း လ၀က
ဝန်ကြီးရုံးကလည်း သိမယ် မထင်ပါဘူး အောက်ရုံး
ဖြစ်တဲ့ ပြည်နယ် ရုံးကလည်း အထက်ကို
ဆက်လက် တင်ပြမယ် မထင်ပါဘူး...ကြီးတဲ့အမှု
ငယ်စေ....ငယ်တဲ့ အမှု ပပျောက်စေ ဆိုပီးတော့
အောက်ခြေမှာပဲ အပြတ်ရှင်းထုတ်လိုက်တယ်
ထင်ပါရဲ့

ကဲ ဒီလိုမျိုး လုပ်ခဲ့တဲ့ ဖြစ်ရပ်...ဖြစ်စဉ် ကို သက်သေ
အထောက်အထား ခိုင်လုံတဲ့ ဓါတ်ပုံအထောက်
အထားတွေ နဲ့ ပူးတွဲ တင်ပြ ဖော်ပြ ပေးလိုက်ပါတယ်
ဘယ်သူတွေ တာဝန်ယူမလဲ...ဘယ်သူတွေ တာဝန်ခံ
ရှင်းမလဲ....တစ်ခုတော့ ပြောလိုက်ချင်တယ်
ဒါဟာ အဂတိ လိုက်စားမှု မြောက်တယ် ဆိုတာပဲ
လ၀က ၀န်ကြီးရုံးက ဘယ်လိုမျိုး အရေးယူဆောင်ရွက်
ပေးမလဲ ဆိုတာ ကို တချက် စောင့်ကြည့်မယ်